လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

ေက်ာက္မ်က္ရတနာ ၏ အေရာင္ ၀င္ေရာက္မႈ သဘာ၀ ကို အရည္ ဟု ေခၚၾက သျဖင့္ ေက်ာက္ ရည္ေက်ာက္ သား ဟူေသာ စကား သည္ ေက်ာက္မ်က္ ရတနာ ေရာင္း၀ယ္ေရးေလာက တြင္ ေရပန္းစား သည့္ စကားမ်ားျဖစ္ေလသည္။

ေက်ာက္ရည္ေက်ာက္သား အေပၚ မူတည္ ၍ ရတနာ ၏ တန္ဖိုး ကို သတ္မွတ္ၾကေလရာ ေက်ာက္မ်က္ ပညာ ကြ်မ္းက်င္ သူသည္ ထိုႏွစ္မ်ဳိး စလုံး ကို ကြ်မ္းက်င္ ရေလသည္။

ျပင္ပ ႐ုပ္လကၡဏာ ကို ၾကည့္၍ အတြင္းသား ကို ေလ့လာ အကဲခတ္ ရ သည့္ ပညာသည္ ေက်ာက္မ်က္ ပညာ ၏ အေရးႀကီးေသာ ပညာရပ္ မ်ားျဖစ္ေလသည္။ျပင္ပ လကၡဏာ သည္ အတြင္း သားကို ေဖာ္ျပေန သည့္ တိက်ေသခ်ာေသာ လကၡဏာ ဟုပိုင္းျဖတ္ ၍ မရေသာ္ လည္း ထို လကၡဏာ မ်ားသည္ အတြင္းသား ကို အကဲခတ္ ရာတြင္ အေတြ႕အၾကံဳ အရ သုံးစဲြေန ရသည့္ လကၡဏာမ်ား ျဖစ္ေလသည္။

ေက်ာက္စိမ္း အ႐ိုင္းတုံး တစ္တုံး ကို အကဲခတ္ သူသည္ ေက်ာက္စိမ္းတုံး ၏ ျပင္ပ လကၡဏာ မ်ား ကိုၾကည့္ ၍ သူ၏ အေတြ႕အၾကံဳ ႂကြယ္၀ မႈျဖင့္ အကဲ ခတ္ရ ေလသည္။ ထိုေက်ာက္စိမ္း အ႐ိုင္းတုံး သည္ မည္သည့္ အရပ္ေဒသ က ထြက္သလဲ၊ ဘယ္လို အမ်ဳိးအစား လဲ စတာက ေန ခ်ဥ္းကပ္ရသည္။

ဖားကန္႔ ကလား၊ လုံးခင္း ကလား၊ တာမခန္ ဘက္က လား၊ခႏၲီး ဘက္က လား စသျဖင့္ ထြက္ရွိသည့္ အရပ္ေဒသ ကို ၾကည့္ရသည္။ ထြက္ရွိရာ ေဒသကို လိုက္၍ ျပင္ပ အခြံ ကြာျခားသည္။ျပင္ပ လကၡဏာ ကဲြျပားမႈ ရွိ သည္။

ထြက္ရွိရာ အရပ္ေဒသ ကို လွမ္းေထာက္မိၿပီ ဆိုသည္ႏွင့္ ေမွာ္ အမ်ဳိး အစား ကို ၾကည့္ရ သည္ ။ေမွာ္ေတြ ကဲြျပား သလို ေက်ာက္စိမ္း ၏ ျပင္ပ လကၡဏာ၊ အတြင္းသားေတြ ကလည္း ကဲြျပားသည္ ။ေက်ာက္သား ၊ ေက်ာက္ရည္ ကလည္း ကဲြျပား သည္။

 ေက်ာက္စိမ္း သည္ သဘာ၀ တြင္းထြက္ျဖစ္သျဖင့္ သဘာ၀ တြင္းထြက္ မ်ား၏ ကိုယ္ပိုင္ လကၡဏာ ကို ပိုင္ဆိုင္ ထားသည္။ ေက်ာက္သား အႏု အရင့္ေပၚ မူတည္ ၍ ေက်ာက္၏ အေရာင္ေတာက္ေျပာင္မႈ (အရည္တက္) ကြာျခားသြားသည္။

ေက်ာက္သား အႏုအရင့္ေပၚ မူတည္၍ ေက်ာက္ရည္ေက်ာက္ေသြး လင္းလက္ ေတာက္ပ ရႊန္းစို သြား ရျခင္းျဖစ္သည္။

 ေက်ာက္စိမ္း အ႐ိုင္းတုံး တစ္တုံး ၏ လကၡဏာ ကို ေလ့လာ ရာတြင္ ႏွစ္ေပါင္း မ်ားစြာ လက္ဆင့္ကမ္း လာ သည့္ အေတြ႕ အၾကံဳ၊ မိမိကိုယ္ပိုင္ အေတြ႕အၾကံဳတို႔ျဖင့္ ခန္႔မွန္း အကဲခတ္ရသည္။ စိတ္ရွည္ လက္ရွည္ႏွင့္ စနစ္က်စြာ အကဲျဖတ္ရသည္။ေက်ာက္ အကဲထက္ လူအကဲ ခတ္ရတာက ပို၍ ခက္ခဲေၾကာင္း ေရွးလူႀကီး သူမ မ်ားက ၎တို႔ ၏ အေတြ႕အၾကံဳကို လက္ဆင့္ကမ္း ခဲ့ၾကသည္။

သို႔ေသာ္ လည္း လူကဲ ကို ေက်ာက္ကဲေလာက္ ပင္ ဂ႐ုစိုက္ၿပီး အေလးထား ကာ အကဲခတ္မႈ မရွိၾကသည္ ကို ေတြ႕ေနရမည္ျဖစ္ သည္။ ေက်ာက္စိမ္း အ႐ိုင္းတုံး တစ္တုံး ကို ေက်ာက္မ်က္ ရတနာ ကြ်မ္းက်င္ သူတို႔၏ အၾကမ္းဖ်င္း ေလ့လာပုံ ကိုၾကည့္ၾကပါမည္။

ေက်ာက္စိမ္း ထြက္ရွိရာ ေမွာ္ကို သိလိုက္သည္ႏွင့္ အကဲခတ္ သူသည္ ထိုေမွာ္က ထြက္သည့္ ေက်ာက္ ၏ ျပင္ပ လကၡဏာႏွင့္ အတြင္းသား ၏ သဘာ၀ ကို သိလိုက္ၿပီျဖစ္သည္။ ထို သဘာ၀ကို စံအျဖစ္ မွတ္ ထားၿပီး အကဲျဖတ္ခ်က္ တိုင္း ကို ထို သဘာ၀တို႔ျဖင့္ ယွဥ္ထိုး ၾကည့္ရသည္။

ထို သဘာ၀ မ်ားသည္ သီအိုရီ သေဘာျဖစ္သြား သည္။ ထို သေဘာတရား မ်ားျဖင့္ ေက်ာက္စိမ္း အ႐ိုင္းတုံး ကို တစ္ခုခ်င္း တိုက္ၾကည့္ရ သည္။ အေပြး၊ မန္း၊ ယမ္း၊ ေခ်ာ္ စေသာ လကၡဏာ မ်ားသည္ ေက်ာက္စိမ္း အ႐ိုင္း တုံး ကို အကဲခတ္ ရာတြင္ ျပင္ပ လကၡဏာ အျဖစ္ ၾကည့္ရသည့္ အခ်က္မ်ားျဖစ္ေန သည္။

