iMyanmarHouse.com - Best Property Website for Myanmar
×

သင္က ဖက္ရွင္ကို စိတ္၀င္စားသူလား..စတိုင္လ္က်တဲ့ ေကာင္မေလးေတြ ျမင္ရင္ အားက်မိလား..သင္ကိုယ္တိုင္လည္း စတိုင္လ္က်တဲ့
ေကာင္မေလးတစ္ေယာက္ျဖစ္လာႏိုင္ပါတယ္။အထူးသျဖင့္ အခုေျပာျပမယ့္  လွ်ိဳ႕၀ွက္ခ်က္ေတြက သင့္ကို အမိုက္စားေလးတစ္ေယာက္ျဖစ္လာေအာင္
ကူညီေပးမွာပါ။

၁-သူတို႔ရဲ႕ အ၀တ္အစား ဗီရိုကို ေသခ်ာစီစဥ္ထားတယ္။
စတိုင္လ္က်တဲ့ မိန္းကေလးေတြက ဘယ္ေတာ့မွ အ၀တ္အစားေတြကို ျဖစ္သလို မထားၾကပါဘူး။ကိုယ္၀တ္ေနက် အ၀တ္ေတြကို ခ်ိတ္နဲ႔ ေသခ်ာစီစီရီရီထားတာမ်ိဳးပဲ ျဖစ္ျဖစ္၊ေခါက္ၿပီးထားတာမ်ိဳးပဲျဖစ္ျဖစ္ စနစ္တက် လုပ္ေလ့ရွိပါတယ္။ဒီလုိ ထားျခင္းအားျဖင့္ ကိုယ္ဘာ၀တ္ခ်င္လဲ၊ဘယ္နားမွာ ဘာအ၀တ္လဲရွိလဲဆိုတာ ျမန္ျမန္ဆန္ဆန္ပဲ သိႏိုင္တဲ့အျပင္ ကိုယ္ရဲ႕ အ၀တ္အစားေရြးခ်ယ္ဟပ္စပ္မႈ အတြက္လည္း တကယ္ကို အဆင္ေျပႏိုင္ပါတယ္။

၂-ရာသီဥတုနဲ႔ လိုက္ဖက္ေအာင္လည္း ၀တ္ဆင္တတ္ၾကတယ္။
ဒီအခ်က္ကလည္း တကယ္ကို အေရးႀကီးတဲ့အခ်က္ပါ။ေႏြရာသီပူပူေလာင္ေလာင္ႀကီးမွာ ဂ်င္းဖက္ရွင္နဲ႔ ရႈိးထုတ္လို႔ အဆင္မေျပနိုင္သလိုေပါ့။သင့္အေနနဲ႔ သြားစရာလာစရာရွိလို႔ အျပင္သြားမယ္ဆိုရင္ ရာသီဥတုနဲ႔ လိုက္ဖက္ေအာင္ ၀တ္ဖို႔ေတာ့ လိုမယ္ေနာ္။

၃-အ၀တ္အစားကို ႀကိဳစီစဥ္တတ္တယ္။
ေနရာတစ္ခုခုပဲျဖစ္ျဖစ္၊ပြဲတစ္ခုခုပဲျဖစ္ျဖစ္  မသြားခင္တစ္ညအလိုေလာက္မွာ အ၀တ္အစားကို အၿမဲတမ္းႀကီးအတြက္ ႀကိဳတင္ျပင္ဆင္ရမယ္လို႔ေတာ့ မဆိုလိုပါဘူး။ဒါေပမယ့္ သင့္အေနနဲ႔ ကိုယ္လွပေနေအာင္ အခ်ိန္ေပးဖို႔လိုအပ္ပါတယ္။ကိုယ္၀တ္မယ့္အ၀တ္အစားက ပြလား၊ေခ်ာင္လား၊ကိုယ္နဲ႔ လိုက္ဖက္ေနလားဆုိတာသိရေအာင္ အ၀တ္အစားကို ႀကိဳစီစဥ္တတ္ေအာင္ အက်င့္လုပ္ပါ။

