iMyanmarHouse.com - Best Property Website for Myanmar
×

ထိခိုက္ဒဏ္ရာတစ္ခုခုရလာတဲ့အခါမွာေသြးထဲမွာရိွတဲ့ ေသြးမႊားေလးေတြစုလာျပီး ေသြးခဲေစျခင္း အားျဖင့္ ေသြးထြက္ရပ္ေစပါတယ္။ အစားအစာအခ်ိဳ႕က ေသြးက်ဲျခင္း၊ ေသြးပ်စ္ျခင္းအေပၚ အက်ိဳးသက္ေရာက္မႈ ရွိပါတယ္။ ဒါေၾကာင့္ ေသြးေရာဂါတစ္ခုခု ရွိတယ္ဆိုရင္ အစားအစာေတြကို ဆရာဝန္ကို ေသခ်ာေမးၿပီးမွ စားသင့္ပါတယ္။

1. ဗီတာမင္ E ၾကြယ္ဝေသာအစားအစာမ်ား

            ဗီတာမင္ E ပါဝင္မႈမ်ားျပီး ဗီတာမင္ K နည္းတဲ့အစားအစာေတြဟာ ေသြးက်ဲေစၿပီး ေသြးခဲျခင္းကို ေႏွာင့္ေႏွးေစပါတယ္။ ေျပာင္းဖူးဆီ၊ ေျမပဲဆီ၊ ႏွမ္းဆီ နဲ႔ ေနၾကာဆီေတြမွာ ဗီတာမင္ E ပါဝင္တဲ့အျပင္ ေဆးျပားအျဖစ္နဲ႔လည္း ေသာက္သံုးႏိုင္ပါတယ္။ ေသြးက်ဲေဆး ေသာက္ေနရတယ္ဆိုရင္ေတာ့ ဗီတာမင္ E ပါဝင္မႈမ်ားတဲ့ အစားအစာေတြက ေသြးအလြန္အကၽြံ က်ဲေစႏိုင္ပါတယ္။

2. ဗီတာမင္ K ၾကြယ္ဝေသာ အစားအစာမ်ား

            ဗီတာမင္ K က ေသြးခဲျခင္းျဖစ္စဥ္ကို ကူညီေပးၿပီး ေသြးပ်စ္ေစတဲ့ အစြမ္းရွိပါတယ္။ ဟင္းႏုႏြယ္၊ ကိုက္လန္၊ လက္ဖက္စိမ္း၊ မုန္လာ၊ မုန္လာထုတ္၊ ပန္းေဂၚဖီ၊ ၾကက္ဥအႏွစ္နဲ႔ ပဲပိစပ္ေတြမွာ ဗီတာမင္ K ပါဝင္ပါတယ္။ ေသြးက်ဲေဆး ေသာက္ေနသူေတြမွာဆိုရင္ ဗီတာမင္ K ပါဝင္တဲ့ အစားအစာေတြ စားျခင္းေၾကာင့္ ေဆးရဲ႕အာနိသင္ကို ေက်ပ်က္ေစပါတယ္။

3. ေဆးဖက္ဝင္အပင္ႏွင့္ ဟင္းခတ္အေမႊးအႀကိဳင္မ်ား

            ဗီတာမင္ E တင္သာမက ေဆးဖက္ဝင္အပင္နဲ႔ ဟင္းခတ္အေမႊးအႀကိဳင္အခ်ိဳ႕မွာလည္း ေသြးက်ဲေစႏိုင္တဲ့ ဂုဏ္သတၱိရွိၿပီး ေသြးထြက္ျခင္းကို အားေပးပါတယ္။ ဟင္းထဲမွာ ထည့္ခ်က္တဲ့ င႐ုတ္သီးမႈန္႔၊ ၾကက္သြန္ျဖဴ၊နီ၊ ခ်င္း (ဂ်င္း) ေတြကလည္း ေသြးက်ဲေစပါတယ္။ ဒီဟင္းခတ္အေမႊးအႀကိဳင္ေတြကို အစားအစာအေနနဲ႔ဆိုရင္ အမ်ားႀကီးစားမွ ေသြးက်ဲေစေပမယ့္ ေဆးအေနနဲ႔ ေသာက္မယ္ဆိုရင္ေတာ့ သိသာတဲ့ အက်ိဳးထိေရာက္မႈ ရရွိမွာျဖစ္ပါတယ္။ ေသြးနဲ႔ဆုိင္တဲ့ေဆးေတြ ေသာက္ေနရတယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔ ေသခ်ာတိုင္ပင္ၿပီးမွ ဒီအစားအစာေတြကို စားသံုးသင့္ပါတယ္။

4. အရက္ႏွင့္ အျခားအေဖ်ာ္ယမကာမ်ား

            ဘယ္ရီသီးအနီေဖ်ာ္ရည္၊ အရက္နဲ႔ လက္ဖက္စိမ္း စတဲ့ေဖ်ာ္ရည္ေတြက ေသြးက်ဲေစပါတယ္။
5. အဆီမ်ားေသာငါးမ်ား

