iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္ေရးေတာ္ေတာ္မ်ားမ်ားဟာ မနာလို သ၀န္တိုမႈ ကိစၥရပ္ေတြေၾကာင့္ ပ်က္စီးသြားၾကေလ့ရွိတယ္။ ဒါေပမဲ့ တစ္ခါတေလမွာေတာ့ သ၀န္တိုမႈက အဓိကမဟုတ္ဘဲ တပ္မက္မႈတို႕၊ ျငဴစူမႈတို႕ကသာ ျပႆနာရဲ႕ တကယ့္ရင္းျမစ္ေတြ ျဖစ္ေနတာလည္း ေတြ႕ရတတ္တယ္။

မနာလိုမႈ Jealousy - ဒါက ကိုယ္ပိုင္ဆိုင္ထားတဲ့အရာတစ္ခုကို ဆံုးရံႈးရမွာေၾကာက္တဲ့စိတ္ပါ။

မရႏိုင္တာကို မက္ေမာမႈ Covetousness - ဒါကေတာ့ ကိုယ့္ကိုယ္ပိုင္မဟုတ္သလို၊ လတ္တေလာမွာလည္း တစ္ျခားတစ္ေယာက္က ပိုင္ဆိုင္ေနတာ (သို႕မဟုတ္) အဲဒါကိုရႏိုင္ဖို႕ ကိုယ့္စြမ္းရည္နဲ႕ မျဖစ္ႏိုင္တာကို လိုခ်င္တဲ့စိတ္ဆႏၵပါ။

 ျငဴစူစိုးရြံ႕စြာ တက္မက္ျခင္း Envy - ဒါကေတာ့ ကိုယ္ပိုင္မဟုတ္တဲ့အရာကို လိုခ်င္စိတ္၊ ျပီးေတာ့ အဲဒီအရာကို ပိုင္ဆိုင္ထားသူအေပၚ လည္း မနာလိုတြန္႕တိုမႈပါ။ အထက္ပါ အခ်က္သံုးခ်က္စလံုးဟာ ဖတ္ၾကည့္လိုက္ရင္ မနာလိုမႈနဲ႕ သက္ဆိုင္တဲ့ စိတ္ခံစားမႈေတြခ်ည္းပဲျဖစ္တယ္ဆုိတာ ေတြ႕ရပါမယ္။ ကၽြန္မတို႕ ျမန္မာစကားမွာလည္း "မနာလို၊ သ၀န္တို၊ျငဴစူ၊မက္ေမာ" စသျဖင့္ ခြဲေျပာေနၾကရေပမဲ့ ဒီသေဘာအတိုင္းေတြခ်ည္းပဲဆိုတာ ေတြးရမွာပါ။

မနာလိုမႈ (Jealousy) 
လူေတြ ဘယ္အခ်ိန္မနာလိုမႈ ျဖစ္တတ္သလဲေမးရင္၊ တစ္စံုတစ္ဦးက သူတို႕အခ်စ္ေရးကိုဖ်က္ဆီးမွာ၊ ခိုးကူးသြားမွာ၊အစား၀င္ယူသြားဖို႕ ၾကိဳးစားေနျပီလို႕ ခံစားရတဲ့အခါမ်ိဳးမွာ ျဖစ္တတ္ပါတယ္။ မိန္းမတစ္ေယာက္ဟာ သူ႕အမ်ိဳးသား(ခ်စ္သူ၊ခင္ပြန္း)က တျခားမိန္းမတစ္ ေယာက္နဲ႕တြဲေနျပီ၊ အခ်ိန္ေတြအမ်ားၾကီးေပးျပီးအတူရွိေနျပီလို႕ ထင္လာရင္ မနာလိုမႈကို သူရလာမွာပါ။ ေယာက္်ားတစ္ေယာက္လည္း အဲသလိုပဲ။ သူ႕ခ်စ္သူ(သို႕မဟုတ္)ဇနီးက တျခားလူတစ္ဦးနဲ႕တြဲေနတယ္။ အခ်ိန္ေပးျပီး အတူရွိေနတယ္ဆိုရင္ မနာလိုစိတ္၀င္လာမွာပါပဲ။

