iMyanmarHouse.com - Best Property Website for Myanmar
×

body language ပံုစံေတြက လူတစ္ေယာက္ရဲ႕ အတြင္းစိတ္ေန သေဘာ ထားကို ေဖာ္ျပေပးႏိုင္ပါတယ္။စံုတြဲေတြၾကားက လက္ကိုင္တဲ့ ပံုစံအေနအထား အမ်ိဳးမ်ိဳးက အဲ့ဒီစံုတြဲၾကားက ဆက္ဆံေရးကို ေဖာ္ျပေပးႏိုင္ပါတယ္။ကိုယ့္ခ်စ္ သူရဲ႕ လက္ကိုဘယ္လို ပံုစံမ်ိဳးနဲ႔ ကိုင္ေလ့ရွိလဲ..?အဲ့ဒီပံုစံေတြကေျပာေနတဲ့ သင္တို႔ၾကားက ဆက္ဆံေရးကေတာ့….

#လက္ဖ၀ါးထဲကို ထည့္ၿပီး ဆုပ္ ကိုင္တာ

ပံုမွာျပထားတဲ့ အတုိင္း လက္ကုိ လက္ဖ၀ါးထဲထည့္ၿပီး ကိုင္တယ္ဆိုရင္ေတာ့ ဒါ ဟာ သင္တုိ႔ၾကားမွာ စည္းလံုးတယ္၊စိတ္တူ၊ကိုယ္တူရွိတယ္ဆိုတာကို ျပေန တာပါ။ဒီလုိကိုင္တဲ့ ခ်စ္သူေတြၾကားက ဆက္ဆံေရးမ်ိဳးဟာ ခ်စ္ေဇာအဟုန္ေ တြျမင့္ေနတဲ့ ရိုမန္တစ္ဆန္တဲ့ ဆက္ဆံေရးမ်ိဳးထက္ သူငယ္ခ်င္း၊ရဲေဘာ္ရဲဖက္ ဆက္ဆံေရးပံုစံမ်ိဳးကို သြားတဲ့ Relationship မ်ိဳးပါ။

#အျပန္အလွန္ခ်ိတ္ၿပီး ဆုပ္ကိုင္တာ

ဒီလိုပံုစံမ်ိဳးကေတာ့ သင္တုိ႔ၾကားက ခ်စ္ေဇာအဟုန္ေတြ အရမ္းျမင့္ေနတယ္ ဆိုတာကို ျပေနတာပါ။တစ္ဦးတစ္ဦးၾကားက သံေယာဇဥ္ႀကိဳးေတြက လံုး၀ ၿမဲၿမံေနတယ္ဆိုတာကို ျပေနတာပါ။

#လက္သန္းခ်င္းခ်ိတ္

ဒီလိုစံုတြဲေတြအတြက္ကေတာ့ သူတို႔ရဲ႕ နံပါတ္တစ္အေရးႀကီးဆံုးက လြတ္လြတ္ လပ္လပ္ေနရဖို႔ပါ။သူတို႔ေတြၾကားမွာ ကိုယ္ပိုင္သီးသန္႔ Space နဲ႔ privacy ျခားၿပီး ေနတတ္တဲ့ စံုတြဲမ်ိဳးပါ။

#တျခားလက္တစ္ဖက္နဲ႔ပါ ထပ္တြဲတာ

လက္ဖ၀ါးခ်င္းဆုပ္ကိုင္ထားတဲ့ အျပင္ကိုမွ တျခားလက္တစ္ဖက္နဲ႔ပါ ပံုမွာ ျပထားသလိုမ်ိဳး ကိုင္တယ္ဆုိရင္ေတာ့ ဒါဟာ သင္တုိ႔ၾကားမွာ အရမ္းကို Seri ous ျဖစ္ေနတဲ့ ပံုပါ။ခ်စ္သူကို ငါပိုင္ဆိုၿပီး ႀကီးစိုးလိုတဲ့ ဆႏၵေတြ၊ေမာင္ ပိုင္စီး ခ်ဳပ္ကိုင္ခ်င္ေနတာကို ျပေနတာပါ။ဒီလို Sign ကေတာ့ စံုတြဲေတြၾကားမွာ သိပ္မေကာင္းပါဘူး။