            ဆယ္လ္မြန္၊ တူနာစတဲ့ အဆီမ်ားတဲ့ငါးေတြမွာ omega-3 fatty acid မ်ားစြာပါဝင္ပါတယ္။ omega-3 fatty acid က ေသြးထြက္မ်ားေစတဲ့အတြက္ ေသြးက်ဲေဆးေသာက္ေနသူေတြမွာ သတိထားၿပီး စားသံုးရပါမယ္။

Credit:Dr. Mya Myo Myo Swe (www.drmyanmar.com)

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ထိခိုက်ဒဏ်ရာတစ်ခုခုရလာတဲ့အခါမှာသွေးထဲမှာရှိတဲ့ သွေးမွှားလေးတွေစုလာပြီး သွေးခဲစေခြင်း အားဖြင့် သွေးထွက်ရပ်စေပါတယ်။ အစားအစာအချို့က သွေးကျဲခြင်း၊ သွေးပျစ်ခြင်းအပေါ် အကျိုးသက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် သွေးရောဂါတစ်ခုခု ရှိတယ်ဆိုရင် အစားအစာတွေကို ဆရာဝန်ကို သေချာမေးပြီးမှ စားသင့်ပါတယ်။

1. ဗီတာမင် E ကြွယ်ဝသောအစားအစာများ

            ဗီတာမင် E ပါဝင်မှုများပြီး ဗီတာမင် K နည်းတဲ့အစားအစာတွေဟာ သွေးကျဲစေပြီး သွေးခဲခြင်းကို နှောင့်နှေးစေပါတယ်။ ပြောင်းဖူးဆီ၊ မြေပဲဆီ၊ နှမ်းဆီ နဲ့ နေကြာဆီတွေမှာ ဗီတာမင် E ပါဝင်တဲ့အပြင် ဆေးပြားအဖြစ်နဲ့လည်း သောက်သုံးနိုင်ပါတယ်။ သွေးကျဲဆေး သောက်နေရတယ်ဆိုရင်တော့ ဗီတာမင် E ပါဝင်မှုများတဲ့ အစားအစာတွေက သွေးအလွန်အကျွံ ကျဲစေနိုင်ပါတယ်။

2. ဗီတာမင် K ကြွယ်ဝသော အစားအစာများ

            ဗီတာမင် K က သွေးခဲခြင်းဖြစ်စဉ်ကို ကူညီပေးပြီး သွေးပျစ်စေတဲ့ အစွမ်းရှိပါတယ်။ ဟင်းနုနွယ်၊ ကိုက်လန်၊ လက်ဖက်စိမ်း၊ မုန်လာ၊ မုန်လာထုတ်၊ ပန်းဂေါ်ဖီ၊ ကြက်ဥအနှစ်နဲ့ ပဲပိစပ်တွေမှာ ဗီတာမင် K ပါဝင်ပါတယ်။ သွေးကျဲဆေး သောက်နေသူတွေမှာဆိုရင် ဗီတာမင် K ပါဝင်တဲ့ အစားအစာတွေ စားခြင်းကြောင့် ဆေးရဲ့အာနိသင်ကို ကျေပျက်စေပါတယ်။

3. ဆေးဖက်ဝင်အပင်နှင့် ဟင်းခတ်အမွှေးအကြိုင်များ

            ဗီတာမင် E တင်သာမက ဆေးဖက်ဝင်အပင်နဲ့ ဟင်းခတ်အမွှေးအကြိုင်အချို့မှာလည်း သွေးကျဲစေနိုင်တဲ့ ဂုဏ်သတ္တိရှိပြီး သွေးထွက်ခြင်းကို အားပေးပါတယ်။ ဟင်းထဲမှာ ထည့်ချက်တဲ့ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူ၊နီ၊ ချင်း (ဂျင်း) တွေကလည်း သွေးကျဲစေပါတယ်။ ဒီဟင်းခတ်အမွှေးအကြိုင်တွေကို အစားအစာအနေနဲ့ဆိုရင် အများကြီးစားမှ သွေးကျဲစေပေမယ့် ဆေးအနေနဲ့ သောက်မယ်ဆိုရင်တော့ သိသာတဲ့ အကျိုးထိရောက်မှု ရရှိမှာဖြစ်ပါတယ်။ သွေးနဲ့ဆိုင်တဲ့ဆေးတွေ သောက်နေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ ဒီအစားအစာတွေကို စားသုံးသင့်ပါတယ်။

4. အရက်နှင့် အခြားအဖျော်ယမကာများ

            ဘယ်ရီသီးအနီဖျော်ရည်၊ အရက်နဲ့ လက်ဖက်စိမ်း စတဲ့ဖျော်ရည်တွေက သွေးကျဲစေပါတယ်။
5. အဆီများသောငါးများ

            ဆယ်လ်မွန်၊ တူနာစတဲ့ အဆီများတဲ့ငါးတွေမှာ omega-3 fatty acid များစွာပါဝင်ပါတယ်။ omega-3 fatty acid က သွေးထွက်များစေတဲ့အတွက် သွေးကျဲဆေးသောက်နေသူတွေမှာ သတိထားပြီး စားသုံးရပါမယ်။

Credit:Dr. Mya Myo Myo Swe (www.drmyanmar.com)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top