မနာလိုစိတ္ဆိုတာဟာ သဘာ၀အရျဖစ္ေပၚလာတဲ့ ကိုယ့္ကိုယ္ကိုကာကြယ္ေရး စိတ္ခံစားမႈတစ္ရပ္ပါပဲ။ ဒီစိတ္ခံစားမႈက လူတစ္ဦး အတြက္ အေရးပါတယ္လို႕ သူထင္တဲ့တစ္စံုတစ္ခုဆံုးရႈံးမွာကို ကာကြယ္ထားဖို႕ နည္းလမ္းရွာတာျဖစ္ပါတယ္။ ဒီစိတ္က စိတ္အားၾကီး လြန္းတယ္။ဒါေၾကာင့္ သာမန္အျငင္းအခံုရန္ျဖစ္တာမ်ိဳးကေန အၾကမ္းဖက္မႈအထိျဖစ္ေစတဲ့ ပံုမွန္မဟုတ္တဲ့အျပဳအမူေတြ အားလံုးျဖစ္ေပၚ ေစပါတယ္။ သမၼာက်မ္းစာမွာ ဘုရားသခင္က သူ႕လူေတြဟာ နတ္ဘုရားအတုေတြရဲ႕ ဖ်ားေယ ာင္းမႈခံရတာကို ျမင္ရတဲ့အခါ မနာလိုမႈ ျဖစ္တယ္လို႕ဆိုထားတယ္။ ဒီေတာ့ က်မ္းစာက ရွင္းရွင္းလင္းလင္းေဖာ္ျပထားတာကေတာ့ ဘုရားသခင္ဟာလည္း မနာလိုတတ္ဘူးပဲ။

မနာလိုမႈဟာ မွားယြင္းတယ္လို႕ဆိုတဲ့ က်မ္းစာအကိုးအကားမ်ိဳးေတြ ကၽြန္မတို႕မေတြ႕ဖူးပါဘူး။ ဒါေပမဲ့ မနာလိုစိတ္ဟာ လမ္းမွားေရာက္ ႏိုင္တာ အေသအခ်ာပါ။ မနာလိုမႈဟာ တစ္စံုတစ္ေယာက္အတြက္ ျဖစ္ရတဲ့ ျပင္းထန္တဲ့စိတ္ခံစားမႈရဲ႕ တိုက္ရိုက္ရလဒ္ပါပဲ။ ဒါေၾကာင့္ မနာလိုမႈဟာ အင္မတန္ အႏၱရာယ္ၾကီးတယ္။ ေသေစႏိုင္ေသာ အရာရယ္ပါ။

မရႏိုင္တာကို မက္ေမာမႈ (Covetousness) 
ဒီအခ်က္ကလည္း ကိုယ္မရႏိုင္တာ၊ ကိုယ့္ဥစၥာမဟုတ္တာကို အသည္းအသန္လိုခ်င္တဲ့ စိတ္ခံစားမႈပါ။ မက္ေမာမႈဆိုတာ စိတ္မေက်နပ္မႈ၊ အလိုမျပည့္မႈ လကၡဏာတစ္ရပ္ပါပဲ။ မက္ေမာမႈက မနာလိုမႈကို ေမြးထုတ္ေပးတတ္ပါတယ္။

တကယ္လို႕ခင္ပြန္းသည္တစ္ဦးဟာ ကိုယ့္ရဲ႕အိမ္ေထာင္ဖက္အျပင္ အျခားတစ္ဦးကိုပါ လိုခ်င္ေနျပီဆိုရင္ သူဟာသူ႕မိန္းမကို မနာလိုစိတ္ ေပၚေအာင္ လံႈ႕ေဆာ္ေနမိပါျပီ။ ဒီလိုပဲ မိန္းမတစ္ေယာက္ကလည္း ကိုယ့္အိမ္ေထာင္ဖက္အျပင္ အျခားတစ္ဦးကို သာယာေနမယ္ဆိုရင္ သူဟာ အဲဒီအျခားလူရဲ႕မိန္းမကို မနာလိုစိတ္ျဖစ္ေအာင္ ဖန္တီးမိေနျပီ ျဖစ္ပါတယ္။