 ေက်ာက္စိမ္း အ႐ိုင္း ၏ ျပင္ပ လကၡဏာ တြင္ ယင္း အခ်က္မ်ား ထဲမွ အနည္းဆုံး ႏွစ္ခ်က္ ကိုေတာ့ ေတြ႕ ရေလ့ ရွိသည္။ ယင္းလကၡဏာမ်ား ရွိေနေသာ္ လည္း ေက်ာက္စိမ္း မဟုတ္သည့္၊ ရတနာ တန္း၀င္ ေက်ာက္ မဟုတ္ သည့္ အ႐ိုင္း တုံးေတြကိုလည္း ေတြ႕ႏိုင္ပါသည္။

အေလးခ်ိန္ ကို ဆၾကည့္ျခင္း ကိုလည္း ေက်ာက္႐ိုင္း အကဲျဖတ္ သူမ်ားက သုံး ေလ့ရွိသည္ကို ေတြ႕ရသည္။ အေပြး ဆိုတာကေတာ့ သစ္ပင္ မ်ား တြင္ အေပြးတက္ သလိုပင္ ေက်ာက္စိမ္း အ႐ိုင္း၏ အခံြေပၚတြင္ ေတြ႕ ရသည္။

ထို အေပြးက အတြင္းသား ၏ အရည္၀င္ ေရာက္မႈ ကို အကဲခတ္ ရသည့္ အခ်က္ ျဖစ္သလို ေက်ာက္စိမ္း အ႐ိုင္း ၏ တန္း၀င္ လကၡဏာ လည္း ျဖစ္ေလသည္။ေက်ာက္ အ႐ိုင္း ၏ သက္တမ္း သို႔မဟုတ္ ေက်ာက္ သား အႏုအရင့္ ကို ခန္႔မွန္း၍လည္း ရေလသည္။

အေပြး  ၏ျဖစ္တည္မႈ အစိပ္ အက်ဲကိုၾကည့္ကာ ေက်ာက္ရည္ ေက်ာက္သား ကို ခန္႔မွန္းရသည္။
မန္းက်ေတာ့ အေပြး ထက္ပင္ ပို၍ စိပ္ၿပီး အလြန္ေသးငယ္ေသာ အစက္ အေျပာက္ အစု အေ၀းကေလးျဖစ္ သည္။ ပုရြက္ဆိတ္ မ်ား စုျပံဳခဲေနသည့္ သၾကား ရည္ကြက္ လိုထင္ရသည္။

ထို မန္း က ေက်ာက္စိမ္း အတြင္းသားထဲ အရည္၀င္ ေရာက္ေနမႈ ကို ေျခရာခ်န္ ထားသလို ရွိသည္။မန္းတြင္ အေရာင္ပါ သည့္ အစက္အေျပာက္ကေလးေတြ ပါသည္။ ေက်ာက္အကဲခတ္ သူတို႔ မွန္ဘီလူး သုံး၍ ဂ႐ု တစိုက္ၾကည့္႐ႈ အကဲခတ္ ရသည့္ သဘာ၀ လကၡဏာျဖစ္သည္။

မန္း ကို မွန္ဘီလူးျဖင့္ ခ်ဲ႕၍ေလ့လာျခင္းသည္ ေက်ာက္သား ကို မွန္းဆ၍ ရသလို အရည္၊ ယမ္း၊ ရွင္း၊ စသည့္ ေက်ာက္တြင္း သား လကၡဏာ ကို အကဲခတ္ႏိုင္ သည္။

ယမ္း  ကေတာ့ ေက်ာက္စိမ္း ၏ အတြင္း သားထဲ ကေန ေပၚေပၚထင္ထင္ထြက္ ေပၚလာသည့္ ျပင္ပ လကၡဏာ ဟု ဆိုႏိုင္သည့္ အေရာင္ေတာက္ပေန ေသာ ခရစၥတယ္ မ်ားျဖစ္သည္။ ထိုယမ္း မ်ားသည္ ေက်ာက္ သား ထဲတြင္ အခ်ဳိ မႈန္႔ေတာင့္ ကေလးေတြ စုခင္းထား သလို ေနရာယူ ထားၿပီး ေက်ာက္ ၏ အရည္ (အေရာင္) ကူးမႈ ကို တားဆီး တတ္သည့္ သဘာ၀ လကၡဏာမ်ားျဖစ္သည္။

သို႔ေသာ္လည္း ယင္း သဘာ၀သည္ ပင္ လွ်င္ ေက်ာက္သား အတြင္း အရည္ ကူး ျဖန္႔သြားမႈကို အားေပးသည့္ လကၡဏာ ျဖစ္ေနတတ္သည္။ ေက်ာက္ရည္ ေက်ာက္သား ကို ထို ယမ္း က ပို၍ ေတာက္ပ စိုေျပေစေလ သည္။

 ေခ်ာ္ ကေတာ့ ေက်ာက္စိမ္း ထြက္ရွိ ရာေဒသ ၏ ေျမႏွင့္ေက်ာက္ တို႔၏ ဆက္ စပ္မႈကို ေလ့လာႏိုင္သည့္ လကၡဏာ ျဖစ္သည္။ေက်ာက္ ၏ အသက္ အႏု အရင့္ ကိုလည္း အကဲျဖတ္ႏိုင္သည့္ လကၡဏာျဖစ္သည္။

ထိုေခ်ာ္  မ်ားကို ေက်ာက္စိမ္း အ႐ိုင္းတုံး ၏ မ်က္ႏွာျပင္ ေပၚတြင္ ေရညိႇ တက္ေနသလို ေတြ႕ရ တတ္သည္။ ထို လကၡဏာ က ေက်ာက္ စိမ္း အ႐ိုင္း ၏ သဘာ၀ ထဲတြင္ ဖဲြ႕တည္ ရွိ ေနပုံ ကို မွန္းဆၾကည့္ႏိုင္သည့္ သဘာ၀ လကၡဏာ ဟု လည္း ဆိုႏိုင္သည္။

ယင္း အေျခခံ လကၡဏာ မ်ားကို ျပင္ပ ကေန ၾကည့္႐ႈ အကဲခတ္ ရာတြင္ မွန္ ဘီလူးျဖင့္ ဂ႐ုတစိုက္ၾကည့္ ႐ႈကာ ဖတ္ၾက ရသည္။

 ေက်ာက္အ႐ိုင္း ၏ အခံြ က ပါး လွ်င္ေတာ့ မီးထိုး ၍ၾကည့္ႏိုင္သည္။ေက်ာက္ အ႐ိုင္းကို တန္ဖိုးျဖတ္ ရာတြင္ ထို သဘာ၀ လကၡဏာ မ်ားကို ၾကည့္၍ အကဲျဖတ္ၾကသည္။ အေပြး၊ မန္းေတြ ကို ေဖာက္၍လည္း အတြင္း သား ကို ေခ်ာင္း ၾကည့္ရသည္။

 ျပခ်က္ က ေက်ာက္စိမ္း အ႐ိုင္း ၏ အတြင္းသားကို အနည္းငယ္ လွစ္ဟျပလိုက္ျခင္း ျဖစ္သည္။ျပခ်က္ေဖာက္၊ ပြတ္၊ တိုက္၍ ျပရသည္ မွာ စြန္႔စားရေသာ အလုပ္ျဖစ္သည္။ ထိုျပခ်က္ ကေလးကို မီးထိုး၊ မွန္ထိုး၊ ေနထိုးကာ ၾကည့္ၾက၊ အကဲျဖတ္ၾက သည္။

