iMyanmarHouse.com - Best Property Website for Myanmar
×

ကဲကဲ…. FA ေတြေနာ္။ ခ်စ္လုိ႔ သတိေပးလုိက္တာပါ။ ဒီပု႔ိ႔စ္ကုိ ဖတ္ၿပီး စိုးရိမ္မႈေတြျဖစ္ေပၚ လာမယ္ဆုိရင္ေတာ့ ခုခ်က္ခ်င္းပဲ RS ခ်ိတ္လုိက္ၾကေနာ္။ ကုိယ္အသက္ရွည္ဖုိ႔အတြက္ပဲ ဥစၥာ။ RS ေတြကေတာ့ က်န္းမာေရးလုိက္စားသူေတြလုိ႔ ေျပာရမွာပဲ။ FA အခုပဲ လႈပ္ရွားလုိက္ေတာ့ေနာ္။

ေလ့လာေတြ႔ရွိခ်က္ေတြအရ တစ္ကုိယ္တည္း၊ အေဖာ္မ့ဲ ျဖတ္သန္းေနထုိင္ျခင္းက က်န္းမာေရး ျပႆနာေတြပုိမုိအျဖစ္မ်ားၿပီး အခ်ိန္မတုိင္မီ ေသဆံုးျခင္းေတြ ျဖစ္ႏုိင္တယ္လုိ႔ ေဖာ္ျပပါရွိပါတယ္။ အဝလြန္ျခင္းကဲ့သုိ႔ေသာ ကုသရခက္ခဲတဲ့ က်န္းမာေရးခ်ိဳ႕ယြင္းမႈေတြက တစ္ကုိယ္တည္းေနထုိင္တဲ့ သူေတြမွာ ပုိၿပီးအျဖစ္မ်ားေၾကာင္းနဲ႔ ေစာစီးစြာေသဆံုးႏုိင္ေခ်မ်ားတယ္လုိ႔ သိရပါတယ္။ လူမႈပတ္ဝန္း က်င္နဲ႔ အဆက္အဆံမရွိျခင္း၊ အေဖာ္မဲ့ျခင္းေတြက အခ်ိန္မတုိင္မီ ေသဆံုးမႈ ၅၀ ရာခုိင္ႏႈန္းထိေတာင္ ျဖစ္ေပၚလာႏုိင္တာပါတဲ့။

ပတ္ဝန္းက်င္နဲ႔ ကင္းကင္းရွင္းရွင္းေနထုိင္ျခင္း၊ အေဖာ္ေဝးနဲ႔ ခ်စ္သူခင္သူ မရွိျခင္း၊ အထီးက်န္ျခင္း ေတြကေနတဆင့္ ရွင္သန္ေနထုိင္မႈေတြမွာ အခက္အခဲျပႆနာေတြျဖစ္ေပၚကာ အဝလြန္ျခင္းေၾကာင့္ ျဖစ္ေပၚတဲ့ က်န္းမာေရးဆုိးရြားမႈ ျပႆနာထက္ကုိ ပုိမ်ားတဲ့ အႏၱရာယ္ေတြျဖစ္လာႏုိင္ေၾကာင္း စစ္ေဆး ေတြ႕ရွိရပါတယ္။

ယခင္ၿပီးခဲ့တဲ့ ေလ့လာစမ္းသပ္မႈေတြမွာလည္း တစ္ဦးတည္း အေဖာ္မဲ့စြာေနထုိင္တဲ့သူေတြမွာဆုိရင္ ဘဝရွင္သန္ရပ္တည္မႈနဲ႔ သက္တမ္းေတြကုိ ေလ်ာ့က်ေစျခင္းေတြက ဆက္စပ္အပ္စပ္မႈရွိတယ္ဆုိတာ ေတြ႕ရွိခဲ့ရပါတယ္။ အေမရိကျပည္သူ ၄၂.၆ သန္းရွိတဲ့ အရြယ္ေရာက္ၿပီးသားလူတုိင္းက တစ္ကုိယ္ တည္း အထီးက်န္စြာျဖန္သန္းေနၿပီး သက္တမ္းေနထုိင္မႈေတြမွာလည္း အသက္အရြယ္အားျဖင့္ အုိ မင္းလာသည့္တုိင္ေအာင္ ေနထုိင္ျဖတ္သန္းႏုိင္ခဲ့တာမ်ိဳး မရွိဘူးလုိ႔ သိရပါတယ္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

