iMyanmarHouse.com - Best Property Website for Myanmar
×

ႏိုင္းႏိုင္းနဲ႕ စႏၵီခ်ိဳတို႕ကေတာ့ ႏွစ္ေယာက္တည္း ခရီးထြက္ေနၾကပါတယ္။ ဒီခရီးဟာ သူတို႕ႏွစ္ဦးရဲ႕ အိမ္ေထာင္သက္တမ္း ကိုးႏွစ္အတြင္းမွာ ႏွစ္ေယာက္တည္း သြားတဲ့ ပထမဆံုး ခရီးစဥ္ျဖစ္တယ္လို႕လည္း စႏၵီခ်ိဳက သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေျပာျပထားပါတယ္။

ႏွစ္ေယာက္ထဲ လြပ္လြပ္လပ္လပ္သြားရတဲ့ ခရီးေလးမွာ အသက္ရႈမွားေလာက္တဲ့ ရႈခင္းေတြရယ္၊ အရမ္းမိုက္တဲ့ စြန္႕စားခန္း ေတြကို ခ်စ္ရတဲ့ ေယာက်္ားနဲ႕အတူ ျဖတ္သန္းရတာကို သေဘာက်မိတယ္လို႕ သူမက ေရးထားပါေသးတယ္။

"We're in love all over again    first trip together alone in 9 years ! Breathless views, awesome adventure with hubby and I'm loving it!!! Don't worry, for those who will ask "where are the kids" they're safe and sound with my parents back home" ဆိုၿပီး ေရးသားထားပါတယ္။

အဲ့ဒီစာသားေလးရဲ႕ အဓိပၸါယ္ကေတာ့ "ကၽြန္မတို႔ရဲ့ ခ်စ္ျခင္းေတြ ဟိုးအရင္ကလို အသစ္ျပန္ျဖစ္လာပါၿပီ၊ ၉ ႏွစ္အတြင္းမွာ ႏွစ္ေယာက္ထဲ လြပ္လြပ္လပ္လပ္သြားရတဲ့ ပထမဦးဆုံးခရီးေလးပါ! အသက္ရွုမွားေလာက္တဲ့ ရွုခင္းေတြရယ္၊ အရမ္းမိုက္တဲ့ စြန႔္စားခန္းေတြကို ခင္ပြန္းနဲ႔အတူ ျဖတ္သန္းရတာ သေဘာက်မိပါတယ္။ ကေလးေတြေကာ ဘယ္မွာလဲလို႔ ေမးတဲ့ မိတ္ေဆြေတြ အတြက္ စိတ္မပူပါနဲ႔လို႔ ေျပာခ်င္ပါတယ္။ သူတို႔အဖိုးအဖြားေတြနဲ႔အတူ စိတ္ခ်လက္ခ် ရွိေနပါတယ္ "ျဖစ္ပါတယ္။

လွပလွတဲ့ ရႈခင္းေတြနဲ႕အတူ ၾကည္ႏူးစရာေကာင္းလွတဲ့ ႏိုင္းႏိုင္းရဲ႕ဇနီးေမာင္ႏွံရဲ႕ ပံုရိပ္ေလးေတြကို ေတြ႕ျမင္ရမွာပါ။

ႏုိင္းႏုိင္း(Nine Nine) ဟာ ၁၉၉၆ခုႏွစ္ကတည္းက တင္ေဇာ္လတ္နာမည္နဲ႕ ေမာ္ဒယ္ေလာကသို႕ ဝင္ေရာက္ခဲ့ကာ ၁၉၉၇ခုႏွစ္မွာ စႏုိးဝိႈက္ရုပ္ရွင္ထုတ္လုပ္ေရးကေန ႏုိင္းႏုိင္းဆိုတဲ့ နာမည္နဲ႕အတူ သူ႕ရဲ႕ အႏုပညာအလုပ္ေတြကို အေကာင္အထည္ေဖာ္ခြင့္ရခဲ့ပါတယ္။

၂၀၀၈ခုႏွစ္ကတည္းက လက္တြဲခဲ့တဲ့ ႏုိင္းႏုိင္းနဲ႕ စႏၵီခ်ိဳတို႕ဟာ ယခုဆိုရင္ သားသမီးေလးဦး ထြန္းကားလို႕ ေနၿပီ ျဖစ္ပါတယ္။နားလည္မႈေတြနဲ႕ တည္ေဆာက္ထားတဲ့ ႏုိင္းႏိုင္းတို႕ရဲ႕ အိမ္ေထာင္ေရးကေတာ့ ျမင္ရသူ ပရိသတ္ေတြအဖုိ႕ ၾကည္ႏူးဖို႕ေကာင္းပါတယ္။

