iMyanmarHouse.com - Best Property Website for Myanmar
×

အေရျပားမွာ ယားဖုေတြျဖစ္ေပၚတာ ၊ ယားယံျခင္းေတြျဖစ္တာဟာ မ်ားေသာအားျဖင့္ ဓါတ္မတည့္ျခင္း ၊ အေကာင္ကို္က္ျခင္း ၊ ရာသီဥတုေၾကာင့္ျဖစ္ျခင္း ၊ အေရျပားပိုးဝင္ျခင္း ၊ဆပ္ျပာနွင့္ အျခားအေမႊးနံ႔သာမ်ား သံုးစြဲျခင္း နွင့္ အျခားေသာ ေဆးဘက္ဆိုင္ရာ အေျခအေနမ်ားေၾကာင့္ ျဖစ္ၾကပါတယ္ ။ ဒီလိုမိုးရာသီမွာဆိုလွ်င္ ရြံ႕ေတြ ၊ ဗြက္ေတြ ၊ မသန္႔ရွင္းေသာေရေတြနွင့္ ထိေတြ႕မိေသာေၾကာင့္ ယားယံမႈေတြ အျဖစ္မ်ားပါတယ္ ။ မ်ားေသာအားျဖင့္ ညဘက္ေတြမွာ ပိုျပီး ဆိုးဆိုးရြားရြား ယားတတ္ပါတယ္ ။ ဒီလိုအေရျပားယားယံျခင္း ကို သက္သာေစနိုင္မယ့္ အိမ္တြင္း နည္းလမ္းေကာင္းေတြ ရွိပါတယ္ ။

၁။ ေရေအး ေရေအးက အေရျပားယားယံျခင္းကို သက္သာေစပါတယ္ ။ ေရေအးကိုအသံုးျပဳနိုင္တဲ့ နည္းလမ္းေတြ အမ်ားၾကီးရွိပါတယ္ ။ -ေရေအးျဖင့္ ယားေသာေနရာသို႔ သက္သာသည္အထိ ေဆးေၾကာျခင္း -ေရခဲတံုးမ်ားကို အဝတ္သန္႔သန္႔ျဖင့္ပတ္ျပီး ယားယံေသာ အေရျပားေပၚသို႔ ပြတ္ေပးျခင္း -ေရေအးျဖင့္ ေရခ်ိဳးျခင္း -ေရေအးကိုအဝတ္ျဖင့္စုပ္ယူ၍ အေရျပားေပၚ အုပ္ေပးျခင္း (သို႔)ေအးေသာအရာ တစ္ခုခုျဖင့္ အုပ္ေပးျခင္း စတဲ့နည္းလမ္းေတြနဲ႕ ကုသနိုင္ပါတယ္ ။

၂။ Baking Sada အေရျပားယားယံျခင္းနွင့္ အဖုအပိန္႔ထြက္ျခင္းတို႔ကို Baking Soda ျဖင့္ သက္သာေစနိုင္ျပီး လူသံုးလည္း မ်ားၾကပါတယ္ ။ ေဆာ္ဒါမႈန္႔မွာ ပိုးေသေစတဲ့ဓါတ္ေတြ ပါဝင္တာေၾကာင့္ ယားယံျခင္းကို ထိေရာက္စြာ ကုသေပးနိုင္ပါတယ္။ – ေရခ်ိဳးကန္ထဲမွာ ေရစိမ္ခ်ိဳးတတ္သူမ်ားအေနျဖင့္ ေရေအးထဲကို Baking Soda တစ္ခြက္ေရာထည့္ျပီး နွံ႔စပ္ေအာင္ေမႊလိုက္ပါ။ ျပီးေနာက္ ေရထဲမွာ နာရီဝက္ခန္႔ၾကာေအာင္ စိမ္ေနလိုက္ပါ ။ျပီးေနာက္ ေျခာက္ေသြ႕ေအာင္ သုတ္လိုက္ပါ ။ သုတ္တဲ့အခါမွာ သဘက္ျဖင့္ပြတ္မသုတ္ပါနွင့္ ။ ပုတ္ပုတ္ျပီး ေရေျခာက္ေအာင္သာ သုတ္ေပးပါ ။ – ေနာက္ထပ္နည္းလမ္းတစ္ခုကေတာ့ baking soda လက္ဖက္ရည္ ၃ဇြန္းခန္႔ကို ေရတစ္ဇြန္းေရာျပီး ခပ္ပ်စ္ပ်စ္အေနအထားေရာက္ေအာင္ ေမႊလိုက္ပါ။ ထို႔ေနာက္ အဖုအပိန္႔ျဖစ္ေနေသာ ၊ ယားယံေနေသာ ေနရာသို႔ သုတ္လိမ္းေပးပါ ။ ဆယ္မိနစ္ခန္႔ၾကာေအာင္ထားျပီးလွ်င္ေတာ့ ေရေဆးခ်လိုက္ပါ ။ ဒီနည္းလမ္းကို တစ္ေန႔တစ္ၾကိမ္ ပံုမွန္ျပဳလုပ္ေပးရမွာပါ ။

