iMyanmarHouse.com - Best Property Website for Myanmar
×

အေမြးအမွင္ဆုိတာ သူ႔ေနရာနဲ႔သူ သန္ေနတာပဲေကာင္းတယ္။ ဆံပင္သန္တာ ေကာင္းေပမဲ့ ခ်ိဳင္းေမႊးသန္ေနရင္ေတာ့ မႀကိဳက္ဘူးမုိ႔လား။ တျခားေသာ မလိုခ်င္တဲ့ အေမြးအမွင္ေတြကိုလည္း နည္းအမ်ိဳးမ်ိဳးနဲ႔ ႐ွင္းလင္းေနရတာပဲ။ အေမြးေတြကို ရိတ္ပစ္တဲ့နည္းနဲ႔ ရွင္းေနသူေတြဟာ ဒီအမွားေတြကို လုပ္ေနမိၾကတယ္။

၁။ ဘလိတ္ဓားကိုမၾကာခဏမလဲဘူး

ဟိတ္... ငပ်င္းေလးေတြလို႔ ေခၚလိုက္မွာပဲ။ ဘလိတ္ဓားကိုမလဲဘဲ အၾကာႀကီးသံုးေနတာ ေကာင္းတယ္လို႔မ်ား ထင္ေနလို႔လားဟင္။ ဘလိတ္ဓားကို အသစ္မလဲဘဲ အၾကာႀကီးသံုးေနရင္ ရိတ္လို႔လည္းမေကာင္းဘူး၊ အေရျပားကိုလည္း ထိခိုက္ေစတယ္။ ဒါတင္မက ဘက္တီးရီးယားေတြကပ္ေနတဲ့ ဘလိတ္ဓားအေဟာင္းေၾကာင့္ အသားအေရမွာ ေရာဂါပိုးေတြကပ္ၿငိႏိုင္တယ္။

၂။ မရိတ္ခင္ exfoliate မလုပ္ဘူး

ဆဲလ္ေသေတြဖယ္ရွားျခင္း (exfoliate) အရင္လုပ္ၿပီးမွ အေမြးေတြရိတ္ရပါတယ္။ အေမြးရိတ္တဲ့အခါ သံုးရတဲ့ ခရင္မ္၊ ဂ်ယ္လ္ စသျဖင့္ အမ်ိဳးမ်ိဳးရွိတယ္။ အဲ့တာေလးကို အရင္သံုးထားရင္ အေမြးရိတ္ရတာ ေခ်ာေခ်ာေမြ႕ေမြ႕ေလးျဖစ္တယ္။ ပိုေျပာင္တယ္။ အသားကိုလည္း မထိေတာ့ဘူး။

၃။ ဖိအားသံုးတယ္

အေမြးရိတ္တံကို အားပါးတရကိုင္ၿပီး ရိတ္ေနတာ မေကာင္းဘူးေနာ္။ ဖိၿပီးရိတ္ေနရင္ ပိုေျပာင္မယ္လို႔ မထင္ပါနဲ႔။ ဓားနဲ႔ဖိရိတ္တဲ့အခါ အေရျပားယားယံမႈေတြ ျဖစ္လာႏိုင္တယ္။ ဖြဖြေလးပဲရိတ္လည္း ေျပာင္ပါတယ္။

၄။ ဓားအမ်ိဳးအစား

အေမြးရိတ္တာပဲ ဘာနဲ႔ရိတ္ရိတ္ ရတယ္လို႔ေတြးတယ္။ ဟုတ္လား? ေယာက္်ားသံုး မုတ္ဆိတ္ရိတ္တံနဲ႔ ရိတ္လည္းေျပာင္သြားတာေတာ့ ဟုတ္ပါရဲ႕။ အေကာင္းဆံုးရလဒ္ေတာ့ ထြက္လာမွာမဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆုိေတာ့ ေယာက္်ားေလးေတြရဲ႕ခႏၶာကိုယ္အတြက္ လိုက္ဖက္ေအာင္ ရည္ရြယ္ထုတ္လုပ္ထားတဲ့ပစၥည္းကို အမ်ိဳးသမီးေတြရဲ႕ခႏၶာကိုယ္အစိတ္အပိုင္းမွာ အသံုးျပဳတာမို႔လို႔ပါ။ အမ်ိဳးသမီးသံုး အေမြးရိတ္တံေတြရိွိပါတယ္။ မုတ္ဆိတ္ရိတ္တံနဲ႔ ခပ္ဆင္ဆင္ဆုိေပမဲ့ တကယ္တမ္းက် သူက နည္းနည္းေလးေကြးေနတယ္။ အမ်ိဳးသမီးေတြနဲ႔ ကိုက္ညီေအာင္ တမင္ဒီဇိုင္းထြင္ထားတာပါ။

