iMyanmarHouse.com - Best Property Website for Myanmar
×

"လမ္းခြဲခ်ိန္ေနာက္ပိုင္းမွာ ပင္႔သက္ေတြရႈိက္ရင္းသာ ကိုယ္စီေၾကကြဲလို႔ေနရင္းနဲ႔သာ~~~~" ဟန္ထြန္းသီခ်င္းေလးေတာင္ရွိပါေသးတယ္။ လမ္းခြဲျခင္းဆိုတာ သူ႕အခ်ိန္တန္ျပီဆိုရင္ မလြဲမေသြလက္ခံရမယ္႔ အရာတစ္ခုျဖစ္သလို လူ႔ပတ္ဝန္းက်င္ လူ႔အသိုင္းအဝိုင္းၾကီးထဲမွာ ေနေနေသးသေရြ႕ကေတာ႔ မလြဲမေသြ ၾကံဳေတြ႕ေနရဦးမယ္႔အရာတစ္ခုလည္းျဖစ္ပါတယ္။

လမ္းခြဲခ်ိန္ေရာက္ျပီဆိုရင္ နာက်င္ခံစားမႈေတြကို ဘယ္လိုကိုင္တြယ္ၾကမလဲ။ ကြ်န္ေတာ္တို႔အမ်ားစုကေတာ႔ လမ္းခြဲခ်ိန္ေရာက္ရင္ အသည္းကြဲတဲ႔ေဝဒနာကို ကိုင္တြယ္ေျဖရွင္းတဲ႔ေနရာမွာ ညံ႕ဖ်င္းၾကပါတယ္။

အသည္းကြဲျပီဆိုရင္ တီဗြီၾကည္႔ေနရင္း စိတ္ႏွလံုးကုိထိခိုက္ေစတဲ႔ သီခ်င္းေတြလာဖြင္႔ရင္ တီဗြီကို ရီမုနဲ႔ေကာက္ေပါက္မိတာတို႔၊ ညၾကီးသန္းေခါင္ Ex ကိုဖုန္းထဆက္ျပီး ျပႆနာရွာမိတာတို႔၊ Facebook ေပၚမွာ ရည္းစားေဟာင္းဘာေတြတင္ထားလဲ သြားေခ်ာင္းမိတာတို႔လုပ္မိတတ္ၾကပါတယ္။

အဲဒီအခ်ိန္တံုးကေတာ႔ ဒါေတြကိုမလုပ္သင္႔မွန္းမျမင္ခဲ႔ၾကေပမယ္႔ နည္းနည္းေသြးေအးသြားျပီ၊ စိတ္အနည္ထိုင္သြားျပီ ဆိုတဲ႔အခ်ိန္ေရာက္မွ "အဲဒီတံုးကဘာေတြလုပ္ခဲ႔မိပါလိမ္႔" ဆိုျပန္ေတြးျပီး ရွက္တတ္ၾကတာပါ။

ေကာင္းမြန္တဲ႔ လမ္းခြဲျခင္းဆိုတာ ဘယ္လိုမ်ိဳးလဲ။ အသည္းကြဲတာကိုဘယ္လို ကိုင္တြယ္ၾကမလဲ။ ေနာင္တခ်ိန္မွာ ေနာင္တရမယ္႔အရာေတြမလုပ္မိေအာင္ အသည္းကြဲေနခ်ိန္မွာ လုပ္မိတတ္တဲ႔အမွားေလးေတြကိုေရွာင္ၾကဥ္ႏိုင္ဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။
၁။ ကိုယ္႔ကိုယ္ကိုလိမ္ညာတာ

ကြ်န္ေတာ္တို႔ရဲ႕ဦးေႏွာက္ေတြက ႏွလံုးသားကနာက်င္ေနေၾကာင္းသတင္းပို႔လာတဲ႔သတင္းပို႔ခ်က္ေတြကို မခံႏိုင္ေတာ႔တဲ႔အခါ ဦးေႏွာက္ရဲ႕ Denial လို႔ေခၚတဲ႔စနစ္က ထျပီးအလုပ္ လုပ္ပါေတာ႔တယ္။ အရာအားလံုး အဆင္ေျပေနပါတယ္ လို႔မိမိကိုယ္ကိုလိမ္ညာမိပါေတာ႔တယ္။