၄- မနက္ခင္းမွာ ျပင္ဆင္ဖို႔အတြက္ အခ်ိန္ေပးတယ္။
ကၽြန္မတို႔အေနနဲ႔ မနက္ခင္းမွာ အလ်င္မမွီေတာ့လို႔ ျဖစ္သလို ျပင္ဆင္ၿပီး အျပင္သြားခဲ့ရတဲ့ေန႔မ်ိဳးေတြ ႀကံဳခဲ့ရမွာပါ။ဒီလိုအခ်ိန္အခါမ်ိဳးဆို ျဖစ္သလို အျပင္အဆင္မ်ိဳးနဲ႔ သပ္ရပ္မႈလည္း မရွိေတာ့လိုလို ၊Confidence ေပ်ာက္ဆံုးသလိုလို ျဖစ္တတ္ပါတယ္။ဒီလိုမိ်ဳးမျဖစ္ဖို႔အတြက္ကိုေတာ့ စတိုင္လ္က်တဲ့ေကာင္မေလးေတြက မနက္ခင္းမွာ  အခ်ိန္နည္းနည္းေလးေစာထၿပီး ကိုယ္လွပဖို႔ ပိုအခ်ိန္ေပးတတ္ၾကပါတယ္လို႔ ဆိုပါတယ္။တကယ္လို႔ သင္က မနက္ခင္းမွာ အလ်င္မမွီတတ္တဲ့သူဆိုရင္ေတာ့ ဒီအခ်က္ေလးကို သတိျပဳလုိက္ပါ။

၅-ကိုယ္ပိုင္စတိုင္လ္ရွိတတ္ၾကတယ္။
ဒီေနရာမွာ စတိုင္လ္က်တယ္ဆိုတာ တန္းျမင့္ဖက္ရွင္၀တ္စံုေတြ၊ဒီဇိုင္နာလက္ရာေတြကို ၀တ္ေနမွရယ္လို႔ မဟုတ္ပါဘူး။သင့္တင့္တဲ့ပမာဏ၊ကိုယ္နဲ႔ လိုက္ဖက္တဲ့ ၀တ္စံုေတြကို ေရြးခ်ယ္ေပါင္းစပ္တတ္ရင္ ကိုယ္ပုိင္စတိုင္လ္ဆိုတာ ျဖစ္လာပါတယ္။ကိုယ္သံုးႏုိင္တဲ့ ေငြေၾကးပမာဏနဲ႔ အ၀တ္အစားေတြကို ဘယ္လိုေပါင္းစပ္၀တ္ဆင္ရမလဲဆိုတာ သိထားဖို႔လိုအပ္ၿပီး သင့္ေတာ္တဲ့ အ၀တ္အစားေတြ၊ေခတ္ေရစီးေၾကာင္းနဲ႔ လိုက္ဖက္တဲ့ ဖက္ရွင္အသံုးအေဆာင္ေတြကို ရင္းႏွီးျမွပ္ႏွံပါ။

၆- ကုိယ္နဲ႔ ကြက္တိျဖစ္တဲ့အ၀တ္အစားေတြကို၀တ္ဆင္တယ္။
တင္းက်ပ္လြန္းတဲ့ အ၀တ္အစားေတြ၊ပြလြန္းေခ်ာင္လြန္းတဲ့ အ၀တ္အစားေတြက ဘယ္လိုခႏၶာကိုယ္မ်ိဳးနဲ႔မဆို ၾကည့္မေကာင္းတာအမွန္ပါ။ကိုယ့္ ခႏၶာကိုယ္အခ်ိဳးအစားကို ေပၚလြင္ၿပီး ကိုယ္နဲ႔ကြက္တိျဖစ္တဲ့ အ၀တ္အစားေတြက ေရြးခ်ယ္ဖို႔ အေကာင္းဆံုးျဖစ္ၿပီး အ၀တ္အစား ၀ယ္တဲ့အခါ မွန္ကန္တဲ့ ဆိုဒ္၊လိုက္ဖက္တဲ့ပံုစံျဖစ္ဖို႔ လိုအပ္ပါတယ္။

၇-အတြင္းခံကိုလည္းေသခ်ာေရြးခ်ယ္၀တ္ဆင္တယ္။
စတိုင္လ္က်ဖို႔အတြက္ အတြင္းခံအ၀တ္အစားေတြက ေကာင္းမြန္မွန္ကန္ဖုိ႔လည္း လိုအပ္ပါတယ္။တင္းက်ပ္လြန္းတဲ့ ဘရာႀကိဳးေတြက သင့္ပခံုးကို နာက်င္ေစသလို ေလ်ာ့ရဲလြန္းတဲ့ ဘရာေတြကလည္း သင့္ရင္သားကို ပံုမက်ျဖစ္ေစပါတယ္။အတြင္းခံ၀တ္စံုေတြ ၀ယ္တဲ့အခါ ခႏၶာကိုယ္မွာသက္ေတာင့္သက္သာ ျဖစ္ေနဖို႔၊မွန္ကန္တဲ့ ပံုစံနဲ႔ ဆိုဒ္ျဖစ္ဖို႔၊အရည္အေသြးေကာင္းဖို႔ အၿမဲ သတိထားပါ။

