iMyanmarHouse.com - Best Property Website for Myanmar
×

ပရိသတ္ေတြရဲ႕ အသည္းတစ္ျခမ္းျဖစ္သူ ကုိရီးယားမင္းသမီးေခ်ာေလး Song Hye Kyo နဲ႔ သူမရဲ႕မိခင္ျဖစ္သူတုိ႔ဟာ လြန္ခဲ႔တဲ႔ ဆယ္ႏွစ္ေက်ာ္ေလာက္က လူတစ္ဦးဆီကေန ေၾကာက္မက္စရာေကာင္းတဲ႔ ၿခိမ္းေျခာက္မႈနဲ႔အတူ ေငြညစ္ခံရဖူးခဲ႔တယ္လုိ႔ ဖြင့္ဟေျပာဆုိသြားခဲ႔ပါတယ္။

ဒီျဖစ္ရပ္ကုိ Channel A ရဲ႕ Poongmon Show အစီအစဥ္ကေန မင္းသမီး Song Hye Kyo က ေျပာဆုိသြားခဲ႔တာျဖစ္ပါတယ္။ Song Hye Kyo ရဲ႕ ေျပာဆုိခ်က္အရ လြန္ခဲ႔တဲ႔ ၂၀၀၅ခုႏွစ္ ဇန္နဝါရီလခန္႔က လူတစ္ဦးဟာ သူမရဲ႕ မိခင္ဆီကုိ ကုိရီးယားဝမ္သန္း ၂၅၀ ေပးဖုိ႔နဲ႔ မေပးဘူးဆုိပါက ဟုိက္ဒရုိကလုိရစ္အက္ဆစ္နဲ႔ စိတ္ေျခာက္ျခားေစတဲ႔ ေဆးဝါးေတြကုိ ေရာေႏွာၿပီး ႏွစ္ဦးလုံးကုိ လက္စေဖ်ာက္ပစ္မယ္လုိ႔ ၿခိမ္းေျခာက္ခဲ႔ေၾကာင္း သိရပါတယ္။ ဒီၿခိမ္းေျခာက္စာကုိ လက္ခံရရွိၿပီးေနာက္မွာေတာ့ Song Hye Kyo ရဲ႕မိခင္ဟာ Song Hye Kyo ကုိ သူမအိမ္ကေန လုံၿခံဳစိတ္ခ်ရတဲ႔ ေနရာတစ္ခုဆီ ေျပာင္းေရြ႕ေပးခဲ႔ၿပီး ျဖစ္ရပ္အားလုံးကုိ ရဲစခန္းဆီ သတင္းပုိ႔ခဲ႔ပါတယ္။ ရဲတပ္ဖြဲ႕ဝင္မ်ားရဲ႕ စုံစမ္းစစ္ေဆးမႈေတြ အၿပီးသတ္သြားခ်ိန္မွာေတာ့ Song Hye Kyo နဲ႔ သူမမိခင္ကုိ ေငြညစ္ခဲ႔သူမွာ Song Hye Kyo နဲ႔ သုံးႏွစ္တာေလာက္ လက္တြဲလုပ္ကုိင္ဖူးသူ မန္ေနဂ်ာေဟာင္းတစ္ေယာက္ျဖစ္ေနတာကုိ အံၾသစဖြယ္ ေတြ႕ျမင္ခဲ႔ရပါတယ္။

 ေငြညစ္ခဲ႔တဲ႔ တရားခံဟာ Song Hye Kyo နဲ႔ မိသားစုသဖြယ္ ေနထုိင္ခဲ႔ဖူးတဲ႔ မန္ေနဂ်ာေဟာင္းျဖစ္တယ္ဆုိတာကုိ Song Hye Kyo ရဲ႕ မိခင္က ေတာ္ေတာ္ေလးနဲ႔ကုိ မယုံၾကည္ႏုိင္ခဲ႔ပါဘူး။ ဒီမန္ေနဂ်ာေဟာင္းဆုိသူဟာ ေအဂ်င္စီပုိက္ဆံေတြကုိ အလြဲသုံးစားလုပ္ခဲ႔မႈနဲ႔ အလုပ္ထုတ္ခံထားရတာျဖစ္ၿပီး ဘဝက လမ္းေဘးကုိ ေရာက္ေနခ်ိန္မွာ မင္းသမီး Song Hye Kyo တုိ႔မိသားစုဆီ ၿခိမ္းေျခာက္စာပုိ႔ၿပီး ေငြညစ္ဖုိ႔အတြက္ စိတ္ကူးဝင္သြားခဲ႔တာျဖစ္ပါတယ္။ အခုလုိ အလုပ္အတူ တြဲလုပ္ခဲ႔ဖူးတဲ႔ မန္ေနဂ်ာျဖစ္သူက မင္းသားမင္းသမီးကုိ ၿခိမ္းေျခာက္ၿပီး ေငြညစ္ျခင္းျဖစ္ရပ္ဟာ အလြန္ကုိရွားပါးလြန္းၿပီး မင္းသမီး Song Hye Kyo ေတာင္မွ မိခင္ျဖစ္သူရဲ႕ စီမံမႈေၾကာင္း ၿခိမ္းေျခာက္မႈနဲ႔ လြတ္ကင္းသြားခဲ႔ရတာပဲ ျဖစ္ပါတယ္ခင္ဗ်ာ။

