iMyanmarHouse.com - Best Property Website for Myanmar
×

သိပၸံပညာရွင္ေတြဟာ လူတစ္ဦးခ်င္းဆီရဲ႕ ခႏၶာကိုယ္တည္ေဆာက္ပုံကုိ ၾကည့္ျခင္းအားျဖင့္ ၎တုိ႔ရဲ႕ စိတ္ေနစိတ္ထား ျပည့္၀မႈ/မျပည့္၀မႈေတြ၊ သစၥာရွိမႈ/မရွိမႈေတြ၊ စိတ္ပုိင္းဆုိင္ရာ က်န္းမာေရးအေျခအေနေတြကို သိရွိႏုိင္ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။
အမ်ိဳးသားေတြအတြက္

ေမး႐ုိး – အမ်ိဳးသားေတြဟာ ေမး႐ုိးကားျခင္း၊ ခပ္ေငါငါ ပါးေခ်ာင္း႐ုိး ထြက္ေနျခင္း၊ စတဲ့အခ်က္ေတြဟာ မ်ိဳးဗီဇမထြန္းကား
ျခင္းကုိ ညႊန္ျပျခင္းျဖစ္ေၾကာင္း Journal of Evolutionary Biology က ဆုိထားပါတယ္။

အဖုအထစ္ ထေနေသာ ၾကြက္သားမ်ား – အမ်ိဳးသားတုိင္း ဒီလုိ အဖုအထစ္ ထေနတဲ့ ၾကြက္သားေတြ ပုိင္ဆုိင္ဖုိ႔ မျဖစ္ႏုိင္ပါဘူး။ အခ်ိန္မွန္မွန္ ေလ့က်င့္ခန္းလုပ္မွ ျဖစ္မွာပါ။ ဒီလုိ ၾကြက္သားပုိင္ရွင္ေတြဟာ ခါးတုတ္ျခင္း၊ ၀ျခင္း စတဲ့အေျခအေနေတြကို ေနာင္တစ္ခ်ိန္မွာ ႀကဳံရေစကာမူ ကင္ဆာနဲ႔ေသဖုိ႔ 40% အထိ ေရွာင္ကြင္းနုိင္ၾကေၾကာင္း ဆီြဒင္သုေတသနအဖြဲ႕က ဆုိပါတယ္။

Six Pack – အမ်ိဳးသားေတြ အမ်ားစုေတာင့္တေနၾကတဲ့ ဗုိက္ကေန အေျမာင္းလုိက္ႀကီးေတြ ျဖစ္ေနတဲ့ ၾကြက္သားစု ဟုိဘက္သည္ဘက္ သုံးခုဆီကုိ Six Pack လုိ႔ စုေပါင္းေခၚဆုိပါတယ္။ ဒါေပမယ့္ ဒီလုိ Sick Pack ရွိေနသူေတြဟာ စိတ္ပုိင္းဆုိင္ရာ ဖိအားအမ်ိဳးမ်ိဳး ခံစားေနရသူေတြျဖစ္ေၾကာင္း အေမရိကန္ ေဆးသုေတသနပညာရွင္ေတြက ဆုိထားပါတယ္။

လက္သူၾကြယ္ ရွည္လွ်င္ – လက္သူၾကြယ္လက္ေခ်ာင္းဟာ သာမန္လူေတြထက္ ပုိရွည္ေနတဲ့အမ်ိဳးသားေတြဟာ ေ၀ွးေစ့လည္း အျခားအမ်ိဳးသားမ်ားထက္ ႀကီးမားၾကၿပီး၊ ကာမဂုံကိစၥမွာ အလြန္အားသန္သူေတြ ျဖစ္ၾကပါတယ္။ ဒါ့အျပင္ သူတုိ႔တစ္ေတြဟာ ႐ုိးသားတဲ့ ပုံပန္းသ႑န္းေတြကို ပို္င္ဆုိင္ၾကပါတယ္။

