iMyanmarHouse.com - Best Property Website for Myanmar
×
Credit:  Duwun
#Unicode Version#
ငွေဆောင် ကို ရောက်ရှိနေတဲ့ သန္တာလှိုင် ကတော့ ကမ်းခြေရောက်နေပေမယ့်လည်း သူမရဲ့ ပရိသတ်တွေ အတွက် ခန္ဓာကိုယ်အလှအပ ပိုင်းနဲ့ ပတ်သက်ပြီး ဗဟုသုတရရှိစရာ များကို တင်ပေးနေတာ တွေ့ရပါတယ်။ ယခုအခါမှာတော့ သူမက ပရိသတ်တွေ မေးကြတဲ့ မေးခွန်းဖြစ်တဲ့ ကလေးနှစ်ယောက်လွယ်ပြီး မွေးထားပေမယ့် ဗိုက်ကြောမပြတ်တာကို တွေ့ရတေ့ာ ဘယ်လိုလုပ်လည်း ဆိုပြီး မေးထားကြတာ ဖြစ်ပါတယ်။
သူမကလည်း ကလေးမွေးပြီး ဗိုက်ကြောမပြတ်စေဖို့အတွက် နည်းလေးတွေကို ယခုလို ပြောပြထားပါတယ်။
“ဗိုက်စကြီးပြီ ဆိုတာနဲ့ ဗိုက်ကို လုံးဝ မကုတ်ပါနဲ့။ ကဲ ရိုးရိုးဖတ်ကြည့်ရင်တော့ အော် ဒါလေးများလို့ ထင်လိမ့်မယ်။ မှားသွားကြပါမယ်။ ဗိုက်မကြီးဖူး ကိုယ်ဝန်မလွယ်ဘူး။ သူတွေ မသိပေမယ့် အမပြောတာ နားလည်မယ့်လူတွေ ဒီစာရဲ့ အနက်ကို သိမှာပါ။ ဟုတ်ပါတယ်။ အတွင်းက ထွားကျိုင်းလာတဲ့ သားအိမ်ကို နေရာပေးဖို့ ဗိုက်ထဲမှာ အခြားအဂါၤတွေက နေရာဖယ်ပေးရတယ် အဲ့လိုပဲ အရေပြားကလဲ ချဲ့တာနဲ့အမျှ ဆွဲတင်းသလို ဖြစ်ပြီး အဲ့ဒီလို အချိန်မှာ vitamin E ဆိုတဲ့ vitamin ကို လိုအပ်ပါတယ်။ မရတဲ့အခါကျရင် ယားယံတာပါပဲ။ ယားတဲ့အခါ မနေနိုင်လို့ ကုတ်ရင် အဲ့ဒီအချိန်မှာ အကြောပြတ်တာပါ။ ပထမ အနီရောင်စင်းကြောင်း ဖြစ်မယ် ပြီးရင် အရောင်ပြောင်း မယ် နောက်ဆုံး ကိုယ့်ရဲ့ ပင်ကိုယ် အသားအရောင်နဲ့ မတူတဲ့ အတွန့်အတွန့် စင်းကြောင်းလေးတွေ ဖြစ်သွားပါတယ်။” လို့ သူမက ပြောပြထားပါတယ်။
ဆက်ပြီးတော့လည်း အဲ့လိုအချိန်မှာ လိုအပ်တဲ့ အရာတွေကိုလည်း ဆက်လက်ပြောပြထားပါသေးတယ်။
“vitamin E အများဆုံးပါတဲ့ cold pressed Macadamia nut oil ကို လိမ်းလိုက်ရုံပေါ့။ မရရင် ဒုတိယ အများဆုံးက cold pressed avocado oil ထောပတ်သီးဆီ။ အဲ့ဒါမှ မရရင် extra Virginia olive oil သံလွင်ဆီ အဲ့ဒါနဲ့တင် အယားအရံပြေပြီး မယားတော့ မကုတ် မကုတ်တော့ အကြောမပြတ် ဘူးပေါ့။ လွယ်လွယ်နဲ့ ရှင်းရှင်း လေးပါ။ ထပ်ယားရင် ထပ်လိုလို့ တောင်းတာ ဖြစ်တဲ့ အတွက် ထပ်လိမ်းပါ။ တစ်ယောက်နဲ့ တစ်ယောက် ကုတ်တဲ့ style ပေါ်မှာ မူတည် ပြီးတော့ ပြတ်တဲ့ style လဲ မတူပါဘူး။ သူများတွေက ပိုတ်ဆံတွေ ပေး အနာခံပြီး tattoo ဆွေထိုးနေကြတဲ့ ခေတ်ကြီးမှာ အမေတွေက ကိုယ့် style နဲ့ ကိုယ်ကြိုက်တဲ့ ဒီဇိုင်း ကိုယ့်ဗိုက်ပေါ် ဆွဲလို့ ရတယ်ဆိုတာ တော်တော် များများ မသိကြလို့ပါ”လို့ သူမက သေချာရှင်းပြထားပါတယ်။
သူမကတော့ ဗိုက်ကြောပြတာဟာ အမေတွေရဲ့ အလှတရားတစ်ခုလို့ မြင်မိကြောင်းနဲ့ အဲ့လိုဖြစ်တာဟာ ရုပ်ဆိုးတယ်လို့ မမြင်မိ ကြောင်း ပရိသတ်တွေကို ပြောပြထားပါတယ်။
Photo : သန္တာလှိုင် ဖေ့စ်ဘွတ်
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:  Duwun 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top