iMyanmarHouse.com - Best Property Website for Myanmar
×

ျဖဴျပာတစ္ေယာက္ အလုပ္ေနာက္က်သျဖင့္ ကားဂိတ္သို႔ ကတိုက္ကရိုက္ထြက္လာခဲ့သည္... ကားဂိတ္ေရာက္ သည္ႏွင့္ မိမိစီးရမည့္လိုင္းကားႏွင့္ တန္းတိုးသျဖင့္ ေတာ္ပါေသးရဲ႔ ဟူေသာအေတြးနဲ႔ ကားေပၚသို႔ အေျပးအလႊားေလး တက္လိုက္သည္။

ျဖဴျပာ ဆိုသည့္မိန္းကေလးမွာ ခါးလည္ေလာက္ရွိသည့္ နက္ေမွာင္ေသာဆံပင္ ၊ အသားျဖဴျဖဴ ကိုယ္လံုးေတာင့္ေတာင့္ ေျဖာင့္ေျဖာင့္မို႔ အမ်ိဳးသားမ်ား တစ္ခ်က္ေလာက္ေတာ့ ေစာင္းငဲ့ၾကည့္ေလာက္ေအာင္ ၾကည့္ေကာင္းလြန္းသည့္ အမ်ိဳးသမီးဟုဆိုႏိုင္သည္...

အလုပ္ကေနာက္က်ပါတယ္ဆိုမွ မိုးကသည္းသည္းမည္းမည္းရြာလို႔ ကားကလည္း ပ်က္ေခ်ျပီ... ကားဆရာမွ ေနာက္ကခ်ိန္းေပးပါမည္ဟူေသာ က်ယ္ေလာင္တဲ့ စကားသံႏွင့္အတူ လူအမ်ားအျပား ကားေပၚမွ တိုးေ၀ွ႔ဆင္းကုန္ၾကသည္…

ျဖဴျပာတစ္ေယာက္ေတာ့ အလုပ္ကေနာက္က်ရတဲ့အထဲ ကားကပ်က္ျပန္ျပီ ..ေနရာေလးရလို႔ သက္ေတာင့္သက္သာေလးမ်ား စီးရမလားဆိုျပီး ခုေတာ့ သြားျပီ ဆိုျပီး စိတ္ထဲမွေတြးကာ “ကံဆိုးမသြားရာ မိုးလိုက္လို႔ရြာေနပါလား” ဟုပင္ တစ္ကိုယ္တည္းတီးတိုး ေရရြတ္လိုက္ မိေသးသည္...

ကားေအာက္ေရာက္ေရာက္ျခင္းပဲ ကားစပယ္ရာမွ ေနာက္ကားတစ္စီး ခ်ိန္းေပးလိုက္သည္... ရံုးသြားခ်ိန္မို႔ ကားကၾကပ္သည့္ၾကားက ႏွစ္စီးတစ္စီးေပါင္း၍ ပိုဆိုးေလျပီ... ကားၾကပ္ခ်က္ကေတာ့ အသက္ပင္ မနည္း၀ေအာင္ရႈေနရသည္... မိမိရပ္ေနေသာေရွ႔တြင္ ထိုင္ေနသူက အမ်ိဳးသားကလည္း ေနရာဖယ္ေပးရမည္စိုး၍ ထင္သည္.. ေဘးဘီ၀ဲယာ မၾကည့္မိန္႔မိန္႔ ၾကီးထိုင္ေနေလသည္။

ထိုစဥ္မွာပင္ မိမိေနာက္မွ ျပႆနာကစလာသည္ ...
လွည့္ၾကည့္လိုက္ေတာ့ အသက္လတ္ပိုင္းေလာက္သာ ရွိႏိုင္ေသးသည့္ အမ်ိဳးသားတစ္ဦး။ ပံုစံမွာ သပ္သပ္ရပ္ရပ္ႏွင့္ ထိုသူ႔ထံမွရသည့္ အေမႊးရနံ႔ကလည္း သင္းၾကိဳင္ေနသည္... လက္ထဲတြင္ ကိုင္ထား သည္မွာလည္း ဗလာစာအုပ္ အရြယ္နီးနီး ရွိႏိုင္သည့္ လယ္သာ ပိုက္ဆံ အိတ္တစ္လံုးျဖင့္...