Ref:popsugar.com
Editor:Su Yi Htet

Credit:MODA
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
သင်က ဖက်ရှင်ကို စိတ်ဝင်စားသူလား..စတိုင်လ်ကျတဲ့ ကောင်မလေးတွေ မြင်ရင် အားကျမိလား..သင်ကိုယ်တိုင်လည်း စတိုင်လ်ကျတဲ့
ကောင်မလေးတစ်ယောက်ဖြစ်လာနိုင်ပါတယ်။အထူးသဖြင့် အခုပြောပြမယ့်  လျှို့ဝှက်ချက်တွေက သင့်ကို အမိုက်စားလေးတစ်ယောက်ဖြစ်လာအောင်
ကူညီပေးမှာပါ။

၁-သူတို့ရဲ့ အဝတ်အစား ဗီရိုကို သေချာစီစဉ်ထားတယ်။
စတိုင်လ်ကျတဲ့ မိန်းကလေးတွေက ဘယ်တော့မှ အဝတ်အစားတွေကို ဖြစ်သလို မထားကြပါဘူး။ကိုယ်ဝတ်နေကျ အဝတ်တွေကို ချိတ်နဲ့ သေချာစီစီရီရီထားတာမျိုးပဲ ဖြစ်ဖြစ်၊ခေါက်ပြီးထားတာမျိုးပဲဖြစ်ဖြစ် စနစ်တကျ လုပ်လေ့ရှိပါတယ်။ဒီလို ထားခြင်းအားဖြင့် ကိုယ်ဘာဝတ်ချင်လဲ၊ဘယ်နားမှာ ဘာအဝတ်လဲရှိလဲဆိုတာ မြန်မြန်ဆန်ဆန်ပဲ သိနိုင်တဲ့အပြင် ကိုယ်ရဲ့ အဝတ်အစားရွေးချယ်ဟပ်စပ်မှု အတွက်လည်း တကယ်ကို အဆင်ပြေနိုင်ပါတယ်။

၂-ရာသီဥတုနဲ့ လိုက်ဖက်အောင်လည်း ဝတ်ဆင်တတ်ကြတယ်။
ဒီအချက်ကလည်း တကယ်ကို အရေးကြီးတဲ့အချက်ပါ။နွေရာသီပူပူလောင်လောင်ကြီးမှာ ဂျင်းဖက်ရှင်နဲ့ ရှိုးထုတ်လို့ အဆင်မပြေနိုင်သလိုပေါ့။သင့်အနေနဲ့ သွားစရာလာစရာရှိလို့ အပြင်သွားမယ်ဆိုရင် ရာသီဥတုနဲ့ လိုက်ဖက်အောင် ဝတ်ဖို့တော့ လိုမယ်နော်။

၃-အဝတ်အစားကို ကြိုစီစဉ်တတ်တယ်။
နေရာတစ်ခုခုပဲဖြစ်ဖြစ်၊ပွဲတစ်ခုခုပဲဖြစ်ဖြစ်  မသွားခင်တစ်ညအလိုလောက်မှာ အဝတ်အစားကို အမြဲတမ်းကြီးအတွက် ကြိုတင်ပြင်ဆင်ရမယ်လို့တော့ မဆိုလိုပါဘူး။ဒါပေမယ့် သင့်အနေနဲ့ ကိုယ်လှပနေအောင် အချိန်ပေးဖို့လိုအပ်ပါတယ်။ကိုယ်ဝတ်မယ့်အဝတ်အစားက ပွလား၊ချောင်လား၊ကိုယ်နဲ့ လိုက်ဖက်နေလားဆိုတာသိရအောင် အဝတ်အစားကို ကြိုစီစဉ်တတ်အောင် အကျင့်လုပ်ပါ။