ေျခဖ၀ါး ႀကီးမားျခင္း – ေျခဖ၀ပါးႀကီးမားသူေတြ၊ ဖိနပ္စီးတဲ့အခါ ဆုိက္ဇ္(10)ခန္႔မွ စီးလုိ႔အဆင္ေျပတဲ့ အမ်ိဳးသားေတြအေနနဲ႔ကေတာ့ အိမ္ေထာင္ေရး ေဖာက္ျပန္မႈ ပုိမ်ားတတ္သူေတြ ျဖစ္ၾကပါတယ္။ ဆုိင္ဇ္(7) ေအာက္ အမ်ိဳးသားေတြက အိမ္ေထာင္ေရးနဲ႔ အခ်စ္ေရးမွာ ပုိၿပီး သစၥာရွိၾကပါတယ္။
အမ်ိဴးသမီးမ်ားအတြက္

ခိုင္မာတဲ့ ေမး႐ုိး – ျပည့္ကားခုိင္မာတဲ့ ေမး႐ုိးပုိင္ရွင္ အမ်ိဳးသမီးေတြကေတာ့ လိင္ပုိင္းဆုိင္ရာ စြဲေဆာင္မႈမွာ သူမ်ားထက္ပုိၾကပါတယ္။ ဒါ့အျပင္ အိမ္ေထာင္ေရး ေဖာက္ျပန္မႈ အမ်ားဆုံး ျပဳလုပ္တတ္ၾကသူေတြ ျဖစ္ပါတယ္။

ႀကီးမားတဲ့ ရင္သား – မျပဳျပင္ဘဲ သဘာ၀အတုိင္းပင္ ႀကီးမားတယ္လုိ႔ ထင္ရတဲ့ ရင္သားပုိင္ရွင္ အမ်ိဳးသမီးေတြဟာ ရင္သားကင္ဆာနဲ႔ ဆက္စပ္ေနၾကသူေတြ ျဖစ္ပါတယ္။ ဒါေပမယ့္ ဉာဏ္ရည္ျမင့္မားၾကၿပီး၊ အျခားသူေတြထက္ ထက္ျမတ္သူေတြလည္း ျဖစ္သလုိ၊ ေအာင္ျမင္မႈမွာလည္း သာလြန္ၾကပါတယ္။

ခါးသိမ္ျခင္း – ေသးငယ္တဲ့ ခါးပိုင္ရွင္ေတြ၊ ခါးသိမ္တဲ့ အမ်ိဳးသမီးေတြဟာ ေရာဂါဘယျဖစ္ႏုိ္င္ေခ် နည္းပါးၿပီး၊ အထူးသျဖင့္ ဆီးခ်ိဳေရာဂါမျဖစ္ဖုိ႔ ေသခ်ာသေလာက္ျဖစ္ၾကပါတယ္။

တင္ပါးႀကီးမားျခင္း – တင္ပါးႀကီးမားတဲ့ အမ်ိဳးသမီးေတြဟာ ဉာဏ္ရည္နည္းပါးၾကသူမ်ား ျဖစ္တတ္ၿပီး၊ မွတ္ဉာဏ္ဖြံ႕ၿဖိဳးမႈမွာလည္း အျခားသူေတြထက္ ေႏွးေကြးၾကသူေတြလုိ႔ American Geriatrics Society က ဆုိပါတယ္။
က်ား/မႏွစ္မ်ိဳးစလုံးအတြက္

ေျခေထာက္လက္ေတာက္ တုိသူေတြဟာ 50% အရြယ္အုိမင္းခ်ိန္မွာ မွတ္ဉာဏ္ဆုံး႐ႈံးျခင္း သူငယ္ျပန္ျခင္းကို ခံစားရႏုိင္ပါတယ္၊ သြားမ်ား ၀ါျခင္း၊ မည္းျခင္း စတဲ့သူေတြကေတာ့ သြားက်န္းမာေရး ညံ့ဖ်င္းသူမ်ားျဖစ္ၿပီး၊ ႏွလုံးေရာဂါနဲ႔လည္း ဆက္စပ္ေနသူေတြ ျဖစ္ပါတယ္။