ကားကလည္း လမ္းခရီးတစ္၀က္ေလာက္တြင္ ၾကပ္သထက္ ပိုၾကပ္လာသည္... ထိုသူမွာလည္း ျဖဴျပာ ေနာက္သို႔ ကပ္သထက္ကပ္လာသည္... ျဖဳျပာ့ ဆံပင္ကိုတစ္ခ်က္ နမ္းရႈံ႔လိုက္ သလိုလို အထိအေတြ႔ေၾကာင့္ ျဖဴျပာ ၾကက္သီးျဖန္းခနဲထသြားသည္... ျဖဴျပာႏွင့္ထိုသူရဲ႕ ခႏၶာကိုယ္ျခင္းမွာ ၾကားထဲေလတိုးမရေအာင္ ကပ္ေလေနျပီ ... ေဘးဘီ၀ဲယာ တိုးဖို႔ကလည္း ေနရာမရွိေတာ့ေအာင္ ကားကၾကပ္ေနျပီ... ျဖဴျပာ ေဇာေခြ်းေတြျပန္လာသည္... ထိုအခိ်န္မွာပင္ ထိုသူလက္က ျဖဴျပာ ခါးဆီသို႔ေရြ႔လာသည္... ျဖဴ ျပာ တစ္ေယာက္ အသံကလည္း မထြက္ရဲ မ်က္နွာတြင္ေတာ့ ေခြ်းစေတြ စို႔ေနေလျပီ... ေရွ႔ခံုတြင္ထိုင္ေနသူ အမ်ိဳးသားကို ျဖဴျပာ လွမ္းၾကည့္ လိုက္သည္ ... ေဘးက အေျခအေနေတြကို သိိပံုမရ... ငတိက မ်က္လံုးၾကီးမွိတ္ျပီး တစ္ေရးေတာင္ရေနျပီ...

ငတိ ခံုေနာက္အစြန္မွာ ထိုင္ေနသူ အမ်ဳိးသမီးကေတာ့ တစ္ခုခုကို ရိပ္မိဟန္ျဖင့္ ျဖဳျပာႏွင့္ ထိုသူ ကို တစ္ခ်က္ အကဲခတ္ၾကည့္လိုက္သည္။ သို႔ေသာ္ ေနရာဖယ္ေပးရမွားစိုး၍ လားမသိ ျပတင္းေပါက္ ဘက္သို႔ မ်က္နွာျပန္လွည့္ သြားသည္။။။

ျဖဴျပာေနာက္မွ ကိုလူေခ်ာကလည္း တစ္စတစ္စ အကဲစမ္းျပီး တစ္ဆင့္တစ္ဆင့္ တက္လာသည္။။။ ျဖဴျပာေနာက္သို႔ တစ္ခ်က္လွည့္ၾကည့္လိုက္သည္... ထုိခါမွ ပိုဆိုးသြားသည္ထင္ရသည္ .. ျဖဴျပာရဲ႕ ဖူးဖူးငံုငံု မ်က္ႏွာကို ျမင္သြားမွပဲ ထိုသူပံုစံ နည္းနည္း ပိုသရုပ္ပ်က္လာသည္... ေရွ႔ခံုက အမ်ိဳးသမီး ကြက္ၾကည့္ကြက္ၾကည့္ျဖင့္ ေရရြတ္သံၾကား တစြန္းတစကို ျဖဴျပာၾကားလိုက္သည္..

