iMyanmarHouse.com - Best Property Website for Myanmar
×

လိေမၼာ္သီးက ကမာၻေပၚမွာ လူႀကိဳက္မ်ားတဲ့ အစားအစာထဲမွာပါ၀င္ပါတယ္။ ဒါေပမယ့္ လိေမၼာ္သီးခြံမွာ လိေမၼာ္သီးလိုမ်ိဳး လိေမၼာ္သီးထက္ပိုတဲ့ အာဟာရေတြအမ်ားႀကီးပါ၀င္တာေတာ့ သိၾကသူေတြ နည္းၾကပါတယ္။ ဒီမွာ သံုးတဲ့ လိေမၼာ္သီးအခြံက Organic နဲ႔ စိုက္ထားတဲ့ လိေမၼာ္သီး ဒါမွမဟုတ္ ပိုးသတ္ေဆးေတြအမ်ားႀကီးသံုးၿပီး စိုက္ထားတဲ့ လိေမၼာ္သီးအခြံ မျဖစ္ဖု႔ိေတာ့ လိုအပ္ပါတယ္။

ကိုယ္အေလးခ်ိန္ကို ေလ်ာ့က်ေစ
Image result for loss weight
လိေမၼာ္သီးနဲ႔ လိေမၼာ္သီးအခြံမွာ ပါ၀င္တဲ့ ကယ္လိုရီကနည္းၿပီး အမွ်င္ဓာတ္ေတြေတာ့ အမ်ားႀကီး ပါ၀င္ပါတယ္။

အဲ့ဒီအျပင္ ကိုယ္အေလးခ်ိန္ကို ေလ်ာ့က်ေစတဲ့ ဓာတ္ေတြလည္း အမ်ားႀကီးပါ၀င္ပါတယ္။

လိေမၼာ္သီးအခြံကို ေရေႏြးၾကမ္းအျဖစ္ ဒါမွမဟုတ္ အသီးေဖ်ာ္ရည္ ေဖ်ာ္ေသာက္တဲ့ေနရာမွာ ထည့္ေပးျခင္းျဖင့္ ခႏၶာကိုယ္ထဲမွာရွိတဲ့ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးပါတယ္။ အဲ့ဒီအျပင္ ဗိုက္ျပည့္ေနတဲ့ ခံစားခ်က္ မ်ိဳး ရေနမွာေၾကာင့္ ခဏခဏလည္း စားျဖစ္ေတာ့မွာမဟုတ္ပါဘူး။ ဒီလိုနည္းနဲ႔ ကယ္လိုရီအမ်ားႀကီး မစားေအာင္ ကူညီေပးပါလိမ့္မယ္။

အေရျပား က်န္းမာေရးအတြက္ ေကာင္းမြန္

လိေမၼာ္သီးခြံမွာ ဗီတာမင္ C ဓာတ္ပါ၀င္တာေၾကာင့္ မွည့္ေျခာက္ေတြ နဲ႔ အသက္အရြယ္ႀကီးျမင့္တာေၾကာင့္ ျဖစ္ေပၚလာတဲ့ အေရျပားေပၚက အမည္းစက္၊ အမွတ္ေတြကို ေပ်ာက္ကင္းေစပါတယ္။

အဲ့ဒီအျပင္ ေနေလာင္တာ၊ အဆိပ္အေတာက္ေတြေၾကာင့္ အေရအျပား ထိခိုက္ပ်က္စီးေနတာေတြကိုလည္း ျပန္လည္ျပဳျပင္ေပးပါတယ္။

ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးတာေၾကာင့္ ၀က္ၿခံေတြနဲ႔ ဆား၀က္ၿခံေတြျဖစ္ေပၚမႈကိုလည္း ကာကြယ္ေပးပါတယ္။

သြားက်န္းမာေရးအတြက္ေကာင္းမြန္
Related image
လိေမၼာ္သီးအခြံကို ၀ါးေပးရင္

သြားကို ခိုင္မာေစ

ဘက္တီးရီးယား ပိုးမႊားေတြကို ထိန္းခ်ဳပ္ေပး

သြားမွာ အ၀ါေရာင္ေျပာင္းသြားတာကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။

သူ႔မွာပါ၀င္တဲ့ ဆီေတြက ခႏၶာကိုယ္အတြက္ ေကာင္းမြန္ၿပီး သြားေၾကလႊာေတြကို ဘက္တီးရီးယားပိုးမႊားေတြ မဖ်က္ဆီးေအာင္ ကာကြယ္ေပးပါတယ္။

