iMyanmarHouse.com - Best Property Website for Myanmar
×

မိုးရာသီမွာ ခရီးထြက္ေလ့ မရွိၾကပါဘူး။ ဒါေပမယ့္ မုိးရာသီမွာပဲ ရႏုိင္တဲ့အားသာခ်က္ေတြ ရွိပါတယ္။

၁ - ျမင္ကြင္း

ေဆာင္းရာသီ၊ ေႏြရာသီျမင္ကြင္းေတြဟာ သေဘာက်စရာေကာင္းသလို မုိးရာသီျမင္ကြင္းေတြမွာလည္း သေဘာက်ႏွစ္သက္စရာေတြ ရွိပါတယ္။ မိုးေတြရြာေနတဲ့အခ်ိန္မွာ ေကာ္ဖီဆိုင္တစ္ဆုိင္ရဲ႕ မွန္ေနာက္ကေန လူေတြသြားေနတာကို ၾကည့္ရတာကို ၾကိဳက္တယ္ဆိုတဲ့လူမ်ိဳး ၾကံဳဖူးပါတယ္။ ဒီလိုပါပဲ မိုးရာသီမွ ကမ္းေျခဘက္သြားျပီး လိႈင္းေတြထန္ေနတဲ့ ပင္လယ္ၾကီးကို ၾကည့္ရတာ၊ ညိဳ႕မိႈင္းေနတဲ့ ေတာင္တန္းေတြကို ၾကည့္ရတာေတြကိုမွ ၾကိဳက္တယ္ဆိုသူေတြလည္း ရွိပါတယ္။ မိုးရာသီမွာ ခရီးထြက္ရတာဟာ အရသာတစ္မ်ိဳးေပးႏုိင္ပါတယ္။

၂ - မိုးရြာျပီး

မိုးရြာျပီးစ ရာသီဥတုၾကည္လင္သြားတဲ့အခ်ိန္မွာ ျဖစ္ေပၚလာတဲ့ ျမင္ကြင္းဟာ ဘာနဲ႔မွတူပါဘူး။ ေျမနံ႔သင္းသင္းနဲ႔ အရာရာဟာ စိမ္းလန္းေနတာပါ။ ေက်းငွက္ေတြဟာ ေျပးထြက္လာၾကျပီး ျမဴးတူးေနၾကတာပါ။ ပန္းေတြဟာလည္း ပိုေပ်ာ္ေနၾကသလိုပါပဲ။ ဒီလို အရသာမ်ိဳးကိုရဖို႔ ဘယ္လိုေနရာမ်ိဳးကို သြားမယ္ဆိုတာကိုေတာ့ ေရြးခ်ယ္တတ္ဖို႔ လိုပါတယ္။

၃ - ဟုိတယ္ေစ်းႏႈန္း

မိုးရာသီမွာ ခရီးသြားသင့္တဲ့ အေၾကာင္းအရင္းေတြထဲက အေကာင္းဆံုးအခ်က္ ျဖစ္ပါတယ္။ ဒီအခ်က္ေၾကာင့္လည္း မုိးရာသီမွာ ခရီးသြားသင့္တယ္ဆိုတာ ျဖစ္ေပၚလာတာပါ။ ခရီးသြားရာသီေတြနဲ႔ယွဥ္ရင္ ဟုိတယ္ေစ်းႏႈန္းေတြဟာ ထက္ဝက္ခန္႔ေစ်းခ်ထားတာ ျဖစ္ပါတယ္။ ရာသီဥတုေၾကာက္တတ္တယ္ဆိုရင္ေတာ့ မိုးေလးဝသ သတင္းေတြကို အကဲခတ္ျပီး ၾကိဳတင္ကာ Booking လုပ္သင့္ပါတယ္။

၄ - လူနည္းတယ္

တစ္ကိုယ္ေတာ္လြင့္ခ်င္သူေတြ၊ ႏွစ္ေယာက္တည္း သြားမယ္ဆိုသူေတြလည္း ေရြးခ်ယ္သင့္တဲ့ ရာသီပါ။ ပြင့္လင္းရာသီေတြလို ခရီးသြားေနရာတုိင္းမွာ လူေတြျပည့္ၾကပ္ေနတာမ်ိဳး မရွိပါဘူး။ ခရီးထြက္လာေပမယ့္ လူေတြမ်ားေနတာေၾကာင့္ စိတ္ရႈပ္ရတယ္ဆိုတာမ်ိဳးလည္း မျဖစ္ေတာ့ပါဘူး။

၅ - ဖုန္းမသံုးျဖစ္ဘူး

ဘယ္သြားသြား ဖုန္းပဲၾကည့္ေနျဖစ္မွာ မဟုတ္ေတာ့ပါဘူး။ မိုးရာသီျဖစ္တာေၾကာင့္ ဖုန္းကို ေတာ္ရုံနဲ႔ မသံုးျဖစ္ေတာ့ပါဘူး။ ကမ္းေျခမွာ လမ္းေလွ်ာက္တဲ့အခါ သင့္ေဘာ္ဒါဟာ ပင္လယ္နဲ႔ကမ္းေျခအလွကို မခံစားဘဲ ဖုန္းသံုးေနတာမ်ိဳး မလုပ္ေတာ့ပါဘူး။ သင္လည္း အျမင္ကပ္ရတဲ့အျဖစ္မ်ိဳး မေရာက္ေတာ့ပါဘူး။ အိုင္တီေခတ္ၾကီးထဲ သဘာဝကိုခံစားခ်င္လို႔ ကိုယ့္ပိုက္ဆံနဲ႔ ကိုယ္ ခရီးထြက္ေပမယ့္ လူေတြကို ၾကည့္မရတဲ့အျဖစ္မ်ိဳး မေရာက္ေတာ့ပါဘူး။

Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
မိုးရာသီမှာ ခရီးထွက်လေ့ မရှိကြပါဘူး။ ဒါပေမယ့် မိုးရာသီမှာပဲ ရနိုင်တဲ့အားသာချက်တွေ ရှိပါတယ်။

၁ - မြင်ကွင်း

ဆောင်းရာသီ၊ နွေရာသီမြင်ကွင်းတွေဟာ သဘောကျစရာကောင်းသလို မိုးရာသီမြင်ကွင်းတွေမှာလည်း သဘောကျနှစ်သက်စရာတွေ ရှိပါတယ်။ မိုးတွေရွာနေတဲ့အချိန်မှာ ကော်ဖီဆိုင်တစ်ဆိုင်ရဲ့ မှန်နောက်ကနေ လူတွေသွားနေတာကို ကြည့်ရတာကို ကြိုက်တယ်ဆိုတဲ့လူမျိုး ကြုံဖူးပါတယ်။ ဒီလိုပါပဲ မိုးရာသီမှ ကမ်းခြေဘက်သွားပြီး လှိုင်းတွေထန်နေတဲ့ ပင်လယ်ကြီးကို ကြည့်ရတာ၊ ညို့မှိုင်းနေတဲ့ တောင်တန်းတွေကို ကြည့်ရတာတွေကိုမှ ကြိုက်တယ်ဆိုသူတွေလည်း ရှိပါတယ်။ မိုးရာသီမှာ ခရီးထွက်ရတာဟာ အရသာတစ်မျိုးပေးနိုင်ပါတယ်။

၂ - မိုးရွာပြီး

မိုးရွာပြီးစ ရာသီဥတုကြည်လင်သွားတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ မြင်ကွင်းဟာ ဘာနဲ့မှတူပါဘူး။ မြေနံ့သင်းသင်းနဲ့ အရာရာဟာ စိမ်းလန်းနေတာပါ။ ကျေးငှက်တွေဟာ ပြေးထွက်လာကြပြီး မြူးတူးနေကြတာပါ။ ပန်းတွေဟာလည်း ပိုပျော်နေကြသလိုပါပဲ။ ဒီလို အရသာမျိုးကိုရဖို့ ဘယ်လိုနေရာမျိုးကို သွားမယ်ဆိုတာကိုတော့ ရွေးချယ်တတ်ဖို့ လိုပါတယ်။

၃ - ဟိုတယ်ဈေးနှုန်း

မိုးရာသီမှာ ခရီးသွားသင့်တဲ့ အကြောင်းအရင်းတွေထဲက အကောင်းဆုံးအချက် ဖြစ်ပါတယ်။ ဒီအချက်ကြောင့်လည်း မိုးရာသီမှာ ခရီးသွားသင့်တယ်ဆိုတာ ဖြစ်ပေါ်လာတာပါ။ ခရီးသွားရာသီတွေနဲ့ယှဉ်ရင် ဟိုတယ်ဈေးနှုန်းတွေဟာ ထက်ဝက်ခန့်ဈေးချထားတာ ဖြစ်ပါတယ်။ ရာသီဥတုကြောက်တတ်တယ်ဆိုရင်တော့ မိုးလေးဝသ သတင်းတွေကို အကဲခတ်ပြီး ကြိုတင်ကာ Booking လုပ်သင့်ပါတယ်။

၄ - လူနည်းတယ်

တစ်ကိုယ်တော်လွင့်ချင်သူတွေ၊ နှစ်ယောက်တည်း သွားမယ်ဆိုသူတွေလည်း ရွေးချယ်သင့်တဲ့ ရာသီပါ။ ပွင့်လင်းရာသီတွေလို ခရီးသွားနေရာတိုင်းမှာ လူတွေပြည့်ကြပ်နေတာမျိုး မရှိပါဘူး။ ခရီးထွက်လာပေမယ့် လူတွေများနေတာကြောင့် စိတ်ရှုပ်ရတယ်ဆိုတာမျိုးလည်း မဖြစ်တော့ပါဘူး။

၅ - ဖုန်းမသုံးဖြစ်ဘူး

ဘယ်သွားသွား ဖုန်းပဲကြည့်နေဖြစ်မှာ မဟုတ်တော့ပါဘူး။ မိုးရာသီဖြစ်တာကြောင့် ဖုန်းကို တော်ရုံနဲ့ မသုံးဖြစ်တော့ပါဘူး။ ကမ်းခြေမှာ လမ်းလျှောက်တဲ့အခါ သင့်ဘော်ဒါဟာ ပင်လယ်နဲ့ကမ်းခြေအလှကို မခံစားဘဲ ဖုန်းသုံးနေတာမျိုး မလုပ်တော့ပါဘူး။ သင်လည်း အမြင်ကပ်ရတဲ့အဖြစ်မျိုး မရောက်တော့ပါဘူး။ အိုင်တီခေတ်ကြီးထဲ သဘာဝကိုခံစားချင်လို့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ခရီးထွက်ပေမယ့် လူတွေကို ကြည့်မရတဲ့အဖြစ်မျိုး မရောက်တော့ပါဘူး။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top