“ကားၾကပ္ရတဲ့ အထဲ ႏွာဘူးေတြက ပါလာေသး”ဆိုပဲ...…

ျဖဴျပာ ကား ေပၚက ဆင္းဖို႔ တစ္မွတ္တိုင္သာ လိုေတာ့သည္...ျဖဴျပာ့တစ္ကိုယ္လံုးလည္း ေၾကာက္စိတ္ေၾကာင့္ ေခ်ြးစို႔ေနေလျပီ... သက္ျပင္းေျဖးေျဖးခ်ျပီး တိုးၾကပ္ေနသည့္ ကားထဲမွ တိုးေ၀ွ႔ထြက္လာခ့ဲသည္။ မွတ္တိုင္ေရာက္ေတာ့ အေျပးဆင္းျပီး တစ္ဖက္မွတ္တိုင္သို႔ လွ်င္ျမန္စြာေလွ်ာက္ခဲ့လိုက္ျပီး ျဖဴျပာ တက္စီတစ္စီး လွမ္းတားလိုက္သည္.... တက္စီေပၚေရာက္မွ သက္ျပင္းရွည္ၾကီး တစ္ခုျဖဴျပာခ်လိုိက္နိုင္သည္... အိတ္ထဲမွာပါလာသည့္ 10000 တန္ ႏွစ္အုပ္ ကို ၾကည့္၍ ျပံဳးလိုက္မိသည္... ခုခ်ိန္ ဆို မိမိေနာက္က ကိုလူေခ်ာေတာ့ ေခါင္းပူေလာက္ျပီ ... ျဖဴျပာကေတာ့ ေလးငါးလေလာက္ အလုပ္မလုပ္ပဲ အိမ္မွာထိုင္ႏွပ္ေနလို႔ ရေပျပီ...

မိမိေရွ႔က ေနရာဖယ္ေပးရမွာေၾကာက္သည့္ ငတိ ႏွင့္ ပြစိ ပြစိျဖင့္ အတင္းေျပာခ်င္ေနသည့္ အမ်ိဳးသမီးၾကီးကိုေရာ က်ိတ္၍ ေက်းဇူးတင္မိသည္။ ငတိသာ မိန္းကေလးေခ်ာမို႔ ငန္းေၾကာထျပီးထေပးရင္ျဖင့္ ျဖဴျပာ့ အၾကံအစည္ေတြေအာင္ျမင္မည္မဟုတ္... ဘုမသိဘမသိ ပြစိစိ အတင္းေျပာခ်င္ေသာမိန္းမၾကီးေၾကာင့္ ပတ္၀န္းက်င္ကို အာရံုလႊဲထားလိုက္ႏိုင္သည္…

တခ်ိဳ႕ကေတာ့ ကိုလူေခ်ာ ႏွာဗူးကိုသာ အျပစ္ျမင္ေနေပလိမ့္မည္...ရိုးရိုးသားသား ခ်စ္စရာျဖဴျပာေလးကိုေတာ့ ခါးပိုက္ႏႈိက္တစ္ဦးအျဖစ္ ျမင္လိမ့္မည္မဟုတ္ ...

ဒီလိုခပ္တံုးတံုး လူ႔အျမင္ေတြေၾကာင့္ပဲ ျဖဴျပာတို႔လုပ္စားလို႔ ရေနသည္မဟုတ္ပါေလာ.... ျဖဴျပာျပံဳးရင္း အေတြးမ်ားျဖင့္ မိမိလိုရာခရီးသို႔ ဆက္လက္ ဦးတည္လိုက္ေလသည္.....

Credit: Momolay
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

ဖြူပြာတစ်ယောက် အလုပ်နောက်ကျသဖြင့် ကားဂိတ်သို့ ကတိုက်ကရိုက်ထွက်လာခဲ့သည်... ကားဂိတ်ရောက် သည်နှင့် မိမိစီးရမည့်လိုင်းကားနှင့် တန်းတိုးသဖြင့် တော်ပါသေးရဲ့ ဟူသောအတွေးနဲ့ ကားပေါ်သို့ အပြေးအလွှားလေး တက်လိုက်သည်။

ဖြူပြာ ဆိုသည့်မိန်းကလေးမှာ ခါးလည်လောက်ရှိသည့် နက်မှောင်သောဆံပင် ၊ အသားဖြူဖြူ ကိုယ်လုံးတောင့်တောင့် ဖြောင့်ဖြောင့်မို့ အမျိုးသားများ တစ်ချက်လောက်တော့ စောင်းငဲ့ကြည့်လောက်အောင် ကြည့်ကောင်းလွန်းသည့် အမျိုးသမီးဟုဆိုနိုင်သည်...