၃။သံပုယိုသီး (သို႔) သံပုရာသီး အဆင္ေျပတဲ့အသီးကို အသံုးျပဳလု႔ိရပါတယ္ ။ သံပုယိုသီး ၊ သံပုရာသီးမွာပါဝင္တဲ့ citric and acetic acid က အေရျပားမွာ ဓါတ္မတည့္ျခင္းေတြကို ေပ်ာက္ကင္းေစျခင္း ၊ ပိုးေသေစျခင္း ၊ ယားယံမႈကို ေပ်ာက္ကင္းေစျခင္း စတဲ့ အစြမ္းသတၱိေတြ ရွိပါတယ္ ။ ပထမဦးစြာ သံပုယိုသီးတစ္လံုး (သို႔) နွစ္လံုးကို အရည္ညွစ္လိုက္ပါ ။ ထို႔ေနာက္ ဂြမ္းျဖင့္တို႔ျပီး ယား ယံေသာေနရာသို႔ လိမ္းေပးပါ။ ေျခာက္ေသြ႕ေအာင္ထားျပီးလွ်င္ ေရေႏြးေႏြးေလးျဖင့္ ေဆးေၾကာေပးလိုက္ပါ ။ တစ္ေန႔နွစ္ၾကိမ္ပံုမွန္ ျပဳလုပ္ေပးပါ။ မွတ္ခ်က္ ။ sensitive (ထိခုိက္လြယ္ေသာ)jျဖစ္ေသာ အေရျပားပိုင္ရွင္မ်ား ဒီနည္းလမ္းကို မသံုးသင့္ပါ။

၄။ပန္းသီးရွာလကာရည္ ပန္းသီးရွာလကာရည္ဟာလည္း ပိုးေသေစတဲ့အျပင္ အေရျပားမွာ စြဲကပ္တတ္တဲ့ မိႈေရာဂါေတြကိုလည္း ေသေစနိုင္စြမး္ရွိပါတယ္ ။ ေရစိမ္ခ်ိဳးတတ္သူမ်ားအေနျဖင့္ မိမိခ်ိဳးမယ့္ေရထဲမွာ ပန္းသီးရွာလကာရည္ ၃ခြက္္ကို ေရာထည့္ျပီး ၁၅မိနစ္မွ နာရီဝက္ခန္႔အထိိ စိမ္ေပးပါ ။ထို႔ေနာက္ ေျခာက္ေသြ႕ေအာင္ ညွင္သာစြာေရသုတ္ျပီး moisturizer တစ္ခုခုလိမ္းေပးရင္ ပိုေကာင္းပါတယ္ ။ ေန႔စဥ္ပံုမွန္ ျပဳလုပ္ေပးမယ္ဆိုရင္ျဖင့္ အေရျပားယားယံမႈ သိသာစြာ ေပ်ာက္ကင္းသက္သာသြားမွာပါ ။ ပိုျပီးထိေရာက္ တဲ့ နည္းလမ္းကို အသံုးျပဳခ်င္သူမ်ားကေတာ့ ပနး္သီးရွာလကာရည္ကို ဂြမ္းျဖင့္တို႔ျပီး ယားယံေသာေနရာသို႔ ပြတ္လိမ္းေပးရမွာပါ ။ လိမး္ျပီး နာရီဝက္ခန္႔ထားျပီးလွ်င္ေတာ့ ေရေႏြးေလးျဖင့္ ေဆးေၾကာေပးပါ။ တစ္ေန႔လွ်င္ ၁ၾကိမ္မွ ၂ၾကိမ္ထိ ပံုမွန္ျပဳလုပ္ေပးရမွာပါ ။

၅။ရွားေစာင္းလက္ပက္ ရွားေစာင္းလက္ပက္က အသားအေရကို စိုေျပေစျပီး မႈိ၊ဘက္တီးရီးယား ၊ အေရျပား ေရာင္ရမ္းနာၾကင္ျခင္းမ်ားကို သက္သာေစနိုင္စြမ္း ရွိပါတယ္ ။ သန္႔ရွင္းလတ္ဆတ္ေသာ ရွားေစာင္းလက္ပက္ရြက္ကို ခူးျပီး အတြင္းမွ အနွစ္ဂ်ယ္လ္ကို ခြဲထုတ္လိုက္ပါ ။ ထို႔ေနာက္ ယားယံေသာ ၊ အဖုအပိန္႔ထေသာ အေရျပားေပၚမွာ သုတ္လိမ္းေပးျပီး ၁၅မိနစ္ခန္႔ၾကာေအာင္ ထားေပးပါ ။ထို႔ေနာက္ ေရေႏြးေႏြးျဖင့္ ေဆးေၾကာလိုက္ပါ ။ တစ္ေန႔တစ္ၾကိမ္ ပံုမွန္လုပ္ေပးလွ်င္လံုေလာက္ပါျပီ။

