iMyanmarHouse.com - Best Property Website for Myanmar
×

႐ုပ္ရွင္ဇာတ္ကား၊ ဗီဒီယိုဇာတ္ကားအျပင္ ဇာတ္လမ္းတြဲေတြပါ ႐ိုက္ကူးေနတဲ့ ျမင့္ျမတ္ရဲ႕အႏုပညာအလုပ္အေၾကာင္းနဲ႔ မိသားစုအေၾကာင္းကို Duwun Media က အင္တာဗ်ဴးခဲ့တာျဖစ္ပါတယ္။

ဒီေန႔ (ေမလ ၃၁ ရက္) မွာ ကန္ေတာ့ပြဲေပးတဲ့ မဂၤလာရွိေသာအရပ္ ရုပ္သံဇာတ္လမ္းတြဲမွာ စည္ျဖိဳး၊ Kevil Kate၊ ေအး၀တ္ရည္ေသာင္း၊ ႏြယ္ဒါလီထြန္း တုိ႔နဲ႔ အတူ ျမင့္ျမတ္က ပါဝင္သ႐ုပ္ေဆာင္သြားမွာပါ။

" ရုပ္ရွင္ဇာတ္ကားေတြအရုိက္မ်ားေနေတာ့ ဇာတ္လမ္းတြဲလဲ မရုိက္ဖူးေသးတာေၾကာင့္ အေတြ႔အႀကဳံေလးရေအာင္ ရုိက္ျဖစ္လိုက္တာပါ။'' လုိ႔ သရုပ္ေဆာင္ျမင့္ျမတ္ကေျပာပါတယ္။

ဇာတ္လမ္းတြဲထဲက ကာရုိက္တာေလးကေတာ့ ရန္ကုန္မွာ မိဘေတြနဲ႔ အဆင္မေျပလုိ႔  နယ္ကုိ ေရာက္လာမွ ပရမ္းပတာျဖစ္သြားတဲ့ လူငယ္တစ္ေယာက္အေနနဲ႔ သရုပ္ေဆာင္ထားတယ္လုိ႔ ေျပာပါတယ္။ အခုလက္ရွိေအာင္ျမင္ေနတဲ့ ကၽြန္ရုပ္ရွင္ဇာတ္ကားႀကီးကုိ ပရိသတ္ေတြရဲ႕ အားေပးမႈအေပၚ ျမင့္ျမတ္က '' ကၽြန္ေတာ္တို႔ ဒီဇာတ္ကားရုိက္ေနစဥ္ အတြင္းမွာေတာ့ အားလုံး တက္ညီ၊ လက္ညီနဲ႔အေကာင္းဆုံးျဖစ္ေအာင္ႀကိဳးစားခဲ့တယ္၊ မေကာင္းေျပာတဲ့ ေ၀ဖန္မႈေတာ့ မသိဘူး၊ ေသခ်ာတာကေတာ့ အခုခ်ိန္ ရုံေပၚမွာ လူေတြျပည့္ေနတာကုိ ေတြ႔ရတဲ့ အတြက္ အရမ္း၀မ္းသာေက်နပ္မိတယ္" လုိ႔ ဆုိပါတယ္။

''ပရိသတ္ေတြေမွ်ာ္လင့္ေနတဲ့ အကယ္ဒမီကုိလည္း ယူေပးခ်င္တာပါ ရတာမရတာ ကံပဲေလ၊ ႏွစ္တုိင္းကေတာ့ကၽြန္ေတာ္တုိ႔ဇာတ္ကားေတြ ပါေနဦးမွာပဲ၊ အကယ္ဒမီန႔ဲပတ္သက္လုိ႔ ရင္မခုန္ရဲေတာ့ပါဘူး၊ ဘယ္အရာမွ မေသခ်ာေသးပါဘူး၊ ရတာ မရတာ ကုိယ့္ကံပါပဲ'' လုိ႔ ျမင့္ျမတ္က ေျပာပါတယ္။ ေဖေဖာ္၀ါရီလ ၁၅ ရက္ေန႔က ခ်စ္ရသူ နဲ႔အတူ မဂၤလာပြဲက်င္းပခဲ့ၿပီး အိမ္ေထာင္သက္ကာလ ၃ လရွိေနပါၿပီ။ '' အိမ္ေထာင္ေရးအနာဂတ္နဲ႔ ပတ္သက္လုိ႔ ဇနီးေမာင္ႏွံ ႏွစ္ေယာက္တုိင္ပင္ထားတာေတြေတာ့ရွိပါတယ္။ ရင္ေသြးကုိေတာ့ ယူမွာပါ။ကၽြန္ေတာ္လည္း အျမန္ဆုံးရေအာင္ႀကိဳးစားပါ့မယ္'' လုိ႔ Duwun Media ကုိ ေျပာျပခဲ့ပါတယ္။