အလုပ်ကနောက်ကျပါတယ်ဆိုမှ မိုးကသည်းသည်းမည်းမည်းရွာလို့ ကားကလည်း ပျက်ချေပြီ... ကားဆရာမှ နောက်ကချိန်းပေးပါမည်ဟူသော ကျယ်လောင်တဲ့ စကားသံနှင့်အတူ လူအများအပြား ကားပေါ်မှ တိုးဝှေ့ဆင်းကုန်ကြသည်…

ဖြူပြာတစ်ယောက်တော့ အလုပ်ကနောက်ကျရတဲ့အထဲ ကားကပျက်ပြန်ပြီ ..နေရာလေးရလို့ သက်တောင့်သက်သာလေးများ စီးရမလားဆိုပြီး ခုတော့ သွားပြီ ဆိုပြီး စိတ်ထဲမှတွေးကာ “ကံဆိုးမသွားရာ မိုးလိုက်လို့ရွာနေပါလား” ဟုပင် တစ်ကိုယ်တည်းတီးတိုး ရေရွတ်လိုက် မိသေးသည်...

ကားအောက်ရောက်ရောက်ခြင်းပဲ ကားစပယ်ရာမှ နောက်ကားတစ်စီး ချိန်းပေးလိုက်သည်... ရုံးသွားချိန်မို့ ကားကကြပ်သည့်ကြားက နှစ်စီးတစ်စီးပေါင်း၍ ပိုဆိုးလေပြီ... ကားကြပ်ချက်ကတော့ အသက်ပင် မနည်းဝအောင်ရှုနေရသည်... မိမိရပ်နေသောရှေ့တွင် ထိုင်နေသူက အမျိုးသားကလည်း နေရာဖယ်ပေးရမည်စိုး၍ ထင်သည်.. ဘေးဘီဝဲယာ မကြည့်မိန့်မိန့် ကြီးထိုင်နေလေသည်။

ထိုစဉ်မှာပင် မိမိနောက်မှ ပြဿနာကစလာသည် ...
လှည့်ကြည့်လိုက်တော့ အသက်လတ်ပိုင်းလောက်သာ ရှိနိုင်သေးသည့် အမျိုးသားတစ်ဦး။ ပုံစံမှာ သပ်သပ်ရပ်ရပ်နှင့် ထိုသူ့ထံမှရသည့် အမွှေးရနံ့ကလည်း သင်းကြိုင်နေသည်... လက်ထဲတွင် ကိုင်ထား သည်မှာလည်း ဗလာစာအုပ် အရွယ်နီးနီး ရှိနိုင်သည့် လယ်သာ ပိုက်ဆံ အိတ်တစ်လုံးဖြင့်...

ကားကလည်း လမ်းခရီးတစ်ဝက်လောက်တွင် ကြပ်သထက် ပိုကြပ်လာသည်... ထိုသူမှာလည်း ဖြူပြာ နောက်သို့ ကပ်သထက်ကပ်လာသည်... ဖြုပြာ့ ဆံပင်ကိုတစ်ချက် နမ်းရှုံ့လိုက် သလိုလို အထိအတွေ့ကြောင့် ဖြူပြာ ကြက်သီးဖြန်းခနဲထသွားသည်... ဖြူပြာနှင့်ထိုသူရဲ့ ခန္ဓာကိုယ်ခြင်းမှာ ကြားထဲလေတိုးမရအောင် ကပ်လေနေပြီ ... ဘေးဘီဝဲယာ တိုးဖို့ကလည်း နေရာမရှိတော့အောင် ကားကကြပ်နေပြီ... ဖြူပြာ ဇောချွေးတွေပြန်လာသည်... ထိုအချိန်မှာပင် ထိုသူလက်က ဖြူပြာ ခါးဆီသို့ရွေ့လာသည်... ဖြူ ပြာ တစ်ယောက် အသံကလည်း မထွက်ရဲ မျက်နှာတွင်တော့ ချွေးစတွေ စို့နေလေပြီ... ရှေ့ခုံတွင်ထိုင်နေသူ အမျိုးသားကို ဖြူပြာ လှမ်းကြည့် လိုက်သည် ... ဘေးက အခြေအနေတွေကို သိပုံမရ... ငတိက မျက်လုံးကြီးမှိတ်ပြီး တစ်ရေးတောင်ရနေပြီ...

