iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးထုတိုင္း ၾကံဳေတြ႔ရတဲ့ ရာသီလာခ်ိန္မွာဆို တြဲလ်က္ၿပႆနာက  အေရျပားျပႆနာပါ။ ေဟာ္မုန္းအေၿပာင္းအလဲေၾကာင့္ အေရၿပားမွာပါ အေၿပာင္းအလဲေလးေတြ ျဖစ္ကုန္ပါတယ္။ အဲဒါေတြကေတာ့….

(၁)ဓမၼတာနဲ႔အတူအျမဲေတြ႕ရမယ့္ ဝက္ျခံ
ေယာင္းတို႔ေရ ရာသီလာခါနီးရင္ ပထမဆံုးအခ်က္ျပတဲ့အရာကေတာ့ ဝက္ျခံေပါ့။
ရာသီလာခါနီးတိုင္း ဝက္ျခံထြက္ၿပီး ရက္ကုန္သြားရင္ေတာ့ သူ႔အလိုလိုခ်ပ္ဝင္သြားတက္ပါတယ္။ ေယာင္းတို႔သတိထားမိလား? အပ်ိဳေဖာ္ဝင္စႏွစ္ေတြမွာ ဝက္ျခံေတြ ၾကည့္ရဆိုးေအာင္ထြက္တာေလ။ လက္ကအၿငိမ္မေနဘဲ ကုပ္မိရင္ အမာရြက္ေတြက်န္လို႔ စိတ္ေတြလည္းညစ္ရပါတယ္ေနာ္။ ဝက္ျခံေတြအရမ္းထြက္ရတာဟာ ေသြးသားမၿငိမ္ေသးလို႔ျဖစ္ပါတယ္။ ေသြးသားမွန္သြားတဲ့အခါမွာ အသားက်သြားၿပီး ဝက္ျခံအထြက္နည္းသြားတက္ပါတယ္။

(၂)ဓမၼတာနဲ႔တင္းတိပ္
ဓမၼတာတိမ္သြားတာျဖစ္ျဖစ္ ကိုယ္ဝန္ေဆာင္တဲ့အခ်ိန္ျဖစ္ျဖစ္  တင္းတိပ္ေတြထြက္တက္ပါတယ္။ ဟိုမုန္းဓာတ္ အေျပာင္းအလဲေၾကာင့္ ျဖစ္ေပၚလာရတာျဖစ္ၿပီး မ်က္ရစ္ေအာက္နား၊ ပါးအို႔နဲ႔ ပါးရိုးေပၚမွာ အမ်ားဆံုး ေတြ႕ရတက္ပါတယ္။ တစ္ခ်ိဳ႕ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြဆို ကေလးေမြးဖြားၿပီးတာနဲ႔ လပိုင္းအတြင္းမွာအလိုအေလ်ာက္ေပ်ာက္သြားတက္ပါတယ္။
Read Menstruation ရာသီလာရင္ဘာဆင္ျခင္ရမလဲ။

(၃)ဓမၼတာခ်ိန္ အျဖဴကြက္ထြက္ျခင္း
ရာသီေသြးဆင္းေနတဲ့အခ်ိန္ဟာ အမ်ိဳးသမီးေတြအတြက္ အသားအေရအေျပာင္းလဲျဖစ္ေနတဲ့အခ်ိန္ပါ။ ဓမၼတာေၾကာင့္ အသားအေရစိုျပည္လွပတယ္။ ဓမၼတာေဖာက္တဲ့အခါ မ်က္ႏွာနဲ႔ခႏၶာကိုယ္မွာ အျဖဴကြက္ေတြေပၚလာတက္တယ္။ အဆိုးဆံုးကေတာ့ မ်က္ႏွာေပၚမွာ ျဖဴတူတူအကြက္ေသးေလးေတြျဖစ္ေနတာ။
အျဖဴကြက္ေတြဟာ ဓမၼတာရက္မမွန္ရံု၊ ေနာက္က်ရံုနဲ႔မျဖစ္တက္ပါဘူး။ လနဲ႔ခ်ီၿပီးမေပၚေတာ့မွသာ ထြက္လာတက္ၿပီး ေပ်ာက္ခဲတဲ့သေဘာရွိပါတယ္။

(၄)ဓမၼတာနဲ႔အနာႀကီးေရာဂါ
ေပြး၊ဝဲ၊ညႇင္းျဖစ္ရာကစၿပီး အနာႀကီးေရာဂါဆိုးဆိုးဝါးဝါးျဖစ္သြားတဲ့ သူေတြမွာဆို ဓမၼတာထိမ္ေနတာေတြ႕ရပါတယ္။ ျပင္းထန္တဲ့အေရျပားေရာဂါေပါ့ေနာ္။ ဒီအခါမ်ိဳးမွာ ဓမၼတာေပၚဖို႔ထက္ ကိုယ့္ရဲ႕ေရာဂါအေျခအေနပိုမဆိုးလာခင္ ကၽြမ္းက်င္တဲ့ဆရာဝန္နဲ႔ျပသသင့္ပါတယ္။

