iMyanmarHouse.com - Best Property Website for Myanmar
×

ထူးခြ်န္ထက္ျမတ္ျပီး လိမ္မာေရးျခားရွိတဲ့သားသမီးေလးေတြကိုပိုင္ဆိုင္ခ်င္တယ္ဆိုရင္ေတာ့ ဒီအခ်က္ေတြကို မျပဳလုပ္မိေအာင္ မိဘေတြေရွာင္ၾကည္သင့္ပါတယ္ေနာ္..။

၁. အမွားအမွန္မေ၀ဖန္ဘဲ ဆူပူမိျခင္း

မိဘျဖစ္သူဟာ မိမိကေလးေျပာတဲ့စကားေတြကို ေသေသခ်ာခ်ာနားမေထာင္ေပးဘဲ ေဒါသတၾကီး ဆူပူၾကိမ္းေမာင္းခဲ့မယ္ ဆိုရင္ေတာ့ ေနာက္ပိုင္းမွာ ကေလးဟာ အမွန္တရားကိုမေျပာ၀ံ့ေတာ့ဘဲ တိတ္တဆိတ္ေနတတ္လာတဲ့ ကေလးတစ္ေယာက္ျဖစ္လာပါလိမ့္မယ္။

၂. အရာရာမွာ လႊမ္းမိုးခ်ဳပ္ကိုင္ထားျခင္း

ကိုယ္ပိုင္ဆံုးျဖတ္ခ်က္နဲ႔ကေလးကို မဆံုးျဖတ္ခိုင္းပဲ ေနရာတကာမွာမိဘကလႊမ္းမိုးထားျပီဆိုရင္ေတာ့ သင့္ကေလးဟာ အရွက္အေၾကာက္ၾကီးတတ္လာျပိး ကိုယ္ပိုင္ဆံုးျဖတ္ခ်က္ေတြ မခ်ႏိုင္ေတာ့တဲ့ သူတစ္ေယာက္ျဖစ္လာပါလိမ့္မယ္။

၃. တျခားကေလးေတြနဲ႔ ႏႈိင္းယွဥ္ျခင္း

မိမိသားသမီးက တစ္ခါတစ္ရံအမွားေတြလုပ္မိတဲ့အခါ နား၀င္ေအာင္မေျပာျပဘဲ သူမ်ားကေလးေတြျဖင့္ ဘယ္ေလာက္ေတာ္တာ ဘယ္လိုလိမ္မာတာဆိုျပီး ႏႈိင္းယွဥ္ေျပာေနမယ္ ဆိုရင္ေတာ့ ကေလးရဲ႕စိတ္ထဲမွာ မနာလိုမုန္းတီးမႈေတြ ေပါက္ဖြားလာႏိုင္ပါတယ္။

၄. ၾကမ္းတမ္းတဲ့ အျပဳအမႈေတြကိုျပဳမႈျခင္း

မိသားစုအသိုင္းအ၀ိုင္းနဲ႔ ပတ္၀န္းက်င္ရဲ႕ အေနအထားေတြေၾကာင့္ ကေလးတစ္ေယာက္ရဲ႕ ပံုပန္းသြင္ျပင္ဟာေျပာင္းလဲႏိုင္ပါတယ္။ သားသမီးေတြရလာတဲ့အခါ မိဘေတြဟာ အေနအထိုင္အေျပာအဆိုေတြကို အတတ္ႏိုင္ဆံုး ယဥ္ေက်းစြာ ႏူးညံ့စြာ ျပဳမႈဆက္ဆံသင့္ပါတယ္။ ပတ္၀န္းက်င္ကလည္း ဆိုးသြမ္းေနျပီး မိဘေတြကလည္း ၾကမ္းတမ္းေနမယ္ဆိုရင္ေတာ့ သားသမီးေတြက လူဆိုးလူသြမ္းေလးေတြျဖစ္လာမွာမလြဲပါပဲ။

၅. ဂရုစိုက္မႈ အားနည္းျခင္း

မိဘေတြဟာ မိမိကေလးကို ဂရုမစိုက္ပဲ ပစ္ပယ္ထားခဲ့တာၾကာလာျပီဆိုရင္ေတာ့ ကေလးငယ္ေတြဟာ အျမဲစိတ္ဆိုး စိတ္ေကာက္တတ္တဲ့ အက်င့္ဆိုးေလးေတြ ရွိလာပါလိမ့္မယ္။ ဒီလိုဘာလို႔လုပ္သလဲဆိုရင္ေတာ့ သူတို႔ကို ဂရုစိုက္လာေစခ်င္တဲ့ ရိုးရွင္းတ့ဲ ကေလးအေတြးေၾကာင့္ပဲျဖစ္ပါတယ္။