ဆံပင္နီေၾကာင္ေၾကာင္ျဖစ္ေနသူေတြကေတာ့ ေအာက္ပုိင္းအဆစ္အျမစ္ ေယာင္ရမ္းနာမ်ား ခံစားႏုိင္ရပါတယ္။ ဒါ့အျပင္ မ်က္၀န္းပတ္လည္မွာ အ၀ုိင္းပုံစံအကြင္းေတြ ျဖစ္ေနရင္ ကိုလက္စထေရာျမင့္မားျခင္းကို ညႊန္ျပတာ ျဖစ္ပါတယ္။ မ်က္၀န္းျပာျပာ ရွိသူေတြဟာ Melanin နည္းပါးသူမ်ား ျဖစ္လုိ႔ UV ကုိ ခံႏုိင္ရည္နည္းပါတယ္။ ဒါေၾကာင့္ အေရျပားကင္ဆာခံစားရႏုိင္ေျခ ပုိမ်ားသူေတြ ျဖစ္ါပတယ္။

source : thesun.co.uk
Credit:မဒီေလး (Shwemom)
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

သိပ္ပံပညာရှင်တွေဟာ လူတစ်ဦးချင်းဆီရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကို ကြည့်ခြင်းအားဖြင့် ၎င်းတို့ရဲ့ စိတ်နေစိတ်ထား ပြည့်ဝမှု/မပြည့်ဝမှုတွေ၊ သစ္စာရှိမှု/မရှိမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေကို သိရှိနိုင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
အမျိုးသားတွေအတွက်

မေးရိုး – အမျိုးသားတွေဟာ မေးရိုးကားခြင်း၊ ခပ်ငေါငါ ပါးချောင်းရိုး ထွက်နေခြင်း၊ စတဲ့အချက်တွေဟာ မျိုးဗီဇမထွန်းကား
ခြင်းကို ညွှန်ပြခြင်းဖြစ်ကြောင်း Journal of Evolutionary Biology က ဆိုထားပါတယ်။

အဖုအထစ် ထနေသော ကြွက်သားများ – အမျိုးသားတိုင်း ဒီလို အဖုအထစ် ထနေတဲ့ ကြွက်သားတွေ ပိုင်ဆိုင်ဖို့ မဖြစ်နိုင်ပါဘူး။ အချိန်မှန်မှန် လေ့ကျင့်ခန်းလုပ်မှ ဖြစ်မှာပါ။ ဒီလို ကြွက်သားပိုင်ရှင်တွေဟာ ခါးတုတ်ခြင်း၊ ဝခြင်း စတဲ့အခြေအနေတွေကို နောင်တစ်ချိန်မှာ ကြုံရစေကာမူ ကင်ဆာနဲ့သေဖို့ 40% အထိ ရှောင်ကွင်းနိုင်ကြကြောင်း ဆွီဒင်သုတေသနအဖွဲ့က ဆိုပါတယ်။

Six Pack – အမျိုးသားတွေ အများစုတောင့်တနေကြတဲ့ ဗိုက်ကနေ အမြောင်းလိုက်ကြီးတွေ ဖြစ်နေတဲ့ ကြွက်သားစု ဟိုဘက်သည်ဘက် သုံးခုဆီကို Six Pack လို့ စုပေါင်းခေါ်ဆိုပါတယ်။ ဒါပေမယ့် ဒီလို Sick Pack ရှိနေသူတွေဟာ စိတ်ပိုင်းဆိုင်ရာ ဖိအားအမျိုးမျိုး ခံစားနေရသူတွေဖြစ်ကြောင်း အမေရိကန် ဆေးသုတေသနပညာရှင်တွေက ဆိုထားပါတယ်။

လက်သူကြွယ် ရှည်လျှင် – လက်သူကြွယ်လက်ချောင်းဟာ သာမန်လူတွေထက် ပိုရှည်နေတဲ့အမျိုးသားတွေဟာ ဝှေးစေ့လည်း အခြားအမျိုးသားများထက် ကြီးမားကြပြီး၊ ကာမဂုံကိစ္စမှာ အလွန်အားသန်သူတွေ ဖြစ်ကြပါတယ်။ ဒါ့အပြင် သူတို့တစ်တွေဟာ ရိုးသားတဲ့ ပုံပန်းသဏ္ဍန်းတွေကို ပိုင်ဆိုင်ကြပါတယ်။