မနာလိုစိတ္၊ တျခားကို မက္ေမာတပ္မက္စိတ္တုိ႕ဟာ ျပႆနာကို ျဖစ္ေစတယ္လို႕ ဆိုခဲ့တယ္။ ဒါဆိုအဲဒီျပႆနာေတြ မၾကံဳရတဲ့နည္း ႏွစ္နည္းလည္း တင္ျပခ်င္တယ္။ ပထမတစ္နည္းက သင္ဟာကိုယ္လိုခ်င္သမွ် ရႏုိင္တယ္လို႕ ေတြးတာမ်ိဳးပါ။ ဒီလိုေတြးခိုင္းတာ တစ္မ်ိဳး မထင္ပါနဲ႕။ သင္ဟာ ကိုယ္လိုခ်င္သမွ် ဘ၀မွာ ရခဲ့တဲ့အတြက္ (အခ်စ္ေရး၊ အိမ္ေထာင္ေရးအပါအ၀င္)ဘ၀မွာ မလုိတာေတြကိုလည္း တစ္ခါမွ မရခဲ့ဖူးဘူးလို႕ ေျပာင္းေတြးၾကည့္ခိုင္းတာပါ။ ေနာက္ဒုတိယနည္းကေတာ့ ကိုယ့္မွာရွိထားျပီးသားကိုပဲ ကိုယ္လိုခ်င္ေနတာ၊ မက္ေမာေနတာပါ။ ဒါဟာ ေရာင့္ရဲဖို႕သက္သက္ထက္ ကိုယ့္ရဲ႕ပိုင္ဆိုင္မႈကို ကိုယ္တိုင္လိုလိုခ်င္ခ်င္ မက္ေမာေနတာ၊ ေပ်ာ္ရႊင္ေနရတာမ်ိဳး ျဖစ္ပါတယ္။ တကယ္လို႕ သင္ဟာ ကိုယ့္အေပၚ၊ ကိုယ့္ခင္ပြန္း၊ ကိုယ့္ဇနီးသည္ကို လိုအပ္ေနတာ ေသခ်ာတယ္ဆိုရင္ ဘာေၾကာင့္ တစ္ျခားတစ္ေနရာရာမွာ ရွာေနေတာ့မလဲ။

ျငဴစူစိုးရြံ႕စြာ တပ္မက္ျခင္း (Envy)
 ျငဴစူစိုးရြံ႕ျခင္းဆိုတာကေတာ့ အားလံုးထဲမွာ အႏၱရာယ္အၾကီးဆံုးပဲ။ ဒါဟာ ကိုယ္လိုခ်င္တဲ့အရာကို ပိုင္ဆိုင္ထားသူအေပၚမွာ အမုန္းပြား မႈနဲ႕ မရႏိုင္တာကို မက္ေမာစိတ္တို႕ ေပါင္းစပ္ျပီး မနာလိုစိတ္ျဖစ္တာပါပဲ။ လွပတဲ့အိမ္ၾကီး တစ္လံုးအနား ျဖတ္သြားရတယ္ဆိုပါေတာ့။ အဲဒီမွာ သင္က "ဒီအိမ္ဟာ ကၽြန္မပိုင္တဲ့အိမ္ပဲျဖစ္ရမွာ။ အိမ္ရွင္ေတြမွာ ဒီလိုအခြင့္အေရး မရွိသင့္ဘူး"လို႕ မက္ေမာစိတ္နဲ႕ေျပာလိုက္တာ ဟာ ျငဴစူတဲ့စိတ္၊ မနာလိုတဲ့စိတ္ပါပဲ။ တကယ္လို႕ ရွင္ဟာ ကိုယ္လက္ထပ္ခ်င္၊ တြဲခ်င္တဲ့ေကာင္မေလးတစ္ေယာက္က အျခား ေကာင္ေလး တစ္ေယာက္နဲ႕တြဲသြားတာျမင္ရတဲ့အခါ "အဲဒါ အလကားပါကြာ၊ သူမက ငါနဲ႕မွျဖစ္သင့္တာ၊ အဲဒီေကာင္နဲ႕မတန္ပါဘူးကြာ" လို႕ေျပာမိတာမ်ိဳးဟာ မနာလိုတာပဲေပါ့။မၾကာခင္က ကၽြန္မဟာ အင္တာနက္ဖိုရမ္တစ္ခုမွာ အၾကံဥာဏ္ကူညီဖို႕ေတာင္းခံထားတဲ့ မိန္းမ တစ္ေယာက္ကို ေတြ႕ခဲ့တယ္။ သူက အိမ္ေတာင္သည္အမ်ိဳးသားတစ္ဦးနဲ႕ ခ်စ္ေနမိသူျဖစ္တယ္။ ဒါေၾကာင့္ သူ႕ခ်စ္သူေယာက္်ားရဲ႕ ဟိုဖက္က အိမ္ေထာင္ေရးပ်က္စီးဖို႕ အၾကံဥာဏ္ေတြလိုခ်င္ေၾကာင္း ေျပာတယ္။ ဒါမွ သူမနဲ႕အဲဒီလူလက္ထပ္ႏိုင္မွာလို႕ ထင္ေနပါတယ္။ ဒါဟာ မနာလိုစိတ္၊ ျငဴစူစိတ္ပါပဲ။ သူမဟာ သူ႕ဆႏၵေတြျဖည့္စြမ္းဖို႕ တျခားမိန္းမတစ္ေယာက္ကို ထိခိုက္နာက်င္ေအာင္လုပ္ဖို႕ ရည္ရြယ္ ေနတာ အထင္အရွားပဲ။