လိေမၼာ္သီး ခြံေရေႏြးၾကမ္း

လိေမၼာ္သီးခြံကို ပါးပါးလွီးပါ။

ေရေႏြးကို လိေမၼာ္သီးခြံထဲကို ေလာင္းထည့္ပါ။

ထည့္ခ်င္ရင္ လက္ဖက္ေျခာက္ထည့္လို႔ရပါတယ္။

၁၅ မိနစ္ေလာက္ၾကာရင္ေတာ့ လိေမၼာ္သီး ေရေႏြးၾကမ္းေသာက္လို႔ရပါၿပီ။

ဒါမွမဟုတ္ရင္ လိေမၼာ္သီးအခြံကို အေျခာက္လွမ္းၿပီး အဆင္ေျပသလို စားလို႔ရပါတယ္။
Credit:Myfoodmyanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
လိမ္မော်သီးက ကမ္ဘာပေါ်မှာ လူကြိုက်များတဲ့ အစားအစာထဲမှာပါဝင်ပါတယ်။ ဒါပေမယ့် လိမ္မော်သီးခွံမှာ လိမ္မော်သီးလိုမျိုး လိမ္မော်သီးထက်ပိုတဲ့ အာဟာရတွေအများကြီးပါဝင်တာတော့ သိကြသူတွေ နည်းကြပါတယ်။ ဒီမှာ သုံးတဲ့ လိမ္မော်သီးအခွံက Organic နဲ့ စိုက်ထားတဲ့ လိမ္မော်သီး ဒါမှမဟုတ် ပိုးသတ်ဆေးတွေအများကြီးသုံးပြီး စိုက်ထားတဲ့ လိမ္မော်သီးအခွံ မဖြစ်ဖု့ိတော့ လိုအပ်ပါတယ်။

ကိုယ်အလေးချိန်ကို လျော့ကျစေ

လိမ္မော်သီးနဲ့ လိမ္မော်သီးအခွံမှာ ပါဝင်တဲ့ ကယ်လိုရီကနည်းပြီး အမျှင်ဓာတ်တွေတော့ အများကြီး ပါဝင်ပါတယ်။

အဲ့ဒီအပြင် ကိုယ်အလေးချိန်ကို လျော့ကျစေတဲ့ ဓာတ်တွေလည်း အများကြီးပါဝင်ပါတယ်။

လိမ္မော်သီးအခွံကို ရေနွေးကြမ်းအဖြစ် ဒါမှမဟုတ် အသီးဖျော်ရည် ဖျော်သောက်တဲ့နေရာမှာ ထည့်ပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ အဲ့ဒီအပြင် ဗိုက်ပြည့်နေတဲ့ ခံစားချက် မျိုး ရနေမှာကြောင့် ခဏခဏလည်း စားဖြစ်တော့မှာမဟုတ်ပါဘူး။ ဒီလိုနည်းနဲ့ ကယ်လိုရီအများကြီး မစားအောင် ကူညီပေးပါလိမ့်မယ်။

အရေပြား ကျန်းမာရေးအတွက် ကောင်းမွန်

လိမ္မော်သီးခွံမှာ ဗီတာမင် C ဓာတ်ပါဝင်တာကြောင့် မှည့်ခြောက်တွေ နဲ့ အသက်အရွယ်ကြီးမြင့်တာကြောင့် ဖြစ်ပေါ်လာတဲ့ အရေပြားပေါ်က အမည်းစက်၊ အမှတ်တွေကို ပျောက်ကင်းစေပါတယ်။

အဲ့ဒီအပြင် နေလောင်တာ၊ အဆိပ်အတောက်တွေကြောင့် အရေအပြား ထိခိုက်ပျက်စီးနေတာတွေကိုလည်း ပြန်လည်ပြုပြင်ပေးပါတယ်။

ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာကြောင့် ဝက်ခြံတွေနဲ့ ဆားဝက်ခြံတွေဖြစ်ပေါ်မှုကိုလည်း ကာကွယ်ပေးပါတယ်။

သွားကျန်းမာရေးအတွက်ကောင်းမွန်

လိမ္မော်သီးအခွံကို ဝါးပေးရင်

သွားကို ခိုင်မာစေ

ဘက်တီးရီးယား ပိုးမွှားတွေကို ထိန်းချုပ်ပေး

သွားမှာ အဝါရောင်ပြောင်းသွားတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

သူ့မှာပါဝင်တဲ့ ဆီတွေက ခန္ဓာကိုယ်အတွက် ကောင်းမွန်ပြီး သွားကြေလွှာတွေကို ဘက်တီးရီးယားပိုးမွှားတွေ မဖျက်ဆီးအောင် ကာကွယ်ပေးပါတယ်။

လိမ္မော်သီး ခွံရေနွေးကြမ်း

လိမ္မော်သီးခွံကို ပါးပါးလှီးပါ။

ရေနွေးကို လိမ္မော်သီးခွံထဲကို လောင်းထည့်ပါ။

ထည့်ချင်ရင် လက်ဖက်ခြောက်ထည့်လို့ရပါတယ်။

၁၅ မိနစ်လောက်ကြာရင်တော့ လိမ္မော်သီး ရေနွေးကြမ်းသောက်လို့ရပါပြီ။

ဒါမှမဟုတ်ရင် လိမ္မော်သီးအခွံကို အခြောက်လှမ်းပြီး အဆင်ပြေသလို စားလို့ရပါတယ်။

Credit:Myfoodmyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top