ဒီလို ျဖစ္တတ္တဲ့ ၿပႆနာေတြကို ေျဖရွင္းဖို႔ဆိုရင္ေတာ့

(၁)ေရမ်ားမ်ားေသာက္ေပးပါ။ အသားေျခာက္ျခင္းမွလည္း ကာကြယ္ေပးၿပီး ခႏၶာကိုယ္အျပင္ဘက္မွာျဖစ္ေပၚေနတဲ့အဆိပ္အေတာက္ေတြကိုလည္း ေပ်ာက္ကင္းေစပါတယ္။ ဒါ့အျပင္ ေရမ်ားမ်ားေသာက္ျခင္းက အသည္းနဲ႔အစာေျခစနစ္ကို ေကာင္းမြန္ေစပါတယ္။ ေယာင္းတို႔ေရ ခႏၶာကိုယ္တစ္ခုလံုးရဲ႕ က်န္းမာမႈဟာ ေယာင္းတို႔ရဲ႕အေရျပားမွာ ပံုရိပ္ထင္ေနတက္တယ္ေနာ္။

(၂)ေလ့က်င့္ခန္းလုပ္ပါ။ ခႏၶာကိုယ္ကို အလုပ္ေပးလိုက္တဲ့အခါေခၽြးထြက္ေစၿပီး ဝက္ျခံျဖစ္ေစတဲ့ အေပါက္ေတြကိုရွင္းၿပီးသားျဖစ္သြားတာေပါ့။

(၃)skin careပံုမွန္လုပ္ပါ။ ရာသီလာေနတဲ့အခ်ိန္ေတြဆို မိမိအေရျပားကို သာမန္ရက္ေတြထက္ ပိုဂရုစိုက္ရတယ္ေနာ္။ ဒီေတာ့အပ်င္းမထူဘဲ ပံုမွန္လုပ္ေနက်အသားအေရထိန္းသိမ္းမႈေလး လုပ္ေပးပါ။
ဝက္ျခံေတြထြက္ေနတယ္ဆိုရင္လည္း အၿငိမ္မေနဘဲ လက္နဲ႔ဆိတ္တာ ကလိတာမလုပ္ပါနဲ႔ေနာ္။ ရာသီလာၿပီးရင္ ေပ်ာက္သြားမယ့္ဝက္ျခံက ေသးေသးကေနႀကီးႀကီးျဖစ္ၿပီး က်န္ခဲ့မယ္။

Credit:For Her Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အမျိုးသမီးထုတိုင်း ကြုံတွေ့ရတဲ့ ရာသီလာချိန်မှာဆို တွဲလျက်ပြဿနာက  အရေပြားပြဿနာပါ။ ဟော်မုန်းအပြောင်းအလဲကြောင့် အရေပြားမှာပါ အပြောင်းအလဲလေးတွေ ဖြစ်ကုန်ပါတယ်။ အဲဒါတွေကတော့….

(၁)ဓမ္မတာနဲ့အတူအမြဲတွေ့ရမယ့် ဝက်ခြံ
ယောင်းတို့ရေ ရာသီလာခါနီးရင် ပထမဆုံးအချက်ပြတဲ့အရာကတော့ ဝက်ခြံပေါ့။
ရာသီလာခါနီးတိုင်း ဝက်ခြံထွက်ပြီး ရက်ကုန်သွားရင်တော့ သူ့အလိုလိုချပ်ဝင်သွားတက်ပါတယ်။ ယောင်းတို့သတိထားမိလား? အပျိုဖော်ဝင်စနှစ်တွေမှာ ဝက်ခြံတွေ ကြည့်ရဆိုးအောင်ထွက်တာလေ။ လက်ကအငြိမ်မနေဘဲ ကုပ်မိရင် အမာရွက်တွေကျန်လို့ စိတ်တွေလည်းညစ်ရပါတယ်နော်။ ဝက်ခြံတွေအရမ်းထွက်ရတာဟာ သွေးသားမငြိမ်သေးလို့ဖြစ်ပါတယ်။ သွေးသားမှန်သွားတဲ့အခါမှာ အသားကျသွားပြီး ဝက်ခြံအထွက်နည်းသွားတက်ပါတယ်။

