iMyanmarHouse.com - Best Property Website for Myanmar
×

ျမတ္ၾကည္ရဲ့ အသားအေရ က sensitive ျဖစ္တဲ့ အထဲ မွာပါတယ္။ တစ္ခုခု မျဖစ္လိုက္နဲ႕ ျဖစ္တာနဲ႕ ဝက္ျခံေပါက္ေတာ့တာပဲ။ ျပီးေတာ့ ဒီတိုင္းေနသလားဆိုေတာ့ မေနဘူး။ လက္က သြားသြားကလိတာ။ အဲဒါလက္ေရာင္ေတြလိုက္ျပီး ဝက္ ျခံ ေပ်ာက္သြားရင္ အမဲစက္ေလးေတြ က်န္ခဲ့ေရာ။
ဟိုတေလာက ဝက္ျခံေတြ လွိမ့္ထြက္ေနတာ ဟိုရွာ ဒီရွာလုပ္ရင္း မွာ ဒီနည္းေလးသြားေတြ႕တယ္။ အဲဒီထဲမွာေတာ့ ပဲမႈန္႕ရယ္၊ နႏြင္းရယ္၊ သံလြင္ဆီရယ္ေရာျပီး မ်က္ႏွာေပၚအုပ္တာ။ ျပီးရင္ မ်က္ႏွာျပန္ေဆးေပါ့ေနာ္။ အဲလို။ ျမတ္ၾကည္ကေတာ့ နႏြင္းရယ္၊ လက္ေဆာင္ရထားတဲ့ သံလြင္ဆီအႂကြင္းအက်န္ေလးရယ္ ေရာျပီး လိမ္းတယ္။ နႏြင္း အနံ႕ေတာ့ နည္းနည္း သည္းခံရတယ္။ လိမ္းျပီး ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္ေတာ့မွ ေရနဲ႕ေဆးခ်လိုက္တယ္။ ပထမတစ္ရက္တင္ ေတာ္ေတာ္သိသာတယ္။ ေရာင္ေနတာေတြ က်သြားတယ္။ တစ္ရက္ျခားျပီး ၂ ခါပဲလုပ္လိုက္တာ ဝက္ျခံမရွိေတာ့ဘူး။ အမာရြတ္ေရာ ဝက္ျခံေရာ လုံးဝမက်န္ေတာ့ဘူး။

ျမတ္ၾကည္ရွာၾကည့္ေတာ့ နႏြင္းမွာ ဆာလ္ဖာ ဓာတ္ အမ်ားၾကီးပါပါတယ္။ ဆာလ္ဖာဓာတ္က ေရာဂါပိုးေတြကို ေသေစႏိုင္ပါတယ္။ သဘာဝ ပစၥည္းဆိုေတာ့ လူကို လည္း ဥပါဒ္ မျဖစ္ပါဘူး။ ေနာက္ တစ္ခုက ဝမ္းေခါင္း အတြင္းမွာ ရွိတဲ့ အဆီေတြကို ေလွ်ာ့ေပးပါသတဲ့။

အလွေတြပိုႏိုင္ၾကပါေစရွင္
Credit: Thanakharmay
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
မြတ်ကြည်ရဲ့ အသားအရေ က sensitive ဖြစ်တဲ့ အထဲ မှာပါတယ်။ တစ်ခုခု မဖြစ်လိုက်နဲ့ ဖြစ်တာနဲ့ ဝက်ခြံပေါက်တော့တာပဲ။ ပြီးတော့ ဒီတိုင်းနေသလားဆိုတော့ မနေဘူး။ လက်က သွားသွားကလိတာ။ အဲဒါလက်ရောင်တွေလိုက်ပြီး ဝက်ခြံပျောက်သွားရင် အမဲစက်လေးတွေ ကျန်ခဲ့ရော။
ဟိုတလောက ဝက်ခြံတွေ လှိမ့်ထွက်နေတာ ဟိုရှာ ဒီရှာလုပ်ရင်း မှာ ဒီနည်းလေးသွားတွေ့တယ်။ အဲဒီထဲမှာတော့ ပဲမှုန့်ရယ်၊ နနွင်းရယ်၊ သံလွင်ဆီရယ်ရောပြီး မျက်နှာပေါ်အုပ်တာ။ ပြီးရင် မျက်နှာပြန်ဆေးပေါ့နော်။ အဲလို။ မြတ်ကြည်ကတော့ နနွင်းရယ်၊ လက်ဆောင်ရထားတဲ့ သံလွင်ဆီအကြွင်းအကျန်လေးရယ် ရောပြီး လိမ်းတယ်။ နနွင်း အနံ့တော့ နည်းနည်း သည်းခံရတယ်။ လိမ်းပြီး မေ့မေ့ပျောက်ပျောက်ဖြစ်တော့မှ ရေနဲ့ဆေးချလိုက်တယ်။ ပထမတစ်ရက်တင် တော်တော်သိသာတယ်။ ရောင်နေတာတွေ ကျသွားတယ်။ တစ်ရက်ခြားပြီး ၂ ခါပဲလုပ်လိုက်တာ ဝက်ခြံမရှိတော့ဘူး။ အမာရွတ်ရော ဝက်ခြံရော လုံးဝမကျန်တော့ဘူး။

မြတ်ကြည်ရှာကြည့်တော့ နနွင်းမှာ ဆာလ်ဖာ ဓာတ် အများကြီးပါပါတယ်။ ဆာလ်ဖာဓာတ်က ရောဂါပိုးတွေကို သေစေနိုင်ပါတယ်။ သဘာဝ ပစ္စည်းဆိုတော့ လူကို လည်း ဥပါဒ် မဖြစ်ပါဘူး။ နောက် တစ်ခုက ဝမ်းခေါင်း အတွင်းမှာ ရှိတဲ့ အဆီတွေကို လျှော့ပေးပါသတဲ့။

အလှတွေပိုနိုင်ကြပါစေရှင်
Credit: Thanakharmay

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top