သရုပ္ေဆာင္ျမင့္ျမတ္ကေတာ့ ၆ လပုိင္းထဲမွာ ရုပ္ရွင္ဇာတ္ကားႀကီးရုိက္ကူးဖုိ႔ ရွိတယ္လုိ႔ဆုိပါတယ္။ျပင္ဦးလြင္မွာ သြားေရာက္ရုိက္ကူးမယ္လုိ႔ ဆုိပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားအပြင် ဇာတ်လမ်းတွဲတွေပါ ရိုက်ကူးနေတဲ့ မြင့်မြတ်ရဲ့အနုပညာအလုပ်အကြောင်းနဲ့ မိသားစုအကြောင်းကို Duwun Media က အင်တာဗျူးခဲ့တာဖြစ်ပါတယ်။

ဒီနေ့ (မေလ ၃၁ ရက်) မှာ ကန်တော့ပွဲပေးတဲ့ မင်္ဂလာရှိသောအရပ် ရုပ်သံဇာတ်လမ်းတွဲမှာ စည်ဖြိုး၊ Kevil Kate၊ အေးဝတ်ရည်သောင်း၊ နွယ်ဒါလီထွန်း တို့နဲ့ အတူ မြင့်မြတ်က ပါဝင်သရုပ်ဆောင်သွားမှာပါ။

" ရုပ်ရှင်ဇာတ်ကားတွေအရိုက်များနေတော့ ဇာတ်လမ်းတွဲလဲ မရိုက်ဖူးသေးတာကြောင့် အတွေ့အကြုံလေးရအောင် ရိုက်ဖြစ်လိုက်တာပါ။'' လို့ သရုပ်ဆောင်မြင့်မြတ်ကပြောပါတယ်။

ဇာတ်လမ်းတွဲထဲက ကာရိုက်တာလေးကတော့ ရန်ကုန်မှာ မိဘတွေနဲ့ အဆင်မပြေလို့  နယ်ကို ရောက်လာမှ ပရမ်းပတာဖြစ်သွားတဲ့ လူငယ်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားတယ်လို့ ပြောပါတယ်။ အခုလက်ရှိအောင်မြင်နေတဲ့ ကျွန်ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်တွေရဲ့ အားပေးမှုအပေါ် မြင့်မြတ်က '' ကျွန်တော်တို့ ဒီဇာတ်ကားရိုက်နေစဉ် အတွင်းမှာတော့ အားလုံး တက်ညီ၊ လက်ညီနဲ့အကောင်းဆုံးဖြစ်အောင်ကြိုးစားခဲ့တယ်၊ မကောင်းပြောတဲ့ ဝေဖန်မှုတော့ မသိဘူး၊ သေချာတာကတော့ အခုချိန် ရုံပေါ်မှာ လူတွေပြည့်နေတာကို တွေ့ရတဲ့ အတွက် အရမ်းဝမ်းသာကျေနပ်မိတယ်" လို့ ဆိုပါတယ်။

''ပရိသတ်တွေမျှော်လင့်နေတဲ့ အကယ်ဒမီကိုလည်း ယူပေးချင်တာပါ ရတာမရတာ ကံပဲလေ၊ နှစ်တိုင်းကတော့ကျွန်တော်တို့ဇာတ်ကားတွေ ပါနေဦးမှာပဲ၊ အကယ်ဒမီနဲ့ပတ်သက်လို့ ရင်မခုန်ရဲတော့ပါဘူး၊ ဘယ်အရာမှ မသေချာသေးပါဘူး၊ ရတာ မရတာ ကိုယ့်ကံပါပဲ'' လို့ မြင့်မြတ်က ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ချစ်ရသူ နဲ့အတူ မင်္ဂလာပွဲကျင်းပခဲ့ပြီး အိမ်ထောင်သက်ကာလ ၃ လရှိနေပါပြီ။ '' အိမ်ထောင်ရေးအနာဂတ်နဲ့ ပတ်သက်လို့ ဇနီးမောင်နှံ နှစ်ယောက်တိုင်ပင်ထားတာတွေတော့ရှိပါတယ်။ ရင်သွေးကိုတော့ ယူမှာပါ။ကျွန်တော်လည်း အမြန်ဆုံးရအောင်ကြိုးစားပါ့မယ်'' လို့ Duwun Media ကို ပြောပြခဲ့ပါတယ်။

သရုပ်ဆောင်မြင့်မြတ်ကတော့ ၆ လပိုင်းထဲမှာ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးဖို့ ရှိတယ်လို့ဆိုပါတယ်။ပြင်ဦးလွင်မှာ သွားရောက်ရိုက်ကူးမယ်လို့ ဆိုပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top