iMyanmarHouse.com - Best Property Website for Myanmar
×

စပ်စ္သီးရဲ႕အေစ့ထဲမွာ ပါဝင္တဲ့ သဘာဝျဒပ္ေပါင္းတစ္မ်ိဳးက သြားေတြကို ၾကံ႕ခိုင္ေစၿပီး သြားပိုးမစားေအာင္ ကာကြယ္ေပးႏိုင္တယ္လို႔ သိရပါတယ္။ ဒီေတြ႔႐ွိမႈရလဒ္ေၾကာင့္ ေနာက္ဆုိရင္ လူေတြဟာ သြားႏႈတ္ရတာေတြနည္းလာႏိုင္ၿပီး သြားေတြပိုခိုင္ၿမဲလာလိမ့္မယ္လို႔ ေလ့လာေတြ႔ရွိသူ ပညာရွင္ေတြက ယူဆၾကပါတယ္။

ဝိုင္ထုတ္လုပ္တဲ့အခါ ေဘးထြက္ပစၥည္းအေနနဲ႔ ထြက္လာတဲ့ စပ်စ္ေစ့ extract (စပ်စ္ေစ့မွထုတ္ႏုတ္ရယူေသာပစၥည္း)ကို က်န္းမာေရးနဲ႔ပတ္သက္တဲ့အစားအေသာက္ေရာင္းခ်တဲ့ဆုိင္ေတြမွာ ဝယ္လုိ႔ရပါတယ္။ ဒါေပမဲ့ လူေတြက စပ်စ္ေစ့ extract ဟာ ႏွလံုးရဲ႕လုပ္ေဆာင္ခ်က္ေတြ အားေကာင္းေစတယ္၊ ေသြးလည္ပတ္မႈ ပိုေကာင္းေစတယ္လို႔ပဲ သိခဲ့ၾကတာပါ။ ယခုေလ့လာမႈမွာေတာ့ ဒီ extract ဟာ သြားပိုးမစားေအာင္ ကာကြယ္ေပးႏိုင္သလို သြားကိုဖာေထးထားတဲ့ေနရာေတြကိုလည္း ပိုၿပီးၾကာၾကာခံေစမွန္း ေတြ႔ရွိခဲ့ၾကရပါတယ္။ သြားကိုအေရာင္တင္ထားတာေတြက ပံုမွန္ဆုိရင္ ၅ ႏွစ္မွ ၇ ႏွစ္အထိပဲ ခံပါတယ္။ စပ်စ္ေစ့ကရတဲ့ အဆီအႏွစ္ကို သံုးစြဲမယ္ဆုိ ၁၀ ႏွစ္မွ ၁၅ ႏွစ္ေလာက္ထိ စြဲၿမဲေနမွာျဖစ္ပါတယ္။

ေလ့လာမႈကိုေတာ့ ႐ွီကာဂိုသြားဘက္ဆိုင္ရာေကာလိပ္၊ အီလီႏြိဳက္တကၠသိုလ္ရဲ႕ သိပၸံပညာရွင္ေတြက ျပဳလုပ္ခဲ့ၾကတာပါ။ စပ်စ္ေစ့အဆီအႏွစ္ဟာ သြားရဲ႕အဓိကအစိတ္အပိုင္းျဖစ္တဲ့ မာေက်ာသိပ္သည္းတဲ့တစ္ရႈးစကို ပိုမိုခိုင္မာေစတယ္လုိ႔ သိရပါတယ္။ သြားေၾကြလႊာရဲ႕ေအာက္မွာ တည္ရွိတဲ့တစ္ရႈးစ ျဖစ္ပါတယ္။