ထိုသို႔ျပရာ တြင္လည္း ေဖာက္ ခ်က္၊ ျပခ်က္ကို စိတ္၀င္စားေအာင္ ျပရသည္။  ေက်ာက္ အ႐ိုင္းတုံး တစ္တုံး ၏ ေအာင္၊ ႐ႈံး ကို ျပသည့္ လကၡဏာေတြ ကို အေျခခံ ၍ ေဖာက္ခ်က္၊ ျပခ်က္ ကို ေဖာ္ ထုတ္ရသည္ ။

 ျပခ်က္၊ ေဖာက္ခ်က္ ကို ေဖာ္ထုတ္ ရသည့္ ပညာ သည္ စိန္ေခၚမႈ မ်ားစြာ ရွိေလသည္။ ေဖာက္ခ်က္ ၊ ျပခ်က္ က ေအာင္သြား လွ်င္ အ႐ိုင္းတုံး ၏ တန္ဖိုးျမင့္တက္ သြားၿပီး ႏုတ္သည့္ လကၡဏာျပလွ်င္ေတာ့ တန္ဖိုးက ထိုးက်သြားသည္။

 ေက်ာက္ ၏ အေပြး၊ မန္း အသြားအလာ ကိုၾကည့္ကာ အေတြ႕အၾကံဳ ေလ့လာမႈျဖင့္ စြန္႔စားရ ျခင္းျဖစ္ သည္။ ျပင္ပ လကၡဏာ မ်ားသည္ ျဖစ္ႏိုင္ေျခ ကိုသာ တြက္ဆ ၍ရသည္။ ေသခ်ာေပါက္ျဖစ္လာမည္ဟု ဆိုလိုျခင္း မဟုတ္ေပ။

သို႔ျဖစ္၍ လည္း ေက်ာက္ကဲ ကို စိတ္ ရွည္လက္ရွည္ျဖင့္ ေလ့လာ သုံးသပ္ဆင္ ျခင္ရေလ သည္။  ၿပခ်က္ေဖာ္ထုတ္ ရာ တြင္ထို စိတ္ရွည္မႈ က မွန္းဆခ်က္ ကို ေက်းဇူးျပဳသည္။ ေက်ာက္႐ိုင္း တစ္တုံး ကို တသသႏွင့္ ၾကည့္ကာ စိတ္ကူးယဥ္ ေနတတ္သည့္ ေက်ာက္သမားေတြ ကို ေတြ႕ၾကရေပမည္။

သူတို႔ ၏ အေတြ႕ အၾကံဳအေလ့ အလာ က သူတို႔ကို ေထာက္ ပံ့ေပးသည္။ ေက်ာက္သမားေတြ က ကိုယ္တိုင္ စီမံ ခန္႔ခဲြကာ လုပ္ကိုင္ ခဲ့သည့္ ေက်ာက္ေတြ ကို မွတ္မိေန တတ္သည္။ အထူးသျဖင့္ ေအာင္ သည့္ေက်ာက္ႏွင့္ ျပဳတ္ သည့္ေက်ာက္ေတြ ကို မွတ္မိေန တတ္သည္။

ထို မွတ္မိေနသည့္ ေက်ာက္ေတြ ကို ေနာက္ လုပ္မည့္ေက်ာက္ႏွင့္ ႏႈိင္းယွဥ္ အကဲျဖတ္ၾကသည္။
ေက်ာက္ ထဲ က အရည္ သည္ တစ္ဆင့္ခ်င္း မွ ျမင္ရသည္ ျဖစ္ရာ မွန္းဆခ်က္၊ လုပ္ခ်က္တိုင္းသည္ စိန္ေခၚမႈမ်ား ျဖစ္ေလသည္။

မွန္းဆခ်က္မ်ား ျပဳလုပ္ေနခ်ိန္တြင္ ေက်ာက္သမား သည္ ေလာဘႏွင့္ ပူပန္မႈ ကို ေလွ်ာ့ခ်ႏိုင္ ဖို႔ လိုေပ သည္။ ေလာဘ က အျပဳဘက္၊ အေအာင္ ဘက္ ကို ပိုျမင္ေစၿပီ၊ ပူပန္မႈ က ေတြေ၀ မႈကိုျဖစ္ေစကာ အပ်က္ ဘက္၊ အ႐ႈံး ဘက္ ကို တြန္းအားေပးတတ္သည္။

ယခု ခန္႔မွန္း တြက္ဆသည့္ ေက်ာက္သည္ ယခင္က ေအာင္ဖူး သည့္ ေက်ာက္ ၏ လကၡဏာႏွင့္တူေနလွ်င္၊ အလြန္ နီးစပ္ ေနလွ်င္ အျပဳဘက္၊ အေအာင္ဘက္ ကို ပိုတြက္ မိတတ္သည္။ ပ်က္ဖူးသည့္ ေက်ာက္ႏွင့္ လကၡဏာ တူေနလွ်င္ အလြန္ နီးစပ္ေနလွ်င္ အပ်က္ ဘက္ကို ပိုတြက္ မိတတ္သည္။

 ေက်ာက္စိမ္း သည္ လကၡဏာ ခြ်တ္ စြပ္တူေနလွ်င္ လည္း တစ္တုံးႏွင့္ တစ္တုံး ဆန္႔က်င္ဘက္ အျဖစ္ ေန တတ္သည္ ကို သတိ လြတ္သြား တတ္ေလသည္။ သို႔ျဖစ္ ၍ အကဲျဖတ္ သူ၏ အေတြ႕အၾကံဳႏွင့္ အေတြး အေခၚက အေရးႀကီးေလသည္။

စိတ္ပိုင္းျဖတ္မႈ က အဓိက က်သည္။ စိတ္ကို ကြပ္ကဲႏိုင္ဖို႔ လိုသည္။ ေက်ာက္ သမားေတြ က မ်ားမ်ားၾကည့္၊ နည္းနည္း ၀ယ္ ဟု သတိေပး တတ္ၾကသည္။ ေၾကာက္လွ်င္ လာဘ္ လဲြ၊ ရဲလွ်င္ လာဘ္ ရဟုလည္း ဆိုတတ္ သည္။

 ေက်ာက္စိမ္း ၏ ျပင္ပ လကၡဏာႏွင့္ အတြင္း သေဘာ ဆက္စပ္မႈ သည္ သဘာ၀ျဖစ္စဥ္ေပၚ မူတည္၍ ေလ့ လာ ဆုံးျဖတ္ ရျခင္းျဖစ္ေလရာ ဘက္ေပါင္းစုံ၊ အေတြ႕အၾကံဳေပါင္းစုံ တို႔ျဖင့္ အကဲခတ္ ၾကသည္။

အရည္ ၀င္ေရာက္ ကိန္းေအာင္း မႈတြင္ အႀကိဳအေထာက္ေတြ ရွိသည္။ ေက်ာက္စိမ္း သမားမ်ား ဘ၀င္ခိုက္ သည့္ ႀကိဳးေတြ ရွိသည္။ ထိုႀကိဳး က ေက်ာက္ရည္ ၀င္ေရာက္ မႈ လမ္းေၾကာင္းႏွင့္ အတြင္း ထဲ ျဖန္႔ကား ထြက္ မႈ ကို အားေပးသည္။ ႀကိဳးလွ လွ်င္ လွ သလို ေက်ာက္ အ႐ိုင္း၏ ေဈး ကလည္း ေျမာက္သည္။

