iMyanmarHouse.com - Best Property Website for Myanmar
×

မိမိတင္ပါးေလးကို အစက္အေျပာက္ကင္း ျဖဴဝင္းလွပခ်င္တာ မဆန္းပါဘူး ။ တင္ပါးမည္းညိဳျခင္းဟာ အနည္းငယ္ရွက္စရာေကာင္းျပီး အေတာ္အတန္လည္း စိတ္ရႈပ္ေစမွာပါ။ ယခုအခါမွာ ေမာ္ဒယ္လ္ေတြသာမက သာမန္အမ်ိဳးသမီးေလးေတြပါ ေရကူးဝတ္စံုေတြကို ဝတ္ဆင္ေနတတ္ပါျပီ ။ တင္ပါးမည္းညိဳျခင္းေၾကာင့္ ေရကူးဝတ္္စံု ေရြးခ်ယ္ဝယ္ယူရာတြင္လည္း အခက္ေတြ႔ရတတ္ပါတယ္။ တင္ပါးမည္းညိဳသူမ်ားအေနျဖင့္ ျပန္လည္ျဖဴေဖြးေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာ သိခ်င္ၾကမယ္ထင္ပါတယ္။

တင္ပါးမည္းညိဳရျခင္း အေၾကာင္းအရင္း
-အညစ္အေၾကး ၊ ဖုန္မႈန္႕ ႏွင့္ ဆဲလ္ေသမ်ား စုပံုလာျခင္းေၾကာင့္
-တစ္ကိုယ္ရည္သန္႔ရွင္းရာတြင္ တင္ပါး အေရျပားအစိတ္အပိုင္းအား သတိမျပဳ ခ်န္လွပ္ထားျခင္းေၾကာင့္
-အစိုဓါတ္ထိမ္းသိမ္းမႈ မရွိျခင္းေၾကာင့္
-တင္းၾကပ္ေသာအဝတ္အစားမ်ား ပြတ္တိုက္ျခင္းေၾကာင့္
-တစ္ေနရာတည္းတြင္ အခ်ိန္ၾကာရွည္စြာ ထိုင္ျခင္းေၾကာင့္
-တစ္ကိုယ္ရည္သန္႔ရွင္းမႈ မရွိျခင္းေၾကာင့္ စသည္တို႔ျဖစ္ပါသည္။

ဘယ္လိုကာကြယ္မလဲ…

_ ေလဝင္ေလထြက္ ေကာင္းမြန္ေသာ ခ်ည္သားအတြင္းခံကိုသာ ဝတ္ဆင္ပါ။ အရမ္းၾကပ္ေသာ အတြင္းခံဝတ္ျခင္းကို ေရွာင္ပါ။
_ ဆဲလ္ေသမ်ား ဖယ္ထုတ္ေပးရန္ သပြတ္အူ (သို႔) ေရခ်ိဳးရာတြင္အသံုးျပဳေသာ ေခ်းတြန္းဖတ္ျဖင့္ တင္ပါးကို ေန႔စဥ္ ပြတ္တိုက္ေပးပါ။
_ ေရခ်ဳိးျပီးတိုင္း တင္ပါးကို အစိုဓါတ္ထိမ္းသိမ္းေပးရန္ လိုးရွင္း ျဖစ္ေစ ၊ ခရင္မ္ျဖစ္ေစ လိမ္းေပးပါ။
_ ေရပူျဖင့္ ေရခ်ိဳးျခင္း ခဏခဏ မျပဳလုပ္ပါနွင့္ ။
_ တစ္ေနရာတည္းမွာ ပံုစံတစ္မ်ဳိးတည္းျဖင့္ အခ်ိန္အၾကာၾကီး ထိုင္ျခင္းကို ေရွာင္ၾကဥ္ပါ ။ တစ္နာရီျခား တစ္ခါျဖစ္ေစ ေသြးလွည့္ပတ္မႈေကာင္းေအာင္ လမ္းထေလွ်ာက္ေပးပါ။

