iMyanmarHouse.com - Best Property Website for Myanmar
×





Credit:သစ်ထူးလွင်

#Unicode Version

 သင့်ဖုန်းကို သင့်ရဲ့ဘောင်းဘီအိတ်တွေထဲမှာအလွယ်တကူထည့်သို လို့ရအောင် ဒီဇိုင်းလုပ်ထားပေမယ့် ဒါဟာ သိပ်ပြီးတော့ လုံခြုံတဲ့နေရာတစ်ခုတော့မဟုတ်ပါဘူး။

ဘာလို့လဲဆိုတော့ သင့်ရဲ့ဖုန်းကို ဘောင်းဘီအိတ်ထဲထည့်ထားခြင်းကြောင့် ဖုန်းကထွက်တဲ့ ဓာတ်ရောင်ခြည်တွေက သင့်အသားအရည်ထိခိုက်မှုကို မြှင့်တက်စေတယ်လို့ လေ့လာမှုအသစ်တွေက ဆိုပါတယ်။ အမျိုးသမီးတွေအနေနဲ့လဲ သူတို့ဖုန်းတွေကို အတွင်းခံဘရာထဲမှာထည့်ထားတာဟာ မကောင်းဘူးလို့ သိရပါတယ်။

သြစတြေးလျ အမျိုးသားတက္ကသိုလ်နဲ့ သဘာဝပတ်ဝန်းကျင်သိပ္ပံပညာရှင် Dr Davis ကသူတို့ဟာ iPhone 4 အသုံးပြုသူတွေကို လေ့လာပြီး အခုလိုထိတ်လန့်ဖွယ်ကောင်းတာကိုတွေ့ခဲ့တာဖြစ်ပါတယ်။

သင့်ခန္ဓာကိုယ်နဲ့ အနည်းဆုံး ၁၅မီလီမီတာ (တစ်လက်မရှစ်ပုံငါးပုံ) ထက်ကပ်နေရင်သင့်အတွက်ထိခိုက်စေတာဖြစ်တာဖြစ်ပါတယ်။ (ဥပမာ-သင့်ဖုန်းကိုအိတ်ထောင်ထဲထည့်သွားခြင်း)

သိပ္ပံတွေ့ရှိချက်တွေအရ ဖုန်းကထွက်တဲ့ဓာတ်ရောင်ခြည်တွေဟာ DNA ကိုထိခိုက်နိုင်ပြီး အမျိုးသားမျိုးအောင်နိုင်ခြေကို လျှော့နည်းစေတဲ့အထိဖြစ်နိုင်တာဖြစ်ပါတယ်။ ဒါကြောင့် သင့်ဖုန်းကို ဘောင်းဘီအရှေ့အိတ်ကပ်ထဲမှာ လုံးဝမထည့်သင့်တော့ပါဘူး။
Credit:သစ်ထူးလွင်

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top