#လက္ေမာင္းကို ခ်ိတ္ကိုင္တာ

ဒီလိုပံုစံမိ်ဳးကိုေတာ့ ညစာစားပြဲေတြတတ္လာတဲ့ စံုတြဲေတြမွာ ေတြ႔ရေလ့ရွိပါ တယ္။အခုလိုပံုမ်ိဳးကို သာမန္တျခားအခ်ိန္ေတြမွာပါ ကိုင္တယ္ဆိုရင္ေတာ့ ဒါဟာ ကာကြယ္ေပးတာကို ေမွ်ာ္လင့္ေနတာ၊အားကိုးတာ၊(ဒါမွမဟုတ္) ဒီ relationship အေပၚ စိတ္မလံုၿခံဳမႈ၊စိတ္မခ်တာေတြ ရွိေနတယ္ဆိုတာကို ျပေနတာပါ။

#လက္ေခ်ာင္း အဖ်ားေလးေတြကို ကိုင္တာ

လက္ေခ်ာင္းအဖ်ားေလးေတြကိုပဲ ခပ္ဖြဖြဆြဲကိုင္ထားတာမ်ိဳးပါ။ခ်စ္သူကို အား မလို အားမရျဖစ္ေနတဲ့ သေဘာပါ။ခ်စ္သူရဲ႕ ဆံုးျဖတ္ခ်က္နဲ႔တျခားအျပဳအမႈေတြ အေပၚ ေႏွးေကြးေနတာကို စိတ္တိုင္းမက်တဲ့ သေဘာပါ။တြဲေနရတာဟာ ပံုမွန္ တာ၀န္တစ္ခုကို ထမ္းေဆာင္ေနရသလိုမ်ိဳးပဲ သေဘာေဆာင္ေနတဲ့ လက္ကုိင္ ပံုမ်ိဳးပါ။

#လက္မကိုင္တာ

စံုတြဲတိုင္း လက္ကိုင္ၾကတာေတာ့မဟုတ္ပါဘူး။တစ္ခ်ိဳ႕စံုေတြဟာ လက္မ ကို င္ၾကပဲ ကိုယ့္ဟာနဲ႔ကိုယ္သြားလာၾကတာေတြလည္း ရွိပါတယ္။အဲ့ဒီလို ပံုစံမ်ိဳး ကေတာ့ ျဖစ္ႏိုင္ေခ်ႏွစ္မ်ိဳးရွိပါတယ္။ရွက္ေနတာ(ဒါမွမဟုတ္)သီးသန္႔ကိုယ့္ privacy နဲ႔ကိုယ္ေနတတ္တယ္ဆိုတဲ့ သေဘာမိ်ဳးလည္း ေဆာင္ပါတယ္။လက္ မကိုင္ပဲ သီးသန္႔ေနတတ္တာနဲ႔ သင္တုိ႔ၾကားက Relationship မေကာင္း ဘူးလို႔ ေျပာလုိ႔မရပါဘူး။

Ref;/brightside

Credit:Nilar(Shwemom)
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
body language ပုံစံတွေက လူတစ်ယောက်ရဲ့ အတွင်းစိတ်နေ သဘော ထားကို ဖော်ပြပေးနိုင်ပါတယ်။စုံတွဲတွေကြားက လက်ကိုင်တဲ့ ပုံစံအနေအထား အမျိုးမျိုးက အဲ့ဒီစုံတွဲကြားက ဆက်ဆံရေးကို ဖော်ပြပေးနိုင်ပါတယ်။ကိုယ့်ချစ် သူရဲ့ လက်ကိုဘယ်လို ပုံစံမျိုးနဲ့ ကိုင်လေ့ရှိလဲ..?အဲ့ဒီပုံစံတွေကပြောနေတဲ့ သင်တို့ကြားက ဆက်ဆံရေးကတော့….

#လက်ဖဝါးထဲကို ထည့်ပြီး ဆုပ် ကိုင်တာ

ပုံမှာပြထားတဲ့ အတိုင်း လက်ကို လက်ဖဝါးထဲထည့်ပြီး ကိုင်တယ်ဆိုရင်တော့ ဒါ ဟာ သင်တို့ကြားမှာ စည်းလုံးတယ်၊စိတ်တူ၊ကိုယ်တူရှိတယ်ဆိုတာကို ပြနေ တာပါ။ဒီလိုကိုင်တဲ့ ချစ်သူတွေကြားက ဆက်ဆံရေးမျိုးဟာ ချစ်ဇောအဟုန်ေ တွမြင့်နေတဲ့ ရိုမန်တစ်ဆန်တဲ့ ဆက်ဆံရေးမျိုးထက် သူငယ်ချင်း၊ရဲဘော်ရဲဖက် ဆက်ဆံရေးပုံစံမျိုးကို သွားတဲ့ Relationship မျိုးပါ။