ယခုေဖာ္ျပ လိုက္သည့္ အေၾကာင္း အရာ မ်ားမွာ ေက်ာက္႐ိုင္းတုံး ကို အကဲ ခတ္သည့္ အေျခခံ ကေလးမွ် သာ ရွိေသး သည္။ တကယ္ အကဲခတ္ ရေသာ အခါ အကဲျဖတ္ခ်က္ေတြ မ်ားစြာ က်န္ေနသည္။  ေက်ာက္ စိမ္း အ႐ိုင္းတုံး ကို အကဲ ခတ္ ရာတြင္ အဆင့္ေပါင္း မ်ားစြာ၊ သီအိုရီ ေပါင္းမ်ားစြာ၊ အေတြ႕အၾကံဳေပါင္း မ်ားစြာ ကို အေျခတည္ ၍ ေလ့လာ သုံးသပ္ အကဲျဖတ္ၾက ရသည္ကို သေဘာမွ် ေလာက္ ေဖာ္ျပျခင္း သာျဖစ္သည္။

သဘာ၀ တြင္းထြက္ ေက်ာက္မ်က္ ရတနာ တစ္ခုမွာ ပင္လွ်င္ သဘာ၀ ၏ တုံ႔ျပန္မႈ အႏုအရင့္၊သက္တမ္း၊ အရည္ ဖဲြ႕ တည္မႈေပၚမူတည္ ၍ ေက်ာက္ အ႐ိုင္း တုံး တစ္တုံးမွာ ပင္လွ်င္ တစ္ေနရာႏွင့္ တစ္ေနရာ မတူဘဲ ရွိရာ ေနရာ တစ္ေနရာ တည္းတြင္ အတူတကြ ရွိေနသည့္ ေက်ာက္အ႐ိုင္းတုံး တို႔ ပို၍ကဲြျပားေန မည္ကို ခန္႔မွန္းၾကည့္ႏိုင္ပါမည္။

ထိုေက်ာက္ကဲ ထက္ လူကဲက ပို၍ ခက္ သည္ ဟူေသာ စကား အတိုင္း သက္ရွိ အသိ ရွိေသာ လူမ်ားကို အကဲျဖတ္ ရန္ အခ်က္အလက္ မ်ားစြာ၊ မွန္းဆ ခ်က္မ်ား စြာရွိေနေလရာ ေက်ာက္မာယာ ထက္ လူမာယာ က ပိုသည္ ဟု ဆိုျခင္းျဖစ္သည္။

သို႔ေသာ္လည္း လူေတြ ကို အကဲခတ္ ရာ တြင္ ေက်ာက္တုံး တစ္တုံးကို အကဲခတ္ သေလာက္ ေထာင့္စုံ အကဲ မခတ္မိ သျဖင့္ ဒုကၡ ေရာက္ၾကရသည့္ ေက်ာက္သမား ေတြ မ်ားစြာ ရွိေလသည္။   ေက်ာက္ထဲ က အရည္ ကို မျမင္ရ သကဲ့သို႔ လူတစ္ေယာက္ ၏ အတြင္း သေဘာ ကလည္း ျမင္ရသည္ မဟုတ္ေပ။

မျမင္ရ သည့္ ေက်ာက္အရည္ သည္ သူ႔ ပကတိ အရွိအတိုင္း မေျပာင္းမလဲ ရွိေနေသာ္လည္း လူ ၏ အတြင္း သေဘာ ကေတာ့ ေျပာင္းလဲ လ်က္ ရွိေလသည္။  ထိုေျပာင္းလဲေနသည့္ လူ၏ အတြင္း သေဘာကို အကဲ ခတ္ ၊ ပိုင္းျဖတ္ ရသည္ မွာလည္း ပို၍ ခက္ခဲသည္ ကို ဆင္ျခင္ႏိုင္ ရန္လိုပါသည္။

 ေက်ာက္ထဲ က အရည္ ကို သိရွိႏိုင္ရန္ ျပင္ပ လကၡဏာကို ၾကည့္ျခင္း၊ တစ္ဆင့္ခ်င္း လွစ္ဟၾကည့္ျခင္း၊ အေသးစိတ္ ျဖတ္ ေတာက္ ၾကည့္ျခင္းျဖင့္ သိရသည္။  လူ တစ္ေယာက္၏ အတြင္းသေဘာ က ေျပာင္း လဲေန သျဖင့္ ျပင္ပ လကၡဏာ၊ တစ္ဆင့္ခ်င္း ေလ့လာမႈ၊ အေသးစိတ္ ေစာင့္ၾကည့္ ေလ့လာမႈ တို႔ျဖင့္ ယတိျပတ္ ဆုံးျဖတ္ ၍ မရေပ။

နီးစပ္႐ုံသာ တတ္ႏိုင္ သည္။ ထို သေဘာကို နားလည္ လက္ခံ ထားလွ်င္ လူေတြႏွင့္ ေပါင္းသင္း ဆက္ဆံ ရသည့္ အခါ ပို၍ အဆင္ေျပေပမည္။ ေက်ာက္သမား သည္ ေက်ာက္ထဲက အရည္ ကိုေတြ႕လွ်င္ ထို အရည္ ကို ပါးနပ္ သပ္ရပ္စြာ လွီးျဖတ္ ထုတ္ၿပီး အရည္ လုံ သြားၿပီး ေတာက္ပ လင္းလက္ကာ ရတနာ ျဖစ္ေအာင္ တစ္ဆင့္ခ်င္း ေသြးယူ ရသည္။

အရည္ အားေကာင္းသည့္ေနရာ ကို ျဖတ္ေတာက္ လွီးဖဲ့ ေသြးပစ္ လိုက္မိ ပါ က ရတနာ ၏ အလွႏွင့္ တန္ဖိုး တို ႔သည္ လႊစာေသြး ေက်ာက္စာ မိ သြားတတ္သည္။  တန္ဖိုးေတြ ကို ဖဲ့လွီး၊ ေသြးပစ္ လိုက္သလို ျဖစ္ သြား တတ္သည္။

လူတစ္ေယာက္ ကို အကဲခတ္ ရာတြင္လည္း သူ၏ တန္ဖိုးႏွင့္ အႏွစ္သာရ ကို ဖမ္းဆုပ္ မိဖို႔ လိုသည္။ လက္ လြတ္ သြားပါက သူ႔ တန္ဖိုး ကို ဖဲ့ထုတ္ပစ္ သလိုျဖစ္သြားကာ တန္ဖိုးေလ်ာ့သြားရ သည္။  ထို တန္ဖိုးေလွ်ာ့ သြားသည့္ လူကို တန္ဖိုး အစစ္ အမွန္အတိုင္း အကဲ မျဖတ္မိလွ်င္ သူႏွင့္ ေပါင္းသင္း ဆက္ဆံရာတြင္ အႏုတ္ လကၡဏာျဖစ္သြားရေပမည္။

