iMyanmarHouse.com - Best Property Website for Myanmar
×

ဒီအခ်က္ေတြဖတ္ၿပီးရင္ေတာ့ Bo gumရဲ႕ မိန္းကေလးပရိသတ္ေတြဟာ Bo gumကို အခ်စ္ႀကီးႀကီးပိုခ်စ္သြားၾကမယ္ဆိုတာ အာမခံတယ္။

1. သူက အလြန႔္ကို အလုပ္ႀကိဳးစားၿပီး ၾကင္နာတတ္တဲ့သူပါ။

တစ္ျခားမင္းသားေတြနဲ႔မတူတာက Park Bo Gum ရဲ႕ေကာလဟာလထြက္ရွိတဲ့သတင္းမွန္သမွ်က သူဘယ္ေလာက္ၾကင္နာတတ္ၿပီး အေကာင္းျမင္တတ္တဲ့သူဆိုတဲ့ အေၾကာင္းေတြခ်ည္းပဲျဖစ္ပါတယ္။ ဘယ္ေလာက္ပဲက်ပ္တည္းတဲ့ အခ်ိန္ဇယားမ်ားၾကားထဲမွာေရာက္ေနေန သူ႔အလုပ္တာဝန္ကို မၿမဲေက်ပြန္ေအာက္လုပ္ေဆာင္သူ၊ ေက်ာင္းတက္မွန္တဲ့သူတစ္ေယာက္ျဖစ္ကာ လုပ္ေဖာ္ကိုင္ဖက္ အႏုပညာရွင္မ်ားကို အၿမဲကူညီတတ္တဲ့သူျဖစ္ေၾကာင္းကို Repy 1988 ဇာတ္လမ္းတြဲအၿပီး သူပါဝင္ခဲ့တဲ့ Youth over flower variety show မွာၾကည့္ရင္သိႏိုင္ပါတယ္။ ေနာက္ၿပီး ဟာသမင္းသား Jung Joon Ha အတြက္ ေမြးေန႔ကိတ္ျပင္ဆင္ေပးတာေတြ၊ တကၠသို္လ္ကသူငယ္ခ်င္းေတြကို အမွတ္တရလက္မွတ္ေရးထိုးေပးတာေတြက ပရိသတ္ေတြထံကေန အမွတ္မ်ားစြာရရွိခဲ့တဲ့ လုပ္ေဆာင္မႈမ်ားထဲမွ အခ်ိဳ႕ျဖစ္ပါတယ္။

2. သူက ပါရမီပါတဲ့ အႏုပညာရွင္မင္းသားတစ္ေယာက္လည္းျဖစ္ပါတယ္။

Park Bo Gum က သ႐ုပ္ေဆာင္ပိုင္းနဲ႔ပက္သက္ရင္ က်ရာဇာတ္႐ုပ္မွာ သ႑ာန္လုပ္သ႐ုပ္တူေအာင္ ေဖ်ာ္ေျဖႏိုင္တဲ့မင္းသားတစ္ေယာက္ဆိုတာ သူပါဝင္ခဲ့တဲ့ဇာတ္လမ္းတြဲေတြ၊ ႐ုပ္ရွင္ေတြမွာၾကည့္ရင္သိႏိုင္ပါတယ္။ ဒါကို 2016 KBS Drama ဆုေပးပြဲမွာ သူပါဝင္ခဲ့တဲ့ Moonlight Drawn by Clouds ဇာတ္လမ္းတြဲအတြက္ Male Top Excellence Award ဆုကို ရရွိထားတာၾကည့္ျခင္းျဖင့္သိႏိုင္ပါတယ္။ ေခါင္းေဆာင္မင္းသားေနရာမွာတင္မက၊ ဗီလိန္၊ စိတၱဇဇာတ္႐ုပ္ေတြမွာပါ အေကာင္းဆုံးသ႐ုပ္ေဆာင္ႏို္င္သူဆိုတာ Bo Gum ဖန္ေတြ ေကာင္းေကာင္းႀကီးသိထားပါတယ္။

