iMyanmarHouse.com - Best Property Website for Myanmar
×

အသည္းေရာဂါကို ျဖစ္ေစနုိင္ေသာ အက်င့္ဆိုးမ်ား မွန္ကန္ေသာ ေနထုိင္စားေသာက္မႈ မရိွျခင္းဟာ မိမိအတြက္ ေရာဂါေတြကို ေမြးျမဴထားသလို ျဖစ္ေစနိုင္ပါတယ္။ ဒါေၾကာင့္ မွန္ကန္ေသာ ေနထိုင္စားေသာက္မႈ ရိွေအာင္ ၾကိဳးစားေနထိုင္ ေစလိုပါတယ္။ ယခု အသည္းေရာဂါ ဘာေၾကာင့္ ျဖစ္ေပၚရသလဲ ဆိုတာကို ေရးသား လိုက္ရပါတယ္။(၁) ညအိပ္ယာဝင္ ေနာက္က်ျပီး နံနက္အိပ္ယာထ ေနာက္က်ျခင္းဟာ အဓိက အက်င့္ဆိုး ျဖစ္ပါတယ္ ။ (ည ၁၀ နာရီ မနက္ ၅ နာရီ မွန္ကန္ေသာ အိပ္ခ်ိန္)

(၂) မနက္စာကို မစားဘဲ ေနျခင္း။

(၃) မနက္အိပ္ယာထလွ်င္ ၾကင္ငယ္ရည္ကို မသြားဘဲ ခ်ဳပ္ထိန္းထားျခင္း။

(၄) အလြန္အကြ်ံ စားျခင္း။ ( ပံုမွန္စားတာထက္ တစ္ခါတစ္ေလမွာ မိမိဝမ္းဗိုက္ထက္ မဆံ့ေအာင္စားျခင္းကို ဆိုလိုပါတယ္)

(၅) ေဆးဝါးမ်ားကို အလြန္အကြ်ံ မွီဝွဲေနျခင္း။ (ေဆးဝါး ဆိုတာက မိမိခႏၶာကိုယ္မွာ လိုအပ္တဲ့ အခ်ိန္ မွီဝွဲတာဟာ အေကာင္းဆံုးပါ။ ဒီလိုမဟုတ္ဘဲ အနည္းငယ္ ေနမေကာင္းျဖစ္ရံုမွ်ျဖင့္ ေဆးဝါးမ်ားကို အလြန္အကြ်ံ မမွီဝွဲသင့္ပါ)။

(၆) သဘာဝက ျဖစ္ေပၚလာေသာ အစားအစာ မဟုတ္ဘဲ အတုလုပ္ထားေသာ အစားအစာမ်ား၊ Date ေက်ာ္ေနေသာ အစားအစာမ်ား၊ ပိုးသတ္ေဆးမ်ား အသံုးျပဳထားေသာ အစားအစာမ်ား ကိုစားသံုးေနျခင္း။ ( ယေန႔ေခတ္မွာ အဲလိုမ်ိဳး အစားအစာေတြကို မလဲြမေရွာင္လို႔ စားသံုးေနလို႔ ရတယ္ဆိုရင္ ၎အသီးအရြက္မ်ားကို ေရေႏြးစူစူျဖင့္ အရင္စိမ္ျပီး စားသံုးပါလို႔ အၾကံေပးပါရေစ)

(၇) အရက္မ်ား အလြန္အကြ်ံေသာက္ျခင္း။

(၈) အစားအေသာက္မ်ားကို က်န္းမာေရးနွင့္ ညီညြတ္ေအာင္ ခ်က္ျပဳတ္စားေသာက္မႈ မျပဳျခင္း။ ( အထူးသျဖင့္ ဆီမ်ားကို အလြန္အကြ်ံစားသံုးျခင္း ျဖစ္ပါတယ္)

(၉) ေနာက္ဆံုး အက်င့္ဆိုးကေတာ့ အထိုင္မ်ားသူ ျဖစ္ပါလ်က္ ကိုယ္လက္ ေလ့က်င့္ခန္း ဘာမွမလုပ္ျခင္း ျဖစ္ပါတယ္။ (မိမိဟာ ေန႔စဥ္ေန႔တိုင္း ထိုင္ခံုမွာ ထိုင္ျပီး အလုပ္လုပ္သူဆိုရင္ မျဖစ္မေန ေလ့က်င့္ခန္း လုပ္ပါ။ ဒီလိုမွမဟုတ္ရင္ေတာ့ ေရာဂါမ်ား သင့္ဆီကို ဝင္ေရာက္လာမွာ မလြဲဧကန္ပါ )

အထက္ပါ ေဖာ္ျပပါ အခ်က္မ်ားသည္ အသည္းေရာဂါကို တစ္ခုတည္း အတြက္ မဟုတ္ပါဘူး။ အျခားေသာ ေရာဂါမ်ားအတြက္ ရည္ညႊန္းပါတယ္။ ဒါေၾကာင့္ ရွင္သန္ေနေသာ လူ႔ဘဝမွာ က်န္းမာေရးဟာ အထူးပင္ အေရးၾကီးတာေၾကာင့္ အထူးဂရုိစုိက္ေစ ခ်င္ပါတယ္။