 ေက်ာက္သမား သည္ ေက်ာက္ထဲ က အရည္ စစ္ကို ရရွိႏိုင္ ရန္ ထို အရည္၀န္း က်င္၊ အရည္ ထဲတြင္ ရွိေန သည့္ အျပစ္ အနာ အဆာ ေတြကို ဖယ္ထုတ္ရသည္။ ရွင္းလင္း ရသည္။အရည္စစ္ ထဲတြင္ ဆံ၊ ယမ္း၊ ရွင္း အအက္ အနာ ရွိေနလွ်င္ စင္ၾကယ္ေသာ ေက်ာက္ေကာင္း တစ္ပြင့္ ရရွိရန္ မွန္ကန္စြာ ဆုံးျဖတ္ၿပီး ရဲရင့္ စြာ ျဖတ္ေတာက္ ထုတ္ပစ္ရသည္။

 ေက်ာက္ထဲ က အရည္စစ္ ကို ရတနာ တန္း၀င္ျဖစ္ေအာင္ အရည္အေသြး ကို ေရြးယူၿပီး အျပစ္ အနာကို ဖယ္ထုတ္ ရ သလို လူတစ္ေယာက္ ၏ ပကတိ တန္ဖိုး ကိုလည္း ထို႔အတူ ေရြးခ်ယ္ေဖာ္ထုတ္ ျခင္းျဖင့္ ရရွိႏိုင္ေလသည္။

သို႔ေသာ္ ရတနာ တန္း၀င္ၿပီးေသာ ေက်ာက္မွာ မူလ အေျခ မပ်က္ဘဲ ရွိေနေသာ္ လည္း လူ၏ ပကတိ တန္ဖိုး ကေတာ့ အခ်ိန္ႏွင့္ အမွ် ေျပာင္းလဲေနတတ္ သျဖင့္ ေက်ာက္ထဲ က အရည္ထက္ လူထဲ က အရည္က ပို၍ အကဲ ခတ္ ရ ခက္ သျဖင့္ ေလ့လာ အကဲခတ္မႈ သည္လည္း အခ်ိန္ႏွင့္ တစ္ေျပးညီ ရွိေနဖို႔ လိုအပ္သည္ဟု ဆိုရမည္ ျဖစ္ေလသည္။


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Credit:  Kyawmoe Aung


#Unicode Version#
 ကျောက်မျက်ရတနာ ၏ အရောင် ဝင်ရောက်မှု သဘာ၀ ကို အရည် ဟု ခေါ်ကြ သဖြင့် ကျောက် ရည်ကျောက် သား ဟူသော စကား သည် ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလောက တွင် ရေပန်းစား သည့် စကားများဖြစ်လေသည်။

ကျောက်ရည်ကျောက်သား အပေါ် မူတည် ၍ ရတနာ ၏ တန်ဖိုး ကို သတ်မှတ်ကြလေရာ ကျောက်မျက် ပညာ ကျွမ်းကျင် သူသည် ထိုနှစ်မျိုး စလုံး ကို ကျွမ်းကျင် ရလေသည်။

ပြင်ပ ရုပ်လက္ခဏာ ကို ကြည့်၍ အတွင်းသား ကို လေ့လာ အကဲခတ် ရ သည့် ပညာသည် ကျောက်မျက် ပညာ ၏ အရေးကြီးသော ပညာရပ် များဖြစ်လေသည်။ပြင်ပ လက္ခဏာ သည် အတွင်း သားကို ဖော်ပြနေ သည့် တိကျသေချာသော လက္ခဏာ ဟုပိုင်းဖြတ် ၍ မရသော် လည်း ထို လက္ခဏာ များသည် အတွင်းသား ကို အကဲခတ် ရာတွင် အတွေ့အကြုံ အရ သုံးစွဲနေ ရသည့် လက္ခဏာများ ဖြစ်လေသည်။

ကျောက်စိမ်း အရိုင်းတုံး တစ်တုံး ကို အကဲခတ် သူသည် ကျောက်စိမ်းတုံး ၏ ပြင်ပ လက္ခဏာ များ ကိုကြည့် ၍ သူ၏ အတွေ့အကြုံ ကြွယ်၀ မှုဖြင့် အကဲ ခတ်ရ လေသည်။ ထိုကျောက်စိမ်း အရိုင်းတုံး သည် မည်သည့် အရပ်ဒေသ က ထွက်သလဲ၊ ဘယ်လို အမျိုးအစား လဲ စတာက နေ ချဉ်းကပ်ရသည်။

ဖားကန့် ကလား၊ လုံးခင်း ကလား၊ တာမခန် ဘက်က လား၊ခန္တီး ဘက်က လား စသဖြင့် ထွက်ရှိသည့် အရပ်ဒေသ ကို ကြည့်ရသည်။ ထွက်ရှိရာ ဒေသကို လိုက်၍ ပြင်ပ အခွံ ကွာခြားသည်။ပြင်ပ လက္ခဏာ ကွဲပြားမှု ရှိ သည်။



ထွက်ရှိရာ အရပ်ဒေသ ကို လှမ်းထောက်မိပြီ ဆိုသည်နှင့် မှော် အမျိုး အစား ကို ကြည့်ရ သည် ။မှော်တွေ ကွဲပြား သလို ကျောက်စိမ်း ၏ ပြင်ပ လက္ခဏာ၊ အတွင်းသားတွေ ကလည်း ကွဲပြားသည် ။ကျောက်သား ၊ ကျောက်ရည် ကလည်း ကွဲပြား သည်။

 ကျောက်စိမ်း သည် သဘာ၀ တွင်းထွက်ဖြစ်သဖြင့် သဘာ၀ တွင်းထွက် များ၏ ကိုယ်ပိုင် လက္ခဏာ ကို ပိုင်ဆိုင် ထားသည်။ ကျောက်သား အနု အရင့်ပေါ် မူတည် ၍ ကျောက်၏ အရောင်တောက်ပြောင်မှု (အရည်တက်) ကွာခြားသွားသည်။

ကျောက်သား အနုအရင့်ပေါ် မူတည်၍ ကျောက်ရည်ကျောက်သွေး လင်းလက် တောက်ပ ရွှန်းစို သွား ရခြင်းဖြစ်သည်။

 ကျောက်စိမ်း အရိုင်းတုံး တစ်တုံး ၏ လက္ခဏာ ကို လေ့လာ ရာတွင် နှစ်ပေါင်း များစွာ လက်ဆင့်ကမ်း လာ သည့် အတွေ့ အကြုံ၊ မိမိကိုယ်ပိုင် အတွေ့အကြုံတို့ဖြင့် ခန့်မှန်း အကဲခတ်ရသည်။ စိတ်ရှည် လက်ရှည်နှင့် စနစ်ကျစွာ အကဲဖြတ်ရသည်။ကျောက် အကဲထက် လူအကဲ ခတ်ရတာက ပို၍ ခက်ခဲကြောင်း ရှေးလူကြီး သူမ များက ၎င်းတို့ ၏ အတွေ့အကြုံကို လက်ဆင့်ကမ်း ခဲ့ကြသည်။

သို့သော် လည်း လူကဲ ကို ကျောက်ကဲလောက် ပင် ဂရုစိုက်ပြီး အလေးထား ကာ အကဲခတ်မှု မရှိကြသည် ကို တွေ့နေရမည်ဖြစ် သည်။ ကျောက်စိမ်း အရိုင်းတုံး တစ်တုံး ကို ကျောက်မျက် ရတနာ ကျွမ်းကျင် သူတို့၏ အကြမ်းဖျင်း လေ့လာပုံ ကိုကြည့်ကြပါမည်။