3. သူကအရမ္းခင္မင္ဖို႔ေကာင္းတဲ့သူငယ္ခ်င္းေကာင္းတစ္ေယာက္လည္းျဖစ္ပါတယ္။

Park Bo Gum ကသူနဲ႔အလုပ္လုပ္တဲ့သူေတြနဲ႔ပဲျဖစ္ျဖစ္၊ သူစိမ္းေတြနဲ႔ေတြ႕ဆုံတဲ့အခါမ်ိဳးမွာပဲျဖစ္ျဖစ္ အၿမဲခင္ခင္မင္မင္ျဖစ္ေအာင္ ေပါင္းသင္းတတ္ၿပီး ေရရွည္သူငယ္ခ်င္းေတြျဖစ္ေအာင္လည္း လုပ္ေဆာင္တတ္သူပါ။ သူ႔သူငယ္ခ်င္းေတြမွာဆိုရင္ BTS က V၊ Reply 1988 က တြဲဖက္မင္းသားေတြ၊ စီနီယာမင္းသား Song Joong Ki တို႔လည္းပါဝင္ပါတယ္။ ဒါ့အျပင္ ဓါတ္ပုံဆရာ Baek Sang Hyun ဆိုရင္ “Park Bo Gum နဲ႔အလုပ္တြဲလုပ္ရတာ ေျခာက္ႏွစ္တာကာလအတြင္းမွာ အမွတ္တရအျဖစ္ဆုံးပါပဲ” လို႔ျပန္ေျပာမွတ္ခ်က္ျပဳခဲ့ပါေသးတယ္။

4. သူက ဆက္ဆံရလြယ္ကူၿပီး ဘယ္ေတာ့မွာလည္း ေဘးပတ္ဝန္းက်င္ကို သိပ္ကဂ႐ိုစိုက္တတ္တဲ့သူမ်ိဳးမဟုတ္ပါဘူး။

Park Bo Gum ဟာ နာမည္ႀကီးဆယ္လီဘရစ္တီတစ္ေယာက္ျဖစ္ေသာ္ျငား ႏွိမ့္ႏွိမ့္ခ်ခ်ေနတတ္ၿပီး ဆက္ဆံရတာလြယ္ကူသူပါ။ တကၠသိုလ္တီရွပ္နဲ႔ သူ႔ကို ေျမေအာက္ရထားေပၚမွာျဖစ္ျဖစ္၊ တစ္ျခားၿမိဳ႕တြင္းသယ္ယူပို႔ေဆာင္ေရးကားေတြ၊ ရထားေတြေပၚမွာ ခဏခဏေတြ႕ရတတ္ပါတယ္။

5. သူကအဆိုေကာင္းသူတစ္ေယာက္လည္းျဖစ္ပါတယ္။

Park Bo Gum က သူအဆိုေတာ္ျဖစ္ခ်င္ခဲ့တဲ့အေၾကာင္းကို အင္တာဗ်ဴးေတာ္ေတာ္မ်ားမ်ားမွာ ေျပာခဲ့ဖူးသလို အဲ့အတြက္လည္း သူ႔မွာပါရမီပါေၾကာင္းကို ခဏခဏ သက္ေသျပဖူးပါတယ္၊ Moonlight Drawn by Clouds ဇာတ္ဝင္ေတး My Person ကိုကိုယ္တိုင္သီဆိုခဲ့သလို Music Bank အစီအစဥ္မွာလည္း မၾကာခဏေဖ်ာ္ေျဖဖူးပါတယ္။ Fan Meetings ေတြမွာလည္း သီခ်င္းဆိုျပတတ္ပါေသးတယ္။ ေအာက္က ဗီဒီယိုေလးက Bo Gum ဆိုထားတဲ့ ဇာတ္ဝင္ေတးေလးျဖစ္ပါတယ္။

6. တြဲဖက္သ႐ုပ္ေဆာင္တိုင္းနဲ႔ chemistry (ရင္းရင္းႏွီးႏွီး ဆက္သြယ္ခ်က္) ေကာင္းေကာင္းရွိပါတယ္။

