iMyanmarHouse.com - Best Property Website for Myanmar
×

အၾကမ္းဖက္သမားမ်ား၏ တုိက္ခိုက္မႈကို ရင္ဆုိင္ေနရေသာ ရခိုင္တုိင္းရင္းသားမ်ားအ တြက္ ျပည္သူမ်ား၏ လွဴဒါန္းေငြမ်ားကို ေဝဠဳေက်ာ္ေဖာင္ေဒးရွင္း က စတင္ေကာက္ခံေနေၾကာင္း သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္၏ညီမ မဏိထိုက ေျပာသည္။

‘‘မေန႔ကမွ စေကာက္တာဆုိ ေတာ့ အလွဴေငြက ဆယ္သိန္း ေက်ာ္ပဲရေသးတယ္။ လာလွဴၾက တဲ့အထဲမွာ အဝတ္ထုပ္ေတြ လည္းပါတယ္။ ဆန္အိတ္ေတြ လည္း ပါတယ္။ ဒီေန႔က ဘဏ္ ပိတ္ရက္လည္းျဖစ္ေနေတာ့ မနက္ျဖန္ (ဩဂုတ္ ၂၈ ရက္)မွ လာၾကလိမ့္မယ္ထင္ပါတယ္’’ဟု ၎က ေျပာသည္။

ေဝဠဳေက်ာ္သည္ လက္ရွိ တြင္ ငလ်င္ဒဏ္သင့္ ပုဂံဘုရား မ်ား ျပဳျပင္ျခင္းဆုိင္ရာ တစ္ႏွစ္ ျပည့္ဖိုရမ္သို႔ တက္ေရာက္ေန သည္။

‘‘အစ္ကိုက ၂၉ ရက္ေန႔ ရခုိင္ကို စသြားမယ္။ မႏွစ္က လည္း သြားတယ္။ ဒါေပမဲ့ မႏွစ္ က ႏုိင္ငံျခားခရီးစဥ္ရွိတဲ့အတြက္ တစ္ပတ္ေလာက္ပဲေနၿပီး ကြၽန္မ တို႔အဖြဲ႕ကလူကို ထားေပးခဲ့တယ္။ဒီႏွစ္ကေတာ့ ဘာအလုပ္မွလက္ မခံထားတဲ့အတြက္ ရခိုင္မွာ အ ခ်ိန္ၾကာၾကာေနျဖစ္ပါလိမ့္မယ္’’ ဟု မဏိထိုက ေျပာသည္။

ေဝဠဳေက်ာ္သည္ ၂၀၁၆ ေအာက္တိုဘာကလည္း နယ္ျခား ေစာင့္စခန္းမ်ား တိုက္ခိုက္ခံရ စဥ္က ေမာင္ေတာရိွ အၾကမ္းဖက္ ခံရေသာ ရခိုင္တုိင္းရင္းသားမ်ား အား စစ္ေတြဝံလက္ေဖာင္ေဒးရွင္းႏွင့္တြဲ၍ ပိတ္မိေနေသာ ရြာမ်ားအထိ သြားေရာက္ကူညီခဲ့ သည္။

ေဝဠဳေက်ာ္ေဖာင္ေဒးရွင္း ေပ့ခ်္တြင္ ‘‘အခုတစ္ႀကိမ္လည္း ျမန္မာတိုင္းရင္းသားအခ်င္းခ်င္း ဘက္က ေသြးစည္းေၾကာင္း ျပရ မွာပါ။ ဒီအေရးဟာ အၾကမ္းဖက္ ေရွာင္ အေရးတင္မကပါဘူး။ ျမန္မာျပည္ရဲ႕ အေရး၊ အမ်ိဳးသား ေရးလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္နဲ႔အတူ ပါဝင္ကူညီေပး ၾကပါ။ အားေပးေပးၾကပါ။ သူတို႔ ေတြရဲ႕ စိတ္ဓာတ္ခြန္အားေတြကို ျမႇင့္တင္ေပးဖို႔လိုပါတယ္။ အခုလို တိုက္ပြဲေတြ အၾကမ္းဖက္ရန္ေတြ က ပုန္းေရွာင္ေနရခ်ိန္မွာ သူတုိ႔အ တြက္ အဘက္ဘက္က ေထာက္ပံ့ မႈေတြ လိုပါတယ္။ သူတို႔ကို က်န္ တဲ့ ျမန္မာတုိင္းရင္းသားေတြက လည္း အားေပးေထာက္ပံ့ကူညီ ေနၾကေၾကာင္း ကြၽန္ေတာ္နဲ႔အတူ ျပၾကရေအာင္လား’’ဟု ဩဂုတ္ ၂၆ ရက္က ေရးသားထားသည္။


