iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးေတြဟာ သဘာဝအတိုုင္း က်န္းမာသန္စြမ္းတဲ့ ရင္နွစ္မႊာကိုသာ အလိုရွိၾကပါတယ္ ။ ရင္သားေသးသူမ်ား ၊ ရင္သားက်န္းမာေရးအတြက္ ေကာင္းမြန္လိုသူမ်ားအေနျဖင့္ ထိေရာက္ျပီး အႏၱရာယ္ကင္းတဲ့ နည္းလမ္းကေတာ့ ရင္သားနွိပ္နယ္ေပးျခင္းပါပဲ ။ရင္သားကို ေန႔စဥ္နွိ္ပ္ေပးျခင္းျဖင့္…..
၁။ရင္သားၾကီးထြားေစ
ရင္သားကို ေန႔စဥ္ပံုမွန္နွိပ္ေပးျခင္းက သင့္ရင္သားအရြယ္အစားကို ၾကီးမားလာေစပါတယ္ ။ ဒီေလ့လာေတြ႕ရွိမႈကို အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားမွာ သက္ေသျပဳခဲ့ျပီး ရင္သားၾကီးတဲ့အမ်ိဳးသမီးေတြဟာ ေသးတဲ့အမ်ိဳးသမီးေတြထက္ ပိုျပီး confident ရွိတယ္လို႔ ဆိုၾကပါတယ္။
၂။ေသြးလည္ပတ္မႈေကာင္းေစ
ဒီလိုနွိပ္နယ္ေပးျခင္းေၾကာင့္ ရင္သားတဝိုက္ရွိ ေသြးလွည့္ပတ္မႈေကာင္းမြန္ေစျပီး သင့္ရင္သား က်န္းမာေရးအတြက္လည္း မ်ားစြာ အေထာက္အကူျဖစ္ေစပါတယ္။
၃။တြဲက်မႈေလ့်ာနည္းေစ
ရင္သားတြဲက်မႈကိုလည္း ကာကြယ္ေပးပါတယ္ ။နွိပ္နယ္ေပးျခင္းေၾကာင့္ ရင္သားၾကြက္သားေတြကို မာေၾကာတင္းရင္းေစျပီး ၾကည့္ေကာင္းတဲ့ ရင္သားတစ္စံုကိုလည္း ရရွိေစပါတယ္။
၄။ၾကည့္ေကာင္းေစ
ရင္သားဖြံျဖိဳးမႈရွိတဲ့ အမ်ိဳးသမီးေတြဟာ သာမန္အမ်ိဳးသမီးေတြထက္ပိုျပီး ဆြဲေဆာင္မႈရွိ ၊ ၾကည့္ေကာင္းတာကိုေတာ့ ျငင္းလို႔မရပါဘူး ။ ဒီအခ်က္ကိုေတာ့ အားလံုးလက္ခံၾကမွာပါ။
၅။ရင္သားကင္ဆာျဖစ္မႈကိုေလ်ာ့က်ေစ
ရင္သားနွိပ္နယ္ေပးမႈဟာ ရင္သားကင္ဆာျဖစ္ပြါးမႈကိုေတာင္ တိုက္ထုတ္နိုင္တယ္လို႔ ဆိုပါတယ္ ။ နွိပ္နယ္ေပးမႈေၾကာင့္ ေသြးလွည့္ပတ္မႈေကာင္းေစကာ ကင္ဆာဆဲလ္ေတြကို သုတ္သင္နိုင္တဲ့ အမ်ိဳးသမီး ေဟာ္မုန္းေတြကို ထြက္ေစတာေၾကာင့္ ရင္သားကင္ဆာျဖစ္ပြါးနိုင္မႈကို မ်ားစြာေလ်ာ့နည္းေစပါတယ္။
၆။ငယ္ရြယ္နုပ်ိဳေစ
ရင္သားကို နွိပ္နယ္ေပးတဲ့အခါ ထြက္ရွိလာတဲ့ Prolactin , Oxytocin , Estrogen စတဲ့ အိုမင္းရင့္ေရာ္မႈကို ကာကြယ္ေပးတဲ့ဓါတ္ေတြေၾကာင့္ သင့္အား ငယ္ရြယ္နုပ်ိဳမႈေတြ ရရွိေစမွာပါ ။
၇။စိတ္ဖိစီးမႈေလ်ာ့နည္းေစ
ဟုတ္ပါတယ္ ။ ရင္သားနွိပ္နယ္ေပးတဲ့အခါ Oxytocin လို႔ေခၚတဲ့ အခ်စ္ေဟာ္မုန္းဓါတ္ဟာ ထြက္ေပၚလာျပီး စိတ္ဖီးစီးမႈေတြကို ေလ်ာ့က်ေစမွာပါ ။
ဘယ္လိုနွိပ္မလဲ…
ရင္သားနွိပ္နယ္ေပးတဲ့အခါမွာ သံလြင္ဆီ (သို႔) cream တစ္မ်ိဳးမ်ိဳးကို အသုံးျပဳျပီး နွိပ္နယ္ေပးတာ ပိုေကာင္းပါတယ္ ။ နွိပ္တဲ့အခါမွာ လက္ေတြဟာ ေႏြးေထြးမႈရွိ၊မရွိကိုလည္း ဂရုျပဳသင့္ပါတယ္ ။ေအးတဲ့လက္ျဖင့္ နွိပ္နယ္ျခင္းက အေရျပားကို က်ိန္းစက္နာၾကင္မႈေတြ ျဖစ္ေပၚေစနိုင္တာေၾကာင့္ပါ ။ နွိပ္တဲ့အခါမွာ လက္ေခ်ာင္းေတြကို ရင္သားေပၚသို႔ ညွင္သာစြာ ျဖန္႔က်က္ထားပါ ။ နွိပ္တဲ့အခါ စက္ဝိုင္းပံုစံအတုိင္း နွိပ္နယ္ေပးပါ ။ ညာဘက္လက္က နာရီလက္တံအတိုင္း နွိပ္နယ္ေနခ်ိန္ ဘယ္ဘက္လက္က နာရီလက္တံ ဆန္႔က်င္ဘက္အတိုင္း နွိပ္နယ္ပါ ။ နို႔သီးေခါင္းကိုေတာ့ မထိပါေစနွင့္ ။ နွိပ္နယ္ရင္း နာၾကင္မႈကို ခံစားရရင္ ဆက္မနွိပ္ဘဲ နာၾကင္မႈေတြကို ခဏနားကာ ေျဖေလွ့်ာပါ ။ ဒီလို ရင္သားနွိပ္နယ္ေပးမႈကို အနည္းဆံုး ငါးမိနစ္ခန္႔ၾကာေအာင္ နွိပ္နယ္ေပးျပီး တစ္ေန႔ကို ၂ၾကိမ္ခန္႔အထိ ျပဳလုပ္နိုင္ပါတယ္ ။
မွတ္ခ်က္ ။ ရင္သားနွိပ္နယ္ေပးမႈဟာ တစ္ေန႕လွွ်င္ ၂ၾကိမ္ခန္႕အထိသာ ျပဳလုပ္သင့္ပါတယ္။ တစ္ၾကိမ္လွွ်င္ ၅မိနစ္ခန္႕သာ ျပဳလုပ္သင့္ျပီး ၁၅မိနစ္ထက္ေတာ့ လံုးဝမေက်ာ္သင့္ပါဘူး ။ေကာင္းမြန္ေသာ ရလဒ္ကိုရဖို႕ တစ္ေန႔တည္း အမ်ားၾကီးလုပ္စရာမလိုပါဘူး ။ ေန႔စဥ္ပံုမွန္သာ ျပဳလုပ္ေပးသြားဖို႔လိုပါတယ္ ။