ၾကားဖူးေနက်စကားတစ္ခြန္းလိုပါပဲ။ ေလာကမွာ သူမ်ားကိုလိမ္ညာမိတာထက္ ကိုယ္႔ကိုယ္ကိုယ္ လိမ္ညာမိတာက ပိုဆိုးပါတယ္။ ဒါေၾကာင္႔ အသည္းကြဲေနခ်ိန္မွာ ပိုမိုမနာက်င္ေစခ်င္ဘူးဆိုရင္ ကိုယ္႔ကိုယ္ကိုယ္ညာေနတာကိုရပ္လိုက္ပါ။ ကြ်န္ေတာ္တို႔ေတြ နာက်င္မႈကိုေရွာင္လြဲလို႔မရပါဘူး။

နာက်င္စရာေတြၾကံဳလာတဲ႔အခါ ကြ်န္ေတာ္တို႔ေတြ နာက်င္တတ္ပါတယ္။ ဒါဟာကြ်န္ေတာ္တို႔ ခႏၶာေဗဒရဲ႕တစ္စိတ္တပိုင္းပါပဲ။ ဒီေတာ႔နာက်င္မႈကိုေရွာင္လႊဲေနမယ္႔အစား ေခါင္းအံုးကိုလက္သီးနဲ႔ထုိးပါ။ လူရွင္းတဲ႔ျမစ္ကမ္းေဘး သြားေအာ္ပါ။ ဒါမွမဟုတ္ ေဘးအိမ္က ေၾကာင္ကိုေအာ္လႊတ္ပါ။

ေနာက္တစ္ခုက ငိုပါ။ ငိုတယ္ဆိုတာ လူသားဆန္ျခင္းရဲ႕သေကၤတပါပဲ။ ေယာက်္ားေလးေတြလည္း ငိုႏိုင္ပါတယ္။ ငိုတာနဲ႔ေပ်ာ႔ညံ႕တာ ဘာမွမဆိုင္ပါဘူး။ ဒီလိုလုပ္တာကို "ပူေဆြးျခင္း" လို႔ေခၚျပီး အသည္းကြဲျခင္း ေဝဒနာကိုေပ်ာက္ကင္းေစတဲ႔အထိေရာက္ဆံုးနည္းလမ္းတစ္မ်ိဳးပါပဲ။

ဟန္ေဆာင္လိမ္ညာေနတာေတြကိုရပ္ျပီး ထံုထိုင္းနာက်င္မႈေတြကို ျဖတ္ေတာက္လိုက္ပါ။ ေပ်ာ္ရႊင္မႈအစစ္အမွန္က ခင္ဗ်ားကိုေစာင္႔ၾကိဳေနပါတယ္။

၂။ "သူငယ္ခ်င္းလို႔ပဲဆက္၍ေခၚမည္" သြားလုပ္တာ

ခင္ဗ်ားရဲ႕ရည္းစားေဟာင္း သူ႔ရဲ႕ရည္းစားအသစ္နဲ႔တြဲသြား တြဲလာလုပ္တာကို ခင္ဗ်ားလက္ပိုက္ၾကည္႔ေနႏိုင္လား။ အဲဒီလိုလက္ပိုက္ၾကည္႔ေနတာကလည္း ခင္ဗ်ားကိုနည္းနည္းေလးမွ မနာက်င္ေစဘူးလား။ ဒါဆိုရင္ေတာ႔ ရည္းစားေဟာင္းနဲ႔ ေပ်ာ္ေပ်ာ္ၾကီး သူငယ္ခ်င္းအျဖစ္ဆက္ေနသြားႏိုင္ပါတယ္။

ေသြးေအးျပီ၊ အနည္ထိုင္ျပီဆိုရင္ သူငယ္ခ်င္းအျဖစ္ဆက္ေနသြားတာ ဘာမွမျဖစ္ေပမယ္႔ ပူပူေႏြးေႏြး လမ္းခြဲျပီးခ်ိန္မွာ သူငယ္ခ်င္းလိုပဲ ဆက္ေနဖို႔ၾကိဳးစားတာက မိုက္မဲမႈပါပဲ။ အခ်ိန္တစ္ခုယူပါ။ ျပတ္ျပီးျပီးခ်င္းေတာ႔ ခင္ဗ်ားအေသခ်စ္ခဲ႔တဲ႔ မိန္းမ/ေယာက်္ားတစ္ေယာက္ကို သူငယ္ခ်င္းအျဖစ္ ဆက္ထားႏိုင္ဦးမွာမဟုတ္တာ အေသအခ်ာပါပဲ။
၃။ ကလဲ႔စားေခ်ဖို႔ၾကိဳးစားတာ

