iMyanmarHouse.com - Best Property Website for Myanmar
×

သမီးရည္းစားဆက္ဆံေရးဆိုတာဟာ မၾကာခဏျဖစ္ေနတဲ႔ သံသယေတြ ၊ နားခါးလွတဲ႔

စြပ္စြဲခ်က္ေတြနဲ႔ ေလေပြတစ္ခုလို ျပီးဆံုးသြားတတ္ပါတယ္။ သင္မရည္ရြယ္လိုက္တဲ႔

အဓိပၸာယ္နဲ႔ နည္းနည္းေလးေျပာလိုက္တာျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ္႔ သူမကေတာ႔

ျပန္လည္ တိုက္ခိုက္တတ္ပါတယ္။ သူမ ေတြးလိုက္မိတာ အျခား အဓိပၸာယ္ျဖစ္သြားႏိုင္တာ

ေၾကာင္႔ ျပႆနာဆိုတာ အလြယ္ေလးတက္လို႔ရပါျပီ။ ကဲ အခုအခ်ိန္ခဏေလးေပးျပီးေတာ႔

ခင္ဗ်ားအေနနဲ႔ ဘာကိုဆံုးရႈံးသြားခဲဲ႔ျပီလည္းဆိုတာကုိ စဥ္းစားၾကည္႔ရေအာင္။ ကုိယ္႔ကုိကိုယ္

သိပါတယ္။ သူမကုိ ျပန္လိုအပ္ေနတယ္ဆိုတာ။ ဒါဆိုရင္ေတာ႔ ေအာက္ကနည္းလမ္း

ေလးေတြကုိ တစ္ခ်က္ဖတ္ၾကည္႔ျပီးေတာ႔ ဘာဆက္လုပ္သင္႔သလည္းဆိုတာစဥ္းစားလိုက္ပါ။

 သင္႔ရဲ႕ ဘ၀လမ္းေၾကာင္းကုိ ျပန္လည္တည္ေဆာက္ပါ

မိန္းကေလးေတြဆိုတာဟာ ေယာက္်ားတစ္ေယာက္ ကုိယ့္အားကိုယ္ကုိးေနတာကုိဘဲ

လိုခ်င္ၾကပါတယ္။ သင္တို႔ႏွစ္ေယာက္ ခ်စ္ၾကိဳက္ေနစဥ္ကာလတုန္းက ေကာင္မေလး အေနနဲ႔

သင့္ရဲ႕ အလုပ္အကုိင္နဲ႔ ပတ္သက္ျပီး တစ္စံုတစ္ခုေျပာေကာင္းေျပာႏိုင္ပါတယ္။

တခါတရံမွာလည္း ကုိယ္ကုိယ္တိုင္ တိုးတက္ေအာင္လုပ္ႏိုင္တယ္ဆိုျပီး၊ ငါဟာ ေအာင္ျမင္

လာႏိုင္တဲ႔ သူတစ္ေယာက္ျဖစ္တယ္ဆိုတာကုိ ေတြးဖူးပါလိမ္႔မယ္။ အခုအခ်ိန္ဟာ

လက္ေတြ႕ထလုပ္ဖုိ႔အတြက္ အခ်ိန္ေကာင္းပါဘဲ။

စိတ္ခံစားခ်က္ကုိ ျပန္လည္အသက္သြင္းပါ

ကုိယ္စိတ္ကုိယ္မႏိုင္ဘူး။ မထိန္းခ်ဳပ္ႏုိင္ဘူးဆိုရင္ေတာ႔ ရည္းစားေဟာင္းအနားမွာ ျပန္လည္