ကျောက်စိမ်း ထွက်ရှိရာ မှော်ကို သိလိုက်သည်နှင့် အကဲခတ် သူသည် ထိုမှော်က ထွက်သည့် ကျောက် ၏ ပြင်ပ လက္ခဏာနှင့် အတွင်းသား ၏ သဘာ၀ ကို သိလိုက်ပြီဖြစ်သည်။ ထို သဘာဝကို စံအဖြစ် မှတ် ထားပြီး အကဲဖြတ်ချက် တိုင်း ကို ထို သဘာဝတို့ဖြင့် ယှဉ်ထိုး ကြည့်ရသည်။

ထို သဘာ၀ များသည် သီအိုရီ သဘောဖြစ်သွား သည်။ ထို သဘောတရား များဖြင့် ကျောက်စိမ်း အရိုင်းတုံး ကို တစ်ခုချင်း တိုက်ကြည့်ရ သည်။ အပွေး၊ မန်း၊ ယမ်း၊ ချော် စသော လက္ခဏာ များသည် ကျောက်စိမ်း အရိုင်း တုံး ကို အကဲခတ် ရာတွင် ပြင်ပ လက္ခဏာ အဖြစ် ကြည့်ရသည့် အချက်များဖြစ်နေ သည်။

 ကျောက်စိမ်း အရိုင်း ၏ ပြင်ပ လက္ခဏာ တွင် ယင်း အချက်များ ထဲမှ အနည်းဆုံး နှစ်ချက် ကိုတော့ တွေ့ ရလေ့ ရှိသည်။ ယင်းလက္ခဏာများ ရှိနေသော် လည်း ကျောက်စိမ်း မဟုတ်သည့်၊ ရတနာ တန်းဝင် ကျောက် မဟုတ် သည့် အရိုင်း တုံးတွေကိုလည်း တွေ့နိုင်ပါသည်။

အလေးချိန် ကို ဆကြည့်ခြင်း ကိုလည်း ကျောက်ရိုင်း အကဲဖြတ် သူများက သုံး လေ့ရှိသည်ကို တွေ့ရသည်။ အပွေး ဆိုတာကတော့ သစ်ပင် များ တွင် အပွေးတက် သလိုပင် ကျောက်စိမ်း အရိုင်း၏ အခွံပေါ်တွင် တွေ့ ရသည်။

ထို အပွေးက အတွင်းသား ၏ အရည်ဝင် ရောက်မှု ကို အကဲခတ် ရသည့် အချက် ဖြစ်သလို ကျောက်စိမ်း အရိုင်း ၏ တန်းဝင် လက္ခဏာ လည်း ဖြစ်လေသည်။ကျောက် အရိုင်း ၏ သက်တမ်း သို့မဟုတ် ကျောက် သား အနုအရင့် ကို ခန့်မှန်း၍လည်း ရလေသည်။

အပွေး  ၏ဖြစ်တည်မှု အစိပ် အကျဲကိုကြည့်ကာ ကျောက်ရည် ကျောက်သား ကို ခန့်မှန်းရသည်။
မန်းကျတော့ အပွေး ထက်ပင် ပို၍ စိပ်ပြီး အလွန်သေးငယ်သော အစက် အပြောက် အစု အဝေးကလေးဖြစ် သည်။ ပုရွက်ဆိတ် များ စုပြုံခဲနေသည့် သကြား ရည်ကွက် လိုထင်ရသည်။

ထို မန်း က ကျောက်စိမ်း အတွင်းသားထဲ အရည်ဝင် ရောက်နေမှု ကို ခြေရာချန် ထားသလို ရှိသည်။မန်းတွင် အရောင်ပါ သည့် အစက်အပြောက်ကလေးတွေ ပါသည်။ ကျောက်အကဲခတ် သူတို့ မှန်ဘီလူး သုံး၍ ဂရု တစိုက်ကြည့်ရှု အကဲခတ် ရသည့် သဘာ၀ လက္ခဏာဖြစ်သည်။

မန်း ကို မှန်ဘီလူးဖြင့် ချဲ့၍လေ့လာခြင်းသည် ကျောက်သား ကို မှန်းဆ၍ ရသလို အရည်၊ ယမ်း၊ ရှင်း၊ စသည့် ကျောက်တွင်း သား လက္ခဏာ ကို အကဲခတ်နိုင် သည်။

ယမ်း  ကတော့ ကျောက်စိမ်း ၏ အတွင်း သားထဲ ကနေ ပေါ်ပေါ်ထင်ထင်ထွက် ပေါ်လာသည့် ပြင်ပ လက္ခဏာ ဟု ဆိုနိုင်သည့် အရောင်တောက်ပနေ သော ခရစ္စတယ် များဖြစ်သည်။ ထိုယမ်း များသည် ကျောက် သား ထဲတွင် အချို မှုန့်တောင့် ကလေးတွေ စုခင်းထား သလို နေရာယူ ထားပြီး ကျောက် ၏ အရည် (အရောင်) ကူးမှု ကို တားဆီး တတ်သည့် သဘာ၀ လက္ခဏာများဖြစ်သည်။

သို့သော်လည်း ယင်း သဘာဝသည် ပင် လျှင် ကျောက်သား အတွင်း အရည် ကူး ဖြန့်သွားမှုကို အားပေးသည့် လက္ခဏာ ဖြစ်နေတတ်သည်။ ကျောက်ရည် ကျောက်သား ကို ထို ယမ်း က ပို၍ တောက်ပ စိုပြေစေလေ သည်။

 ချော် ကတော့ ကျောက်စိမ်း ထွက်ရှိ ရာဒေသ ၏ မြေနှင့်ကျောက် တို့၏ ဆက် စပ်မှုကို လေ့လာနိုင်သည့် လက္ခဏာ ဖြစ်သည်။ကျောက် ၏ အသက် အနု အရင့် ကိုလည်း အကဲဖြတ်နိုင်သည့် လက္ခဏာဖြစ်သည်။

ထိုချော်  များကို ကျောက်စိမ်း အရိုင်းတုံး ၏ မျက်နှာပြင် ပေါ်တွင် ရေညှိ တက်နေသလို တွေ့ရ တတ်သည်။ ထို လက္ခဏာ က ကျောက် စိမ်း အရိုင်း ၏ သဘာ၀ ထဲတွင် ဖွဲ့တည် ရှိ နေပုံ ကို မှန်းဆကြည့်နိုင်သည့် သဘာ၀ လက္ခဏာ ဟု လည်း ဆိုနိုင်သည်။

ယင်း အခြေခံ လက္ခဏာ များကို ပြင်ပ ကနေ ကြည့်ရှု အကဲခတ် ရာတွင် မှန် ဘီလူးဖြင့် ဂရုတစိုက်ကြည့် ရှုကာ ဖတ်ကြ ရသည်။

 ကျောက်အရိုင်း ၏ အခွံ က ပါး လျှင်တော့ မီးထိုး ၍ကြည့်နိုင်သည်။ကျောက် အရိုင်းကို တန်ဖိုးဖြတ် ရာတွင် ထို သဘာ၀ လက္ခဏာ များကို ကြည့်၍ အကဲဖြတ်ကြသည်။ အပွေး၊ မန်းတွေ ကို ဖောက်၍လည်း အတွင်း သား ကို ချောင်း ကြည့်ရသည်။

 ပြချက် က ကျောက်စိမ်း အရိုင်း ၏ အတွင်းသားကို အနည်းငယ် လှစ်ဟပြလိုက်ခြင်း ဖြစ်သည်။ပြချက်ဖောက်၊ ပွတ်၊ တိုက်၍ ပြရသည် မှာ စွန့်စားရသော အလုပ်ဖြစ်သည်။ ထိုပြချက် ကလေးကို မီးထိုး၊ မှန်ထိုး၊ နေထိုးကာ ကြည့်ကြ၊ အကဲဖြတ်ကြ သည်။