၄- မနက်ခင်းမှာ ပြင်ဆင်ဖို့အတွက် အချိန်ပေးတယ်။
ကျွန်မတို့အနေနဲ့ မနက်ခင်းမှာ အလျင်မမှီတော့လို့ ဖြစ်သလို ပြင်ဆင်ပြီး အပြင်သွားခဲ့ရတဲ့နေ့မျိုးတွေ ကြုံခဲ့ရမှာပါ။ဒီလိုအချိန်အခါမျိုးဆို ဖြစ်သလို အပြင်အဆင်မျိုးနဲ့ သပ်ရပ်မှုလည်း မရှိတော့လိုလို ၊Confidence ပျောက်ဆုံးသလိုလို ဖြစ်တတ်ပါတယ်။ဒီလိုမျိုးမဖြစ်ဖို့အတွက်ကိုတော့ စတိုင်လ်ကျတဲ့ကောင်မလေးတွေက မနက်ခင်းမှာ  အချိန်နည်းနည်းလေးစောထပြီး ကိုယ်လှပဖို့ ပိုအချိန်ပေးတတ်ကြပါတယ်လို့ ဆိုပါတယ်။တကယ်လို့ သင်က မနက်ခင်းမှာ အလျင်မမှီတတ်တဲ့သူဆိုရင်တော့ ဒီအချက်လေးကို သတိပြုလိုက်ပါ။

၅-ကိုယ်ပိုင်စတိုင်လ်ရှိတတ်ကြတယ်။
ဒီနေရာမှာ စတိုင်လ်ကျတယ်ဆိုတာ တန်းမြင့်ဖက်ရှင်ဝတ်စုံတွေ၊ဒီဇိုင်နာလက်ရာတွေကို ဝတ်နေမှရယ်လို့ မဟုတ်ပါဘူး။သင့်တင့်တဲ့ပမာဏ၊ကိုယ်နဲ့ လိုက်ဖက်တဲ့ ဝတ်စုံတွေကို ရွေးချယ်ပေါင်းစပ်တတ်ရင် ကိုယ်ပိုင်စတိုင်လ်ဆိုတာ ဖြစ်လာပါတယ်။ကိုယ်သုံးနိုင်တဲ့ ငွေကြေးပမာဏနဲ့ အဝတ်အစားတွေကို ဘယ်လိုပေါင်းစပ်ဝတ်ဆင်ရမလဲဆိုတာ သိထားဖို့လိုအပ်ပြီး သင့်တော်တဲ့ အဝတ်အစားတွေ၊ခေတ်ရေစီးကြောင်းနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်အသုံးအဆောင်တွေကို ရင်းနှီးမြှပ်နှံပါ။

၆- ကိုယ်နဲ့ ကွက်တိဖြစ်တဲ့အဝတ်အစားတွေကိုဝတ်ဆင်တယ်။
တင်းကျပ်လွန်းတဲ့ အဝတ်အစားတွေ၊ပွလွန်းချောင်လွန်းတဲ့ အဝတ်အစားတွေက ဘယ်လိုခန္ဓာကိုယ်မျိုးနဲ့မဆို ကြည့်မကောင်းတာအမှန်ပါ။ကိုယ့် ခန္ဓာကိုယ်အချိုးအစားကို ပေါ်လွင်ပြီး ကိုယ်နဲ့ကွက်တိဖြစ်တဲ့ အဝတ်အစားတွေက ရွေးချယ်ဖို့ အကောင်းဆုံးဖြစ်ပြီး အဝတ်အစား ဝယ်တဲ့အခါ မှန်ကန်တဲ့ ဆိုဒ်၊လိုက်ဖက်တဲ့ပုံစံဖြစ်ဖို့ လိုအပ်ပါတယ်။

၇-အတွင်းခံကိုလည်းသေချာရွေးချယ်ဝတ်ဆင်တယ်။
စတိုင်လ်ကျဖို့အတွက် အတွင်းခံအဝတ်အစားတွေက ကောင်းမွန်မှန်ကန်ဖို့လည်း လိုအပ်ပါတယ်။တင်းကျပ်လွန်းတဲ့ ဘရာကြိုးတွေက သင့်ပခုံးကို နာကျင်စေသလို လျော့ရဲလွန်းတဲ့ ဘရာတွေကလည်း သင့်ရင်သားကို ပုံမကျဖြစ်စေပါတယ်။အတွင်းခံဝတ်စုံတွေ ဝယ်တဲ့အခါ ခန္ဓာကိုယ်မှာသက်တောင့်သက်သာ ဖြစ်နေဖို့၊မှန်ကန်တဲ့ ပုံစံနဲ့ ဆိုဒ်ဖြစ်ဖို့၊အရည်အသွေးကောင်းဖို့ အမြဲ သတိထားပါ။

Ref:popsugar.com
Editor:Su Yi Htet


Credit:MODA

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top