ဂီတေဖ်ာ္ေျဖပြဲေတြမွာ MC လုပ္ရင္ျဖစ္ျဖစ္၊ ဇာတ္လမ္းတြဲေတြမွာ သ႐ုပ္ေဆာင္ရင္ပဲျဖစ္ျဖစ္ သူနဲ႔တြဲတဲ့လူတိုင္းနဲ႔ အတြဲညီေအာင္ ေနတတ္ေျပာတတ္တဲ့သူပါ။ Music Bank မွာ တြဲဖက္ MC ျဖစ္တဲ့ Red Velvet က Irene နဲ႔လည္းေကာင္း၊ Reply 1988 က Hyeri နဲ႔လည္းေကာင္း၊ Moonlight Drawn by Clouds မွ တြဲဖက္မင္းသမီး Kim Yoo Jung နဲ႔လည္းေကာင္း စတဲ့တြဲဖက္အႏုပညာရွင္မ်ားနဲ႔ အၿမဲတြဲညီေအာင္ ေနတတ္သူျဖစ္ပါတယ္။

7. ပရိသတ္ေတြကိုလည္း အရမ္းခ်စ္တဲ့သူပါ။

သူ႔ပရိသတ္ေတြကို ဘယ္ေလာက္တန္ဖိုးထားေၾကာင္း၊ ခ်စ္တတ္တဲ့သူျဖစ္ေၾကာင္းအၿမဲေဖာ္ျပတတ္တဲ့မင္းသားလည္းျဖစ္ပါတယ္။ ဇန္နဝါရီလတုန္းက လုပ္ခဲ့တဲ့ fan meeting မွာဆိုရင္ ပရိသတ္ေတြကို အရမ္းေက်းဇူးတင္မိလို႔ ငိုခဲ့တဲ့အခိုက္အတန႔္ဟာ ပရိသတ္ေတြၾကားထဲမွာ အေတာ္နာမည္ႀကီးသြားခဲ့ပါတယ္။ ပြဲမွာ Bo Gum က “ေက်းဇူးပါတယ္။ ကြၽန္ေတာ္လို႔လူကို ဒီအတြက္ ထိုက္တန္ခြင့္ေပးလို႔။ ဒီေလာက္ေအးတဲ့ရာသီဥတုၾကားထဲမွာ အားလုံးရဲ႕အဖိုးထိုက္တန္တဲ့ အခ်ိန္ေတြကို ေပးၿပီး လာေပးၾကလို႔ ေက်းဇူးတင္ပါတယ္” လို႔ငိုေျပာခဲ့ပါတယ္။ ပရိသတ္ေတြကို ေက်းဇူးတင္ေၾကာင္းအၿမဲေျပာတတ္တဲ့၊ ေဖာ္ျပတတ္တဲ့ မင္းသားတစ္ေယာက္ျဖစ္ပါတယ္။

Credit:Myanmarload

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
ဒီအချက်တွေဖတ်ပြီးရင်တော့ Bo gumရဲ့ မိန်းကလေးပရိသတ်တွေဟာ Bo gumကို အချစ်ကြီးကြီးပိုချစ်သွားကြမယ်ဆိုတာ အာမခံတယ်။

1. သူက အလွန့်ကို အလုပ်ကြိုးစားပြီး ကြင်နာတတ်တဲ့သူပါ။

တစ်ခြားမင်းသားတွေနဲ့မတူတာက Park Bo Gum ရဲ့ကောလဟာလထွက်ရှိတဲ့သတင်းမှန်သမျှက သူဘယ်လောက်ကြင်နာတတ်ပြီး အကောင်းမြင်တတ်တဲ့သူဆိုတဲ့ အကြောင်းတွေချည်းပဲဖြစ်ပါတယ်။ ဘယ်လောက်ပဲကျပ်တည်းတဲ့ အချိန်ဇယားများကြားထဲမှာရောက်နေနေ သူ့အလုပ်တာဝန်ကို မမြဲကျေပွန်အောက်လုပ်ဆောင်သူ၊ ကျောင်းတက်မှန်တဲ့သူတစ်ယောက်ဖြစ်ကာ လုပ်ဖော်ကိုင်ဖက် အနုပညာရှင်များကို အမြဲကူညီတတ်တဲ့သူဖြစ်ကြောင်းကို Repy 1988 ဇာတ်လမ်းတွဲအပြီး သူပါဝင်ခဲ့တဲ့ Youth over flower variety show မှာကြည့်ရင်သိနိုင်ပါတယ်။ နောက်ပြီး ဟာသမင်းသား Jung Joon Ha အတွက် မွေးနေ့ကိတ်ပြင်ဆင်ပေးတာတွေ၊ တက္ကသိုလ်ကသူငယ်ချင်းတွေကို အမှတ်တရလက်မှတ်ရေးထိုးပေးတာတွေက ပရိသတ်တွေထံကနေ အမှတ်များစွာရရှိခဲ့တဲ့ လုပ်ဆောင်မှုများထဲမှ အချို့ဖြစ်ပါတယ်။

