iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ေခတ္တခါက ဒိတ္ဒိတ္က်ဲေအာင္ျမင္ခဲ့ၿပီး ယခုတိုင္ ျမန္မာသံဘုရင္မႀကီးျဖစ္ေနဆဲ စြယ္စံုရအဆိုေတာ္ ေဒၚမာမာေအးက အေမရိကန္ႏိုင္ငံမွာ ရွိတဲ့ ဘုန္းႀကီးေက်ာင္း တစ္ေက်ာင္း ေဆာက္လုပ္ရန္ ေျမကြက္တစ္ကြက္အတြက္ အလွဴေငြ ထည့္၀င္လွဴဒါန္းခဲ့ေၾကာင္းသိရသည္။

ေဒၚမာမာေအးဟာ ျမန္မာသံေလာကတြင္ ဓာတ္ျပား၊ ကတ္ဆက္ ေရဒီယို၊ တီဗီြ၊မ်ားတြင္ ျမန္မာတစ္ႏိုင္ငံလံုးသာမက ျပည္ပေရာက္ ျမန္မာသံခ်စ္သူမ်ားဆီသို႔ပါ ျပန္႔နွံ႔ေက်ာ္ၾကားခဲ့သူျဖစ္သည္။ စာေရးဆရာႀကီး ေအာင္သင္းကလည္း အဆိုေတာ္မာမာေအးက ဆဲရင္ေတာင္ သူ႔အသံက ခ်ိဳေနတယ္ ဟု ေျပာဖူးသည္။

အဆိုေတာ္မာမာေအးက စစ္အာဏာရွင္လက္ထက္အတြင္း ျပည္တြင္းမွ ထြက္ခြာကာ ျပည္ပသို႔ ေရာက္ရွိခဲ့သည္။ သူ႔ရဲ့သီခ်င္းမ်ားကိုပါ ျပည္တြင္းတြင္ အပိတ္ခံရသည္အထိ ျဖစ္ခဲ့သည္ဟု သိရသည္။ ျပည္ပေရဒီယိုမ်ားတြင္လည္း ျမန္မာပိုင္း အစီအစဥ္မ်ားတြင္ ပါဝင္ အသံလႊင့္ခဲ့သူ ျဖစ္သည္။

ခုေတာ့ ေဒၚမာမာေအးဟာ အေမရိကန္ႏိုင္ငံ အင္ဒီယားနားျပည္နယ္တြင္ ေနထုိင္လွ်က္ရွိသည္။ သူမသည္ ေဖ့စ္ဘုတ္လူမႈကြက္ယက္ကို အနည္းငယ္အသံုးျပဳေလ့ရွိသည္။ သူမအေကာင့္တြင္ အေမရိကန္ႏိုင္ငံမွ မိတ္ေဆြမ်ားကို အခန္းတစ္ခုတြင္း ေဖ်ာ္ေျဖေပးေနေသာ ေဖ့စ္ဘြက္ ဗီြဒီယိုတိုက္ရိုက္ထုတ္လႊင့္မႈမ်ားတင္ထားသည္ကို ေတြ႔ရသည္။

ေဒၚမာမာေအးက ျမန္မာျပည္ ဒီမိုကေရစီအေျပာင္းအလဲအၿပီး ျပည္တြင္းသို႔ အလည္အပတ္ လာေလ႔ရွိကာ ပဲြအခ်ိဳ႕ကိုလည္း တက္ေရာက္တာ ေတြ႔ရသည္။

ယခုလည္း မာမာေအးက ျပည္မာျပည္ျပန္လာဖို႔စီစဥ္ေနစဥ္ ေလယာဥ္ေနာက္က်သျဖင့္ မျပန္ျဖစ္ခဲ့ေသးေၾကာင္းသိရည္။ ထိုေန႔မွာပဲ အေမရိကရွိ မုဒိတာေရႊေက်ာင္းတြင္ ေက်ာင္းေျမအတြက္ ဝတၳဳေငြကပ္လွဴခဲ့ေၾကာင္းသိရသည္။

လွူဒါန္းေနသည့္ပို႔စ္ကို မုဒိတာေရႊေက်ာင္း ဆရာေတာ္၏ ေဖ့စ္ဘြက္စာမ်က္ႏွာတြင္ တင္ထားျခင္းျဖစ္ၿပီး အဆိုေတာ္မာမာေအးကလည္း ၄င္း ပို႔စ္ေအာက္တြင္ ”ကုသိုလ္အစုစုအတြက္ မိတ္ေဆြေသာတရွင္မ်ားကို အတူရပါေစလို႔ေမတၱာပို႔အမွ်ေ၀လိုက္ပါတယ္ရွင္” ဟု မွတ္ခ်က္ေပး ေရးသားထားသည္ကို ေတြ႔ရသည္။