ထိုသို့ပြရာ တွင်လည်း ဖောက် ချက်၊ ပြချက်ကို စိတ်ဝင်စားအောင် ပြရသည်။  ကျောက် အရိုင်းတုံး တစ်တုံး ၏ အောင်၊ ရှုံး ကို ပြသည့် လက္ခဏာတွေ ကို အခြေခံ ၍ ဖောက်ချက်၊ ပြချက် ကို ဖော် ထုတ်ရသည် ။

 ပြချက်၊ ဖောက်ချက် ကို ဖော်ထုတ် ရသည့် ပညာ သည် စိန်ခေါ်မှု များစွာ ရှိလေသည်။ ဖောက်ချက် ၊ ပြချက် က အောင်သွား လျှင် အရိုင်းတုံး ၏ တန်ဖိုးမြင့်တက် သွားပြီး နုတ်သည့် လက္ခဏာပြလျှင်တော့ တန်ဖိုးက ထိုးကျသွားသည်။

 ကျောက် ၏ အပွေး၊ မန်း အသွားအလာ ကိုကြည့်ကာ အတွေ့အကြုံ လေ့လာမှုဖြင့် စွန့်စားရ ခြင်းဖြစ် သည်။ ပြင်ပ လက္ခဏာ များသည် ဖြစ်နိုင်ခြေ ကိုသာ တွက်ဆ ၍ရသည်။ သေချာပေါက်ဖြစ်လာမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

သို့ဖြစ်၍ လည်း ကျောက်ကဲ ကို စိတ် ရှည်လက်ရှည်ဖြင့် လေ့လာ သုံးသပ်ဆင် ခြင်ရလေ သည်။  ပြချက်ဖော်ထုတ် ရာ တွင်ထို စိတ်ရှည်မှု က မှန်းဆချက် ကို ကျေးဇူးပြုသည်။ ကျောက်ရိုင်း တစ်တုံး ကို တသသနှင့် ကြည့်ကာ စိတ်ကူးယဉ် နေတတ်သည့် ကျောက်သမားတွေ ကို တွေ့ကြရပေမည်။

သူတို့ ၏ အတွေ့ အကြုံအလေ့ အလာ က သူတို့ကို ထောက် ပံ့ပေးသည်။ ကျောက်သမားတွေ က ကိုယ်တိုင် စီမံ ခန့်ခွဲကာ လုပ်ကိုင် ခဲ့သည့် ကျောက်တွေ ကို မှတ်မိနေ တတ်သည်။ အထူးသဖြင့် အောင် သည့်ကျောက်နှင့် ပြုတ် သည့်ကျောက်တွေ ကို မှတ်မိနေ တတ်သည်။

ထို မှတ်မိနေသည့် ကျောက်တွေ ကို နောက် လုပ်မည့်ကျောက်နှင့် နှိုင်းယှဉ် အကဲဖြတ်ကြသည်။
ကျောက် ထဲ က အရည် သည် တစ်ဆင့်ချင်း မှ မြင်ရသည် ဖြစ်ရာ မှန်းဆချက်၊ လုပ်ချက်တိုင်းသည် စိန်ခေါ်မှုများ ဖြစ်လေသည်။

မှန်းဆချက်များ ပြုလုပ်နေချိန်တွင် ကျောက်သမား သည် လောဘနှင့် ပူပန်မှု ကို လျှော့ချနိုင် ဖို့ လိုပေ သည်။ လောဘ က အပြုဘက်၊ အအောင် ဘက် ကို ပိုမြင်စေပြီ၊ ပူပန်မှု က တွေေ၀ မှုကိုဖြစ်စေကာ အပျက် ဘက်၊ အရှုံး ဘက် ကို တွန်းအားပေးတတ်သည်။

ယခု ခန့်မှန်း တွက်ဆသည့် ကျောက်သည် ယခင်က အောင်ဖူး သည့် ကျောက် ၏ လက္ခဏာနှင့်တူနေလျှင်၊ အလွန် နီးစပ် နေလျှင် အပြုဘက်၊ အအောင်ဘက် ကို ပိုတွက် မိတတ်သည်။ ပျက်ဖူးသည့် ကျောက်နှင့် လက္ခဏာ တူနေလျှင် အလွန် နီးစပ်နေလျှင် အပျက် ဘက်ကို ပိုတွက် မိတတ်သည်။

 ကျောက်စိမ်း သည် လက္ခဏာ ချွတ် စွပ်တူနေလျှင် လည်း တစ်တုံးနှင့် တစ်တုံး ဆန့်ကျင်ဘက် အဖြစ် နေ တတ်သည် ကို သတိ လွတ်သွား တတ်လေသည်။ သို့ဖြစ် ၍ အကဲဖြတ် သူ၏ အတွေ့အကြုံနှင့် အတွေး အခေါ်က အရေးကြီးလေသည်။

စိတ်ပိုင်းဖြတ်မှု က အဓိက ကျသည်။ စိတ်ကို ကွပ်ကဲနိုင်ဖို့ လိုသည်။ ကျောက် သမားတွေ က များများကြည့်၊ နည်းနည်း ဝယ် ဟု သတိပေး တတ်ကြသည်။ ကြောက်လျှင် လာဘ် လွဲ၊ ရဲလျှင် လာဘ် ရဟုလည်း ဆိုတတ် သည်။

 ကျောက်စိမ်း ၏ ပြင်ပ လက္ခဏာနှင့် အတွင်း သဘော ဆက်စပ်မှု သည် သဘာဝဖြစ်စဉ်ပေါ် မူတည်၍ လေ့ လာ ဆုံးဖြတ် ရခြင်းဖြစ်လေရာ ဘက်ပေါင်းစုံ၊ အတွေ့အကြုံပေါင်းစုံ တို့ဖြင့် အကဲခတ် ကြသည်။

အရည် ဝင်ရောက် ကိန်းအောင်း မှုတွင် အကြိုအထောက်တွေ ရှိသည်။ ကျောက်စိမ်း သမားများ ဘဝင်ခိုက် သည့် ကြိုးတွေ ရှိသည်။ ထိုကြိုး က ကျောက်ရည် ဝင်ရောက် မှု လမ်းကြောင်းနှင့် အတွင်း ထဲ ဖြန့်ကား ထွက် မှု ကို အားပေးသည်။ ကြိုးလှ လျှင် လှ သလို ကျောက် အရိုင်း၏ ဈေး ကလည်း မြောက်သည်။

ယခုဖော်ပြ လိုက်သည့် အကြောင်း အရာ များမှာ ကျောက်ရိုင်းတုံး ကို အကဲ ခတ်သည့် အခြေခံ ကလေးမျှ သာ ရှိသေး သည်။ တကယ် အကဲခတ် ရသော အခါ အကဲဖြတ်ချက်တွေ များစွာ ကျန်နေသည်။  ကျောက် စိမ်း အရိုင်းတုံး ကို အကဲ ခတ် ရာတွင် အဆင့်ပေါင်း များစွာ၊ သီအိုရီ ပေါင်းများစွာ၊ အတွေ့အကြုံပေါင်း များစွာ ကို အခြေတည် ၍ လေ့လာ သုံးသပ် အကဲဖြတ်ကြ ရသည်ကို သဘောမျှ လောက် ဖော်ပြခြင်း သာဖြစ်သည်။

