iMyanmarHouse.com - Best Property Website for Myanmar
×

ရာသီဥတု ပူတာေအးတာနဲ႔မဆုိင္ဘဲ အသားအေရက အၿမဲတမ္းေျခာက္ေသြ႔ေနတယ္။ ေဆာင္းရာသီမုိ႔ အသားပပ္တာကို သည္းခံႏိုင္ေပမဲ့ တစ္ႏွစ္လံုးေျခာက္ကပ္ေနတဲ့ အသားအေရေၾကာင့္ စိတ္ညစ္ရတာပါပဲ။ Body lotion ေတြ လိမ္းလို႔ရတယ္၊ အျခားအလွကုန္ေတြ လိမ္းလို႔ေတာ့ ရတာေပါ့။ ဒါေပမဲ့ အစားစားေပးရံုနဲ႔ ေျခာက္ေသြ႕တဲ့အသားအေရကို စိုေျပလာေစမယ္ဆုိရင္ေရာ? စိတ္ဝင္စားသြားၿပီဆုိရင္ ဆက္ဖတ္ၾကည့္လိုက္ပါ။

၁။ ဖရဲသီး

ေမႊးျမခ်ိဳၿမိန္တဲ့ ဖရဲသီးဟာ စားလိုက္တုိင္း ရင္ကိုေအးေစတယ္။ ဖရဲသီးမွာပါတဲ့ လိုင္ကိုပိန္း (lycopene)က ေနေရာင္ျခည္ေၾကာင့္ အသားအေရပ်က္စီးတာကို ကုသေပးႏိုင္ပါတယ္။ ေနပူဒဏ္ေၾကာင့္ အသားအေရေျခာက္ေသြ႔ပ်က္စီးတာ၊ အမဲစက္ထြက္တာေတြကိုလည္း ဖရဲသီးစားျခင္းေၾကာင့္ ေလ်ာ့သြားေစတယ္။

၂။ ေထာပတ္သီး

အသားအေရအတြက္ ႐ွယ္ကို ေကာင္းက်ိဳးေပးတဲ့အသီးေလ။ Oleic acid နဲ႔ fatty acid ေတြ ပါဝင္တဲ့ ေထာပတ္သီးက အသားအေရရဲ႕အစိုဓာတ္ကိုထိန္းထားေပးႏိုင္ပါတယ္။ အသားအေရေလး ေခ်ာေမြ႕ေနေစတယ္။

၃။ ဆယ္လ္မြန္ငါး

အရသာလည္း႐ွိ က်န္းမာေရးအတြက္လည္း ေကာင္းက်ိဳးမ်ားမ်ားေပးတဲ့ ဆယ္လ္မြန္ငါးဟာ အလွအပေရးရာအတြက္ပါ ေကာင္းက်ိဳးေပးႏိုင္ပါေသးတယ္။ အဓိကပါဝင္တဲ့ omega-3 fatty acid ဟာ အသားအေရစိုေျပမႈ ျမင့္တက္လာေစတယ္။ ဝက္ျခံမထြက္ေအာင္လည္း ကာကြယ္ေပးတယ္။ ဒါ့အျပင္ ေနပူထဲသြားလို႔ အသားေရပ်က္စီးမွာကိုလည္း ႀကိဳတင္ကာကြယ္ေပးႏိုင္ပါတယ္။

၄။ စေတာ္ဘယ္ရီ

ဗီတာမင္ C မ်ားျပားစြာပါဝင္တဲ့ စေတာ္ဘယ္ရီသီးေလးေတြဟာ အေရးအေၾကာင္းေတြမျဖစ္ေအာင္ ကာကြယ္ေပးႏုိင္သလို အသက္အရြယ္ေၾကာင့္ ျဖစ္ေပၚလာတဲ့ အသားအေရေျခာက္ေသြ႔မႈကိုလည္း ေလ်ာ့နည္းေစပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ရာသီဥတု ပူတာအေးတာနဲ့မဆိုင်ဘဲ အသားအရေက အမြဲတမ်းခြောက်သွေ့နေတယ်။ ဆောင်းရာသီမို့ အသားပပ်တာကို သည်းခံနိုင်ပေမဲ့ တစ်နှစ်လုံးခြောက်ကပ်နေတဲ့ အသားအရေကြောင့် စိတ်ညစ်ရတာပါပဲ။ Body lotion တွေ လိမ်းလို့ရတယ်၊ အခြားအလှကုန်တွေ လိမ်းလို့တော့ ရတာပေါ့။ ဒါပေမဲ့ အစားစားပေးရုံနဲ့ ခြောက်သွေ့တဲ့အသားအရေကို စိုပြေလာစေမယ်ဆိုရင်ရော? စိတ်ဝင်စားသွားပြီဆိုရင် ဆက်ဖတ်ကြည့်လိုက်ပါ။

၁။ ဖရဲသီး

မွှေးမြချိုမြိန်တဲ့ ဖရဲသီးဟာ စားလိုက်တိုင်း ရင်ကိုအေးစေတယ်။ ဖရဲသီးမှာပါတဲ့ လိုင်ကိုပိန်း (lycopene)က နေရောင်ခြည်ကြောင့် အသားအရေပျက်စီးတာကို ကုသပေးနိုင်ပါတယ်။ နေပူဒဏ်ကြောင့် အသားအရေခြောက်သွေ့ပျက်စီးတာ၊ အမဲစက်ထွက်တာတွေကိုလည်း ဖရဲသီးစားခြင်းကြောင့် လျော့သွားစေတယ်။

၂။ ထောပတ်သီး

အသားအရေအတွက် ရှယ်ကို ကောင်းကျိုးပေးတဲ့အသီးလေ။ Oleic acid နဲ့ fatty acid တွေ ပါဝင်တဲ့ ထောပတ်သီးက အသားအရေရဲ့အစိုဓာတ်ကိုထိန်းထားပေးနိုင်ပါတယ်။ အသားအရေလေး ချောမွေ့နေစေတယ်။

၃။ ဆယ်လ်မွန်ငါး

အရသာလည်းရှိ ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများများပေးတဲ့ ဆယ်လ်မွန်ငါးဟာ အလှအပရေးရာအတွက်ပါ ကောင်းကျိုးပေးနိုင်ပါသေးတယ်။ အဓိကပါဝင်တဲ့ omega-3 fatty acid ဟာ အသားအရေစိုပြေမှု မြင့်တက်လာစေတယ်။ ဝက်ခြံမထွက်အောင်လည်း ကာကွယ်ပေးတယ်။ ဒါ့အပြင် နေပူထဲသွားလို့ အသားရေပျက်စီးမှာကိုလည်း ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

၄။ စတော်ဘယ်ရီ

ဗီတာမင် C များပြားစွာပါဝင်တဲ့ စတော်ဘယ်ရီသီးလေးတွေဟာ အရေးအကြောင်းတွေမဖြစ်အောင် ကာကွယ်ပေးနိုင်သလို အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာတဲ့ အသားအရေခြောက်သွေ့မှုကိုလည်း လျော့နည်းစေပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top