(၂)ဓမ္မတာနဲ့တင်းတိပ်
ဓမ္မတာတိမ်သွားတာဖြစ်ဖြစ် ကိုယ်ဝန်ဆောင်တဲ့အချိန်ဖြစ်ဖြစ်  တင်းတိပ်တွေထွက်တက်ပါတယ်။ ဟိုမုန်းဓာတ် အပြောင်းအလဲကြောင့် ဖြစ်ပေါ်လာရတာဖြစ်ပြီး မျက်ရစ်အောက်နား၊ ပါးအို့နဲ့ ပါးရိုးပေါ်မှာ အများဆုံး တွေ့ရတက်ပါတယ်။ တစ်ချို့ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဆို ကလေးမွေးဖွားပြီးတာနဲ့ လပိုင်းအတွင်းမှာအလိုအလျောက်ပျောက်သွားတက်ပါတယ်။
Read Menstruation ရာသီလာရင်ဘာဆင်ခြင်ရမလဲ။

(၃)ဓမ္မတာချိန် အဖြူကွက်ထွက်ခြင်း
ရာသီသွေးဆင်းနေတဲ့အချိန်ဟာ အမျိုးသမီးတွေအတွက် အသားအရေအပြောင်းလဲဖြစ်နေတဲ့အချိန်ပါ။ ဓမ္မတာကြောင့် အသားအရေစိုပြည်လှပတယ်။ ဓမ္မတာဖောက်တဲ့အခါ မျက်နှာနဲ့ခန္ဓာကိုယ်မှာ အဖြူကွက်တွေပေါ်လာတက်တယ်။ အဆိုးဆုံးကတော့ မျက်နှာပေါ်မှာ ဖြူတူတူအကွက်သေးလေးတွေဖြစ်နေတာ။
အဖြူကွက်တွေဟာ ဓမ္မတာရက်မမှန်ရုံ၊ နောက်ကျရုံနဲ့မဖြစ်တက်ပါဘူး။ လနဲ့ချီပြီးမပေါ်တော့မှသာ ထွက်လာတက်ပြီး ပျောက်ခဲတဲ့သဘောရှိပါတယ်။

(၄)ဓမ္မတာနဲ့အနာကြီးရောဂါ
ပွေး၊ဝဲ၊ညှင်းဖြစ်ရာကစပြီး အနာကြီးရောဂါဆိုးဆိုးဝါးဝါးဖြစ်သွားတဲ့ သူတွေမှာဆို ဓမ္မတာထိမ်နေတာတွေ့ရပါတယ်။ ပြင်းထန်တဲ့အရေပြားရောဂါပေါ့နော်။ ဒီအခါမျိုးမှာ ဓမ္မတာပေါ်ဖို့ထက် ကိုယ့်ရဲ့ရောဂါအခြေအနေပိုမဆိုးလာခင် ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ပြသသင့်ပါတယ်။

ဒီလို ဖြစ်တတ်တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင်တော့

(၁)ရေများများသောက်ပေးပါ။ အသားခြောက်ခြင်းမှလည်း ကာကွယ်ပေးပြီး ခန္ဓာကိုယ်အပြင်ဘက်မှာဖြစ်ပေါ်နေတဲ့အဆိပ်အတောက်တွေကိုလည်း ပျောက်ကင်းစေပါတယ်။ ဒါ့အပြင် ရေများများသောက်ခြင်းက အသည်းနဲ့အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ ယောင်းတို့ရေ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာမှုဟာ ယောင်းတို့ရဲ့အရေပြားမှာ ပုံရိပ်ထင်နေတက်တယ်နော်။

(၂)လေ့ကျင့်ခန်းလုပ်ပါ။ ခန္ဓာကိုယ်ကို အလုပ်ပေးလိုက်တဲ့အခါချွေးထွက်စေပြီး ဝက်ခြံဖြစ်စေတဲ့ အပေါက်တွေကိုရှင်းပြီးသားဖြစ်သွားတာပေါ့။

(၃)skin careပုံမှန်လုပ်ပါ။ ရာသီလာနေတဲ့အချိန်တွေဆို မိမိအရေပြားကို သာမန်ရက်တွေထက် ပိုဂရုစိုက်ရတယ်နော်။ ဒီတော့အပျင်းမထူဘဲ ပုံမှန်လုပ်နေကျအသားအရေထိန်းသိမ်းမှုလေး လုပ်ပေးပါ။
ဝက်ခြံတွေထွက်နေတယ်ဆိုရင်လည်း အငြိမ်မနေဘဲ လက်နဲ့ဆိတ်တာ ကလိတာမလုပ်ပါနဲ့နော်။ ရာသီလာပြီးရင် ပျောက်သွားမယ့်ဝက်ခြံက သေးသေးကနေကြီးကြီးဖြစ်ပြီး ကျန်ခဲ့မယ်။

Credit:For Her Myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top