iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္ေထာင္သက္ၾကာလာတဲ့အခါ (သို႔) ခ်စ္သက္တမ္းၾကာလာတဲ့အခါ အခ်စ္ေရး ၊အိမ္ေထာင္ေရးေတြဟာ အရင္လို သာယာစိုေျပျခင္းေတြမရွိေတာ့ပဲ ေအးစက္ျငီးေငြ႔ဖြယ္ေကာင္းလာတယ္လို႔ အိမ္ေထာင္သည္ (သို႕) ႏွစ္ရွည္လမ်ားတြဲလာၾကသူ အမ်ားစုကေျပာၾကပါတယ္။ ဘာေၾကာင့္မ်ားပါလဲ?? ေအာက္မွာေဖာ္ျပထားတဲ့ အခ်က္ေလးေတြကိုသာ လိုက္နာႏိုင္မယ္ ဆိုရင္ေတာ့ ဒီလိုေအးစက္ျငီးေငြ႔ဖြယ္ေကာင္းတဲ့ အခ်စ္ေရးမ်ိဳး၊ အိမ္ ေထာင္ေရးမ်ိဳး ျဖစ္မလာႏိုင္ေတာ့ပါဘူးေနာ္…။

၁. သူစိတ္၀င္စားမယ္ဆိုတဲ့အေၾကာင္းအရာေလးေတြေျပာေပးပါ။
တစ္ေယာက္စိတ္၀င္စားမယ့္အေၾကာင္းေလးေတြတစ္ေယာက္ေျပာေပးျပီး ရင္းႏွီးေႏြးေထြးတဲ့ စကားေျပာခ်ိန္ေလး ဖန္တီးပါ။ ဥပမာ (သတင္းစကားေလးေတြ၊ ဇာတ္လမ္းအေၾကာင္းေလးေတြ၊ ႏွစ္ဖက္ေဆြမ်ိဳးအေၾကာင္းေတြ စသျဖင့္ေပါ့)

၂. တစ္ေယာက္ေျပာစကားကို တစ္ေယာက္ အေရးတယူလုပ္ပါ။
တစ္ဦးက တစ္ဦးကို အေၾကာင္းကိစၥတစ္ခု တိုင္ပင္ေဆြးေႏြးတဲ့အခါမ်ိဳးမွာ ေလးေလးနက္နက္ နားေထာင္ေပးျပီး ဒါေကာင္းတယ္ ဒါမေကာင္းဘူး စသျဖင့္ အျပန္အလွန္အၾကံေကာင္းေတြေပးပါ။

၃. နားမလည္တဲ့အရာေတြကို ပြင့္ပြင့္လင္းလင္းေမးပါ။
သူ႔အေပၚ စိုးရိမ္စိတ္၀င္ေနတာ၊ သံသယစိတ္၀င္ေနတာေတြရွိေနတဲ့အခါမွာလည္း စိတ္ထဲ က်ိတ္မေနဘဲ အေၾကာင္းအရင္းမွန္ကိုသိေစဖို႔ ပြင့္ပြင္းလင္းလင္း ေျပာဆိုေမးျမန္းသင့္ပါတယ္။

၄. ေန႔စဥ္အေတြ႔အၾကံဳ အျဖစ္ပ်က္ေတြကိုျပန္ေျပာျပပါ။
တစ္ေန႔တာၾကံဳေတြ႔ခဲ့ရတဲ့ ၀မ္းသာစရာျဖစ္ေစ၊ ၀မ္းနည္းစရာျဖစ္ေစ အခက္အခဲ အဆိုးအေကာင္း မွန္သမွ်ကို တစ္ဦးကို တစ္ဦး ျပန္ေျပာျပလို႔ ေန႔စဥ္ဘ၀ျပႆနာေတြကို အတူရင္ဆိုင္ေျဖရွင္းပါ။

၅. တစ္ဦးအေပၚ တစ္ဦးရိုးသားပါ။
ဘယ္ကိစၥမဆို တစ္ေယာက္မသိေအာင္တစ္ေယာက္ သို၀ွက္ထားျခင္းမျပဳမိပါေစနဲ႔။

၆. တစ္သီးတစ္ျခား မေနမိပါေစနဲ႔။
စိတ္ဖိစီးမႈေတြ ပင္ပန္းမႈေတြရွိလာတဲ့အခါ စိတ္လြတ္ကိုယ္လြတ္ တစ္ေယာက္တည္းေနမယ္ ဆိုတဲ့စိတ္နဲ႔ အၾကာၾကီး တစ္သီးတစ္သန္႔ မေနမိပါေစနဲ႔။