 ျငဴစူစိုးရြံ႕စြာ တပ္မက္မႈ(Envy)ဆိုတာ မနာလိုျခင္းပါပဲ။ ဒါကလည္း ခါးသီးတဲ့သေဘာထား တျခားသူေတြအေပၚ အမုန္းပြားတဲ့သေဘာ ထားျဖစ္ပါတယ္။ အႏၱရာယ္ၾကီးတယ္၊ ေသေစႏိုင္တယ္ရယ္လို႕ ေျပာခ်င္ပါတယ္။ ဒါေၾကာင့္ ကၽြန္မတို႕ဟာ မနာလိုမႈနဲ႕ ၾကံဳရတိုင္း ဒီမနာလိုမႈရဲ႕ ရင္းျမစ္၊ ျဖစ္ေပၚရာအေၾကာင္းနဲ႕ အက်ိဳးဆက္ေတြကို အျမဲစဥ္းစားေနဖို႕ လိုအပ္ပါတယ္။

မနာလိုမႈကို မေဖ်ာက္ႏိုင္ရင္ေတာင္မွ ဒီဂရီနည္းနည္းစီေလွ်ာ့ခ်ထားႏိုင္ေလေလ ပိုေကာင္းေလဆိုတာေတြ႕ရတယ္။ မနာလိုမႈေလ်ာ့နည္းရင္ ေနာက္ဆက္တြဲ ေဒါသလည္းေလ်ာ့နည္းတယ္၊ ေဒါသနည္းလာရင္ ျပႆနာေတြကို ေခါင္းေအးေအးနဲ႕ စဥ္းစား ႏိုင္စြမ္းပိုလာမယ္။ ဒါမွသာ အေျဖရွာေတြ႕မွာ ျဖစ္ပါတယ္။ မနာလိုစိတ္ကိုေတာ့ ေမြးမထားသင့္တာ အမွန္ရယ္ပါ။

Ref: The Difference between Jealousy, Covetousness, and Envy in relationships.

Credit: ေအးျမတ္ထိုက္

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
 အချစ်ရေးတော်တော်များများဟာ မနာလို သဝန်တိုမှု ကိစ္စရပ်တွေကြောင့် ပျက်စီးသွားကြလေ့ရှိတယ်။ ဒါပေမဲ့ တစ်ခါတလေမှာတော့ သဝန်တိုမှုက အဓိကမဟုတ်ဘဲ တပ်မက်မှုတို့၊ ငြူစူမှုတို့ကသာ ပြဿနာရဲ့ တကယ့်ရင်းမြစ်တွေ ဖြစ်နေတာလည်း တွေ့ရတတ်တယ်။

မနာလိုမှု Jealousy - ဒါက ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတစ်ခုကို ဆုံးရှုံးရမှာကြောက်တဲ့စိတ်ပါ။

မရနိုင်တာကို မက်မောမှု Covetousness - ဒါကတော့ ကိုယ့်ကိုယ်ပိုင်မဟုတ်သလို၊ လတ်တလောမှာလည်း တစ်ခြားတစ်ယောက်က ပိုင်ဆိုင်နေတာ (သို့မဟုတ်) အဲဒါကိုရနိုင်ဖို့ ကိုယ့်စွမ်းရည်နဲ့ မဖြစ်နိုင်တာကို လိုချင်တဲ့စိတ်ဆန္ဒပါ။