ျပတ္ျပီးသားရည္းစားေဟာင္းကို ကလဲ႔စားေခ်ဖို႔ၾကိဳးစားတာက မစားရတဲ႔အမဲ သဲနဲ႔ပက္သလိုပါပဲ။ အဲဒီလိုလုပ္လိုက္လို႔ ခင္ဗ်ားရဲ႕စိတ္ေက်နပ္မႈကို ရရွိေစမွာမဟုတ္ပါဘူး။ ကလဲ႔စားေခ်ျခင္းက ခင္ဗ်ားရဲ႕နာက်င္မႈေတြကို ပိုမိုတိုးပြားေစမယ္။ ပိုဆိုးတာက ခင္ဗ်ားကိုယ္ခင္ဗ်ားသူတို႔အဆင္႔ထိ ခ်လိုက္သလိုပါပဲ။ ဒီေတာ႔ ခင္ဗ်ားအေနနဲ႔ သစၥာအေဖာက္ခံရတယ္ဆိုရင္ေတာင္ ကလဲ႔စားေခ်ဖို႕ စဥ္းစားမေနပါနဲ႔။ ခြင္႔လႊတ္လိုက္ပါ။ ခြင္႔မလႊတ္ႏိုင္ရင္ေတာင္ ေမ႔ပစ္လိုက္ပါ။ ဒါကသာခင္ဗ်ားကိုျငိမ္းခ်မ္းေစပါတယ္။
၄။ အြန္လိုင္းမွာလိုက္ေခ်ာင္းတာ

လူမႈကြန္ရက္က တခ်ိဳ႕အရာေတြကိုပိုလြယ္ေစသလို တခ်ိဳ႕အရာေတြကိုပိုခက္ေစပါတယ္။ အရင္တံုးက သမီးရည္းစားျပတ္ဆဲရင္ ျပန္သြားေခ်ာင္းဖို႔ဆိုတာ သူ႔အိမ္ထိသြားေခ်ာင္းမွရေပမယ္႔ ဒီေခတ္မွာေတာ႔ လူမႈကြန္ရက္ဆိုတာၾကီးရွိေနသေရြ႕ အေကာင္႔တုနဲ႔ျပန္သြားေခ်ာင္းလို႔ရေနပါတယ္။ သြားမလုပ္ပါနဲ႔။

ေနာက္တစ္ခုက ခင္ဗ်ားအသည္းကြဲတဲ႔အေၾကာင္းေတြကို Facebook ေပၚမွာမတင္ပါနဲ႔။ ခဏတာ စိတ္ေက်နပ္မႈ ရႏိုင္ေပမယ္႔ တစ္ခ်ိန္မွာခင္ဗ်ားဒါေတြကိုျပန္ေနာင္တ ရပါလိမ္႔မယ္။ ျပတ္ျပီဆိုတာနဲ႔ ရည္းစားေဟာင္းကို Unfriend, Unfollow, Block သာတန္းလုပ္လိုက္ပါ။

ရည္းစားေဟာင္း သူ႔ေနာက္ဘဲနဲ႕ ေပ်ာ္ျမဴးေနတာကို ညၾကီးသန္းေခါင္ေတြ႕လိုက္ရတာေလာက္ အလုပ္ပ်က္အကိုင္ပ်က္ျဖစ္ေစတာ မရွိေတာ႔ပါဘူး။ ျဖစ္ႏိုင္ရင္ Facebook account ကို တစ္ပတ္ေလာက္ Deactivate လုပ္ထားလိုက္တာ အေကာင္းဆံုးပါပဲ။

၅။ လက္ေျမွာက္အရႈံးေပးလိုက္တာ

"ငါ သူ႔လိုလူေနာက္တစ္ေယာက္ ထပ္မေတြ႕ႏိုင္ေတာ႔ဘူး" "ငါက သူနဲ႔မထိုက္တန္ဘူး" "ငါကရုပ္ဆိုးတယ္" စတဲ႔အေတြးေတြကို ေခါင္းထဲအေရာက္မခံပါနဲ႔။ အသည္းကြဲေနခ်ိန္မွာ ရည္းစားေဟာင္းကို ေဒါကန္မိတာ သဘာဝပါ။ ျပတ္ဆဲရျခင္းဆိုတာ ႏွစ္ဖက္စလံုးမွာအမွားရွိႏိုင္ပါတယ္။