သဒၵါခ်ိဳ(ေရႊအင္းေလး)

Credit: www.shweinnlay.com

#Unicode Version#
ကဲကဲ…. FA တွေနော်။ ချစ်လို့ သတိပေးလိုက်တာပါ။ ဒီပု့ိ့စ်ကို ဖတ်ပြီး စိုးရိမ်မှုတွေဖြစ်ပေါ် လာမယ်ဆိုရင်တော့ ခုချက်ချင်းပဲ RS ချိတ်လိုက်ကြနော်။ ကိုယ်အသက်ရှည်ဖို့အတွက်ပဲ ဥစ္စာ။ RS တွေကတော့ ကျန်းမာရေးလိုက်စားသူတွေလို့ ပြောရမှာပဲ။ FA အခုပဲ လှုပ်ရှားလိုက်တော့နော်။

လေ့လာတွေ့ရှိချက်တွေအရ တစ်ကိုယ်တည်း၊ အဖော်မဲ့ ဖြတ်သန်းနေထိုင်ခြင်းက ကျန်းမာရေး ပြဿနာတွေပိုမိုအဖြစ်များပြီး အချိန်မတိုင်မီ သေဆုံးခြင်းတွေ ဖြစ်နိုင်တယ်လို့ ဖော်ပြပါရှိပါတယ်။ အဝလွန်ခြင်းကဲ့သို့သော ကုသရခက်ခဲတဲ့ ကျန်းမာရေးချို့ယွင်းမှုတွေက တစ်ကိုယ်တည်းနေထိုင်တဲ့ သူတွေမှာ ပိုပြီးအဖြစ်များကြောင်းနဲ့ စောစီးစွာသေဆုံးနိုင်ချေများတယ်လို့ သိရပါတယ်။ လူမှုပတ်ဝန်း ကျင်နဲ့ အဆက်အဆံမရှိခြင်း၊ အဖော်မဲ့ခြင်းတွေက အချိန်မတိုင်မီ သေဆုံးမှု ၅၀ ရာခိုင်နှုန်းထိတောင် ဖြစ်ပေါ်လာနိုင်တာပါတဲ့။

ပတ်ဝန်းကျင်နဲ့ ကင်းကင်းရှင်းရှင်းနေထိုင်ခြင်း၊ အဖော်ဝေးနဲ့ ချစ်သူခင်သူ မရှိခြင်း၊ အထီးကျန်ခြင်း တွေကနေတဆင့် ရှင်သန်နေထိုင်မှုတွေမှာ အခက်အခဲပြဿနာတွေဖြစ်ပေါ်ကာ အဝလွန်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ ကျန်းမာရေးဆိုးရွားမှု ပြဿနာထက်ကို ပိုများတဲ့ အန္တရာယ်တွေဖြစ်လာနိုင်ကြောင်း စစ်ဆေး တွေ့ရှိရပါတယ်။

ယခင်ပြီးခဲ့တဲ့ လေ့လာစမ်းသပ်မှုတွေမှာလည်း တစ်ဦးတည်း အဖော်မဲ့စွာနေထိုင်တဲ့သူတွေမှာဆိုရင် ဘဝရှင်သန်ရပ်တည်မှုနဲ့ သက်တမ်းတွေကို လျော့ကျစေခြင်းတွေက ဆက်စပ်အပ်စပ်မှုရှိတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ အမေရိကပြည်သူ ၄၂.၆ သန်းရှိတဲ့ အရွယ်ရောက်ပြီးသားလူတိုင်းက တစ်ကိုယ် တည်း အထီးကျန်စွာဖြန်သန်းနေပြီး သက်တမ်းနေထိုင်မှုတွေမှာလည်း အသက်အရွယ်အားဖြင့် အို မင်းလာသည့်တိုင်အောင် နေထိုင်ဖြတ်သန်းနိုင်ခဲ့တာမျိုး မရှိဘူးလို့ သိရပါတယ်။

သဒ္ဒါချို(ရွှေအင်းလေး)

Credit: www.shweinnlay.com
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top