iMyanmarHouse.com - Best Property Website for Myanmar
×

အနက္ေရာင္ဆံေကသာေတြဟာ ေနေရာင္ျခည္နဲ႔ အခ်ိန္ၾကာထိေတြ႕ရင္၊ မသန္႕ရွင္းတဲ႔ပတ္ဝန္းက်င္မွာ အကာအကြယ္မပါဘဲ ေနတာၾကာရင္ အေရာင္ေျပာင္းၿပီး မႈန္မြဲမြဲျဖစ္လာတတ္ပါတယ္။ ေနာက္ၿပီး ဆံပင္ႏွစ္ခြျဖစ္ျခင္းတို႔၊ ေဗာက္ထျခင္းတို႔လည္း ျဖစ္ေစႏိုင္ပါတယ္။ ဒီအေျခအေနကို အေကာင္းဆံုးကူညီေျဖရွင္းေပးႏိုင္တာကေတာ႔ ေကာ္ဖီမႈန္႔ပါပဲ။

ေကာ္ဖီမႈန္႔ဟာ ကြ်န္ေတာ္တို႔ရဲ႕မနက္ခင္းေတြကို ၿပီးျပည္႔စံုေစတဲ႔ ေကာ္ဖီခြက္ေတြကို ဖန္ဆင္းေပးႏိုင္ရံုတင္မကပါဘူး။ အလွအပေရးရာမွာလည္း အလြန္အသံုးဝင္တဲ႔ သဘာဝပစၥည္းတစ္မ်ိဳးျဖစ္ပါတယ္။ ေကာ္ဖီမႈန္႕ဟာ ဆံပင္ပိုသန္ေစဖို႔၊ သဘာဝအတိုင္းေတာက္ပေစဖို႔ ကူညီေပးႏိုင္တဲ႔အျပင္ ဦးေရျပားကိုလည္း က်န္းမာေစပါတယ္။
အက်ိဳးအာနိသင္ေတြ

ေကာ္ဖီမႈန္႔ထဲမွာပါဝင္တဲ႔ ကဖိန္းဓာတ္က ဦးေရျပားကိုလႈံ႕ေဆာ္ေပးၿပီး မ်က္ႏွာနဲ႔ဆက္စပ္ေနတဲ႔ေနရာတဝိုက္မွာ ေသြးလည္ပတ္မႈကိုလည္း ပိုမိုေကာင္းမြန္ေစပါတယ္။ ဒါေၾကာင္႔ ဆံပင္ကို ပိုမိုလန္းဆန္း ေတာက္ပေစပါတယ္။ ေကာ္ဖီမႈန္႔ဟာ ဦးေရျပားေမြးညင္းေပါက္ေလးေတြရဲ႕ ဆံပင္ေပါက္ႏႈန္းကိုလည္း ႏႈိးဆြေပးပါတယ္။ ေနာက္တစ္ခုက ေကာ္ဖီမႈန္႕ဟာ မႈန္မႈိင္းေနတဲ႔ ဆံပင္အေရာင္ကို ျပန္လည္ နက္ေမွာင္လာေစႏိုင္ပါတယ္။
၁။ ေကာ္ဖီဆံပင္ေပါင္းေဆး

ပန္းကန္လံုးတစ္လံုးထဲမွာ ေကာ္ဖီမႈန္႔အနည္းငယ္နဲ႔ ဂရိဒိန္ခ်ဥ္ (သကာရည္ထုတ္ၿပီးသား ဒိန္ခ်ဥ္) ကို ေရာထည္႔လိုက္ပါ။ သမသြားေအာင္ ေကာင္းေကာင္းေရာေမႊေပးလိုက္ၿပီး ဆံပင္ေပါင္းေဆးအျဖစ္ အသံုးျပဳလိုက္ပါ။ ဆံပင္ေပၚနဲ႔ ဦးေရျပားထဲထိ နက္ရႈိင္းေအာင္ သုတ္လိမ္းေပးလိုက္ၿပီး မိနစ္ (၃၀) ေလာက္ထားေပးလိုက္ပါ။ ၿပီးမွ ေခါင္းေလွ်ာ္ရည္သံုးၿပီး ျပန္ေလွ်ာ္ေပးလိုက္ပါ။ ဒီေနရာမွာ သတိထားရမွာ တစ္ခုက ဆံပင္အေျခာက္ခံစက္သံုးၿပီး ဆံပင္ကို ျမန္ျမန္ေျခာက္ေအာင္ မလုပ္ဖို႔ပါပဲ။ သဘာဝအတိုင္း ေျခာက္ေသြ႕သြားပါေစ။
၂။ ေကာ္ဖီ ဦးေရျပားေခ်းခြ်တ္ေဆး