အားလံုးကို ေက်းဇူးတင္လွ်က္

Credit:ေက်ာ္လင္းနို္င္ (ရိုးရာေလး)
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
အသည်းရောဂါကို ဖြစ်စေနိုင်သော အကျင့်ဆိုးများ မှန်ကန်သော နေထိုင်စားသောက်မှု မရှိခြင်းဟာ မိမိအတွက် ရောဂါတွေကို မွေးမြူထားသလို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မှန်ကန်သော နေထိုင်စားသောက်မှု ရှိအောင် ကြိုးစားနေထိုင် စေလိုပါတယ်။ ယခု အသည်းရောဂါ ဘာကြောင့် ဖြစ်ပေါ်ရသလဲ ဆိုတာကို ရေးသား လိုက်ရပါတယ်။(၁) ညအိပ်ယာဝင် နောက်ကျပြီး နံနက်အိပ်ယာထ နောက်ကျခြင်းဟာ အဓိက အကျင့်ဆိုး ဖြစ်ပါတယ် ။ (ည ၁၀ နာရီ မနက် ၅ နာရီ မှန်ကန်သော အိပ်ချိန်)

(၂) မနက်စာကို မစားဘဲ နေခြင်း။

(၃) မနက်အိပ်ယာထလျှင် ကြင်ငယ်ရည်ကို မသွားဘဲ ချုပ်ထိန်းထားခြင်း။

(၄) အလွန်အကျွံ စားခြင်း။ ( ပုံမှန်စားတာထက် တစ်ခါတစ်လေမှာ မိမိဝမ်းဗိုက်ထက် မဆံ့အောင်စားခြင်းကို ဆိုလိုပါတယ်)

(၅) ဆေးဝါးများကို အလွန်အကျွံ မှီဝှဲနေခြင်း။ (ဆေးဝါး ဆိုတာက မိမိခန္ဓာကိုယ်မှာ လိုအပ်တဲ့ အချိန် မှီဝှဲတာဟာ အကောင်းဆုံးပါ။ ဒီလိုမဟုတ်ဘဲ အနည်းငယ် နေမကောင်းဖြစ်ရုံမျှဖြင့် ဆေးဝါးများကို အလွန်အကျွံ မမှီဝှဲသင့်ပါ)။

(၆) သဘာဝက ဖြစ်ပေါ်လာသော အစားအစာ မဟုတ်ဘဲ အတုလုပ်ထားသော အစားအစာများ၊ Date ကျော်နေသော အစားအစာများ၊ ပိုးသတ်ဆေးများ အသုံးပြုထားသော အစားအစာများ ကိုစားသုံးနေခြင်း။ ( ယနေ့ခေတ်မှာ အဲလိုမျိုး အစားအစာတွေကို မလွဲမရှောင်လို့ စားသုံးနေလို့ ရတယ်ဆိုရင် ၎င်းအသီးအရွက်များကို ရေနွေးစူစူဖြင့် အရင်စိမ်ပြီး စားသုံးပါလို့ အကြံပေးပါရစေ)

(၇) အရက်များ အလွန်အကျွံသောက်ခြင်း။

(၈) အစားအသောက်များကို ကျန်းမာရေးနှင့် ညီညွတ်အောင် ချက်ပြုတ်စားသောက်မှု မပြုခြင်း။ ( အထူးသဖြင့် ဆီများကို အလွန်အကျွံစားသုံးခြင်း ဖြစ်ပါတယ်)

(၉) နောက်ဆုံး အကျင့်ဆိုးကတော့ အထိုင်များသူ ဖြစ်ပါလျက် ကိုယ်လက် လေ့ကျင့်ခန်း ဘာမှမလုပ်ခြင်း ဖြစ်ပါတယ်။ (မိမိဟာ နေ့စဉ်နေ့တိုင်း ထိုင်ခုံမှာ ထိုင်ပြီး အလုပ်လုပ်သူဆိုရင် မဖြစ်မနေ လေ့ကျင့်ခန်း လုပ်ပါ။ ဒီလိုမှမဟုတ်ရင်တော့ ရောဂါများ သင့်ဆီကို ဝင်ရောက်လာမှာ မလွဲဧကန်ပါ )

အထက်ပါ ဖော်ပြပါ အချက်များသည် အသည်းရောဂါကို တစ်ခုတည်း အတွက် မဟုတ်ပါဘူး။ အခြားသော ရောဂါများအတွက် ရည်ညွှန်းပါတယ်။ ဒါကြောင့် ရှင်သန်နေသော လူ့ဘဝမှာ ကျန်းမာရေးဟာ အထူးပင် အရေးကြီးတာကြောင့် အထူးဂရိုစိုက်စေ ချင်ပါတယ်။

အားလုံးကို ကျေးဇူးတင်လျှက်

Credit:ကျော်လင်းနိုင် (ရိုးရာလေး)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top