 ငြူစူစိုးရွံ့စွာ တက်မက်ခြင်း Envy - ဒါကတော့ ကိုယ်ပိုင်မဟုတ်တဲ့အရာကို လိုချင်စိတ်၊ ပြီးတော့ အဲဒီအရာကို ပိုင်ဆိုင်ထားသူအပေါ် လည်း မနာလိုတွန့်တိုမှုပါ။ အထက်ပါ အချက်သုံးချက်စလုံးဟာ ဖတ်ကြည့်လိုက်ရင် မနာလိုမှုနဲ့ သက်ဆိုင်တဲ့ စိတ်ခံစားမှုတွေချည်းပဲဖြစ်တယ်ဆိုတာ တွေ့ရပါမယ်။ ကျွန်မတို့ မြန်မာစကားမှာလည်း "မနာလို၊ သဝန်တို၊ငြူစူ၊မက်မော" စသဖြင့် ခွဲပြောနေကြရပေမဲ့ ဒီသဘောအတိုင်းတွေချည်းပဲဆိုတာ တွေးရမှာပါ။

မနာလိုမှု (Jealousy)
လူတွေ ဘယ်အချိန်မနာလိုမှု ဖြစ်တတ်သလဲမေးရင်၊ တစ်စုံတစ်ဦးက သူတို့အချစ်ရေးကိုဖျက်ဆီးမှာ၊ ခိုးကူးသွားမှာ၊အစားဝင်ယူသွားဖို့ ကြိုးစားနေပြီလို့ ခံစားရတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။ မိန်းမတစ်ယောက်ဟာ သူ့အမျိုးသား(ချစ်သူ၊ခင်ပွန်း)က တခြားမိန်းမတစ် ယောက်နဲ့တွဲနေပြီ၊ အချိန်တွေအများကြီးပေးပြီးအတူရှိနေပြီလို့ ထင်လာရင် မနာလိုမှုကို သူရလာမှာပါ။ ယောက်ျားတစ်ယောက်လည်း အဲသလိုပဲ။ သူ့ချစ်သူ(သို့မဟုတ်)ဇနီးက တခြားလူတစ်ဦးနဲ့တွဲနေတယ်။ အချိန်ပေးပြီး အတူရှိနေတယ်ဆိုရင် မနာလိုစိတ်ဝင်လာမှာပါပဲ။

မနာလိုစိတ်ဆိုတာဟာ သဘာဝအရဖြစ်ပေါ်လာတဲ့ ကိုယ့်ကိုယ်ကိုကာကွယ်ရေး စိတ်ခံစားမှုတစ်ရပ်ပါပဲ။ ဒီစိတ်ခံစားမှုက လူတစ်ဦး အတွက် အရေးပါတယ်လို့ သူထင်တဲ့တစ်စုံတစ်ခုဆုံးရှုံးမှာကို ကာကွယ်ထားဖို့ နည်းလမ်းရှာတာဖြစ်ပါတယ်။ ဒီစိတ်က စိတ်အားကြီး လွန်းတယ်။ဒါကြောင့် သာမန်အငြင်းအခုံရန်ဖြစ်တာမျိုးကနေ အကြမ်းဖက်မှုအထိဖြစ်စေတဲ့ ပုံမှန်မဟုတ်တဲ့အပြုအမူတွေ အားလုံးဖြစ်ပေါ် စေပါတယ်။ သမ္မာကျမ်းစာမှာ ဘုရားသခင်က သူ့လူတွေဟာ နတ်ဘုရားအတုတွေရဲ့ ဖျားယေ ာင်းမှုခံရတာကို မြင်ရတဲ့အခါ မနာလိုမှု ဖြစ်တယ်လို့ဆိုထားတယ်။ ဒီတော့ ကျမ်းစာက ရှင်းရှင်းလင်းလင်းဖော်ပြထားတာကတော့ ဘုရားသခင်ဟာလည်း မနာလိုတတ်ဘူးပဲ။

မနာလိုမှုဟာ မှားယွင်းတယ်လို့ဆိုတဲ့ ကျမ်းစာအကိုးအကားမျိုးတွေ ကျွန်မတို့မတွေ့ဖူးပါဘူး။ ဒါပေမဲ့ မနာလိုစိတ်ဟာ လမ်းမှားရောက် နိုင်တာ အသေအချာပါ။ မနာလိုမှုဟာ တစ်စုံတစ်ယောက်အတွက် ဖြစ်ရတဲ့ ပြင်းထန်တဲ့စိတ်ခံစားမှုရဲ့ တိုက်ရိုက်ရလဒ်ပါပဲ။ ဒါကြောင့် မနာလိုမှုဟာ အင်မတန် အန္တရာယ်ကြီးတယ်။ သေစေနိုင်သော အရာရယ်ပါ။