၇. တစ္ေယာက္အေပၚတစ္ေယာက္ အေကာင္းျမင္တတ္ပါေစ။
တစ္ေယာက္အားနည္းခ်က္ကိုတစ္ေယာက္ေထာက္ျပလို႔ အျပစ္ေျပာေနမိတာမ်ိဳး မျဖစ္ေစဘဲနဲ႔ အားနက္ခ်က္ေတြရွိလာၾကတဲ့အခါ တစ္ဦးကိုတစ္ဦး ကူညီေဖးမေပးပါ။

၈. သေဘာထားကြဲလြဲမႈေတြကို ေအးေဆးစြာေျဖရွင္းပါ။
ဘာသာေရး ၊ လူမႈေရး ၊ စီးပြားေရးေတြနဲ႔ ပတ္သတ္ျပီး အျမင္မတူတဲ့ ကိစၥေတြရွိလာတဲ့အခါမွာလည္း ငါမွန္တယ္ဆိုတာမိ်ဳးဇြတ္ျငင္းမေနဘဲ တစ္ဦးနားလည္ေအာင္ တစ္ဦး ေအးေအးေဆးေဆးရွင္းျပပါ။

၉. ႏွစ္ေယာက္အတူ အပန္းေျဖအနားယူဖို႔ အခ်ိန္ေပးပါ။
စိတ္ဖိစီးမႈ မြန္းၾကပ္မႈေတြကိုေျဖေလ်ာ့ႏိုင္မယ့္ အပန္းေျဖအနားယူခ်ိန္ေလးကို အနည္းဆံုးတစ္ႏွစ္တစ္ခါ ေလာက္ေတာ့ ဖန္တီးေပးပါ။

၁၀. သူနဲ႔ပတ္သတ္တဲ႔သင့္ရဲ႕ ရည္ရြယ္ခ်က္ အိပ္မက္ေတြ အေၾကာင္း ေျပာျပပါ.။
အနာဂတ္မွာဘာေတြဆက္လုပ္ၾကမယ္ဆိုတဲ့ စိတ္ကူးေတြ သာယာေပ်ာ္ရႊင္တဲ့အိိမ္ေထာင္ေရးေလးကို ဘယ္လိုဖန္တီးၾကမယ္ဆိုတဲ့စိတ္ကူးေလးကို အျမဲေျပာျပႏိုင္ပါေစ..။

Credit:Momolay
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အိမ်ထောင်သက်ကြာလာတဲ့အခါ (သို့) ချစ်သက်တမ်းကြာလာတဲ့အခါ အချစ်ရေး ၊အိမ်ထောင်ရေးတွေဟာ အရင်လို သာယာစိုပြေခြင်းတွေမရှိတော့ပဲ အေးစက်ငြီးငွေ့ဖွယ်ကောင်းလာတယ်လို့ အိမ်ထောင်သည် (သို့) နှစ်ရှည်လများတွဲလာကြသူ အများစုကပြောကြပါတယ်။ ဘာကြောင့်များပါလဲ?? အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေကိုသာ လိုက်နာနိုင်မယ် ဆိုရင်တော့ ဒီလိုအေးစက်ငြီးငွေ့ဖွယ်ကောင်းတဲ့ အချစ်ရေးမျိုး၊ အိမ်ထောင်ရေးမျိုး ဖြစ်မလာနိုင်တော့ပါဘူးနော်…။

၁. သူစိတ်ဝင်စားမယ်ဆိုတဲ့အကြောင်းအရာလေးတွေပြောပေးပါ။
တစ်ယောက်စိတ်ဝင်စားမယ့်အကြောင်းလေးတွေတစ်ယောက်ပြောပေးပြီး ရင်းနှီးနွေးထွေးတဲ့ စကားပြောချိန်လေး ဖန်တီးပါ။ ဥပမာ (သတင်းစကားလေးတွေ၊ ဇာတ်လမ်းအကြောင်းလေးတွေ၊ နှစ်ဖက်ဆွေမျိုးအကြောင်းတွေ စသဖြင့်ပေါ့)