ကုသနည္းမ်ား

၁။ခရမ္းခ်ဥ္သီး
ခရမ္းခ်ဥ္သီးဟာ တင္ပါးမည္းညိဳမႈကို ျပန္လည္ျဖဴဝင္းေစဖို႔ရာ အေကာင္းဆံုးပါ။ ခရမ္းခ်ဥ္သီးကို လွီး၍ တင္ပါးေပၚသို႔ ငါးမိနစ္ၾကာပြတ္ေပးပါ။ ၂မိနစ္ၾကာ ထားျပီးလွ်င္ ေနာက္ထပ္တစ္ၾကိမ္ ငါးမိနစ္ၾကာ ထပ္မံပြတ္ေပးပါ။ ထို႔ေနာက္ ၁၀မိနစ္ၾကာလွ်င္ ေရျဖင့္ ေဆးေၾကာလို႔ ရပါျပီ။ အနည္းဆံုး တစ္ေန႔တစ္ၾကိမ္ ပံုမွန္ျပဳလုပ္ေပးပါ။

၂။သံပုယိုသီး
သံပုယိုသီးမွာ အသားအေရကို ျဖဴစင္ေစနိုင္တဲ့အစြမး္ရွိတာ သိျပီးသားျဖစ္မွာပါ။ သံပုယုိုသီးကို အရည္ညွစ္၍ ခြက္တစ္ခုထဲသို႔ ထည့္ပါ။ ထို႔ေနာက္ ဂြမ္းျဖင့္ သံပုယိုရည္ကို နွစ္၍ မည္းညိဳေနေသာ တင္ပါးေနရာေပၚသို႔ ၃ မိနစ္ခန္႔ၾကာ ေသခ်ာ ပြတ္လိမ္းေပးပါ။ ၁၀ မိနစ္ ၊ ၁၅ မိနစ္ခန္႔ ၾကာျပီးလွ်င္ ေရေအးျဖင့္ ေဆးေၾကာပါ။ သံပုယိုသီးသည္ အသားအေရေျခာက္ေသြ႕မႈကို ျဖစ္ေစနိုင္သျဖင့္ ျပဳလုပ္ျပီးတိုင္ အစိုဓါတ္ထိန္းခရင္မ္ တစ္မ်ိဳးကို လိမ္းေပးပါ။ မရွိပါက သံလြင္ဆီလိမ္း၍ နွိပ္နယ္ေပးနိုင္ပါသည္။

၃။ သၾကားျဖဴ ၊ ေထာပတ္ဆီ ၊ ရွားေစာင္းလက္ပက္ဂ်ယ္ (သို႔) Vitamin E အဆီ
သၾကား လက္ဖက္ရည္ဇြန္း ၁ဇြန္း ၊ ေထာပတ္ဆီ လက္ဖက္ရည္ဇြန္း တစ္ဇြန္း နွင့္ ရွားေစာင္လက္ပက္ဂ်ယ္လ္ (သို႔) ဗီတာမင္အီး အဆီ လက္ဖက္ရည္ဇြန္း တစ္ဝက္ခန္႔ကို ေရာပါ။ ထို႔ေနာက္ တင္ပါးေပၚသို႔ စက္ဝိုင္းပံုစံ ေသခ်ာပြတ္လိမ္းျပီး နွိပ္နယ္ပါ ။ ၁၅ မိနစ္ၾကာေအာင္ ထားျပီးလွ်င္ ၾကက္သီးေႏြးေရျဖင့္ ေဆးေၾကာပါ ။ ထို႔ေနာက္ အစိုဓါတ္ထိမ္းခရင္မ္ တစ္မ်ိဳးမ်ိဳးကို လိမ္းေပးပါ ။ တစ္ပါတ္ နွစ္ၾကိမ္ခန္႔ အနည္းဆုံး ျပဳလုပ္ပါ။