Photo : စႏၵီခ်ိဳ ေဖ့စ္ဘြတ္
Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ကတော့ နှစ်ယောက်တည်း ခရီးထွက်နေကြပါတယ်။ ဒီခရီးဟာ သူတို့နှစ်ဦးရဲ့ အိမ်ထောင်သက်တမ်း ကိုးနှစ်အတွင်းမှာ နှစ်ယောက်တည်း သွားတဲ့ ပထမဆုံး ခရီးစဉ်ဖြစ်တယ်လို့လည်း စန္ဒီချိုက သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြထားပါတယ်။

နှစ်ယောက်ထဲ လွပ်လွပ်လပ်လပ်သွားရတဲ့ ခရီးလေးမှာ အသက်ရှုမှားလောက်တဲ့ ရှုခင်းတွေရယ်၊ အရမ်းမိုက်တဲ့ စွန့်စားခန်း တွေကို ချစ်ရတဲ့ ယောကျ်ားနဲ့အတူ ဖြတ်သန်းရတာကို သဘောကျမိတယ်လို့ သူမက ရေးထားပါသေးတယ်။

"We're in love all over again    first trip together alone in 9 years ! Breathless views, awesome adventure with hubby and I'm loving it!!! Don't worry, for those who will ask "where are the kids" they're safe and sound with my parents back home" ဆိုပြီး ရေးသားထားပါတယ်။

အဲ့ဒီစာသားလေးရဲ့ အဓိပ္ပါယ်ကတော့ "ကျွန်မတို့ရဲ့ ချစ်ခြင်းတွေ ဟိုးအရင်ကလို အသစ်ပြန်ဖြစ်လာပါပြီ၊ ၉ နှစ်အတွင်းမှာ နှစ်ယောက်ထဲ လွပ်လွပ်လပ်လပ်သွားရတဲ့ ပထမဦးဆုံးခရီးလေးပါ! အသက်ရှုမှားလောက်တဲ့ ရှုခင်းတွေရယ်၊ အရမ်းမိုက်တဲ့ စွန့်စားခန်းတွေကို ခင်ပွန်းနဲ့အတူ ဖြတ်သန်းရတာ သဘောကျမိပါတယ်။ ကလေးတွေကော ဘယ်မှာလဲလို့ မေးတဲ့ မိတ်ဆွေတွေ အတွက် စိတ်မပူပါနဲ့လို့ ပြောချင်ပါတယ်။ သူတို့အဖိုးအဖွားတွေနဲ့အတူ စိတ်ချလက်ချ ရှိနေပါတယ် "ဖြစ်ပါတယ်။

လှပလှတဲ့ ရှုခင်းတွေနဲ့အတူ ကြည်နူးစရာကောင်းလှတဲ့ နိုင်းနိုင်းရဲ့ဇနီးမောင်နှံရဲ့ ပုံရိပ်လေးတွေကို တွေ့မြင်ရမှာပါ။

နိုင်းနိုင်း(Nine Nine) ဟာ ၁၉၉၆ခုနှစ်ကတည်းက တင်ဇော်လတ်နာမည်နဲ့ မော်ဒယ်လောကသို့ ဝင်ရောက်ခဲ့ကာ ၁၉၉၇ခုနှစ်မှာ စနိုးဝှိုက်ရုပ်ရှင်ထုတ်လုပ်ရေးကနေ နိုင်းနိုင်းဆိုတဲ့ နာမည်နဲ့အတူ သူ့ရဲ့ အနုပညာအလုပ်တွေကို အကောင်အထည်ဖော်ခွင့်ရခဲ့ပါတယ်။

၂၀၀၈ခုနှစ်ကတည်းက လက်တွဲခဲ့တဲ့ နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ဟာ ယခုဆိုရင် သားသမီးလေးဦး ထွန်းကားလို့ နေပြီ ဖြစ်ပါတယ်။နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ နိုင်းနိုင်းတို့ရဲ့ အိမ်ထောင်ရေးကတော့ မြင်ရသူ ပရိသတ်တွေအဖို့ ကြည်နူးဖို့ကောင်းပါတယ်။

Photo : စန္ဒီချို ဖေ့စ်ဘွတ်

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top