၆. မွန္ကန္တဲ့ဆံုးမမႈ မေပးျခင္း

အမွားတစ္ခုကို ကေလးေတြျပဳလုပ္မိတဲ့အခါ ေသခ်ာသြန္သင္မေပးဘဲ ရိုက္ႏွက္ဆံုးမခဲ့မယ္ဆိုရင္ေတာ့ ေနာက္ပိုင္းမွာ သင့္ကေလးဟာ အမွားလုပ္မိတိုင္း ၀န္မခံရဲေတာ့တဲ့ လိမ္လည္တတ္သူ တစ္ေယာက္ျဖစ္လာပါလိမ့္မယ္။

၇. ဆံုးမသြန္သင္မႈမရွိျခင္း

မိမိသားသမီးကို အေျပာအဆို အေနအထိုင္ ယဥ္ေက်းသိမ္ေမြ႔စြာ ေျပာဆိုတတ္ရန္ သင္ၾကား မေပးတဲ့အခါမွာ ကေလးေတြဟာ လူၾကီးမိဘေတြအေပၚမွာ ေလးေလးစားစား မဆက္ဆံတတ္တဲ့ ကေလးေတြျဖစ္လာႏိုင္ျပီး လူအမ်ားရဲ႔ ကဲ့ရဲ႔ျခင္းကို ခံရပါလိမ့္မယ္။

၈. အလိုလိုက္မႈလြန္ကဲျခင္း

သားသမီးပူဆာသမွ် အရာရာ ျဖည့္ဆည္းေပးျပီး အလိုလိုက္လြန္းအားၾကီးတဲ့အခါမွာလည္း ကေလးငယ္ေတြရဲ႕ စိတ္ထဲမွာ အရာရာအားလံုး ငါရႏိုင္တယ္ဆိုတဲ့စိတ္၀င္သြားတတ္ပါတယ္။ ေနာက္ပိုင္းမွာ မိဘက မျဖည့္ဆည္းေပးႏိုင္တဲ့အခါ လိုခ်င္တာမရရမွဆိုတဲ့စိတ္နဲ႔ မွားယြင္းတဲ့လမ္းေတြကိုေရာက္သြားႏိုင္ပါတယ္။

ဒါမို႔ သားသမီးေတြရွိလာတဲ့အခါမွျဖစ္ျဖစ္ ကိုယ့္ရဲ႕ေအာက္ ညီငယ္ ညီမငယ္ေတြ ရွိရင္ပဲျဖစ္ျဖစ္ ကေလးေတြအေပၚ ဒီလိုအျပဳအမူေတြနဲ႔ မဆက္ဆံမိေအာင္ ၾကိဳးစားေရွာင္ၾကဥ္ပါလို႔ ေျပာၾကားရင္း…

Credit:Momolay
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ထူးချွန်ထက်မြတ်ပြီး လိမ်မာရေးခြားရှိတဲ့သားသမီးလေးတွေကိုပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒီအချက်တွေကို မပြုလုပ်မိအောင် မိဘတွေရှောင်ကြည်သင့်ပါတယ်နော်..။

၁. အမှားအမှန်မဝေဖန်ဘဲ ဆူပူမိခြင်း

မိဘဖြစ်သူဟာ မိမိကလေးပြောတဲ့စကားတွေကို သေသေချာချာနားမထောင်ပေးဘဲ ဒေါသတကြီး ဆူပူကြိမ်းမောင်းခဲ့မယ် ဆိုရင်တော့ နောက်ပိုင်းမှာ ကလေးဟာ အမှန်တရားကိုမပြောဝံ့တော့ဘဲ တိတ်တဆိတ်နေတတ်လာတဲ့ ကလေးတစ်ယောက်ဖြစ်လာပါလိမ့်မယ်။

၂. အရာရာမှာ လွှမ်းမိုးချုပ်ကိုင်ထားခြင်း

ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ကလေးကို မဆုံးဖြတ်ခိုင်းပဲ နေရာတကာမှာမိဘကလွှမ်းမိုးထားပြီဆိုရင်တော့ သင့်ကလေးဟာ အရှက်အကြောက်ကြီးတတ်လာပြိး ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ မချနိုင်တော့တဲ့ သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။

၃. တခြားကလေးတွေနဲ့ နှိုင်းယှဉ်ခြင်း

မိမိသားသမီးက တစ်ခါတစ်ရံအမှားတွေလုပ်မိတဲ့အခါ နားဝင်အောင်မပြောပြဘဲ သူများကလေးတွေဖြင့် ဘယ်လောက်တော်တာ ဘယ်လိုလိမ်မာတာဆိုပြီး နှိုင်းယှဉ်ပြောနေမယ် ဆိုရင်တော့ ကလေးရဲ့စိတ်ထဲမှာ မနာလိုမုန်းတီးမှုတွေ ပေါက်ဖွားလာနိုင်ပါတယ်။