ငါ႔ေၾကာင္႔ဆိုျပီး ကိုယ္႔ကိုယ္ကိုယ္ အျပစ္တင္ျပီးလက္ေျမွာက္အရႈံးေပးလိုက္တာ မေကာင္းပါဘူး။ အသည္းကြဲျပီးေနာက္ပိုင္းမွာ ရက္အနည္းငယ္စိတ္ဓာတ္က်ေနႏိုင္ေပမယ္႔ စိတ္က်ေရာဂါေတာ႔အျဖစ္မခံပါနဲ႔။ ဖူးစာရွင္အစစ္ကိုရွာေတြ႕ဖို႔ ေျခလွမ္းတစ္လွမ္းတိုးလိုက္တယ္လို႔ပဲ သေဘာထားလိုက္ပါ။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
"လမ်းခွဲချိန်နောက်ပိုင်းမှာ ပင့်သက်တွေရှိုက်ရင်းသာ ကိုယ်စီကြေကွဲလို့နေရင်းနဲ့သာ~~~~" ဟန်ထွန်းသီချင်းလေးတောင်ရှိပါသေးတယ်။ လမ်းခွဲခြင်းဆိုတာ သူ့အချိန်တန်ပြီဆိုရင် မလွဲမသွေလက်ခံရမယ့် အရာတစ်ခုဖြစ်သလို လူ့ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းကြီးထဲမှာ နေနေသေးသရွေ့ကတော့ မလွဲမသွေ ကြုံတွေ့နေရဦးမယ့်အရာတစ်ခုလည်းဖြစ်ပါတယ်။

လမ်းခွဲချိန်ရောက်ပြီဆိုရင် နာကျင်ခံစားမှုတွေကို ဘယ်လိုကိုင်တွယ်ကြမလဲ။ ကျွန်တော်တို့အများစုကတော့ လမ်းခွဲချိန်ရောက်ရင် အသည်းကွဲတဲ့ဝေဒနာကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ညံ့ဖျင်းကြပါတယ်။

အသည်းကွဲပြီဆိုရင် တီဗွီကြည့်နေရင်း စိတ်နှလုံးကိုထိခိုက်စေတဲ့ သီချင်းတွေလာဖွင့်ရင် တီဗွီကို ရီမုနဲ့ကောက်ပေါက်မိတာတို့၊ ညကြီးသန်းခေါင် Ex ကိုဖုန်းထဆက်ပြီး ပြဿနာရှာမိတာတို့၊ Facebook ပေါ်မှာ ရည်းစားဟောင်းဘာတွေတင်ထားလဲ သွားချောင်းမိတာတို့လုပ်မိတတ်ကြပါတယ်။

အဲဒီအချိန်တုံးကတော့ ဒါတွေကိုမလုပ်သင့်မှန်းမမြင်ခဲ့ကြပေမယ့် နည်းနည်းသွေးအေးသွားပြီ၊ စိတ်အနည်ထိုင်သွားပြီ ဆိုတဲ့အချိန်ရောက်မှ "အဲဒီတုံးကဘာတွေလုပ်ခဲ့မိပါလိမ့်" ဆိုပြန်တွေးပြီး ရှက်တတ်ကြတာပါ။

ကောင်းမွန်တဲ့ လမ်းခွဲခြင်းဆိုတာ ဘယ်လိုမျိုးလဲ။ အသည်းကွဲတာကိုဘယ်လို ကိုင်တွယ်ကြမလဲ။ နောင်တချိန်မှာ နောင်တရမယ့်အရာတွေမလုပ်မိအောင် အသည်းကွဲနေချိန်မှာ လုပ်မိတတ်တဲ့အမှားလေးတွေကိုရှောင်ကြဉ်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
၁။ ကိုယ့်ကိုယ်ကိုလိမ်ညာတာ

ကျွန်တော်တို့ရဲ့ဦးနှောက်တွေက နှလုံးသားကနာကျင်နေကြောင်းသတင်းပို့လာတဲ့သတင်းပို့ချက်တွေကို မခံနိုင်တော့တဲ့အခါ ဦးနှောက်ရဲ့ Denial လို့ခေါ်တဲ့စနစ်က ထပြီးအလုပ် လုပ်ပါတော့တယ်။ အရာအားလုံး အဆင်ပြေနေပါတယ် လို့မိမိကိုယ်ကိုလိမ်ညာမိပါတော့တယ်။