ပန္းကန္လံုးတစ္လံုးထဲမွာ ေကာ္ဖီမႈန္႔နဲ႔ ဆားအနည္းငယ္ကို ထည္႔လိုုက္ပါ။ ၿပီးရင္ အုန္းဆီနည္းနည္းထည္႔ၿပီး ေကာ္ဖီ ဦးေရျပားေခ်းခြ်တ္ေဆးျဖစ္ေအာင္ လုပ္လိုက္ပါ။ ၿပီးရင္ ေခါင္းမေလွ်ာ္ခင္ ဒီေဆးေလးကိုသံုးၿပီး ဦးေရျပားကိုေခ်းခြ်တ္ေပးလိုက္ပါ။
၃။ ေကာ္ဖီေခါင္းလိမ္းဆီ

ေကာ္ဖီေခါင္းလိမ္းဆီကို ရရွိဖို႔ ပန္းကန္လံုးတစ္လံုုးထဲမွာ သံလြင္ဆီနည္းနည္းနဲ႔ ေကာ္ဖီမႈန္႔ လက္ဖက္ရည္ဇြန္းနဲ႔ (၃) ဇြန္းေလာက္ကို အရင္ထည္႔လိုက္ပါ။ ၿပီးရင္ ပန္းကန္လံုးကိုအေပၚက အဖံုးဖံုးၿပီး ေမွာင္မိုက္ေျခာက္ေသြ႕တဲ႔ေနရာ တစ္ေနရာမွာ (၂) ပတ္ (၃) ပတ္ေလာက္ ထားေပးလိုက္ပါ။ ၿပီးရင္ ဆီေတြကို အသာေလးဖယ္ထုတ္လိုက္ရင္ ေကာ္ဖီေခါင္းလိမ္းဆီ အသင္႔ျဖစ္ပါၿပီ။ ညအိပ္ယာမဝင္ခင္ လိမ္းေပးႏိုင္ၿပီး ေနာက္ေန႕မွာ ေခါင္းျပန္ေလွ်ာ္ေပးႏိုင္ပါတယ္။

Source: indianspot
Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
အနက်ရောင်ဆံကေသာတွေဟာ နေရောင်ခြည်နဲ့ အချိန်ကြာထိတွေ့ရင်၊ မသန့်ရှင်းတဲ့ပတ်ဝန်းကျင်မှာ အကာအကွယ်မပါဘဲ နေတာကြာရင် အရောင်ပြောင်းပြီး မှုန်မွဲမွဲဖြစ်လာတတ်ပါတယ်။ နောက်ပြီး ဆံပင်နှစ်ခွဖြစ်ခြင်းတို့၊ ဗောက်ထခြင်းတို့လည်း ဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေကို အကောင်းဆုံးကူညီဖြေရှင်းပေးနိုင်တာကတော့ ကော်ဖီမှုန့်ပါပဲ။

ကော်ဖီမှုန့်ဟာ ကျွန်တော်တို့ရဲ့မနက်ခင်းတွေကို ပြီးပြည့်စုံစေတဲ့ ကော်ဖီခွက်တွေကို ဖန်ဆင်းပေးနိုင်ရုံတင်မကပါဘူး။ အလှအပရေးရာမှာလည်း အလွန်အသုံးဝင်တဲ့ သဘာဝပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ကော်ဖီမှုန့်ဟာ ဆံပင်ပိုသန်စေဖို့၊ သဘာဝအတိုင်းတောက်ပစေဖို့ ကူညီပေးနိုင်တဲ့အပြင် ဦးရေပြားကိုလည်း ကျန်းမာစေပါတယ်။
အကျိုးအာနိသင်တွေ