၄. ကြမ်းတမ်းတဲ့ အပြုအမှုတွေကိုပြုမှုခြင်း

မိသားစုအသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင်ရဲ့ အနေအထားတွေကြောင့် ကလေးတစ်ယောက်ရဲ့ ပုံပန်းသွင်ပြင်ဟာပြောင်းလဲနိုင်ပါတယ်။ သားသမီးတွေရလာတဲ့အခါ မိဘတွေဟာ အနေအထိုင်အပြောအဆိုတွေကို အတတ်နိုင်ဆုံး ယဉ်ကျေးစွာ နူးညံ့စွာ ပြုမှုဆက်ဆံသင့်ပါတယ်။ ပတ်ဝန်းကျင်ကလည်း ဆိုးသွမ်းနေပြီး မိဘတွေကလည်း ကြမ်းတမ်းနေမယ်ဆိုရင်တော့ သားသမီးတွေက လူဆိုးလူသွမ်းလေးတွေဖြစ်လာမှာမလွဲပါပဲ။

၅. ဂရုစိုက်မှု အားနည်းခြင်း

မိဘတွေဟာ မိမိကလေးကို ဂရုမစိုက်ပဲ ပစ်ပယ်ထားခဲ့တာကြာလာပြီဆိုရင်တော့ ကလေးငယ်တွေဟာ အမြဲစိတ်ဆိုး စိတ်ကောက်တတ်တဲ့ အကျင့်ဆိုးလေးတွေ ရှိလာပါလိမ့်မယ်။ ဒီလိုဘာလို့လုပ်သလဲဆိုရင်တော့ သူတို့ကို ဂရုစိုက်လာစေချင်တဲ့ ရိုးရှင်းတဲ့ ကလေးအတွေးကြောင့်ပဲဖြစ်ပါတယ်။

၆. မှန်ကန်တဲ့ဆုံးမမှု မပေးခြင်း

အမှားတစ်ခုကို ကလေးတွေပြုလုပ်မိတဲ့အခါ သေချာသွန်သင်မပေးဘဲ ရိုက်နှက်ဆုံးမခဲ့မယ်ဆိုရင်တော့ နောက်ပိုင်းမှာ သင့်ကလေးဟာ အမှားလုပ်မိတိုင်း ဝန်မခံရဲတော့တဲ့ လိမ်လည်တတ်သူ တစ်ယောက်ဖြစ်လာပါလိမ့်မယ်။

၇. ဆုံးမသွန်သင်မှုမရှိခြင်း

မိမိသားသမီးကို အပြောအဆို အနေအထိုင် ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုတတ်ရန် သင်ကြား မပေးတဲ့အခါမှာ ကလေးတွေဟာ လူကြီးမိဘတွေအပေါ်မှာ လေးလေးစားစား မဆက်ဆံတတ်တဲ့ ကလေးတွေဖြစ်လာနိုင်ပြီး လူအများရဲ့ ကဲ့ရဲ့ခြင်းကို ခံရပါလိမ့်မယ်။

၈. အလိုလိုက်မှုလွန်ကဲခြင်း

သားသမီးပူဆာသမျှ အရာရာ ဖြည့်ဆည်းပေးပြီး အလိုလိုက်လွန်းအားကြီးတဲ့အခါမှာလည်း ကလေးငယ်တွေရဲ့ စိတ်ထဲမှာ အရာရာအားလုံး ငါရနိုင်တယ်ဆိုတဲ့စိတ်ဝင်သွားတတ်ပါတယ်။ နောက်ပိုင်းမှာ မိဘက မဖြည့်ဆည်းပေးနိုင်တဲ့အခါ လိုချင်တာမရရမှဆိုတဲ့စိတ်နဲ့ မှားယွင်းတဲ့လမ်းတွေကိုရောက်သွားနိုင်ပါတယ်။

ဒါမို့ သားသမီးတွေရှိလာတဲ့အခါမှဖြစ်ဖြစ် ကိုယ့်ရဲ့အောက် ညီငယ် ညီမငယ်တွေ ရှိရင်ပဲဖြစ်ဖြစ် ကလေးတွေအပေါ် ဒီလိုအပြုအမူတွေနဲ့ မဆက်ဆံမိအောင် ကြိုးစားရှောင်ကြဉ်ပါလို့ ပြောကြားရင်း…

Credit:Momolay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top