ခြေဖဝါး ကြီးမားခြင်း – ခြေဖဝပါးကြီးမားသူတွေ၊ ဖိနပ်စီးတဲ့အခါ ဆိုက်ဇ်(10)ခန့်မှ စီးလို့အဆင်ပြေတဲ့ အမျိုးသားတွေအနေနဲ့ကတော့ အိမ်ထောင်ရေး ဖောက်ပြန်မှု ပိုများတတ်သူတွေ ဖြစ်ကြပါတယ်။ ဆိုင်ဇ်(7) အောက် အမျိုးသားတွေက အိမ်ထောင်ရေးနဲ့ အချစ်ရေးမှာ ပိုပြီး သစ္စာရှိကြပါတယ်။
အမျိူးသမီးများအတွက်

ခိုင်မာတဲ့ မေးရိုး – ပြည့်ကားခိုင်မာတဲ့ မေးရိုးပိုင်ရှင် အမျိုးသမီးတွေကတော့ လိင်ပိုင်းဆိုင်ရာ စွဲဆောင်မှုမှာ သူများထက်ပိုကြပါတယ်။ ဒါ့အပြင် အိမ်ထောင်ရေး ဖောက်ပြန်မှု အများဆုံး ပြုလုပ်တတ်ကြသူတွေ ဖြစ်ပါတယ်။

ကြီးမားတဲ့ ရင်သား – မပြုပြင်ဘဲ သဘာဝအတိုင်းပင် ကြီးမားတယ်လို့ ထင်ရတဲ့ ရင်သားပိုင်ရှင် အမျိုးသမီးတွေဟာ ရင်သားကင်ဆာနဲ့ ဆက်စပ်နေကြသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဉာဏ်ရည်မြင့်မားကြပြီး၊ အခြားသူတွေထက် ထက်မြတ်သူတွေလည်း ဖြစ်သလို၊ အောင်မြင်မှုမှာလည်း သာလွန်ကြပါတယ်။

ခါးသိမ်ခြင်း – သေးငယ်တဲ့ ခါးပိုင်ရှင်တွေ၊ ခါးသိမ်တဲ့ အမျိုးသမီးတွေဟာ ရောဂါဘယဖြစ်နိုင်ချေ နည်းပါးပြီး၊ အထူးသဖြင့် ဆီးချိုရောဂါမဖြစ်ဖို့ သေချာသလောက်ဖြစ်ကြပါတယ်။

တင်ပါးကြီးမားခြင်း – တင်ပါးကြီးမားတဲ့ အမျိုးသမီးတွေဟာ ဉာဏ်ရည်နည်းပါးကြသူများ ဖြစ်တတ်ပြီး၊ မှတ်ဉာဏ်ဖွံ့ဖြိုးမှုမှာလည်း အခြားသူတွေထက် နှေးကွေးကြသူတွေလို့ American Geriatrics Society က ဆိုပါတယ်။
ကျား/မနှစ်မျိုးစလုံးအတွက်

ခြေထောက်လက်တောက် တိုသူတွေဟာ 50% အရွယ်အိုမင်းချိန်မှာ မှတ်ဉာဏ်ဆုံးရှုံးခြင်း သူငယ်ပြန်ခြင်းကို ခံစားရနိုင်ပါတယ်၊ သွားများ ဝါခြင်း၊ မည်းခြင်း စတဲ့သူတွေကတော့ သွားကျန်းမာရေး ညံ့ဖျင်းသူများဖြစ်ပြီး၊ နှလုံးရောဂါနဲ့လည်း ဆက်စပ်နေသူတွေ ဖြစ်ပါတယ်။

ဆံပင်နီကြောင်ကြောင်ဖြစ်နေသူတွေကတော့ အောက်ပိုင်းအဆစ်အမြစ် ယောင်ရမ်းနာများ ခံစားနိုင်ရပါတယ်။ ဒါ့အပြင် မျက်ဝန်းပတ်လည်မှာ အဝိုင်းပုံစံအကွင်းတွေ ဖြစ်နေရင် ကိုလက်စထရောမြင့်မားခြင်းကို ညွှန်ပြတာ ဖြစ်ပါတယ်။ မျက်ဝန်းပြာပြာ ရှိသူတွေဟာ Melanin နည်းပါးသူများ ဖြစ်လို့ UV ကို ခံနိုင်ရည်နည်းပါတယ်။ ဒါကြောင့် အရေပြားကင်ဆာခံစားရနိုင်ခြေ ပိုများသူတွေ ဖြစ်ါပတယ်။

source : thesun.co.uk
Credit:မဒီလေး (Shwemom)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top