သြားေတြပ်က္စီးေနတယ္ဆုိရင္ေတာင္မွ စပ်စ္ေစ့အဆီအႏွစ္ကို အသံုးျပဳေပးသြားမယ္ဆုိရင္ က်န္တဲ့သြားအစိတ္အပိုင္းေတြကို ပိုမိုမာေၾကာခိုင္ခံ့ေစၿပီး သြားေပါက္ကိုဖာထားတဲ့အရာနဲ႔ ခ်ိတ္ဆက္မႈျဖစ္ေစကာ သြားေတြကိုပိုေကာင္းေစမွာ ျဖစ္ပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
စပျစ်သီးရဲ့အစေ့ထဲမှာ ပါဝင်တဲ့ သဘာဝဒြပ်ပေါင်းတစ်မျိုးက သွားတွေကို ကြံ့ခိုင်စေပြီး သွားပိုးမစားအောင် ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒီတွေ့ရှိမှုရလဒ်ကြောင့် နောက်ဆိုရင် လူတွေဟာ သွားနှုတ်ရတာတွေနည်းလာနိုင်ပြီး သွားတွေပိုခိုင်မြဲလာလိမ့်မယ်လို့ လေ့လာတွေ့ရှိသူ ပညာရှင်တွေက ယူဆကြပါတယ်။

ဝိုင်ထုတ်လုပ်တဲ့အခါ ဘေးထွက်ပစ္စည်းအနေနဲ့ ထွက်လာတဲ့ စပျစ်စေ့ extract (စပျစ်စေ့မှထုတ်နုတ်ရယူသောပစ္စည်း)ကို ကျန်းမာရေးနဲ့ပတ်သက်တဲ့အစားအသောက်ရောင်းချတဲ့ဆိုင်တွေမှာ ဝယ်လို့ရပါတယ်။ ဒါပေမဲ့ လူတွေက စပျစ်စေ့ extract ဟာ နှလုံးရဲ့လုပ်ဆောင်ချက်တွေ အားကောင်းစေတယ်၊ သွေးလည်ပတ်မှု ပိုကောင်းစေတယ်လို့ပဲ သိခဲ့ကြတာပါ။ ယခုလေ့လာမှုမှာတော့ ဒီ extract ဟာ သွားပိုးမစားအောင် ကာကွယ်ပေးနိုင်သလို သွားကိုဖာထေးထားတဲ့နေရာတွေကိုလည်း ပိုပြီးကြာကြာခံစေမှန်း တွေ့ရှိခဲ့ကြရပါတယ်။ သွားကိုအရောင်တင်ထားတာတွေက ပုံမှန်ဆိုရင် ၅ နှစ်မှ ၇ နှစ်အထိပဲ ခံပါတယ်။ စပျစ်စေ့ကရတဲ့ အဆီအနှစ်ကို သုံးစွဲမယ်ဆို ၁၀ နှစ်မှ ၁၅ နှစ်လောက်ထိ စွဲမြဲနေမှာဖြစ်ပါတယ်။

လေ့လာမှုကိုတော့ ရှီကာဂိုသွားဘက်ဆိုင်ရာကောလိပ်၊ အီလီနွိုက်တက္ကသိုလ်ရဲ့ သိပ္ပံပညာရှင်တွေက ပြုလုပ်ခဲ့ကြတာပါ။ စပျစ်စေ့အဆီအနှစ်ဟာ သွားရဲ့အဓိကအစိတ်အပိုင်းဖြစ်တဲ့ မာကျောသိပ်သည်းတဲ့တစ်ရှုးစကို ပိုမိုခိုင်မာစေတယ်လို့ သိရပါတယ်။ သွားကြွေလွှာရဲ့အောက်မှာ တည်ရှိတဲ့တစ်ရှုးစ ဖြစ်ပါတယ်။

သွားတွေပျက်စီးနေတယ်ဆိုရင်တောင်မှ စပျစ်စေ့အဆီအနှစ်ကို အသုံးပြုပေးသွားမယ်ဆိုရင် ကျန်တဲ့သွားအစိတ်အပိုင်းတွေကို ပိုမိုမာကြောခိုင်ခံ့စေပြီး သွားပေါက်ကိုဖာထားတဲ့အရာနဲ့ ချိတ်ဆက်မှုဖြစ်စေကာ သွားတွေကိုပိုကောင်းစေမှာ ဖြစ်ပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top