ကြားဖူးနေကျစကားတစ်ခွန်းလိုပါပဲ။ လောကမှာ သူများကိုလိမ်ညာမိတာထက် ကိုယ့်ကိုယ်ကိုယ် လိမ်ညာမိတာက ပိုဆိုးပါတယ်။ ဒါကြောင့် အသည်းကွဲနေချိန်မှာ ပိုမိုမနာကျင်စေချင်ဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ်ညာနေတာကိုရပ်လိုက်ပါ။ ကျွန်တော်တို့တွေ နာကျင်မှုကိုရှောင်လွဲလို့မရပါဘူး။

နာကျင်စရာတွေကြုံလာတဲ့အခါ ကျွန်တော်တို့တွေ နာကျင်တတ်ပါတယ်။ ဒါဟာကျွန်တော်တို့ ခန္ဓာဗေဒရဲ့တစ်စိတ်တပိုင်းပါပဲ။ ဒီတော့နာကျင်မှုကိုရှောင်လွှဲနေမယ့်အစား ခေါင်းအုံးကိုလက်သီးနဲ့ထိုးပါ။ လူရှင်းတဲ့မြစ်ကမ်းဘေး သွားအော်ပါ။ ဒါမှမဟုတ် ဘေးအိမ်က ကြောင်ကိုအော်လွှတ်ပါ။

နောက်တစ်ခုက ငိုပါ။ ငိုတယ်ဆိုတာ လူသားဆန်ခြင်းရဲ့သင်္ကေတပါပဲ။ ယောကျ်ားလေးတွေလည်း ငိုနိုင်ပါတယ်။ ငိုတာနဲ့ပျော့ညံ့တာ ဘာမှမဆိုင်ပါဘူး။ ဒီလိုလုပ်တာကို "ပူဆွေးခြင်း" လို့ခေါ်ပြီး အသည်းကွဲခြင်း ဝေဒနာကိုပျောက်ကင်းစေတဲ့အထိရောက်ဆုံးနည်းလမ်းတစ်မျိုးပါပဲ။

ဟန်ဆောင်လိမ်ညာနေတာတွေကိုရပ်ပြီး ထုံထိုင်းနာကျင်မှုတွေကို ဖြတ်တောက်လိုက်ပါ။ ပျော်ရွှင်မှုအစစ်အမှန်က ခင်ဗျားကိုစောင့်ကြိုနေပါတယ်။

၂။ "သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်" သွားလုပ်တာ

ခင်ဗျားရဲ့ရည်းစားဟောင်း သူ့ရဲ့ရည်းစားအသစ်နဲ့တွဲသွား တွဲလာလုပ်တာကို ခင်ဗျားလက်ပိုက်ကြည့်နေနိုင်လား။ အဲဒီလိုလက်ပိုက်ကြည့်နေတာကလည်း ခင်ဗျားကိုနည်းနည်းလေးမှ မနာကျင်စေဘူးလား။ ဒါဆိုရင်တော့ ရည်းစားဟောင်းနဲ့ ပျော်ပျော်ကြီး သူငယ်ချင်းအဖြစ်ဆက်နေသွားနိုင်ပါတယ်။

သွေးအေးပြီ၊ အနည်ထိုင်ပြီဆိုရင် သူငယ်ချင်းအဖြစ်ဆက်နေသွားတာ ဘာမှမဖြစ်ပေမယ့် ပူပူနွေးနွေး လမ်းခွဲပြီးချိန်မှာ သူငယ်ချင်းလိုပဲ ဆက်နေဖို့ကြိုးစားတာက မိုက်မဲမှုပါပဲ။ အချိန်တစ်ခုယူပါ။ ပြတ်ပြီးပြီးချင်းတော့ ခင်ဗျားအသေချစ်ခဲ့တဲ့ မိန်းမ/ယောကျ်ားတစ်ယောက်ကို သူငယ်ချင်းအဖြစ် ဆက်ထားနိုင်ဦးမှာမဟုတ်တာ အသေအချာပါပဲ။
၃။ ကလဲ့စားချေဖို့ကြိုးစားတာ