သဘာ၀ တွင်းထွက် ကျောက်မျက် ရတနာ တစ်ခုမှာ ပင်လျှင် သဘာ၀ ၏ တုံ့ပြန်မှု အနုအရင့်၊သက်တမ်း၊ အရည် ဖွဲ့ တည်မှုပေါ်မူတည် ၍ ကျောက် အရိုင်း တုံး တစ်တုံးမှာ ပင်လျှင် တစ်နေရာနှင့် တစ်နေရာ မတူဘဲ ရှိရာ နေရာ တစ်နေရာ တည်းတွင် အတူတကွ ရှိနေသည့် ကျောက်အရိုင်းတုံး တို့ ပို၍ကွဲပြားနေ မည်ကို ခန့်မှန်းကြည့်နိုင်ပါမည်။

ထိုကျောက်ကဲ ထက် လူကဲက ပို၍ ခက် သည် ဟူသော စကား အတိုင်း သက်ရှိ အသိ ရှိသော လူများကို အကဲဖြတ် ရန် အချက်အလက် များစွာ၊ မှန်းဆ ချက်များ စွာရှိနေလေရာ ကျောက်မာယာ ထက် လူမာယာ က ပိုသည် ဟု ဆိုခြင်းဖြစ်သည်။

သို့သော်လည်း လူတွေ ကို အကဲခတ် ရာ တွင် ကျောက်တုံး တစ်တုံးကို အကဲခတ် သလောက် ထောင့်စုံ အကဲ မခတ်မိ သဖြင့် ဒုက္ခ ရောက်ကြရသည့် ကျောက်သမား တွေ များစွာ ရှိလေသည်။   ကျောက်ထဲ က အရည် ကို မမြင်ရ သကဲ့သို့ လူတစ်ယောက် ၏ အတွင်း သဘော ကလည်း မြင်ရသည် မဟုတ်ပေ။

မမြင်ရ သည့် ကျောက်အရည် သည် သူ့ ပကတိ အရှိအတိုင်း မပြောင်းမလဲ ရှိနေသော်လည်း လူ ၏ အတွင်း သဘော ကတော့ ပြောင်းလဲ လျက် ရှိလေသည်။  ထိုပြောင်းလဲနေသည့် လူ၏ အတွင်း သဘောကို အကဲ ခတ် ၊ ပိုင်းဖြတ် ရသည် မှာလည်း ပို၍ ခက်ခဲသည် ကို ဆင်ခြင်နိုင် ရန်လိုပါသည်။

 ကျောက်ထဲ က အရည် ကို သိရှိနိုင်ရန် ပြင်ပ လက္ခဏာကို ကြည့်ခြင်း၊ တစ်ဆင့်ချင်း လှစ်ဟကြည့်ခြင်း၊ အသေးစိတ် ဖြတ် တောက် ကြည့်ခြင်းဖြင့် သိရသည်။  လူ တစ်ယောက်၏ အတွင်းသဘော က ပြောင်း လဲနေ သဖြင့် ပြင်ပ လက္ခဏာ၊ တစ်ဆင့်ချင်း လေ့လာမှု၊ အသေးစိတ် စောင့်ကြည့် လေ့လာမှု တို့ဖြင့် ယတိပြတ် ဆုံးဖြတ် ၍ မရပေ။

နီးစပ်ရုံသာ တတ်နိုင် သည်။ ထို သဘောကို နားလည် လက်ခံ ထားလျှင် လူတွေနှင့် ပေါင်းသင်း ဆက်ဆံ ရသည့် အခါ ပို၍ အဆင်ပြေပေမည်။ ကျောက်သမား သည် ကျောက်ထဲက အရည် ကိုတွေ့လျှင် ထို အရည် ကို ပါးနပ် သပ်ရပ်စွာ လှီးဖြတ် ထုတ်ပြီး အရည် လုံ သွားပြီး တောက်ပ လင်းလက်ကာ ရတနာ ဖြစ်အောင် တစ်ဆင့်ချင်း သွေးယူ ရသည်။

အရည် အားကောင်းသည့်နေရာ ကို ဖြတ်တောက် လှီးဖဲ့ သွေးပစ် လိုက်မိ ပါ က ရတနာ ၏ အလှနှင့် တန်ဖိုး တို့သည် လွှစာသွေး ကျောက်စာ မိ သွားတတ်သည်။  တန်ဖိုးတွေ ကို ဖဲ့လှီး၊ သွေးပစ် လိုက်သလို ဖြစ် သွား တတ်သည်။

လူတစ်ယောက် ကို အကဲခတ် ရာတွင်လည်း သူ၏ တန်ဖိုးနှင့် အနှစ်သာရ ကို ဖမ်းဆုပ် မိဖို့ လိုသည်။ လက် လွတ် သွားပါက သူ့ တန်ဖိုး ကို ဖဲ့ထုတ်ပစ် သလိုဖြစ်သွားကာ တန်ဖိုးလျော့သွားရ သည်။  ထို တန်ဖိုးလျှော့ သွားသည့် လူကို တန်ဖိုး အစစ် အမှန်အတိုင်း အကဲ မဖြတ်မိလျှင် သူနှင့် ပေါင်းသင်း ဆက်ဆံရာတွင် အနုတ် လက္ခဏာဖြစ်သွားရပေမည်။

 ကျောက်သမား သည် ကျောက်ထဲ က အရည် စစ်ကို ရရှိနိုင် ရန် ထို အရည်ဝန်း ကျင်၊ အရည် ထဲတွင် ရှိနေ သည့် အပြစ် အနာ အဆာ တွေကို ဖယ်ထုတ်ရသည်။ ရှင်းလင်း ရသည်။အရည်စစ် ထဲတွင် ဆံ၊ ယမ်း၊ ရှင်း အအက် အနာ ရှိနေလျှင် စင်ကြယ်သော ကျောက်ကောင်း တစ်ပွင့် ရရှိရန် မှန်ကန်စွာ ဆုံးဖြတ်ပြီး ရဲရင့် စွာ ဖြတ်တောက် ထုတ်ပစ်ရသည်။

 ကျောက်ထဲ က အရည်စစ် ကို ရတနာ တန်းဝင်ဖြစ်အောင် အရည်အသွေး ကို ရွေးယူပြီး အပြစ် အနာကို ဖယ်ထုတ် ရ သလို လူတစ်ယောက် ၏ ပကတိ တန်ဖိုး ကိုလည်း ထို့အတူ ရွေးချယ်ဖော်ထုတ် ခြင်းဖြင့် ရရှိနိုင်လေသည်။

သို့သော် ရတနာ တန်းဝင်ပြီးသော ကျောက်မှာ မူလ အခြေ မပျက်ဘဲ ရှိနေသော် လည်း လူ၏ ပကတိ တန်ဖိုး ကတော့ အချိန်နှင့် အမျှ ပြောင်းလဲနေတတ် သဖြင့် ကျောက်ထဲ က အရည်ထက် လူထဲ က အရည်က ပို၍ အကဲ ခတ် ရ ခက် သဖြင့် လေ့လာ အကဲခတ်မှု သည်လည်း အချိန်နှင့် တစ်ပြေးညီ ရှိနေဖို့ လိုအပ်သည်ဟု ဆိုရမည် ဖြစ်လေသည်။


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:  Kyawmoe Aung
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top