၂. တစ်ယောက်ပြောစကားကို တစ်ယောက် အရေးတယူလုပ်ပါ။
တစ်ဦးက တစ်ဦးကို အကြောင်းကိစ္စတစ်ခု တိုင်ပင်ဆွေးနွေးတဲ့အခါမျိုးမှာ လေးလေးနက်နက် နားထောင်ပေးပြီး ဒါကောင်းတယ် ဒါမကောင်းဘူး စသဖြင့် အပြန်အလှန်အကြံကောင်းတွေပေးပါ။

၃. နားမလည်တဲ့အရာတွေကို ပွင့်ပွင့်လင်းလင်းမေးပါ။
သူ့အပေါ် စိုးရိမ်စိတ်ဝင်နေတာ၊ သံသယစိတ်ဝင်နေတာတွေရှိနေတဲ့အခါမှာလည်း စိတ်ထဲ ကျိတ်မနေဘဲ အကြောင်းအရင်းမှန်ကိုသိစေဖို့ ပွင့်ပွင်းလင်းလင်း ပြောဆိုမေးမြန်းသင့်ပါတယ်။

၄. နေ့စဉ်အတွေ့အကြုံ အဖြစ်ပျက်တွေကိုပြန်ပြောပြပါ။
တစ်နေ့တာကြုံတွေ့ခဲ့ရတဲ့ ဝမ်းသာစရာဖြစ်စေ၊ ဝမ်းနည်းစရာဖြစ်စေ အခက်အခဲ အဆိုးအကောင်း မှန်သမျှကို တစ်ဦးကို တစ်ဦး ပြန်ပြောပြလို့ နေ့စဉ်ဘဝပြဿနာတွေကို အတူရင်ဆိုင်ဖြေရှင်းပါ။

၅. တစ်ဦးအပေါ် တစ်ဦးရိုးသားပါ။
ဘယ်ကိစ္စမဆို တစ်ယောက်မသိအောင်တစ်ယောက် သိုဝှက်ထားခြင်းမပြုမိပါစေနဲ့။

၆. တစ်သီးတစ်ခြား မနေမိပါစေနဲ့။
စိတ်ဖိစီးမှုတွေ ပင်ပန်းမှုတွေရှိလာတဲ့အခါ စိတ်လွတ်ကိုယ်လွတ် တစ်ယောက်တည်းနေမယ် ဆိုတဲ့စိတ်နဲ့ အကြာကြီး တစ်သီးတစ်သန့် မနေမိပါစေနဲ့။

၇. တစ်ယောက်အပေါ်တစ်ယောက် အကောင်းမြင်တတ်ပါစေ။
တစ်ယောက်အားနည်းချက်ကိုတစ်ယောက်ထောက်ပြလို့ အပြစ်ပြောနေမိတာမျိုး မဖြစ်စေဘဲနဲ့ အားနက်ချက်တွေရှိလာကြတဲ့အခါ တစ်ဦးကိုတစ်ဦး ကူညီဖေးမပေးပါ။

၈. သဘောထားကွဲလွဲမှုတွေကို အေးဆေးစွာဖြေရှင်းပါ။
ဘာသာရေး ၊ လူမှုရေး ၊ စီးပွားရေးတွေနဲ့ ပတ်သတ်ပြီး အမြင်မတူတဲ့ ကိစ္စတွေရှိလာတဲ့အခါမှာလည်း ငါမှန်တယ်ဆိုတာမျိုးဇွတ်ငြင်းမနေဘဲ တစ်ဦးနားလည်အောင် တစ်ဦး အေးအေးဆေးဆေးရှင်းပြပါ။

၉. နှစ်ယောက်အတူ အပန်းဖြေအနားယူဖို့ အချိန်ပေးပါ။
စိတ်ဖိစီးမှု မွန်းကြပ်မှုတွေကိုဖြေလျော့နိုင်မယ့် အပန်းဖြေအနားယူချိန်လေးကို အနည်းဆုံးတစ်နှစ်တစ်ခါ လောက်တော့ ဖန်တီးပေးပါ။

၁၀. သူနဲ့ပတ်သတ်တဲ့သင့်ရဲ့ ရည်ရွယ်ချက် အိပ်မက်တွေ အကြောင်း ပြောပြပါ.။
အနာဂတ်မှာဘာတွေဆက်လုပ်ကြမယ်ဆိုတဲ့ စိတ်ကူးတွေ သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးလေးကို ဘယ်လိုဖန်တီးကြမယ်ဆိုတဲ့စိတ်ကူးလေးကို အမြဲပြောပြနိုင်ပါစေ..။

Credit:Momolay

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top