ပြတ်ပြီးသားရည်းစားဟောင်းကို ကလဲ့စားချေဖို့ကြိုးစားတာက မစားရတဲ့အမဲ သဲနဲ့ပက်သလိုပါပဲ။ အဲဒီလိုလုပ်လိုက်လို့ ခင်ဗျားရဲ့စိတ်ကျေနပ်မှုကို ရရှိစေမှာမဟုတ်ပါဘူး။ ကလဲ့စားချေခြင်းက ခင်ဗျားရဲ့နာကျင်မှုတွေကို ပိုမိုတိုးပွားစေမယ်။ ပိုဆိုးတာက ခင်ဗျားကိုယ်ခင်ဗျားသူတို့အဆင့်ထိ ချလိုက်သလိုပါပဲ။ ဒီတော့ ခင်ဗျားအနေနဲ့ သစ္စာအဖောက်ခံရတယ်ဆိုရင်တောင် ကလဲ့စားချေဖို့ စဉ်းစားမနေပါနဲ့။ ခွင့်လွှတ်လိုက်ပါ။ ခွင့်မလွှတ်နိုင်ရင်တောင် မေ့ပစ်လိုက်ပါ။ ဒါကသာခင်ဗျားကိုငြိမ်းချမ်းစေပါတယ်။
၄။ အွန်လိုင်းမှာလိုက်ချောင်းတာ

လူမှုကွန်ရက်က တချို့အရာတွေကိုပိုလွယ်စေသလို တချို့အရာတွေကိုပိုခက်စေပါတယ်။ အရင်တုံးက သမီးရည်းစားပြတ်ဆဲရင် ပြန်သွားချောင်းဖို့ဆိုတာ သူ့အိမ်ထိသွားချောင်းမှရပေမယ့် ဒီခေတ်မှာတော့ လူမှုကွန်ရက်ဆိုတာကြီးရှိနေသရွေ့ အကောင့်တုနဲ့ပြန်သွားချောင်းလို့ရနေပါတယ်။ သွားမလုပ်ပါနဲ့။

နောက်တစ်ခုက ခင်ဗျားအသည်းကွဲတဲ့အကြောင်းတွေကို Facebook ပေါ်မှာမတင်ပါနဲ့။ ခဏတာ စိတ်ကျေနပ်မှု ရနိုင်ပေမယ့် တစ်ချိန်မှာခင်ဗျားဒါတွေကိုပြန်နောင်တ ရပါလိမ့်မယ်။ ပြတ်ပြီဆိုတာနဲ့ ရည်းစားဟောင်းကို Unfriend, Unfollow, Block သာတန်းလုပ်လိုက်ပါ။

ရည်းစားဟောင်း သူ့နောက်ဘဲနဲ့ ပျော်မြူးနေတာကို ညကြီးသန်းခေါင်တွေ့လိုက်ရတာလောက် အလုပ်ပျက်အကိုင်ပျက်ဖြစ်စေတာ မရှိတော့ပါဘူး။ ဖြစ်နိုင်ရင် Facebook account ကို တစ်ပတ်လောက် Deactivate လုပ်ထားလိုက်တာ အကောင်းဆုံးပါပဲ။

၅။ လက်မြှောက်အရှုံးပေးလိုက်တာ

"ငါ သူ့လိုလူနောက်တစ်ယောက် ထပ်မတွေ့နိုင်တော့ဘူး" "ငါက သူနဲ့မထိုက်တန်ဘူး" "ငါကရုပ်ဆိုးတယ်" စတဲ့အတွေးတွေကို ခေါင်းထဲအရောက်မခံပါနဲ့။ အသည်းကွဲနေချိန်မှာ ရည်းစားဟောင်းကို ဒေါကန်မိတာ သဘာဝပါ။ ပြတ်ဆဲရခြင်းဆိုတာ နှစ်ဖက်စလုံးမှာအမှားရှိနိုင်ပါတယ်။

ငါ့ကြောင့်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီးလက်မြှောက်အရှုံးပေးလိုက်တာ မကောင်းပါဘူး။ အသည်းကွဲပြီးနောက်ပိုင်းမှာ ရက်အနည်းငယ်စိတ်ဓာတ်ကျနေနိုင်ပေမယ့် စိတ်ကျရောဂါတော့အဖြစ်မခံပါနဲ့။ ဖူးစာရှင်အစစ်ကိုရှာတွေ့ဖို့ ခြေလှမ်းတစ်လှမ်းတိုးလိုက်တယ်လို့ပဲ သဘောထားလိုက်ပါ။

Credit:Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top