Credit:CHAN (ေရႊအင္းေလး)
#Unicode Version
 အမျိုးသမီးတွေဟာ သဘာဝအတိုုင်း ကျန်းမာသန်စွမ်းတဲ့ ရင်နှစ်မွှာကိုသာ အလိုရှိကြပါတယ် ။ ရင်သားသေးသူများ ၊ ရင်သားကျန်းမာရေးအတွက် ကောင်းမွန်လိုသူများအနေဖြင့် ထိရောက်ပြီး အန္တရာယ်ကင်းတဲ့ နည်းလမ်းကတော့ ရင်သားနှိပ်နယ်ပေးခြင်းပါပဲ ။ရင်သားကို နေ့စဉ်နှိပ်ပေးခြင်းဖြင့်…..

၁။ရင်သားကြီးထွားစေ
ရင်သားကို နေ့စဉ်ပုံမှန်နှိပ်ပေးခြင်းက သင့်ရင်သားအရွယ်အစားကို ကြီးမားလာစေပါတယ် ။ ဒီလေ့လာတွေ့ရှိမှုကို အမျိုးသမီးတော်တော်များများမှာ သက်သေပြုခဲ့ပြီး ရင်သားကြီးတဲ့အမျိုးသမီးတွေဟာ သေးတဲ့အမျိုးသမီးတွေထက် ပိုပြီး confident ရှိတယ်လို့ ဆိုကြပါတယ်။

၂။သွေးလည်ပတ်မှုကောင်းစေ
ဒီလိုနှိပ်နယ်ပေးခြင်းကြောင့် ရင်သားတဝိုက်ရှိ သွေးလှည့်ပတ်မှုကောင်းမွန်စေပြီး သင့်ရင်သား ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူဖြစ်စေပါတယ်။

၃။တွဲကျမှုလျေ့ာနည်းစေ
ရင်သားတွဲကျမှုကိုလည်း ကာကွယ်ပေးပါတယ် ။နှိပ်နယ်ပေးခြင်းကြောင့် ရင်သားကြွက်သားတွေကို မာကြောတင်းရင်းစေပြီး ကြည့်ကောင်းတဲ့ ရင်သားတစ်စုံကိုလည်း ရရှိစေပါတယ်။