ရပ္တည္ႏိုင္ဖို႔ အခြင္႔အေရးေတာင္ ရမွာမဟုတ္ေတာ႔ပါဘူး။ အမ်ိဳးသမီးေတြက

လိုအပ္ခ်က္ေတြ၊ ကပ္ေစးနဲတာေတြ၊ရမ္းကားၾကမ္းတမ္းတဲ႔ ေယာက္်ားေတြကုိ မၾကိဳက္

ပါဘူး။ ဒါေၾကာင္႔မို႔လို႔သူမရဲ႕ အာရုံစိုက္မႈကုိ ျပန္လည္လိုခ်င္တယ္ဆိုရင္ေတာ႔

သင္ကုိယ္႔သင္ မွန္ကန္တဲ႔ လမ္းေၾကာငး္ေပၚအရင္ေရာက္ေအာင္သြားဖို႔လိုပါတယ္။

အ၀တ္အစားသစ္အနည္းငယ္၀ယ္ပါ

အသစ္အသစ္ေသာ အက်ီေတြက အသစ္အသစ္ေသာ အေတြ႕အၾကံဳေတြကုိ ေခၚေဆာင္

လာပါတယ္။သင္႔အတြက္ သိမ္သိမ္ေမြ႕ေမြ႕ႏွင္႔ ေျပာင္းလဲသြားမယ္႔ အေျပာင္းအလဲ

တစ္ခုပါဘဲ။တကယ္လို႔မ်ား အက်ီအသစ္ ေဘာင္းဘီအသစ္၀ယ္ေတာ႔မယ္ဆိုရင္လည္း

ဆြဲေဆာင္မႈရွိၿပီး သူမမ်က္လံုးထဲမွာ သင္ဟာ ၾကည္႔ေကာင္းေနတယ္ဆိုတဲ႔ ဖက္ရွင္ေတြ

ကုိ ၀တ္ဆင္ပါ။ ဒီလို ဖက္ရွင္ေျပာင္းလဲလိုက္ျခင္းဟာလည္း သူမအတြက္ ဒါဟာ

ေကာင္းေသာ ေျပာင္းလဲမႈတစ္ခုျဖစ္တယ္လို႔ ျမင္ႏိုင္ပါတယ္။
သ၀န္တိုေနတာေတြကုိ ရပ္လိုက္ပါ

သ၀န္တိုတယ္ဆိုတာ သင္႔အတြက္ အခ်ိန္မေရြးျဖစ္ႏိုင္ပါတယ္။ သ၀န္တိုတယ္ဆိုတာ

ေၾကာက္ရြံ႕ျခင္းႏွင္႔ စိုးရိမ္ျခင္းေတြႏွင္႔ ပတ္သက္ေနပါတယ္။သင္ဟာ ခ်စ္သူေကာင္မေလး

ကို ႏႈတ္နဲ႔ ဖြင္႔မေျပာရင္ေတာင္မွ သူမကုိ ထိန္းခ်ဳပ္ခ်င္ေၾကာင္းျပသခဲ႔တယ္ဆိုပါစုိ႕။

ဘယ္သူမွ ထိန္းခ်ဳပ္မခံခ်င္ပါဘူး။ ဒါေၾကာင္႔မို႔လို႔ သင္႔ရဲ႕ သ၀န္တိုမႈကုိ တတ္ႏိုင္သ

ေလာက္ျပန္တိုက္ထုတ္ဖို႔ ၾကိဳးစားပါ။

ဘာမွအမွားမရွိဘူးလို႔ သရုပ္ေဆာင္ပါ။ ဟန္ေဆာင္ပါ။

သင္႔ရဲ႕ ဇြဲသတၱိေတြ အားလံုးဟာ အ၀တ္ေလွ်ာ္စက္ထဲက အ၀တ္အစားေတြလို ျဖစ္ေန

တယ္ဆိုရင္ေတာင္မွ အဲ႔တာေတြ သူမကုိ ေပးမသိပါနဲ႔။ မသိပါေစနဲ႔။ တကယ္လို႔မ်ား

သင္ကုိယ္တိုင္ စိတ္ဓာတ္က်ေနမယ္။စိတ္ေတြညစ္ေနမယ္။ စိတ္ေတြတိုေနမယ္ဆိုရင္

ေတာ႔ သူမျပန္လာခ်င္မွာ မဟုတ္ပါဘူး။ ေကာင္းမြန္တဲ႔ အခ်ိန္ေတြ၊ အခိုက္အတန္႔ေတြ

ရလာေအာင္လို႔ ရယ္ေမာေနႏိုင္ေအာင္ ၾကိဳးစားထားပါ။ တကယ္ကုိ ဟန္ေဆာင္လို႔

မရေအာင္ စိတ္ဓာတ္ေတြက်ေနျပီဆုိရင္ သင္႔ရဲ႕ မိသားစု၊ သူငယ္ခ်င္းေတြရဲ႕အနားမွာ

သြားေနပါ။ ဘယ္ေတာ႔မွ ေခ်ာင္ထဲမွာ တစ္ေယာက္ထဲ ကပ္ေနျပီးေတာ႔ သူမသင္႔ဆီ

ျပန္လာမွာပါဆိုျပီး ေမွ်ာ္လင္႔မေနပါနဲ႔။

ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတတ္တဲ႔ အက်င္႔ရွိေအာင္ၾကိဳးစားပါ။

