iMyanmarHouse.com - Best Property Website for Myanmar
×

ေဒါက္တာ Pimple Popper ဆုိတာ ကယ္လီဖုိးနီးယားအေျခစိုက္ အေရျပားနဲ႔အလွအပဆုိင္ရာဆရာဝန္ျဖစ္ပါတယ္။ ဝက္ ျခံကုသပံုေတြကို အင္စတာဂရမ္မွာတင္ေလ့ရွိသူပါ။ သူမရဲ႕ အင္စတာဂရမ္အေကာင့္မွာလည္း follower ၂ သန္းေက်ာ္ ႐ွိပါတယ္။ ေဒါက္တာ Pimple Popper က သင့္မ်က္ႏွာေပၚက ဝက္ျခံေတြကို ဘယ္လိုကုသမလဲဆုိတဲ့အေပၚ လမ္းညႊန္ခ်က္ေလးေတြ မွ်ေဝထားပါတယ္။

ဝက္ျခံေတြက မမွည့္ေသးဘဲနဲ႔လည္း ညႇစ္လို႔မရဘူး။ လက္ေယာင္လိုက္ၿပီး ပိုဆုိးသြားႏိုင္တယ္။ တခ်ိဳ႕ဝက္ျခံေတြကေတာ့ အေရျပားေအာက္မွာျဖစ္ေနတာ။ ဝက္ျခံပုန္းေတြေပါ့။ ဒါေတြကိုညႇစ္မယ္ဆုိရင္ ေရေႏြးေငြ႕ေလးေပးၿပီးမွ ညႇစ္ထုတ္ရပါတယ္။ ဂ႐ုတစိုက္လုပ္ေပးမွ အမာ႐ြတ္မက်န္မွာပါ။
၁။ ကိရိယာသံုး

ဝက္ျခံညႇစ္တံေလးကို အသံုးျပဳပါမယ္။ ဝက္ျခံရဲ႕ေဘးပတ္ပတ္လည္ကိုပဲ ညႇစ္တံေလးနဲ႔ ဖိေပးပါ။ ဖိၿပီးဆြဲခ်လိုက္ရင္ ဝက္ျခံက ထြက္မလာဘဲ ပဲ့က်န္ခဲ့ႏိုင္တယ္။ ဝက္ျခံညႇစ္တံကေတာ့ ပိုးသတ္ထားတာ ျဖစ္ရပါမယ္။
၂။ Treatment

ဝက္ျခံကိုညႇစ္ၿပီးလိုက္တာနဲ႔ ညႇစ္ထားတဲ့ေနရာကို သန္႕႐ွင္းေရးလုပ္ေပးပါ။ ၿပီးရင္ benzoyl peroxide ေလး လိမ္းေပးထားရမယ္။ ညႇစ္ထားတဲ့ေနရာကို လက္နဲ႔မထိဘဲေနႏုိင္မွ အေပ်ာက္ျမန္မွာပါေနာ္။ နီရဲေရာင္ရမ္းေနရင္ေတာ့ ေရခဲေလးကပ္ေပးပါ။
၃။ ဆရာဝန္

အေပၚကေျပာထားတဲ့အခ်က္ႏွစ္ခ်က္အတိုင္း လုပ္တဲ့အခါ အဆင္မေျပတာတစ္ခုခု ျဖစ္လာၿပီဆုိ အေရျပားဆရာဝန္ဆီ ခ်က္ျခင္းသြားပါ။ ေဆးထိုးဖို႔လိုရင္ ေဆးထိုးတာ၊ လိမ္းေဆးေပးတာမ်ိဳး ေပးပါလိမ့္မယ္။

Source : Allure
Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
ဒေါက်တာ Pimple Popper ဆိုတာ ကယ်လီဖိုးနီးယားအခြေစိုက် အရေပြားနဲ့အလှအပဆိုင်ရာဆရာဝန်ဖြစ်ပါတယ်။ ဝက်ခြံကုသပုံတွေကို အင်စတာဂရမ်မှာတင်လေ့ရှိသူပါ။ သူမရဲ့ အင်စတာဂရမ်အကောင့်မှာလည်း follower ၂ သန်းကျော် ရှိပါတယ်။ ဒေါက်တာ Pimple Popper က သင့်မျက်နှာပေါ်က ဝက်ခြံတွေကို ဘယ်လိုကုသမလဲဆိုတဲ့အပေါ် လမ်းညွှန်ချက်လေးတွေ မျှဝေထားပါတယ်။

ဝက်ခြံတွေက မမှည့်သေးဘဲနဲ့လည်း ညှစ်လို့မရဘူး။ လက်ယောင်လိုက်ပြီး ပိုဆိုးသွားနိုင်တယ်။ တချို့ဝက်ခြံတွေကတော့ အရေပြားအောက်မှာဖြစ်နေတာ။ ဝက်ခြံပုန်းတွေပေါ့။ ဒါတွေကိုညှစ်မယ်ဆိုရင် ရေနွေးငွေ့လေးပေးပြီးမှ ညှစ်ထုတ်ရပါတယ်။ ဂရုတစိုက်လုပ်ပေးမှ အမာရွတ်မကျန်မှာပါ။
၁။ ကိရိယာသုံး

ဝက်ခြံညှစ်တံလေးကို အသုံးပြုပါမယ်။ ဝက်ခြံရဲ့ဘေးပတ်ပတ်လည်ကိုပဲ ညှစ်တံလေးနဲ့ ဖိပေးပါ။ ဖိပြီးဆွဲချလိုက်ရင် ဝက်ခြံက ထွက်မလာဘဲ ပဲ့ကျန်ခဲ့နိုင်တယ်။ ဝက်ခြံညှစ်တံကတော့ ပိုးသတ်ထားတာ ဖြစ်ရပါမယ်။
၂။ Treatment

ဝက်ခြံကိုညှစ်ပြီးလိုက်တာနဲ့ ညှစ်ထားတဲ့နေရာကို သန့်ရှင်းရေးလုပ်ပေးပါ။ ပြီးရင် benzoyl peroxide လေး လိမ်းပေးထားရမယ်။ ညှစ်ထားတဲ့နေရာကို လက်နဲ့မထိဘဲနေနိုင်မှ အပျောက်မြန်မှာပါနော်။ နီရဲရောင်ရမ်းနေရင်တော့ ရေခဲလေးကပ်ပေးပါ။
၃။ ဆရာဝန်

အပေါ်ကပြောထားတဲ့အချက်နှစ်ချက်အတိုင်း လုပ်တဲ့အခါ အဆင်မပြေတာတစ်ခုခု ဖြစ်လာပြီဆို အရေပြားဆရာဝန်ဆီ ချက်ခြင်းသွားပါ။ ဆေးထိုးဖို့လိုရင် ဆေးထိုးတာ၊ လိမ်းဆေးပေးတာမျိုး ပေးပါလိမ့်မယ်။

Source : Allure

Credit:Duwun


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top