၄။ကြည့်ကောင်းစေ
ရင်သားဖွံဖြိုးမှုရှိတဲ့ အမျိုးသမီးတွေဟာ သာမန်အမျိုးသမီးတွေထက်ပိုပြီး ဆွဲဆောင်မှုရှိ ၊ ကြည့်ကောင်းတာကိုတော့ ငြင်းလို့မရပါဘူး ။ ဒီအချက်ကိုတော့ အားလုံးလက်ခံကြမှာပါ။

၅။ရင်သားကင်ဆာဖြစ်မှုကိုလျော့ကျစေ
ရင်သားနှိပ်နယ်ပေးမှုဟာ ရင်သားကင်ဆာဖြစ်ပွါးမှုကိုတောင် တိုက်ထုတ်နိုင်တယ်လို့ ဆိုပါတယ် ။ နှိပ်နယ်ပေးမှုကြောင့် သွေးလှည့်ပတ်မှုကောင်းစေကာ ကင်ဆာဆဲလ်တွေကို သုတ်သင်နိုင်တဲ့ အမျိုးသမီး ဟော်မုန်းတွေကို ထွက်စေတာကြောင့် ရင်သားကင်ဆာဖြစ်ပွါးနိုင်မှုကို များစွာလျော့နည်းစေပါတယ်။

၆။ငယ်ရွယ်နုပျိုစေ
ရင်သားကို နှိပ်နယ်ပေးတဲ့အခါ ထွက်ရှိလာတဲ့ Prolactin , Oxytocin , Estrogen စတဲ့ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးတဲ့ဓါတ်တွေကြောင့် သင့်အား ငယ်ရွယ်နုပျိုမှုတွေ ရရှိစေမှာပါ ။

၇။စိတ်ဖိစီးမှုလျော့နည်းစေ
ဟုတ်ပါတယ် ။ ရင်သားနှိပ်နယ်ပေးတဲ့အခါ Oxytocin လို့ခေါ်တဲ့ အချစ်ဟော်မုန်းဓါတ်ဟာ ထွက်ပေါ်လာပြီး စိတ်ဖီးစီးမှုတွေကို လျော့ကျစေမှာပါ ။

ဘယ်လိုနှိပ်မလဲ…
ရင်သားနှိပ်နယ်ပေးတဲ့အခါမှာ သံလွင်ဆီ (သို့) cream တစ်မျိုးမျိုးကို အသုံးပြုပြီး နှိပ်နယ်ပေးတာ ပိုကောင်းပါတယ် ။ နှိပ်တဲ့အခါမှာ လက်တွေဟာ နွေးထွေးမှုရှိ၊မရှိကိုလည်း ဂရုပြုသင့်ပါတယ် ။အေးတဲ့လက်ဖြင့် နှိပ်နယ်ခြင်းက အရေပြားကို ကျိန်းစက်နာကြင်မှုတွေ ဖြစ်ပေါ်စေနိုင်တာကြောင့်ပါ ။ နှိပ်တဲ့အခါမှာ လက်ချောင်းတွေကို ရင်သားပေါ်သို့ ညှင်သာစွာ ဖြန့်ကျက်ထားပါ ။ နှိပ်တဲ့အခါ စက်ဝိုင်းပုံစံအတိုင်း နှိပ်နယ်ပေးပါ ။ ညာဘက်လက်က နာရီလက်တံအတိုင်း နှိပ်နယ်နေချိန် ဘယ်ဘက်လက်က နာရီလက်တံ ဆန့်ကျင်ဘက်အတိုင်း နှိပ်နယ်ပါ ။ နို့သီးခေါင်းကိုတော့ မထိပါစေနှင့် ။ နှိပ်နယ်ရင်း နာကြင်မှုကို ခံစားရရင် ဆက်မနှိပ်ဘဲ နာကြင်မှုတွေကို ခဏနားကာ ဖြေလျှေ့ာပါ ။ ဒီလို ရင်သားနှိပ်နယ်ပေးမှုကို အနည်းဆုံး ငါးမိနစ်ခန့်ကြာအောင် နှိပ်နယ်ပေးပြီး တစ်နေ့ကို ၂ကြိမ်ခန့်အထိ ပြုလုပ်နိုင်ပါတယ် ။

မှတ်ချက် ။ ရင်သားနှိပ်နယ်ပေးမှုဟာ တစ်နေ့လှျှင် ၂ကြိမ်ခန့်အထိသာ ပြုလုပ်သင့်ပါတယ်။ တစ်ကြိမ်လှျှင် ၅မိနစ်ခန့်သာ ပြုလုပ်သင့်ပြီး ၁၅မိနစ်ထက်တော့ လုံးဝမကျော်သင့်ပါဘူး ။ကောင်းမွန်သော ရလဒ်ကိုရဖို့ တစ်နေ့တည်း အများကြီးလုပ်စရာမလိုပါဘူး ။ နေ့စဉ်ပုံမှန်သာ ပြုလုပ်ပေးသွားဖို့လိုပါတယ် ။

Credit:CHAN (ရွှေအင်းလေး)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top