မိန္းကေလးေတြက ဘယ္လိုေယာက္်ားေလး အမ်ိဳးအစားေတြကုိ ရွာေဖြတတ္ၾက

တယ္လို႔ေျပာတာၾကားဖူးပါသလဲ? ေပ်ာ္ရႊင္တတ္ျပီးေတာ႔ အေကာင္းျမင္တတ္တ႔ဲ

လူမ်ိဳးကုိ ရွာတတ္ၾကပါတယ္။ ဒီအခ်က္ႏွစ္ခ်က္ကလည္း ဆြဲေဆာင္မႈရွိပါတယ္။

ဘာလို႔လည္းဆိုေတာ႔ ဒီအက်င္႔ေတြရွိတဲ႔ သူေတြဟာ အျခားသူေတြကုိပါ

ငယ္ရြယ္သြားႏိုင္ေအာင္ ေပ်ာ္ရႊင္သြားႏိုင္ေအာင္ျပဳလုပ္ႏိုင္ၾကတယ္ေလ။

Credit:Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
သမီးရည်းစားဆက်ဆံရေးဆိုတာဟာ မကြာခဏဖြစ်နေတဲ့ သံသယတွေ ၊ နားခါးလှတဲ့

စွပ်စွဲချက်တွေနဲ့ လေပွေတစ်ခုလို ပြီးဆုံးသွားတတ်ပါတယ်။ သင်မရည်ရွယ်လိုက်တဲ့

အဓိပ္ပာယ်နဲ့ နည်းနည်းလေးပြောလိုက်တာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူမကတော့

ပြန်လည် တိုက်ခိုက်တတ်ပါတယ်။ သူမ တွေးလိုက်မိတာ အခြား အဓိပ္ပာယ်ဖြစ်သွားနိုင်တာ

ကြောင့် ပြဿနာဆိုတာ အလွယ်လေးတက်လို့ရပါပြီ။ ကဲ အခုအချိန်ခဏလေးပေးပြီးတော့

ခင်ဗျားအနေနဲ့ ဘာကိုဆုံးရှုံးသွားခဲ့ပြီလည်းဆိုတာကို စဉ်းစားကြည့်ရအောင်။ ကိုယ့်ကိုကိုယ်

သိပါတယ်။ သူမကို ပြန်လိုအပ်နေတယ်ဆိုတာ။ ဒါဆိုရင်တော့ အောက်ကနည်းလမ်း

လေးတွေကို တစ်ချက်ဖတ်ကြည့်ပြီးတော့ ဘာဆက်လုပ်သင့်သလည်းဆိုတာစဉ်းစားလိုက်ပါ။

 သင့်ရဲ့ ဘဝလမ်းကြောင်းကို ပြန်လည်တည်ဆောက်ပါ

မိန်းကလေးတွေဆိုတာဟာ ယောက်ျားတစ်ယောက် ကိုယ့်အားကိုယ်ကိုးနေတာကိုဘဲ

လိုချင်ကြပါတယ်။ သင်တို့နှစ်ယောက် ချစ်ကြိုက်နေစဉ်ကာလတုန်းက ကောင်မလေး အနေနဲ့

သင့်ရဲ့ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး တစ်စုံတစ်ခုပြောကောင်းပြောနိုင်ပါတယ်။

တခါတရံမှာလည်း ကိုယ်ကိုယ်တိုင် တိုးတက်အောင်လုပ်နိုင်တယ်ဆိုပြီး၊ ငါဟာ အောင်မြင်

လာနိုင်တဲ့ သူတစ်ယောက်ဖြစ်တယ်ဆိုတာကို တွေးဖူးပါလိမ့်မယ်။ အခုအချိန်ဟာ

လက်တွေ့ထလုပ်ဖို့အတွက် အချိန်ကောင်းပါဘဲ။

စိတ်ခံစားချက်ကို ပြန်လည်အသက်သွင်းပါ

ကိုယ်စိတ်ကိုယ်မနိုင်ဘူး။ မထိန်းချုပ်နိုင်ဘူးဆိုရင်တော့ ရည်းစားဟောင်းအနားမှာ ပြန်လည်