#အပြန်အလှန်ချိတ်ပြီး ဆုပ်ကိုင်တာ

ဒီလိုပုံစံမျိုးကတော့ သင်တို့ကြားက ချစ်ဇောအဟုန်တွေ အရမ်းမြင့်နေတယ် ဆိုတာကို ပြနေတာပါ။တစ်ဦးတစ်ဦးကြားက သံယောဇဉ်ကြိုးတွေက လုံး၀ မြဲမြံနေတယ်ဆိုတာကို ပြနေတာပါ။

#လက်သန်းချင်းချိတ်

ဒီလိုစုံတွဲတွေအတွက်ကတော့ သူတို့ရဲ့ နံပါတ်တစ်အရေးကြီးဆုံးက လွတ်လွတ် လပ်လပ်နေရဖို့ပါ။သူတို့တွေကြားမှာ ကိုယ်ပိုင်သီးသန့် Space နဲ့ privacy ခြားပြီး နေတတ်တဲ့ စုံတွဲမျိုးပါ။

#တခြားလက်တစ်ဖက်နဲ့ပါ ထပ်တွဲတာ

လက်ဖဝါးချင်းဆုပ်ကိုင်ထားတဲ့ အပြင်ကိုမှ တခြားလက်တစ်ဖက်နဲ့ပါ ပုံမှာ ပြထားသလိုမျိုး ကိုင်တယ်ဆိုရင်တော့ ဒါဟာ သင်တို့ကြားမှာ အရမ်းကို Seri ous ဖြစ်နေတဲ့ ပုံပါ။ချစ်သူကို ငါပိုင်ဆိုပြီး ကြီးစိုးလိုတဲ့ ဆန္ဒတွေ၊မောင် ပိုင်စီး ချုပ်ကိုင်ချင်နေတာကို ပြနေတာပါ။ဒီလို Sign ကတော့ စုံတွဲတွေကြားမှာ သိပ်မကောင်းပါဘူး။

#လက်မောင်းကို ချိတ်ကိုင်တာ

ဒီလိုပုံစံမျိုးကိုတော့ ညစာစားပွဲတွေတတ်လာတဲ့ စုံတွဲတွေမှာ တွေ့ရလေ့ရှိပါ တယ်။အခုလိုပုံမျိုးကို သာမန်တခြားအချိန်တွေမှာပါ ကိုင်တယ်ဆိုရင်တော့ ဒါဟာ ကာကွယ်ပေးတာကို မျှော်လင့်နေတာ၊အားကိုးတာ၊(ဒါမှမဟုတ်) ဒီ relationship အပေါ် စိတ်မလုံခြုံမှု၊စိတ်မချတာတွေ ရှိနေတယ်ဆိုတာကို ပြနေတာပါ။

#လက်ချောင်း အဖျားလေးတွေကို ကိုင်တာ

လက်ချောင်းအဖျားလေးတွေကိုပဲ ခပ်ဖွဖွဆွဲကိုင်ထားတာမျိုးပါ။ချစ်သူကို အား မလို အားမရဖြစ်နေတဲ့ သဘောပါ။ချစ်သူရဲ့ ဆုံးဖြတ်ချက်နဲ့တခြားအပြုအမှုတွေ အပေါ် နှေးကွေးနေတာကို စိတ်တိုင်းမကျတဲ့ သဘောပါ။တွဲနေရတာဟာ ပုံမှန် တာဝန်တစ်ခုကို ထမ်းဆောင်နေရသလိုမျိုးပဲ သဘောဆောင်နေတဲ့ လက်ကိုင် ပုံမျိုးပါ။

#လက်မကိုင်တာ

စုံတွဲတိုင်း လက်ကိုင်ကြတာတော့မဟုတ်ပါဘူး။တစ်ချို့စုံတွေဟာ လက်မ ကို င်ကြပဲ ကိုယ့်ဟာနဲ့ကိုယ်သွားလာကြတာတွေလည်း ရှိပါတယ်။အဲ့ဒီလို ပုံစံမျိုး ကတော့ ဖြစ်နိုင်ချေနှစ်မျိုးရှိပါတယ်။ရှက်နေတာ(ဒါမှမဟုတ်)သီးသန့်ကိုယ့် privacy နဲ့ကိုယ်နေတတ်တယ်ဆိုတဲ့ သဘောမျိုးလည်း ဆောင်ပါတယ်။လက် မကိုင်ပဲ သီးသန့်နေတတ်တာနဲ့ သင်တို့ကြားက Relationship မကောင်း ဘူးလို့ ပြောလို့မရပါဘူး။

Ref;/brightside

Credit:Nilar(Shwemom)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top