iMyanmarHouse.com - Best Property Website for Myanmar
×

အိႏၵိယ ရုပ္ရွင္ေလာက Bollywood ကေနျမန္မာ့ရုပ္ရွင္ေလာကထဲကုိ တုိက္ဆုိင္မႈရွိလွ်င္ ဇာတ္ကားနဲ႔ ရာဇဝင္ရုိင္းသူမ်ား ရုပ္ရွင္ဇာတ္ကား နွစ္ကား နဲ႔ ပရိသတ္ေတြရဲ႕အားေပးမႈ ရရွိလာခဲ့တဲ့ အိႏၵိယ ႏြယ္ဖြား ျမန္မာသရုပ္ေဆာင္ လုိင္လာခမ္းက ကာရုိက္တာဆန္႔က်င္ဘက္နွစ္ကားမွာ ပရိသတ္အသိမွတ္ျပဳခံရတာေၾကာင့္ အနုပညာအလုပ္ေတြကုိ အခုထက္ပုိမုိႀကိဳးစားသြားမယ္ လုိ႔ လုိင္လာခမ္းက ေျပာပါတယ္။

“ ပထမဆုံးရုိက္ခဲ့တဲ့ တုိက္ဆုိင္မႈရွိလွ်င္ဇာတ္ကားမွာေတာ့ သူမ်ားအိမ္ေထာင္ကုိဖ်က္စီးဖုိ႔ႀကိဳးစားတဲ့ ဗီလိန္ဇာတ္ရုပ္ေနရာသရုပ္ေဆာင္ခဲ့ရေပမယ့္ ပရိသတ္ေတြမုန္းသေလာက္ ေနာက္ပုိင္းမွာေတာ့ ကုိယ့္အနုပညာအသိမွတ္ျပဳခံရၿပီ အားေပးခဲ့ၾကပါတယ္။ အခုရာဇဝင္ရုိင္းသူမ်ား ဇာတ္ကားမွာေတာ့ အိမ္ေထာင္တစ္ခုမၿပိဳကြဲေအာင္ ထိန္းသိမ္းရတဲ့ မိန္းမေကာင္းတစ္ေယာက္ေပါ့ေနာ္။ ကုိယ့္ေယာက်ၤားကုိ အသက္ထက္ေတာင္ပုိခ်စ္တဲ့ ဇနီးမယားတစ္ေယာက္ေနရာကသရုပ္ေဆာင္ခဲ့တဲ့ အေပၚမွာလည္း အႀကိဳၾကည့္ၿပီတဲ့ ပ၇ိသတ္ေတြက အားေပးမႈေကာင္းတာေၾကာင့္ အခုထက္အနုပညာအလုပ္ေတြပုိႀကိဳးစားသြားမွာပါ” လုိ႔ သရုပ္ေဆာင္လိုင္လာခမ္းက ဆုိပါတယ္။

ဒါ့အျပင္သူရဲ႕သရုပ္ေဆာင္မႈနဲ႔ အနုပညာကုိ ႀကိဳက္တဲ့ ပရိသတ္ေတြရွိသလုိ မႀကိဳက္တဲ့ပရိသတ္ေတြရဲ႕ ေဝဖန္မႈေတြကုိလည္း လက္ခံၿပီ အေကာင္းဆုံးျဖစ္ေအာင္ႀကိဳးစားသြားမယ္လုိ႔ဆုိပါတယ္။ ဆန္႔က်င့္ဘက္ကာရုိက္တာဇာတ္ရုပ္နွစ္ခုကုိ သရုပ္ေဆာင္ခဲ့ရတာမုိ႔ ပရိသတ္ေတြရဲ႕အားေပးမႈအေပၚမွာ ေပ်ာ္ေနတယ္လုိ႔သိရပါတယ္။

Credit:သုတဗုိလ္( မုိမုိေလး)
Photo – Laila Khan (fb)
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
အိန္ဒိယ ရုပ်ရှင်လောက Bollywood ကနေမြန်မာ့ရုပ်ရှင်လောကထဲကို တိုက်ဆိုင်မှုရှိလျှင် ဇာတ်ကားနဲ့ ရာဇဝင်ရိုင်းသူများ ရုပ်ရှင်ဇာတ်ကား နှစ်ကား နဲ့ ပရိသတ်တွေရဲ့အားပေးမှု ရရှိလာခဲ့တဲ့ အိန္ဒိယ နွယ်ဖွား မြန်မာသရုပ်ဆောင် လိုင်လာခမ်းက ကာရိုက်တာဆန့်ကျင်ဘက်နှစ်ကားမှာ ပရိသတ်အသိမှတ်ပြုခံရတာကြောင့် အနုပညာအလုပ်တွေကို အခုထက်ပိုမိုကြိုးစားသွားမယ် လို့ လိုင်လာခမ်းက ပြောပါတယ်။

“ ပထမဆုံးရိုက်ခဲ့တဲ့ တိုက်ဆိုင်မှုရှိလျှင်ဇာတ်ကားမှာတော့ သူများအိမ်ထောင်ကိုဖျက်စီးဖို့ကြိုးစားတဲ့ ဗီလိန်ဇာတ်ရုပ်နေရာသရုပ်ဆောင်ခဲ့ရပေမယ့် ပရိသတ်တွေမုန်းသလောက် နောက်ပိုင်းမှာတော့ ကိုယ့်အနုပညာအသိမှတ်ပြုခံရပြီ အားပေးခဲ့ကြပါတယ်။ အခုရာဇဝင်ရိုင်းသူများ ဇာတ်ကားမှာတော့ အိမ်ထောင်တစ်ခုမပြိုကွဲအောင် ထိန်းသိမ်းရတဲ့ မိန်းမကောင်းတစ်ယောက်ပေါ့နော်။ ကိုယ့်ယောင်္ကျားကို အသက်ထက်တောင်ပိုချစ်တဲ့ ဇနီးမယားတစ်ယောက်နေရာကသရုပ်ဆောင်ခဲ့တဲ့ အပေါ်မှာလည်း အကြိုကြည့်ပြီတဲ့ ပရိသတ်တွေက အားပေးမှုကောင်းတာကြောင့် အခုထက်အနုပညာအလုပ်တွေပိုကြိုးစားသွားမှာပါ” လို့ သရုပ်ဆောင်လိုင်လာခမ်းက ဆိုပါတယ်။

ဒါ့အပြင်သူရဲ့သရုပ်ဆောင်မှုနဲ့ အနုပညာကို ကြိုက်တဲ့ ပရိသတ်တွေရှိသလို မကြိုက်တဲ့ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကိုလည်း လက်ခံပြီ အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားမယ်လို့ဆိုပါတယ်။ ဆန့်ကျင့်ဘက်ကာရိုက်တာဇာတ်ရုပ်နှစ်ခုကို သရုပ်ဆောင်ခဲ့ရတာမို့ ပရိသတ်တွေရဲ့အားပေးမှုအပေါ်မှာ ပျော်နေတယ်လို့သိရပါတယ်။

Credit:သုတဗိုလ်( မိုမိုလေး)
Photo – Laila Khan (fb)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top