Credit:CHAN(ေရႊအင္းေလး)

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
အရေပြားမှာ ယားဖုတွေဖြစ်ပေါ်တာ ၊ ယားယံခြင်းတွေဖြစ်တာဟာ များသောအားဖြင့် ဓါတ်မတည့်ခြင်း ၊ အကောင်ကိုက်ခြင်း ၊ ရာသီဥတုကြောင့်ဖြစ်ခြင်း ၊ အရေပြားပိုးဝင်ခြင်း ၊ဆပ်ပြာနှင့် အခြားအမွှေးနံ့သာများ သုံးစွဲခြင်း နှင့် အခြားသော ဆေးဘက်ဆိုင်ရာ အခြေအနေများကြောင့် ဖြစ်ကြပါတယ် ။ ဒီလိုမိုးရာသီမှာဆိုလျှင် ရွံ့တွေ ၊ ဗွက်တွေ ၊ မသန့်ရှင်းသောရေတွေနှင့် ထိတွေ့မိသောကြောင့် ယားယံမှုတွေ အဖြစ်များပါတယ် ။ များသောအားဖြင့် ညဘက်တွေမှာ ပိုပြီး ဆိုးဆိုးရွားရွား ယားတတ်ပါတယ် ။ ဒီလိုအရေပြားယားယံခြင်း ကို သက်သာစေနိုင်မယ့် အိမ်တွင်း နည်းလမ်းကောင်းတွေ ရှိပါတယ် ။

၁။ ရေအေး ရေအေးက အရေပြားယားယံခြင်းကို သက်သာစေပါတယ် ။ ရေအေးကိုအသုံးပြုနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ် ။ -ရေအေးဖြင့် ယားသောနေရာသို့ သက်သာသည်အထိ ဆေးကြောခြင်း -ရေခဲတုံးများကို အဝတ်သန့်သန့်ဖြင့်ပတ်ပြီး ယားယံသော အရေပြားပေါ်သို့ ပွတ်ပေးခြင်း -ရေအေးဖြင့် ရေချိုးခြင်း -ရေအေးကိုအဝတ်ဖြင့်စုပ်ယူ၍ အရေပြားပေါ် အုပ်ပေးခြင်း (သို့)အေးသောအရာ တစ်ခုခုဖြင့် အုပ်ပေးခြင်း စတဲ့နည်းလမ်းတွေနဲ့ ကုသနိုင်ပါတယ် ။

၂။ Baking Sada အရေပြားယားယံခြင်းနှင့် အဖုအပိန့်ထွက်ခြင်းတို့ကို Baking Soda ဖြင့် သက်သာစေနိုင်ပြီး လူသုံးလည်း များကြပါတယ် ။ ဆော်ဒါမှုန့်မှာ ပိုးသေစေတဲ့ဓါတ်တွေ ပါဝင်တာကြောင့် ယားယံခြင်းကို ထိရောက်စွာ ကုသပေးနိုင်ပါတယ်။ – ရေချိုးကန်ထဲမှာ ရေစိမ်ချိုးတတ်သူများအနေဖြင့် ရေအေးထဲကို Baking Soda တစ်ခွက်ရောထည့်ပြီး နှံ့စပ်အောင်မွှေလိုက်ပါ။ ပြီးနောက် ရေထဲမှာ နာရီဝက်ခန့်ကြာအောင် စိမ်နေလိုက်ပါ ။ပြီးနောက် ခြောက်သွေ့အောင် သုတ်လိုက်ပါ ။ သုတ်တဲ့အခါမှာ သဘက်ဖြင့်ပွတ်မသုတ်ပါနှင့် ။ ပုတ်ပုတ်ပြီး ရေခြောက်အောင်သာ သုတ်ပေးပါ ။ – နောက်ထပ်နည်းလမ်းတစ်ခုကတော့ baking soda လက်ဖက်ရည် ၃ဇွန်းခန့်ကို ရေတစ်ဇွန်းရောပြီး ခပ်ပျစ်ပျစ်အနေအထားရောက်အောင် မွှေလိုက်ပါ။ ထို့နောက် အဖုအပိန့်ဖြစ်နေသော ၊ ယားယံနေသော နေရာသို့ သုတ်လိမ်းပေးပါ ။ ဆယ်မိနစ်ခန့်ကြာအောင်ထားပြီးလျှင်တော့ ရေဆေးချလိုက်ပါ ။ ဒီနည်းလမ်းကို တစ်နေ့တစ်ကြိမ် ပုံမှန်ပြုလုပ်ပေးရမှာပါ ။