မရနိုင်တာကို မက်မောမှု (Covetousness)
ဒီအချက်ကလည်း ကိုယ်မရနိုင်တာ၊ ကိုယ့်ဥစ္စာမဟုတ်တာကို အသည်းအသန်လိုချင်တဲ့ စိတ်ခံစားမှုပါ။ မက်မောမှုဆိုတာ စိတ်မကျေနပ်မှု၊ အလိုမပြည့်မှု လက္ခဏာတစ်ရပ်ပါပဲ။ မက်မောမှုက မနာလိုမှုကို မွေးထုတ်ပေးတတ်ပါတယ်။

တကယ်လို့ခင်ပွန်းသည်တစ်ဦးဟာ ကိုယ့်ရဲ့အိမ်ထောင်ဖက်အပြင် အခြားတစ်ဦးကိုပါ လိုချင်နေပြီဆိုရင် သူဟာသူ့မိန်းမကို မနာလိုစိတ် ပေါ်အောင် လှုံ့ဆော်နေမိပါပြီ။ ဒီလိုပဲ မိန်းမတစ်ယောက်ကလည်း ကိုယ့်အိမ်ထောင်ဖက်အပြင် အခြားတစ်ဦးကို သာယာနေမယ်ဆိုရင် သူဟာ အဲဒီအခြားလူရဲ့မိန်းမကို မနာလိုစိတ်ဖြစ်အောင် ဖန်တီးမိနေပြီ ဖြစ်ပါတယ်။

မနာလိုစိတ်၊ တခြားကို မက်မောတပ်မက်စိတ်တို့ဟာ ပြဿနာကို ဖြစ်စေတယ်လို့ ဆိုခဲ့တယ်။ ဒါဆိုအဲဒီပြဿနာတွေ မကြုံရတဲ့နည်း နှစ်နည်းလည်း တင်ပြချင်တယ်။ ပထမတစ်နည်းက သင်ဟာကိုယ်လိုချင်သမျှ ရနိုင်တယ်လို့ တွေးတာမျိုးပါ။ ဒီလိုတွေးခိုင်းတာ တစ်မျိုး မထင်ပါနဲ့။ သင်ဟာ ကိုယ်လိုချင်သမျှ ဘဝမှာ ရခဲ့တဲ့အတွက် (အချစ်ရေး၊ အိမ်ထောင်ရေးအပါအဝင်)ဘဝမှာ မလိုတာတွေကိုလည်း တစ်ခါမှ မရခဲ့ဖူးဘူးလို့ ပြောင်းတွေးကြည့်ခိုင်းတာပါ။ နောက်ဒုတိယနည်းကတော့ ကိုယ့်မှာရှိထားပြီးသားကိုပဲ ကိုယ်လိုချင်နေတာ၊ မက်မောနေတာပါ။ ဒါဟာ ရောင့်ရဲဖို့သက်သက်ထက် ကိုယ့်ရဲ့ပိုင်ဆိုင်မှုကို ကိုယ်တိုင်လိုလိုချင်ချင် မက်မောနေတာ၊ ပျော်ရွှင်နေရတာမျိုး ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ ကိုယ့်အပေါ်၊ ကိုယ့်ခင်ပွန်း၊ ကိုယ့်ဇနီးသည်ကို လိုအပ်နေတာ သေချာတယ်ဆိုရင် ဘာကြောင့် တစ်ခြားတစ်နေရာရာမှာ ရှာနေတော့မလဲ။