၄။သေဘၤာသီး
တင္ပါးမည္းညိဳမႈအတြက္ သေဘာၤသီးကိုလည္း အသံုးျပဳနိုင္ပါတယ္ ။ သေဘၤာသီးကို အေတ္ာအသင့္လွီး၍ တင္ပါးေပၚမွာ နွံ႔ေအာင္ပြတ္ေပးပါ။ မိနစ္ ၂၀ ၾကာေအာင္ ထားျပီးလွ်င္ ေရျဖင့္ေဆးေၾကာေပးပါ။

၅။ဒိန္ခ်ဥ္ နွင့္ ဆႏြင္းမႈန္႕
အေရာအေနွာမပါေသာ ဒိန္ခ်ဥ္ကို ဆႏြင္းမႈန္႕အနည္းငယ္ေရာစပ္၍ တင္ပါးေပၚသို႔ သုတ္လိမ္းေပးပါ။ မိနစ္ ၃၀ ၾကာျပီးလွ်င္ ေရသီးသန္႔ျဖင့္ ေဆးေၾကာေပးပါ။ ဒိန္ခ်ဥ္က အသားအေရ စိုေျပေစသျဖင့္ အစိုဓါတ္ခရင္မ္ လိမ္းစရာမလိုပါ။ ဤနည္းလမ္းကို တစ္ပါတ္ ၂ၾကိမ္ခန္႔ ျပဳလုပ္နိုင္ပါသည္။

၆။ ရွားေစာင္းလက္ပက္ ၊သၾကား ၊ သံလြင္ဆီ
သၾကား အျဖဴ(သို႔)အညိဳ ကို လက္ဖက္ရည္ဇြန္း ၂ဇြန္းခန္႔ ၊ သံလြင္ဆီ လက္ဖက္ရည္ဇြန္း ၁ဇြန္း နွင့္ ရွားေစာင္းလက္ပက္အနွစ္ လက္ဖက္ရည္ဇြန္း ၁ဇြန္းခန္႔တို႔ကို ေရာေနွာပါ ။ ထိုအေရာအေနွာကို မည္းညစ္ေနေသာ အေရျပားေပၚသို႔ စက္ဝိုင္းပံုစံအတိုင္း ပြတ္လိမ္းေပးပါ။ ၁၅မိနစ္ခန္႔ထားျပီးေနာက္ ၾကက္သီးေႏြးေရျဖင့္ ေဆးေၾကာပါ ။ တစ္ပါတ္ကို ၂ၾကိမ္ခန္႔ျပဳလုပ္ျခင္းျဖင့္ တစ္လအတြင္း ေကာင္းမြန္တဲ့ ရလဒ္ကို ရရွိပိုင္ဆိုင္ေစမွာပါ။

Credit:CHAN (ေရႊအင္းေလး)
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
မိမိတင်ပါးလေးကို အစက်အပြောက်ကင်း ဖြူဝင်းလှပချင်တာ မဆန်းပါဘူး ။ တင်ပါးမည်းညိုခြင်းဟာ အနည်းငယ်ရှက်စရာကောင်းပြီး အတော်အတန်လည်း စိတ်ရှုပ်စေမှာပါ။ ယခုအခါမှာ မော်ဒယ်လ်တွေသာမက သာမန်အမျိုးသမီးလေးတွေပါ ရေကူးဝတ်စုံတွေကို ဝတ်ဆင်နေတတ်ပါပြီ ။ တင်ပါးမည်းညိုခြင်းကြောင့် ရေကူးဝတ်စုံ ရွေးချယ်ဝယ်ယူရာတွင်လည်း အခက်တွေ့ရတတ်ပါတယ်။ တင်ပါးမည်းညိုသူများအနေဖြင့် ပြန်လည်ဖြူဖွေးအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိချင်ကြမယ်ထင်ပါတယ်။