ရပ်တည်နိုင်ဖို့ အခွင့်အရေးတောင် ရမှာမဟုတ်တော့ပါဘူး။ အမျိုးသမီးတွေက

လိုအပ်ချက်တွေ၊ ကပ်စေးနဲတာတွေ၊ရမ်းကားကြမ်းတမ်းတဲ့ ယောက်ျားတွေကို မကြိုက်

ပါဘူး။ ဒါကြောင့်မို့လို့သူမရဲ့ အာရုံစိုက်မှုကို ပြန်လည်လိုချင်တယ်ဆိုရင်တော့

သင်ကိုယ့်သင် မှန်ကန်တဲ့ လမ်းကြောင်းပေါ်အရင်ရောက်အောင်သွားဖို့လိုပါတယ်။

အဝတ်အစားသစ်အနည်းငယ်ဝယ်ပါ

အသစ်အသစ်သော အကျီတွေက အသစ်အသစ်သော အတွေ့အကြုံတွေကို ခေါ်ဆောင်

လာပါတယ်။သင့်အတွက် သိမ်သိမ်မွေ့မွေ့နှင့် ပြောင်းလဲသွားမယ့် အပြောင်းအလဲ

တစ်ခုပါဘဲ။တကယ်လို့များ အကျီအသစ် ဘောင်းဘီအသစ်ဝယ်တော့မယ်ဆိုရင်လည်း

ဆွဲဆောင်မှုရှိပြီး သူမမျက်လုံးထဲမှာ သင်ဟာ ကြည့်ကောင်းနေတယ်ဆိုတဲ့ ဖက်ရှင်တွေ

ကို ဝတ်ဆင်ပါ။ ဒီလို ဖက်ရှင်ပြောင်းလဲလိုက်ခြင်းဟာလည်း သူမအတွက် ဒါဟာ

ကောင်းသော ပြောင်းလဲမှုတစ်ခုဖြစ်တယ်လို့ မြင်နိုင်ပါတယ်။
သဝန်တိုနေတာတွေကို ရပ်လိုက်ပါ

သဝန်တိုတယ်ဆိုတာ သင့်အတွက် အချိန်မရွေးဖြစ်နိုင်ပါတယ်။ သဝန်တိုတယ်ဆိုတာ

ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ခြင်းတွေနှင့် ပတ်သက်နေပါတယ်။သင်ဟာ ချစ်သူကောင်မလေး

ကို နှုတ်နဲ့ ဖွင့်မပြောရင်တောင်မှ သူမကို ထိန်းချုပ်ချင်ကြောင်းပြသခဲ့တယ်ဆိုပါစို့။

ဘယ်သူမှ ထိန်းချုပ်မခံချင်ပါဘူး။ ဒါကြောင့်မို့လို့ သင့်ရဲ့ သဝန်တိုမှုကို တတ်နိုင်သ

လောက်ပြန်တိုက်ထုတ်ဖို့ ကြိုးစားပါ။

ဘာမှအမှားမရှိဘူးလို့ သရုပ်ဆောင်ပါ။ ဟန်ဆောင်ပါ။

သင့်ရဲ့ ဇွဲသတ္တိတွေ အားလုံးဟာ အဝတ်လျှော်စက်ထဲက အဝတ်အစားတွေလို ဖြစ်နေ

တယ်ဆိုရင်တောင်မှ အဲ့တာတွေ သူမကို ပေးမသိပါနဲ့။ မသိပါစေနဲ့။ တကယ်လို့များ

သင်ကိုယ်တိုင် စိတ်ဓာတ်ကျနေမယ်။စိတ်တွေညစ်နေမယ်။ စိတ်တွေတိုနေမယ်ဆိုရင်

တော့ သူမပြန်လာချင်မှာ မဟုတ်ပါဘူး။ ကောင်းမွန်တဲ့ အချိန်တွေ၊ အခိုက်အတန့်တွေ

ရလာအောင်လို့ ရယ်မောနေနိုင်အောင် ကြိုးစားထားပါ။ တကယ်ကို ဟန်ဆောင်လို့

မရအောင် စိတ်ဓာတ်တွေကျနေပြီဆိုရင် သင့်ရဲ့ မိသားစု၊ သူငယ်ချင်းတွေရဲ့အနားမှာ

သွားနေပါ။ ဘယ်တော့မှ ချောင်ထဲမှာ တစ်ယောက်ထဲ ကပ်နေပြီးတော့ သူမသင့်ဆီ

ပြန်လာမှာပါဆိုပြီး မျှော်လင့်မနေပါနဲ့။

ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ အကျင့်ရှိအောင်ကြိုးစားပါ။

မိန်းကလေးတွေက ဘယ်လိုယောက်ျားလေး အမျိုးအစားတွေကို ရှာဖွေတတ်ကြ

တယ်လို့ပြောတာကြားဖူးပါသလဲ? ပျော်ရွှင်တတ်ပြီးတော့ အကောင်းမြင်တတ်တဲ့

လူမျိုးကို ရှာတတ်ကြပါတယ်။ ဒီအချက်နှစ်ချက်ကလည်း ဆွဲဆောင်မှုရှိပါတယ်။

ဘာလို့လည်းဆိုတော့ ဒီအကျင့်တွေရှိတဲ့ သူတွေဟာ အခြားသူတွေကိုပါ

ငယ်ရွယ်သွားနိုင်အောင် ပျော်ရွှင်သွားနိုင်အောင်ပြုလုပ်နိုင်ကြတယ်လေ။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top