အဆိုေတာ္ႀကီး မာမာေအး၏ သီခ်င္းမ်ားကို ႀကိဳက္ခဲ့ၾကသည့္ ပရိတ္သတ္အတြက္ ဝမ္းေျမာက္ ဝမ္းသာ သာဓုေခၚဖြယ္ သတင္းကို တင္ဆက္ေပးလုိက္ရပါသည္။ အားလံုးေက်နပ္ၾကလိမ့္မယ္လို႔ ယံုၾကည္ပါသည္။

Credit:PannPwint
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#

တစ်ခေတ်တခါက ဒိတ်ဒိတ်ကျဲအောင်မြင်ခဲ့ပြီး ယခုတိုင် မြန်မာသံဘုရင်မကြီးဖြစ်နေဆဲ စွယ်စုံရအဆိုတော် ဒေါ်မာမာအေးက အမေရိကန်နိုင်ငံမှာ ရှိတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်း ဆောက်လုပ်ရန် မြေကွက်တစ်ကွက်အတွက် အလှူငွေ ထည့်ဝင်လှူဒါန်းခဲ့ကြောင်းသိရသည်။

ဒေါ်မာမာအေးဟာ မြန်မာသံလောကတွင် ဓာတ်ပြား၊ ကတ်ဆက် ရေဒီယို၊ တီဗွီ၊များတွင် မြန်မာတစ်နိုင်ငံလုံးသာမက ပြည်ပရောက် မြန်မာသံချစ်သူများဆီသို့ပါ ပြန့်နှံ့ကျော်ကြားခဲ့သူဖြစ်သည်။ စာရေးဆရာကြီး အောင်သင်းကလည်း အဆိုတော်မာမာအေးက ဆဲရင်တောင် သူ့အသံက ချိုနေတယ် ဟု ပြောဖူးသည်။

အဆိုတော်မာမာအေးက စစ်အာဏာရှင်လက်ထက်အတွင်း ပြည်တွင်းမှ ထွက်ခွာကာ ပြည်ပသို့ ရောက်ရှိခဲ့သည်။ သူ့ရဲ့သီချင်းများကိုပါ ပြည်တွင်းတွင် အပိတ်ခံရသည်အထိ ဖြစ်ခဲ့သည်ဟု သိရသည်။ ပြည်ပရေဒီယိုများတွင်လည်း မြန်မာပိုင်း အစီအစဉ်များတွင် ပါဝင် အသံလွှင့်ခဲ့သူ ဖြစ်သည်။

ခုတော့ ဒေါ်မာမာအေးဟာ အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်တွင် နေထိုင်လျှက်ရှိသည်။ သူမသည် ဖေ့စ်ဘုတ်လူမှုကွက်ယက်ကို အနည်းငယ်အသုံးပြုလေ့ရှိသည်။ သူမအကောင့်တွင် အမေရိကန်နိုင်ငံမှ မိတ်ဆွေများကို အခန်းတစ်ခုတွင်း ဖျော်ဖြေပေးနေသော ဖေ့စ်ဘွက် ဗွီဒီယိုတိုက်ရိုက်ထုတ်လွှင့်မှုများတင်ထားသည်ကို တွေ့ရသည်။

ဒေါ်မာမာအေးက မြန်မာပြည် ဒီမိုကရေစီအပြောင်းအလဲအပြီး ပြည်တွင်းသို့ အလည်အပတ် လာလေ့ရှိကာ ပွဲအချို့ကိုလည်း တက်ရောက်တာ တွေ့ရသည်။

ယခုလည်း မာမာအေးက ပြည်မာပြည်ပြန်လာဖို့စီစဉ်နေစဉ် လေယာဉ်နောက်ကျသဖြင့် မပြန်ဖြစ်ခဲ့သေးကြောင်းသိရည်။ ထိုနေ့မှာပဲ အမေရိကရှိ မုဒိတာရွှေကျောင်းတွင် ကျောင်းမြေအတွက် ဝတ္ထုငွေကပ်လှူခဲ့ကြောင်းသိရသည်။

လှူဒါန်းနေသည့်ပို့စ်ကို မုဒိတာရွှေကျောင်း ဆရာတော်၏ ဖေ့စ်ဘွက်စာမျက်နှာတွင် တင်ထားခြင်းဖြစ်ပြီး အဆိုတော်မာမာအေးကလည်း ၎င်း ပို့စ်အောက်တွင် ”ကုသိုလ်အစုစုအတွက် မိတ်ဆွေသောတရှင်များကို အတူရပါစေလို့မေတ္တာပို့အမျှဝေလိုက်ပါတယ်ရှင်” ဟု မှတ်ချက်ပေး ရေးသားထားသည်ကို တွေ့ရသည်။

အဆိုတော်ကြီး မာမာအေး၏ သီချင်းများကို ကြိုက်ခဲ့ကြသည့် ပရိတ်သတ်အတွက် ဝမ်းမြောက် ဝမ်းသာ သာဓုခေါ်ဖွယ် သတင်းကို တင်ဆက်ပေးလိုက်ရပါသည်။ အားလုံးကျေနပ်ကြလိမ့်မယ်လို့ ယုံကြည်ပါသည်။

Credit:PannPwint

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top