Credit:Momolay
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
ပရိသတ်တွေရဲ့ အသည်းတစ်ခြမ်းဖြစ်သူ ကိုရီးယားမင်းသမီးချောလေး Song Hye Kyo နဲ့ သူမရဲ့မိခင်ဖြစ်သူတို့ဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က လူတစ်ဦးဆီကနေ ကြောက်မက်စရာကောင်းတဲ့ ခြိမ်းခြောက်မှုနဲ့အတူ ငွေညစ်ခံရဖူးခဲ့တယ်လို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

ဒီဖြစ်ရပ်ကို Channel A ရဲ့ Poongmon Show အစီအစဉ်ကနေ မင်းသမီး Song Hye Kyo က ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ Song Hye Kyo ရဲ့ ပြောဆိုချက်အရ လွန်ခဲ့တဲ့ ၂၀၀၅ခုနှစ် ဇန်နဝါရီလခန့်က လူတစ်ဦးဟာ သူမရဲ့ မိခင်ဆီကို ကိုရီးယားဝမ်သန်း ၂၅၀ ပေးဖို့နဲ့ မပေးဘူးဆိုပါက ဟိုက်ဒရိုကလိုရစ်အက်ဆစ်နဲ့ စိတ်ခြောက်ခြားစေတဲ့ ဆေးဝါးတွေကို ရောနှောပြီး နှစ်ဦးလုံးကို လက်စဖျောက်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း သိရပါတယ်။ ဒီခြိမ်းခြောက်စာကို လက်ခံရရှိပြီးနောက်မှာတော့ Song Hye Kyo ရဲ့မိခင်ဟာ Song Hye Kyo ကို သူမအိမ်ကနေ လုံခြုံစိတ်ချရတဲ့ နေရာတစ်ခုဆီ ပြောင်းရွေ့ပေးခဲ့ပြီး ဖြစ်ရပ်အားလုံးကို ရဲစခန်းဆီ သတင်းပို့ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်များရဲ့ စုံစမ်းစစ်ဆေးမှုတွေ အပြီးသတ်သွားချိန်မှာတော့ Song Hye Kyo နဲ့ သူမမိခင်ကို ငွေညစ်ခဲ့သူမှာ Song Hye Kyo နဲ့ သုံးနှစ်တာလောက် လက်တွဲလုပ်ကိုင်ဖူးသူ မန်နေဂျာဟောင်းတစ်ယောက်ဖြစ်နေတာကို အံသြစဖွယ် တွေ့မြင်ခဲ့ရပါတယ်။

 ငွေညစ်ခဲ့တဲ့ တရားခံဟာ Song Hye Kyo နဲ့ မိသားစုသဖွယ် နေထိုင်ခဲ့ဖူးတဲ့ မန်နေဂျာဟောင်းဖြစ်တယ်ဆိုတာကို Song Hye Kyo ရဲ့ မိခင်က တော်တော်လေးနဲ့ကို မယုံကြည်နိုင်ခဲ့ပါဘူး။ ဒီမန်နေဂျာဟောင်းဆိုသူဟာ အေဂျင်စီပိုက်ဆံတွေကို အလွဲသုံးစားလုပ်ခဲ့မှုနဲ့ အလုပ်ထုတ်ခံထားရတာဖြစ်ပြီး ဘဝက လမ်းဘေးကို ရောက်နေချိန်မှာ မင်းသမီး Song Hye Kyo တို့မိသားစုဆီ ခြိမ်းခြောက်စာပို့ပြီး ငွေညစ်ဖို့အတွက် စိတ်ကူးဝင်သွားခဲ့တာဖြစ်ပါတယ်။ အခုလို အလုပ်အတူ တွဲလုပ်ခဲ့ဖူးတဲ့ မန်နေဂျာဖြစ်သူက မင်းသားမင်းသမီးကို ခြိမ်းခြောက်ပြီး ငွေညစ်ခြင်းဖြစ်ရပ်ဟာ အလွန်ကိုရှားပါးလွန်းပြီး မင်းသမီး Song Hye Kyo တောင်မှ မိခင်ဖြစ်သူရဲ့ စီမံမှုကြောင်း ခြိမ်းခြောက်မှုနဲ့ လွတ်ကင်းသွားခဲ့ရတာပဲ ဖြစ်ပါတယ်ခင်ဗျာ။

Credit:Momolay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top