ငြူစူစိုးရွံ့စွာ တပ်မက်ခြင်း (Envy)
 ငြူစူစိုးရွံ့ခြင်းဆိုတာကတော့ အားလုံးထဲမှာ အန္တရာယ်အကြီးဆုံးပဲ။ ဒါဟာ ကိုယ်လိုချင်တဲ့အရာကို ပိုင်ဆိုင်ထားသူအပေါ်မှာ အမုန်းပွား မှုနဲ့ မရနိုင်တာကို မက်မောစိတ်တို့ ပေါင်းစပ်ပြီး မနာလိုစိတ်ဖြစ်တာပါပဲ။ လှပတဲ့အိမ်ကြီး တစ်လုံးအနား ဖြတ်သွားရတယ်ဆိုပါတော့။ အဲဒီမှာ သင်က "ဒီအိမ်ဟာ ကျွန်မပိုင်တဲ့အိမ်ပဲဖြစ်ရမှာ။ အိမ်ရှင်တွေမှာ ဒီလိုအခွင့်အရေး မရှိသင့်ဘူး"လို့ မက်မောစိတ်နဲ့ပြောလိုက်တာ ဟာ ငြူစူတဲ့စိတ်၊ မနာလိုတဲ့စိတ်ပါပဲ။ တကယ်လို့ ရှင်ဟာ ကိုယ်လက်ထပ်ချင်၊ တွဲချင်တဲ့ကောင်မလေးတစ်ယောက်က အခြား ကောင်လေး တစ်ယောက်နဲ့တွဲသွားတာမြင်ရတဲ့အခါ "အဲဒါ အလကားပါကွာ၊ သူမက ငါနဲ့မှဖြစ်သင့်တာ၊ အဲဒီကောင်နဲ့မတန်ပါဘူးကွာ" လို့ပြောမိတာမျိုးဟာ မနာလိုတာပဲပေါ့။မကြာခင်က ကျွန်မဟာ အင်တာနက်ဖိုရမ်တစ်ခုမှာ အကြံဉာဏ်ကူညီဖို့တောင်းခံထားတဲ့ မိန်းမ တစ်ယောက်ကို တွေ့ခဲ့တယ်။ သူက အိမ်တောင်သည်အမျိုးသားတစ်ဦးနဲ့ ချစ်နေမိသူဖြစ်တယ်။ ဒါကြောင့် သူ့ချစ်သူယောက်ျားရဲ့ ဟိုဖက်က အိမ်ထောင်ရေးပျက်စီးဖို့ အကြံဉာဏ်တွေလိုချင်ကြောင်း ပြောတယ်။ ဒါမှ သူမနဲ့အဲဒီလူလက်ထပ်နိုင်မှာလို့ ထင်နေပါတယ်။ ဒါဟာ မနာလိုစိတ်၊ ငြူစူစိတ်ပါပဲ။ သူမဟာ သူ့ဆန္ဒတွေဖြည့်စွမ်းဖို့ တခြားမိန်းမတစ်ယောက်ကို ထိခိုက်နာကျင်အောင်လုပ်ဖို့ ရည်ရွယ် နေတာ အထင်အရှားပဲ။

 ငြူစူစိုးရွံ့စွာ တပ်မက်မှု(Envy)ဆိုတာ မနာလိုခြင်းပါပဲ။ ဒါကလည်း ခါးသီးတဲ့သဘောထား တခြားသူတွေအပေါ် အမုန်းပွားတဲ့သဘော ထားဖြစ်ပါတယ်။ အန္တရာယ်ကြီးတယ်၊ သေစေနိုင်တယ်ရယ်လို့ ပြောချင်ပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ မနာလိုမှုနဲ့ ကြုံရတိုင်း ဒီမနာလိုမှုရဲ့ ရင်းမြစ်၊ ဖြစ်ပေါ်ရာအကြောင်းနဲ့ အကျိုးဆက်တွေကို အမြဲစဉ်းစားနေဖို့ လိုအပ်ပါတယ်။

မနာလိုမှုကို မဖျောက်နိုင်ရင်တောင်မှ ဒီဂရီနည်းနည်းစီလျှော့ချထားနိုင်လေလေ ပိုကောင်းလေဆိုတာတွေ့ရတယ်။ မနာလိုမှုလျော့နည်းရင် နောက်ဆက်တွဲ ဒေါသလည်းလျော့နည်းတယ်၊ ဒေါသနည်းလာရင် ပြဿနာတွေကို ခေါင်းအေးအေးနဲ့ စဉ်းစား နိုင်စွမ်းပိုလာမယ်။ ဒါမှသာ အဖြေရှာတွေ့မှာ ဖြစ်ပါတယ်။ မနာလိုစိတ်ကိုတော့ မွေးမထားသင့်တာ အမှန်ရယ်ပါ။

Ref: The Difference between Jealousy, Covetousness, and Envy in relationships.

Credit: အေးမြတ်ထိုက်

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top