iMyanmarHouse.com - Best Property Website for Myanmar
×

ၾကြက္တက္ရတဲ့ အေၾကာင္းအရင္းေျမာက္မ်ားစြာ ရွိပါတယ္။ အျဖစ္အမ်ားဆံုးအခ်က္ေတြကေတာ့ ဗီတာမင္ခ်ိဳ႕တဲ့တာနဲ႔ ၾကြက္သားအသံုးျပဳ လႈပ္ရွားမႈ မ်ားလြန္တာေတြေၾကာင့္ ျဖစ္ပါတယ္။အထူးသျဖင့္ ၾကြက္သားေတြကို အလြန္အကၽြံအသံုးျပဳရတဲ့ အားကစားသမားလို လူမ်ိဳးေတြမွာ အျဖစ္မ်ားပါတယ္။

ေျခေထာက္မွာ ေသြးေလွ်ာက္မႈအား မေကာင္းလို႔လည္း  ျဖစ္တတ္ပါတယ္။ ေရဓာတ္ခန္းေျခာက္လို႔လည္း ျဖစ္တတ္ျပီး မဂၢနီဆီယမ္၊ ကယ္လ္ဆီယမ္နဲ႔ ပိုတက္ဆီယမ္ဓာတ္ေတြ ခ်ိဳ႕တဲ့တာေၾကာင့္လည္း ျဖစ္တတ္ပါတယ္။ ေဆးဝါးၾကာရွည္ေသာက္သံုးျခင္းကေန ျဖစ္လာတဲ့ ေဘးထြက္ဆုိးက်ိဳးေတြေၾကာင့္လည္း ျဖစ္တတ္ပါတယ္။

ၾကြက္တက္လာတဲ့အခါ ဒီအခ်က္ေတြနဲ႔ ခ်က္ခ်င္းကုသလို႔ရပါတယ္။

အေၾကာဆန္႔ပါ

ၾကြက္တက္လာတဲ့အခါ အေၾကာဆန္႔ဖို႔ ၾကိဳးစားပါ။ အေၾကာဆန္႔တယ္ဆိုတဲ့ေနရာမွာ ရႈပ္ရႈပ္ေထြးေထြးလုပ္စရာ မလိုပါဘူး။ နံရံတစ္ခုမွာ ကပ္ရပ္ျပီး ေျခေထာက္ကိုဆန္႔ထားရင္ပဲ အဆင္ေျပပါတယ္။

ေျဖေလ်ာ့ျခင္း

ၾကြက္သား ေျဖေလ်ာ့ျခင္းကလည္း အကူအညီျဖစ္ပါတယ္။  ၾကြက္တက္လာတဲ့အခါ ၾကြက္သားေတြကိုညႇစ္ထားတာမ်ိဳးက ပိုဆိုးေစပါတယ္။ ဒီ့အစား ေျခေထာက္ၾကြက္သားေတြကို ေျဖေလွ်ာ့ခြင့္ျပဳပါ။

ႏွိပ္ပါ

ၾကြက္တက္ခ်ိန္မွာ သင္နဲ႔အတူ အျခားတစ္ေယာက္ရွိတယ္ဆိုရင္ ၾကြက္တက္တဲ့ေနရာကို ႏွိပ္ေပးပါ။ ၾကြက္တက္မႈကို ေျပေလ်ာ့ေစျပီး ေနာက္ပိုင္းျဖစ္ပြားမယ့္ နာက်င္မႈကို တုိက္ခိုက္ရာမွာ အကူအညီျဖစ္ပါတယ္။

ေျခမခ်ိဳး

အရိုးရွင္းဆံုးနည္းလမ္းကေတာ့ ၾကြက္တက္လာတဲ့အခါ ေျခမကို ခ်ိဳးေပးတာ ျဖစ္ပါတယ္။ ခ်ိဳးတဲအခါမွာ ေျခမေတြကို ေျပေလ်ာ့သြားေအာင္ လွည့္ေပးရမွာလည္း  ျဖစ္ပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ကြွက်တက်ရတဲ့ အကြောင်းအရင်းမြောက်များစွာ ရှိပါတယ်။ အဖြစ်အများဆုံးအချက်တွေကတော့ ဗီတာမင်ချို့တဲ့တာနဲ့ ကြွက်သားအသုံးပြု လှုပ်ရှားမှု များလွန်တာတွေကြောင့် ဖြစ်ပါတယ်။အထူးသဖြင့် ကြွက်သားတွေကို အလွန်အကျွံအသုံးပြုရတဲ့ အားကစားသမားလို လူမျိုးတွေမှာ အဖြစ်များပါတယ်။

ခြေထောက်မှာ သွေးလျှောက်မှုအား မကောင်းလို့လည်း  ဖြစ်တတ်ပါတယ်။ ရေဓာတ်ခန်းခြောက်လို့လည်း ဖြစ်တတ်ပြီး မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေ ချို့တဲ့တာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဆေးဝါးကြာရှည်သောက်သုံးခြင်းကနေ ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

ကြွက်တက်လာတဲ့အခါ ဒီအချက်တွေနဲ့ ချက်ချင်းကုသလို့ရပါတယ်။

အကြောဆန့်ပါ

ကြွက်တက်လာတဲ့အခါ အကြောဆန့်ဖို့ ကြိုးစားပါ။ အကြောဆန့်တယ်ဆိုတဲ့နေရာမှာ ရှုပ်ရှုပ်ထွေးထွေးလုပ်စရာ မလိုပါဘူး။ နံရံတစ်ခုမှာ ကပ်ရပ်ပြီး ခြေထောက်ကိုဆန့်ထားရင်ပဲ အဆင်ပြေပါတယ်။

ဖြေလျော့ခြင်း

ကြွက်သား ဖြေလျော့ခြင်းကလည်း အကူအညီဖြစ်ပါတယ်။  ကြွက်တက်လာတဲ့အခါ ကြွက်သားတွေကိုညှစ်ထားတာမျိုးက ပိုဆိုးစေပါတယ်။ ဒီ့အစား ခြေထောက်ကြွက်သားတွေကို ဖြေလျှော့ခွင့်ပြုပါ။

နှိပ်ပါ

ကြွက်တက်ချိန်မှာ သင်နဲ့အတူ အခြားတစ်ယောက်ရှိတယ်ဆိုရင် ကြွက်တက်တဲ့နေရာကို နှိပ်ပေးပါ။ ကြွက်တက်မှုကို ပြေလျော့စေပြီး နောက်ပိုင်းဖြစ်ပွားမယ့် နာကျင်မှုကို တိုက်ခိုက်ရာမှာ အကူအညီဖြစ်ပါတယ်။

ခြေမချိုး

အရိုးရှင်းဆုံးနည်းလမ်းကတော့ ကြွက်တက်လာတဲ့အခါ ခြေမကို ချိုးပေးတာ ဖြစ်ပါတယ်။ ချိုးတဲအခါမှာ ခြေမတွေကို ပြေလျော့သွားအောင် လှည့်ပေးရမှာလည်း  ဖြစ်ပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top