တင်ပါးမည်းညိုရခြင်း အကြောင်းအရင်း
-အညစ်အကြေး ၊ ဖုန်မှုန့် နှင့် ဆဲလ်သေများ စုပုံလာခြင်းကြောင့်
-တစ်ကိုယ်ရည်သန့်ရှင်းရာတွင် တင်ပါး အရေပြားအစိတ်အပိုင်းအား သတိမပြု ချန်လှပ်ထားခြင်းကြောင့်
-အစိုဓါတ်ထိမ်းသိမ်းမှု မရှိခြင်းကြောင့်
-တင်းကြပ်သောအဝတ်အစားများ ပွတ်တိုက်ခြင်းကြောင့်
-တစ်နေရာတည်းတွင် အချိန်ကြာရှည်စွာ ထိုင်ခြင်းကြောင့်
-တစ်ကိုယ်ရည်သန့်ရှင်းမှု မရှိခြင်းကြောင့် စသည်တို့ဖြစ်ပါသည်။

ဘယ်လိုကာကွယ်မလဲ…

_ လေဝင်လေထွက် ကောင်းမွန်သော ချည်သားအတွင်းခံကိုသာ ဝတ်ဆင်ပါ။ အရမ်းကြပ်သော အတွင်းခံဝတ်ခြင်းကို ရှောင်ပါ။
_ ဆဲလ်သေများ ဖယ်ထုတ်ပေးရန် သပွတ်အူ (သို့) ရေချိုးရာတွင်အသုံးပြုသော ချေးတွန်းဖတ်ဖြင့် တင်ပါးကို နေ့စဉ် ပွတ်တိုက်ပေးပါ။
_ ရေချိုးပြီးတိုင်း တင်ပါးကို အစိုဓါတ်ထိမ်းသိမ်းပေးရန် လိုးရှင်း ဖြစ်စေ ၊ ခရင်မ်ဖြစ်စေ လိမ်းပေးပါ။
_ ရေပူဖြင့် ရေချိုးခြင်း ခဏခဏ မပြုလုပ်ပါနှင့် ။
_ တစ်နေရာတည်းမှာ ပုံစံတစ်မျိုးတည်းဖြင့် အချိန်အကြာကြီး ထိုင်ခြင်းကို ရှောင်ကြဉ်ပါ ။ တစ်နာရီခြား တစ်ခါဖြစ်စေ သွေးလှည့်ပတ်မှုကောင်းအောင် လမ်းထလျှောက်ပေးပါ။

ကုသနည်းများ

၁။ခရမ်းချဉ်သီး
ခရမ်းချဉ်သီးဟာ တင်ပါးမည်းညိုမှုကို ပြန်လည်ဖြူဝင်းစေဖို့ရာ အကောင်းဆုံးပါ။ ခရမ်းချဉ်သီးကို လှီး၍ တင်ပါးပေါ်သို့ ငါးမိနစ်ကြာပွတ်ပေးပါ။ ၂မိနစ်ကြာ ထားပြီးလျှင် နောက်ထပ်တစ်ကြိမ် ငါးမိနစ်ကြာ ထပ်မံပွတ်ပေးပါ။ ထို့နောက် ၁၀မိနစ်ကြာလျှင် ရေဖြင့် ဆေးကြောလို့ ရပါပြီ။ အနည်းဆုံး တစ်နေ့တစ်ကြိမ် ပုံမှန်ပြုလုပ်ပေးပါ။

၂။သံပုယိုသီး
သံပုယိုသီးမှာ အသားအရေကို ဖြူစင်စေနိုင်တဲ့အစွမ်းရှိတာ သိပြီးသားဖြစ်မှာပါ။ သံပုယိုသီးကို အရည်ညှစ်၍ ခွက်တစ်ခုထဲသို့ ထည့်ပါ။ ထို့နောက် ဂွမ်းဖြင့် သံပုယိုရည်ကို နှစ်၍ မည်းညိုနေသော တင်ပါးနေရာပေါ်သို့ ၃ မိနစ်ခန့်ကြာ သေချာ ပွတ်လိမ်းပေးပါ။ ၁၀ မိနစ် ၊ ၁၅ မိနစ်ခန့် ကြာပြီးလျှင် ရေအေးဖြင့် ဆေးကြောပါ။ သံပုယိုသီးသည် အသားအရေခြောက်သွေ့မှုကို ဖြစ်စေနိုင်သဖြင့် ပြုလုပ်ပြီးတိုင် အစိုဓါတ်ထိန်းခရင်မ် တစ်မျိုးကို လိမ်းပေးပါ။ မရှိပါက သံလွင်ဆီလိမ်း၍ နှိပ်နယ်ပေးနိုင်ပါသည်။