၅။ အစိုဓာတ္ျပန္ျဖည့္ဖို႔ေမ့ေနတယ္

အေမြးေတြေျပာင္သြားၿပီ၊ ေသေသခ်ာခ်ာလည္း ေဆးေၾကာၿပီးၿပီ။ ဒါနဲ႔တင္မၿပီးဘူးေနာ္။ အေမြးရိတ္ထားလို႔ ၾကမ္းတမ္းသြားတဲ့ အေရျပားကို အစိုဓာတ္ျပန္ျဖည့္ေပးရေသးတယ္။ အစိုဓာတ္ျဖည့္ခရင္မ္ ဒါမွမဟုတ္ body lotion ေလးကို လိမ္းထားေပးလို႔ ရပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အမွေးအမှင်ဆိုတာ သူ့နေရာနဲ့သူ သန်နေတာပဲကောင်းတယ်။ ဆံပင်သန်တာ ကောင်းပေမဲ့ ချိုင်းမွှေးသန်နေရင်တော့ မကြိုက်ဘူးမို့လား။ တခြားသော မလိုချင်တဲ့ အမွေးအမှင်တွေကိုလည်း နည်းအမျိုးမျိုးနဲ့ ရှင်းလင်းနေရတာပဲ။ အမွေးတွေကို ရိတ်ပစ်တဲ့နည်းနဲ့ ရှင်းနေသူတွေဟာ ဒီအမှားတွေကို လုပ်နေမိကြတယ်။

၁။ ဘလိတ်ဓားကိုမကြာခဏမလဲဘူး

ဟိတ်... ငပျင်းလေးတွေလို့ ခေါ်လိုက်မှာပဲ။ ဘလိတ်ဓားကိုမလဲဘဲ အကြာကြီးသုံးနေတာ ကောင်းတယ်လို့များ ထင်နေလို့လားဟင်။ ဘလိတ်ဓားကို အသစ်မလဲဘဲ အကြာကြီးသုံးနေရင် ရိတ်လို့လည်းမကောင်းဘူး၊ အရေပြားကိုလည်း ထိခိုက်စေတယ်။ ဒါတင်မက ဘက်တီးရီးယားတွေကပ်နေတဲ့ ဘလိတ်ဓားအဟောင်းကြောင့် အသားအရေမှာ ရောဂါပိုးတွေကပ်ငြိနိုင်တယ်။

၂။ မရိတ်ခင် exfoliate မလုပ်ဘူး

ဆဲလ်သေတွေဖယ်ရှားခြင်း (exfoliate) အရင်လုပ်ပြီးမှ အမွေးတွေရိတ်ရပါတယ်။ အမွေးရိတ်တဲ့အခါ သုံးရတဲ့ ခရင်မ်၊ ဂျယ်လ် စသဖြင့် အမျိုးမျိုးရှိတယ်။ အဲ့တာလေးကို အရင်သုံးထားရင် အမွေးရိတ်ရတာ ချောချောမွေ့မွေ့လေးဖြစ်တယ်။ ပိုပြောင်တယ်။ အသားကိုလည်း မထိတော့ဘူး။

၃။ ဖိအားသုံးတယ်

အမွေးရိတ်တံကို အားပါးတရကိုင်ပြီး ရိတ်နေတာ မကောင်းဘူးနော်။ ဖိပြီးရိတ်နေရင် ပိုပြောင်မယ်လို့ မထင်ပါနဲ့။ ဓားနဲ့ဖိရိတ်တဲ့အခါ အရေပြားယားယံမှုတွေ ဖြစ်လာနိုင်တယ်။ ဖွဖွလေးပဲရိတ်လည်း ပြောင်ပါတယ်။

၄။ ဓားအမျိုးအစား

အမွေးရိတ်တာပဲ ဘာနဲ့ရိတ်ရိတ် ရတယ်လို့တွေးတယ်။ ဟုတ်လား? ယောက်ျားသုံး မုတ်ဆိတ်ရိတ်တံနဲ့ ရိတ်လည်းပြောင်သွားတာတော့ ဟုတ်ပါရဲ့။ အကောင်းဆုံးရလဒ်တော့ ထွက်လာမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ယောက်ျားလေးတွေရဲ့ခန္ဓာကိုယ်အတွက် လိုက်ဖက်အောင် ရည်ရွယ်ထုတ်လုပ်ထားတဲ့ပစ္စည်းကို အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းမှာ အသုံးပြုတာမို့လို့ပါ။ အမျိုးသမီးသုံး အမွေးရိတ်တံတွေရှိပါတယ်။ မုတ်ဆိတ်ရိတ်တံနဲ့ ခပ်ဆင်ဆင်ဆိုပေမဲ့ တကယ်တမ်းကျ သူက နည်းနည်းလေးကွေးနေတယ်။ အမျိုးသမီးတွေနဲ့ ကိုက်ညီအောင် တမင်ဒီဇိုင်းထွင်ထားတာပါ။

၅။ အစိုဓာတ်ပြန်ဖြည့်ဖို့မေ့နေတယ်

အမွေးတွေပြောင်သွားပြီ၊ သေသေချာချာလည်း ဆေးကြောပြီးပြီ။ ဒါနဲ့တင်မပြီးဘူးနော်။ အမွေးရိတ်ထားလို့ ကြမ်းတမ်းသွားတဲ့ အရေပြားကို အစိုဓာတ်ပြန်ဖြည့်ပေးရသေးတယ်။ အစိုဓာတ်ဖြည့်ခရင်မ် ဒါမှမဟုတ် body lotion လေးကို လိမ်းထားပေးလို့ ရပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top