2. သူက ပါရမီပါတဲ့ အနုပညာရှင်မင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။

Park Bo Gum က သရုပ်ဆောင်ပိုင်းနဲ့ပက်သက်ရင် ကျရာဇာတ်ရုပ်မှာ သဏ္ဍာန်လုပ်သရုပ်တူအောင် ဖျော်ဖြေနိုင်တဲ့မင်းသားတစ်ယောက်ဆိုတာ သူပါဝင်ခဲ့တဲ့ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်တွေမှာကြည့်ရင်သိနိုင်ပါတယ်။ ဒါကို 2016 KBS Drama ဆုပေးပွဲမှာ သူပါဝင်ခဲ့တဲ့ Moonlight Drawn by Clouds ဇာတ်လမ်းတွဲအတွက် Male Top Excellence Award ဆုကို ရရှိထားတာကြည့်ခြင်းဖြင့်သိနိုင်ပါတယ်။ ခေါင်းဆောင်မင်းသားနေရာမှာတင်မက၊ ဗီလိန်၊ စိတ္တဇဇာတ်ရုပ်တွေမှာပါ အကောင်းဆုံးသရုပ်ဆောင်နိုင်သူဆိုတာ Bo Gum ဖန်တွေ ကောင်းကောင်းကြီးသိထားပါတယ်။

3. သူကအရမ်းခင်မင်ဖို့ကောင်းတဲ့သူငယ်ချင်းကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။

Park Bo Gum ကသူနဲ့အလုပ်လုပ်တဲ့သူတွေနဲ့ပဲဖြစ်ဖြစ်၊ သူစိမ်းတွေနဲ့တွေ့ဆုံတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် အမြဲခင်ခင်မင်မင်ဖြစ်အောင် ပေါင်းသင်းတတ်ပြီး ရေရှည်သူငယ်ချင်းတွေဖြစ်အောင်လည်း လုပ်ဆောင်တတ်သူပါ။ သူ့သူငယ်ချင်းတွေမှာဆိုရင် BTS က V၊ Reply 1988 က တွဲဖက်မင်းသားတွေ၊ စီနီယာမင်းသား Song Joong Ki တို့လည်းပါဝင်ပါတယ်။ ဒါ့အပြင် ဓါတ်ပုံဆရာ Baek Sang Hyun ဆိုရင် “Park Bo Gum နဲ့အလုပ်တွဲလုပ်ရတာ ခြောက်နှစ်တာကာလအတွင်းမှာ အမှတ်တရအဖြစ်ဆုံးပါပဲ” လို့ပြန်ပြောမှတ်ချက်ပြုခဲ့ပါသေးတယ်။

4. သူက ဆက်ဆံရလွယ်ကူပြီး ဘယ်တော့မှာလည်း ဘေးပတ်ဝန်းကျင်ကို သိပ်ကဂရိုစိုက်တတ်တဲ့သူမျိုးမဟုတ်ပါဘူး။

