iMyanmarHouse.com - Best Property Website for Myanmar
×


Credit:Momolay


#Unicode Version#
 မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကမှာ အအောင်မြင်ဆုံး၊ လူကြိုက်အများဆုံး၊ ချစ်ဖို့အကောင်းဆုံး မင်းသမီးလေး ၂ ဦးကို ပြောပြပါဆိုရင် ဖွေးဖွေးနဲ့ ဝတ်မှုန်ရွှေရည်ဟာ ထိပ်ဆုံးနေရာက ရပ်တည်နေမှာပါ။ ဖွေးဖွေးဟာ ၁၉၈၈ ခုနှစ် သြဂုတ်လ ၉ ရက်နေ့မှာ မွေးဖွားခဲ့ကာ အသက် ၂၈ နှစ်ခန့် ရှိပြီဖြစ်သလို၊ ဝတ်မှုန်ရွှေရည်ကတော့ ဖွေးဖွေးထက်တစ်ရက်ငယ်ပြီး သြဂုတ်လ ၁၀ ရက်နေ့မှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ချစ်စရာကောင်းတဲ့ ဝမ်းကွဲညီအမနှစ်ဦးလည်း ဖြစ်ကြသလို အနုပညာလောကမှာ အောင်မြင်မှုတွေဟာလည်း တစ်ဦးနဲ့တစ်ဦး မတိမ်းမယိမ်းနဲ့ ကွာခြားမှု မရှိလှပါဘူး။

ဒါ့အပြင် အကယ်ဒမီထူးချွန်ဆုကလည်း ၂ ဆုဆီရရှိထားပြီး ဖွေးဖွေးက ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တွေမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုတွေ ရရှိခဲ့ပြီး ဝတ်မှုန်ရွှေရည်ကတော့ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တွေမှာ အမျိုးသမီးဇာတ်ဆောင်ဆု၊ အမျိုးသမီးဇာတ်ပို့ဆုတွေ ရရှိထားသူပါ။ ဒီတော့ ဒီနေရာမှာ သူတို့ရဲ့ပရိသတ်အင်အားက စိတ်ဝင်စားဖို့ ကောင်းလာပါတယ်။ ဒီတော့ ဘာရယ်လို့ သဘောမှမဟုတ်ပဲ စစ်တမ်းလေးတစ်ခုကောက်ကြည့်ချင်ပါတယ်။ ဖွေးစိန်နဲ့ ကစ်ကစ်တို့မှာ ဘယ်သူ့ပရိသတ်အင်အားက ပိုကောင်းမယ်ထင်ပါသလဲ?

Credit:Momolay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top