ငတိ ခုံနောက်အစွန်မှာ ထိုင်နေသူ အမျိုးသမီးကတော့ တစ်ခုခုကို ရိပ်မိဟန်ဖြင့် ဖြုပြာနှင့် ထိုသူ ကို တစ်ချက် အကဲခတ်ကြည့်လိုက်သည်။ သို့သော် နေရာဖယ်ပေးရမှားစိုး၍ လားမသိ ပြတင်းပေါက် ဘက်သို့ မျက်နှာပြန်လှည့် သွားသည်။။။

ဖြူပြာနောက်မှ ကိုလူချောကလည်း တစ်စတစ်စ အကဲစမ်းပြီး တစ်ဆင့်တစ်ဆင့် တက်လာသည်။။။ ဖြူပြာနောက်သို့ တစ်ချက်လှည့်ကြည့်လိုက်သည်... ထိုခါမှ ပိုဆိုးသွားသည်ထင်ရသည် .. ဖြူပြာရဲ့ ဖူးဖူးငုံငုံ မျက်နှာကို မြင်သွားမှပဲ ထိုသူပုံစံ နည်းနည်း ပိုသရုပ်ပျက်လာသည်... ရှေ့ခုံက အမျိုးသမီး ကွက်ကြည့်ကွက်ကြည့်ဖြင့် ရေရွတ်သံကြား တစွန်းတစကို ဖြူပြာကြားလိုက်သည်..

“ကားကြပ်ရတဲ့ အထဲ နှာဘူးတွေက ပါလာသေး”ဆိုပဲ...…

ဖြူပြာ ကား ပေါ်က ဆင်းဖို့ တစ်မှတ်တိုင်သာ လိုတော့သည်...ဖြူပြာ့တစ်ကိုယ်လုံးလည်း ကြောက်စိတ်ကြောင့် ချွေးစို့နေလေပြီ... သက်ပြင်းဖြေးဖြေးချပြီး တိုးကြပ်နေသည့် ကားထဲမှ တိုးဝှေ့ထွက်လာခဲ့သည်။ မှတ်တိုင်ရောက်တော့ အပြေးဆင်းပြီး တစ်ဖက်မှတ်တိုင်သို့ လျှင်မြန်စွာလျှောက်ခဲ့လိုက်ပြီး ဖြူပြာ တက်စီတစ်စီး လှမ်းတားလိုက်သည်.... တက်စီပေါ်ရောက်မှ သက်ပြင်းရှည်ကြီး တစ်ခုဖြူပြာချလိုက်နိုင်သည်... အိတ်ထဲမှာပါလာသည့် 10000 တန် နှစ်အုပ် ကို ကြည့်၍ ပြုံးလိုက်မိသည်... ခုချိန် ဆို မိမိနောက်က ကိုလူချောတော့ ခေါင်းပူလောက်ပြီ ... ဖြူပြာကတော့ လေးငါးလလောက် အလုပ်မလုပ်ပဲ အိမ်မှာထိုင်နှပ်နေလို့ ရပေပြီ...

မိမိရှေ့က နေရာဖယ်ပေးရမှာကြောက်သည့် ငတိ နှင့် ပွစိ ပွစိဖြင့် အတင်းပြောချင်နေသည့် အမျိုးသမီးကြီးကိုရော ကျိတ်၍ ကျေးဇူးတင်မိသည်။ ငတိသာ မိန်းကလေးချောမို့ ငန်းကြောထပြီးထပေးရင်ဖြင့် ဖြူပြာ့ အကြံအစည်တွေအောင်မြင်မည်မဟုတ်... ဘုမသိဘမသိ ပွစိစိ အတင်းပြောချင်သောမိန်းမကြီးကြောင့် ပတ်ဝန်းကျင်ကို အာရုံလွှဲထားလိုက်နိုင်သည်…

တချို့ကတော့ ကိုလူချော နှာဗူးကိုသာ အပြစ်မြင်နေပေလိမ့်မည်...ရိုးရိုးသားသား ချစ်စရာဖြူပြာလေးကိုတော့ ခါးပိုက်နှိုက်တစ်ဦးအဖြစ် မြင်လိမ့်မည်မဟုတ် ...

ဒီလိုခပ်တုံးတုံး လူ့အမြင်တွေကြောင့်ပဲ ဖြူပြာတို့လုပ်စားလို့ ရနေသည်မဟုတ်ပါလော.... ဖြူပြာပြုံးရင်း အတွေးများဖြင့် မိမိလိုရာခရီးသို့ ဆက်လက် ဦးတည်လိုက်လေသည်.....

Credit: Momolay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top