Park Bo Gum ဟာ နာမည်ကြီးဆယ်လီဘရစ်တီတစ်ယောက်ဖြစ်သော်ငြား နှိမ့်နှိမ့်ချချနေတတ်ပြီး ဆက်ဆံရတာလွယ်ကူသူပါ။ တက္ကသိုလ်တီရှပ်နဲ့ သူ့ကို မြေအောက်ရထားပေါ်မှာဖြစ်ဖြစ်၊ တစ်ခြားမြို့တွင်းသယ်ယူပို့ဆောင်ရေးကားတွေ၊ ရထားတွေပေါ်မှာ ခဏခဏတွေ့ရတတ်ပါတယ်။

5. သူကအဆိုကောင်းသူတစ်ယောက်လည်းဖြစ်ပါတယ်။

Park Bo Gum က သူအဆိုတော်ဖြစ်ချင်ခဲ့တဲ့အကြောင်းကို အင်တာဗျူးတော်တော်များများမှာ ပြောခဲ့ဖူးသလို အဲ့အတွက်လည်း သူ့မှာပါရမီပါကြောင်းကို ခဏခဏ သက်သေပြဖူးပါတယ်၊ Moonlight Drawn by Clouds ဇာတ်ဝင်တေး My Person ကိုကိုယ်တိုင်သီဆိုခဲ့သလို Music Bank အစီအစဉ်မှာလည်း မကြာခဏဖျော်ဖြေဖူးပါတယ်။ Fan Meetings တွေမှာလည်း သီချင်းဆိုပြတတ်ပါသေးတယ်။ အောက်က ဗီဒီယိုလေးက Bo Gum ဆိုထားတဲ့ ဇာတ်ဝင်တေးလေးဖြစ်ပါတယ်။

6. တွဲဖက်သရုပ်ဆောင်တိုင်းနဲ့ chemistry (ရင်းရင်းနှီးနှီး ဆက်သွယ်ချက်) ကောင်းကောင်းရှိပါတယ်။

ဂီတဖျော်ဖြေပွဲတွေမှာ MC လုပ်ရင်ဖြစ်ဖြစ်၊ ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ရင်ပဲဖြစ်ဖြစ် သူနဲ့တွဲတဲ့လူတိုင်းနဲ့ အတွဲညီအောင် နေတတ်ပြောတတ်တဲ့သူပါ။ Music Bank မှာ တွဲဖက် MC ဖြစ်တဲ့ Red Velvet က Irene နဲ့လည်းကောင်း၊ Reply 1988 က Hyeri နဲ့လည်းကောင်း၊ Moonlight Drawn by Clouds မှ တွဲဖက်မင်းသမီး Kim Yoo Jung နဲ့လည်းကောင်း စတဲ့တွဲဖက်အနုပညာရှင်များနဲ့ အမြဲတွဲညီအောင် နေတတ်သူဖြစ်ပါတယ်။

7. ပရိသတ်တွေကိုလည်း အရမ်းချစ်တဲ့သူပါ။

သူ့ပရိသတ်တွေကို ဘယ်လောက်တန်ဖိုးထားကြောင်း၊ ချစ်တတ်တဲ့သူဖြစ်ကြောင်းအမြဲဖော်ပြတတ်တဲ့မင်းသားလည်းဖြစ်ပါတယ်။ ဇန်နဝါရီလတုန်းက လုပ်ခဲ့တဲ့ fan meeting မှာဆိုရင် ပရိသတ်တွေကို အရမ်းကျေးဇူးတင်မိလို့ ငိုခဲ့တဲ့အခိုက်အတန့်ဟာ ပရိသတ်တွေကြားထဲမှာ အတော်နာမည်ကြီးသွားခဲ့ပါတယ်။ ပွဲမှာ Bo Gum က “ကျေးဇူးပါတယ်။ ကျွန်တော်လို့လူကို ဒီအတွက် ထိုက်တန်ခွင့်ပေးလို့။ ဒီလောက်အေးတဲ့ရာသီဥတုကြားထဲမှာ အားလုံးရဲ့အဖိုးထိုက်တန်တဲ့ အချိန်တွေကို ပေးပြီး လာပေးကြလို့ ကျေးဇူးတင်ပါတယ်” လို့ငိုပြောခဲ့ပါတယ်။ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းအမြဲပြောတတ်တဲ့၊ ဖော်ပြတတ်တဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။

Credit:Myanmarload

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top