၃။ သကြားဖြူ ၊ ထောပတ်ဆီ ၊ ရှားစောင်းလက်ပက်ဂျယ် (သို့) Vitamin E အဆီ
သကြား လက်ဖက်ရည်ဇွန်း ၁ဇွန်း ၊ ထောပတ်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း နှင့် ရှားစောင်လက်ပက်ဂျယ်လ် (သို့) ဗီတာမင်အီး အဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ကို ရောပါ။ ထို့နောက် တင်ပါးပေါ်သို့ စက်ဝိုင်းပုံစံ သေချာပွတ်လိမ်းပြီး နှိပ်နယ်ပါ ။ ၁၅ မိနစ်ကြာအောင် ထားပြီးလျှင် ကြက်သီးနွေးရေဖြင့် ဆေးကြောပါ ။ ထို့နောက် အစိုဓါတ်ထိမ်းခရင်မ် တစ်မျိုးမျိုးကို လိမ်းပေးပါ ။ တစ်ပါတ် နှစ်ကြိမ်ခန့် အနည်းဆုံး ပြုလုပ်ပါ။

၄။သင်္ဘောသီး
တင်ပါးမည်းညိုမှုအတွက် သဘောၤသီးကိုလည်း အသုံးပြုနိုင်ပါတယ် ။ သင်္ဘောသီးကို အတေ်ာအသင့်လှီး၍ တင်ပါးပေါ်မှာ နှံ့အောင်ပွတ်ပေးပါ။ မိနစ် ၂၀ ကြာအောင် ထားပြီးလျှင် ရေဖြင့်ဆေးကြောပေးပါ။

၅။ဒိန်ချဉ် နှင့် ဆနွင်းမှုန့်
အရောအနှောမပါသော ဒိန်ချဉ်ကို ဆနွင်းမှုန့်အနည်းငယ်ရောစပ်၍ တင်ပါးပေါ်သို့ သုတ်လိမ်းပေးပါ။ မိနစ် ၃၀ ကြာပြီးလျှင် ရေသီးသန့်ဖြင့် ဆေးကြောပေးပါ။ ဒိန်ချဉ်က အသားအရေ စိုပြေစေသဖြင့် အစိုဓါတ်ခရင်မ် လိမ်းစရာမလိုပါ။ ဤနည်းလမ်းကို တစ်ပါတ် ၂ကြိမ်ခန့် ပြုလုပ်နိုင်ပါသည်။

၆။ ရှားစောင်းလက်ပက် ၊သကြား ၊ သံလွင်ဆီ
သကြား အဖြူ(သို့)အညို ကို လက်ဖက်ရည်ဇွန်း ၂ဇွန်းခန့် ၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ဇွန်း နှင့် ရှားစောင်းလက်ပက်အနှစ် လက်ဖက်ရည်ဇွန်း ၁ဇွန်းခန့်တို့ကို ရောနှောပါ ။ ထိုအရောအနှောကို မည်းညစ်နေသော အရေပြားပေါ်သို့ စက်ဝိုင်းပုံစံအတိုင်း ပွတ်လိမ်းပေးပါ။ ၁၅မိနစ်ခန့်ထားပြီးနောက် ကြက်သီးနွေးရေဖြင့် ဆေးကြောပါ ။ တစ်ပါတ်ကို ၂ကြိမ်ခန့်ပြုလုပ်ခြင်းဖြင့် တစ်လအတွင်း ကောင်းမွန်တဲ့ ရလဒ်ကို ရရှိပိုင်ဆိုင်စေမှာပါ။

Credit:CHAN (ရွှေအင်းလေး)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top