ကော်ဖီမှုန့်ထဲမှာပါဝင်တဲ့ ကဖိန်းဓာတ်က ဦးရေပြားကိုလှုံ့ဆော်ပေးပြီး မျက်နှာနဲ့ဆက်စပ်နေတဲ့နေရာတဝိုက်မှာ သွေးလည်ပတ်မှုကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ ဒါကြောင့် ဆံပင်ကို ပိုမိုလန်းဆန်း တောက်ပစေပါတယ်။ ကော်ဖီမှုန့်ဟာ ဦးရေပြားမွေးညင်းပေါက်လေးတွေရဲ့ ဆံပင်ပေါက်နှုန်းကိုလည်း နှိုးဆွပေးပါတယ်။ နောက်တစ်ခုက ကော်ဖီမှုန့်ဟာ မှုန်မှိုင်းနေတဲ့ ဆံပင်အရောင်ကို ပြန်လည် နက်မှောင်လာစေနိုင်ပါတယ်။
၁။ ကော်ဖီဆံပင်ပေါင်းဆေး

ပန်းကန်လုံးတစ်လုံးထဲမှာ ကော်ဖီမှုန့်အနည်းငယ်နဲ့ ဂရိဒိန်ချဉ် (သကာရည်ထုတ်ပြီးသား ဒိန်ချဉ်) ကို ရောထည့်လိုက်ပါ။ သမသွားအောင် ကောင်းကောင်းရောမွှေပေးလိုက်ပြီး ဆံပင်ပေါင်းဆေးအဖြစ် အသုံးပြုလိုက်ပါ။ ဆံပင်ပေါ်နဲ့ ဦးရေပြားထဲထိ နက်ရှိုင်းအောင် သုတ်လိမ်းပေးလိုက်ပြီး မိနစ် (၃၀) လောက်ထားပေးလိုက်ပါ။ ပြီးမှ ခေါင်းလျှော်ရည်သုံးပြီး ပြန်လျှော်ပေးလိုက်ပါ။ ဒီနေရာမှာ သတိထားရမှာ တစ်ခုက ဆံပင်အခြောက်ခံစက်သုံးပြီး ဆံပင်ကို မြန်မြန်ခြောက်အောင် မလုပ်ဖို့ပါပဲ။ သဘာဝအတိုင်း ခြောက်သွေ့သွားပါစေ။
၂။ ကော်ဖီ ဦးရေပြားချေးချွတ်ဆေး

ပန်းကန်လုံးတစ်လုံးထဲမှာ ကော်ဖီမှုန့်နဲ့ ဆားအနည်းငယ်ကို ထည့်လိုုက်ပါ။ ပြီးရင် အုန်းဆီနည်းနည်းထည့်ပြီး ကော်ဖီ ဦးရေပြားချေးချွတ်ဆေးဖြစ်အောင် လုပ်လိုက်ပါ။ ပြီးရင် ခေါင်းမလျှော်ခင် ဒီဆေးလေးကိုသုံးပြီး ဦးရေပြားကိုချေးချွတ်ပေးလိုက်ပါ။
၃။ ကော်ဖီခေါင်းလိမ်းဆီ

ကော်ဖီခေါင်းလိမ်းဆီကို ရရှိဖို့ ပန်းကန်လုံးတစ်လုံုးထဲမှာ သံလွင်ဆီနည်းနည်းနဲ့ ကော်ဖီမှုန့် လက်ဖက်ရည်ဇွန်းနဲ့ (၃) ဇွန်းလောက်ကို အရင်ထည့်လိုက်ပါ။ ပြီးရင် ပန်းကန်လုံးကိုအပေါ်က အဖုံးဖုံးပြီး မှောင်မိုက်ခြောက်သွေ့တဲ့နေရာ တစ်နေရာမှာ (၂) ပတ် (၃) ပတ်လောက် ထားပေးလိုက်ပါ။ ပြီးရင် ဆီတွေကို အသာလေးဖယ်ထုတ်လိုက်ရင် ကော်ဖီခေါင်းလိမ်းဆီ အသင့်ဖြစ်ပါပြီ။ ညအိပ်ယာမဝင်ခင် လိမ်းပေးနိုင်ပြီး နောက်နေ့မှာ ခေါင်းပြန်လျှော်ပေးနိုင်ပါတယ်။

Source: indianspot
Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top