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : 7Day Daily

#Unicode Version#
အကြမ်းဖက်သမားများ ၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေရသော ရခိုင်တိုင်းရင်းသားများအ တွက် ပြည်သူများ၏ လှူဒါန်းငွေများကို ဝေဠုကျော်ဖောင်ဒေးရှင်း က စတင်ကောက်ခံနေကြောင်း သရုပ်ဆောင် ဝေဠုကျော်၏ညီမ မဏိထိုက ပြောသည်။

‘‘မနေ့ကမှ စကောက်တာဆို တော့ အလှူငွေက ဆယ်သိန်း ကျော်ပဲရသေးတယ်။ လာလှူကြ တဲ့အထဲမှာ အဝတ်ထုပ်တွေ လည်းပါတယ်။ ဆန်အိတ်တွေ လည်း ပါတယ်။ ဒီနေ့က ဘဏ် ပိတ်ရက်လည်းဖြစ်နေတော့ မနက်ဖြန် (ဩဂုတ် ၂၈ ရက်)မှ လာကြလိမ့်မယ်ထင်ပါတယ်’’ဟု ၎င်းက ပြောသည်။

ဝေဠုကျော်သည် လက်ရှိ တွင် ငလျင်ဒဏ်သင့် ပုဂံဘုရား များ ပြုပြင်ခြင်းဆိုင်ရာ တစ်နှစ် ပြည့်ဖိုရမ်သို့ တက်ရောက်နေ သည်။

‘‘အစ်ကိုက ၂၉ ရက်နေ့ ရခိုင်ကို စသွားမယ်။ မနှစ်က လည်း သွားတယ်။ ဒါပေမဲ့ မနှစ် က နိုင်ငံခြားခရီးစဉ်ရှိတဲ့အတွက် တစ်ပတ်လောက်ပဲနေပြီး ကျွန်မ တို့အဖွဲ့ကလူကို ထားပေးခဲ့တယ်။ဒီနှစ်ကတော့ ဘာအလုပ်မှလက် မခံထားတဲ့အတွက် ရခိုင်မှာ အ ချိန်ကြာကြာနေဖြစ်ပါလိမ့်မယ်’’ ဟု မဏိထိုက ပြောသည်။

ဝေဠုကျော်သည် ၂၀၁၆ အောက်တိုဘာကလည်း နယ်ခြား စောင့်စခန်းများ တိုက်ခိုက်ခံရ စဉ်က မောင်တောရှိ အကြမ်းဖက် ခံရသော ရခိုင်တိုင်းရင်းသားများ အား စစ်တွေဝံလက်ဖောင်ဒေးရှင်းနှင့်တွဲ၍ ပိတ်မိနေသော ရွာများအထိ သွားရောက်ကူညီခဲ့ သည်။

ဝေဠုကျော်ဖောင်ဒေးရှင်း ပေ့ချ်တွင် ‘‘အခုတစ်ကြိမ်လည်း မြန်မာတိုင်းရင်းသားအချင်းချင်း ဘက်က သွေးစည်းကြောင်း ပြရ မှာပါ။ ဒီအရေးဟာ အကြမ်းဖက် ရှောင် အရေးတင်မကပါဘူး။ မြန်မာပြည်ရဲ့ အရေး၊ အမျိုးသား ရေးလည်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်နဲ့အတူ ပါဝင်ကူညီပေး ကြပါ။ အားပေးပေးကြပါ။ သူတို့ တွေရဲ့ စိတ်ဓာတ်ခွန်အားတွေကို မြှင့်တင်ပေးဖို့လိုပါတယ်။ အခုလို တိုက်ပွဲတွေ အကြမ်းဖက်ရန်တွေ က ပုန်းရှောင်နေရချိန်မှာ သူတို့အ တွက် အဘက်ဘက်က ထောက်ပံ့ မှုတွေ လိုပါတယ်။ သူတို့ကို ကျန် တဲ့ မြန်မာတိုင်းရင်းသားတွေက လည်း အားပေးထောက်ပံ့ကူညီ နေကြကြောင်း ကျွန်တော်နဲ့အတူ ပြကြရအောင်လား’’ဟု ဩဂုတ် ၂၆ ရက်က ရေးသားထားသည်။



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit : 7Day Daily
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top