iMyanmarHouse.com - Best Property Website for Myanmar
×







 Credit:Duwun


#Unicode Version#
ဒီနေ့(ဇူလိုင်၃၁ရက်)ကတော့ သရုပ်ဆောင် ဂွမ်းပုံရဲ့ မွေးနေ့ ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့ကို ပြင်ဦးလွင်မှာရှိတဲ့ ပရိသတ်တွေက မွေးနေ့ Surprise လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

ပရိသတ်တွေလုပ်ပေးတဲ့ မွေးနေ့ ကြောင့် သရုပ်ဆောင် ဂွမ်းပုံ တစ်ယောက် ပျော်နေသလို အံ့သြပြီး ဝမ်းသာခဲ့ရတယ်လို့ သူမက ဆိုပါတယ်။

"ပြင်ဦးလွင်.သုံးတောင်ရွာမှ. .ဂွမ်းဂွမ်းနဲ့ဆိုက်တူဂိုက်တူ. .We Love. .ကလေးတွေ. .၈လပိုင်း၃၁. .မှာကျရောက်မဲ့.ဂွမ်းဂွမ်းရဲ့မွေးနေ့အကြို. .ဂွမ်းတည်းတဲ့။ ဟီရိုမိhotel ထိလာပြီး. လာလုပ်ပေးကြတာတဲ့ အံ့ဩပြီး ဝမ်းသာလွန်းလို့ဘာပြောရမှန်းတောင်မသိဖြစ်ခဲ့ရပါတယ်။ .ကလေးတို့ရယ်. " ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

ကလေးလေးတွေနဲ့အတူ ပျော်ရွှင်စွာ ရိုက်ကူးထားတဲ့ သူမရဲ့ ပုံရိပ်လေးတွေကိုလည်း Duwun ပရိသတ်များအတွက် ပြန်လည် ဝေမျှပေးလိုက်ပါတယ်။

သရုပ်ဆောင် ဂွမ်းပုံကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် တစ်ဦးဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

အဲ့လိုမျိုး ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တာ ကြောင့်လည်း  "ဤအရာကို အချစ်ဟုခေါ်သလား" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။

Photo : ဂွမ်းပုံ ဖေ့စ်ဘွတ်

 Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top