၃။သံပုယိုသီး (သို့) သံပုရာသီး အဆင်ပြေတဲ့အသီးကို အသုံးပြုလု့ိရပါတယ် ။ သံပုယိုသီး ၊ သံပုရာသီးမှာပါဝင်တဲ့ citric and acetic acid က အရေပြားမှာ ဓါတ်မတည့်ခြင်းတွေကို ပျောက်ကင်းစေခြင်း ၊ ပိုးသေစေခြင်း ၊ ယားယံမှုကို ပျောက်ကင်းစေခြင်း စတဲ့ အစွမ်းသတ္တိတွေ ရှိပါတယ် ။ ပထမဦးစွာ သံပုယိုသီးတစ်လုံး (သို့) နှစ်လုံးကို အရည်ညှစ်လိုက်ပါ ။ ထို့နောက် ဂွမ်းဖြင့်တို့ပြီး ယား ယံသောနေရာသို့ လိမ်းပေးပါ။ ခြောက်သွေ့အောင်ထားပြီးလျှင် ရေနွေးနွေးလေးဖြင့် ဆေးကြောပေးလိုက်ပါ ။ တစ်နေ့နှစ်ကြိမ်ပုံမှန် ပြုလုပ်ပေးပါ။ မှတ်ချက် ။ sensitive (ထိခိုက်လွယ်သော)jဖြစ်သော အရေပြားပိုင်ရှင်များ ဒီနည်းလမ်းကို မသုံးသင့်ပါ။

၄။ပန်းသီးရှာလကာရည် ပန်းသီးရှာလကာရည်ဟာလည်း ပိုးသေစေတဲ့အပြင် အရေပြားမှာ စွဲကပ်တတ်တဲ့ မှိုရောဂါတွေကိုလည်း သေစေနိုင်စွမ်းရှိပါတယ် ။ ရေစိမ်ချိုးတတ်သူများအနေဖြင့် မိမိချိုးမယ့်ရေထဲမှာ ပန်းသီးရှာလကာရည် ၃ခွက်ကို ရောထည့်ပြီး ၁၅မိနစ်မှ နာရီဝက်ခန့်အထိ စိမ်ပေးပါ ။ထို့နောက် ခြောက်သွေ့အောင် ညှင်သာစွာရေသုတ်ပြီး moisturizer တစ်ခုခုလိမ်းပေးရင် ပိုကောင်းပါတယ် ။ နေ့စဉ်ပုံမှန် ပြုလုပ်ပေးမယ်ဆိုရင်ဖြင့် အရေပြားယားယံမှု သိသာစွာ ပျောက်ကင်းသက်သာသွားမှာပါ ။ ပိုပြီးထိရောက် တဲ့ နည်းလမ်းကို အသုံးပြုချင်သူများကတော့ ပန်းသီးရှာလကာရည်ကို ဂွမ်းဖြင့်တို့ပြီး ယားယံသောနေရာသို့ ပွတ်လိမ်းပေးရမှာပါ ။ လိမ်းပြီး နာရီဝက်ခန့်ထားပြီးလျှင်တော့ ရေနွေးလေးဖြင့် ဆေးကြောပေးပါ။ တစ်နေ့လျှင် ၁ကြိမ်မှ ၂ကြိမ်ထိ ပုံမှန်ပြုလုပ်ပေးရမှာပါ ။

၅။ရှားစောင်းလက်ပက် ရှားစောင်းလက်ပက်က အသားအရေကို စိုပြေစေပြီး မှို၊ဘက်တီးရီးယား ၊ အရေပြား ရောင်ရမ်းနာကြင်ခြင်းများကို သက်သာစေနိုင်စွမ်း ရှိပါတယ် ။ သန့်ရှင်းလတ်ဆတ်သော ရှားစောင်းလက်ပက်ရွက်ကို ခူးပြီး အတွင်းမှ အနှစ်ဂျယ်လ်ကို ခွဲထုတ်လိုက်ပါ ။ ထို့နောက် ယားယံသော ၊ အဖုအပိန့်ထသော အရေပြားပေါ်မှာ သုတ်လိမ်းပေးပြီး ၁၅မိနစ်ခန့်ကြာအောင် ထားပေးပါ ။ထို့နောက် ရေနွေးနွေးဖြင့် ဆေးကြောလိုက်ပါ ။ တစ်နေ့တစ်ကြိမ် ပုံမှန်လုပ်ပေးလျှင်လုံလောက်ပါပြီ။

Credit:CHAN(ရွှေအင်းလေး)


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top