iMyanmarHouse.com - Best Property Website for Myanmar
×

ကၽြန္မတို႔ေတြဟာ ေန႔တိုင္း အျပင္သြားဖို႔ ျပင္ရဆင္ရနဲ႔ မရိုးႏိုင္တဲ့ တစ္ေန႔တာလံုးကို ျဖတ္သန္းေနၾကတာပါ။ ဒါ့ေၾကာင့္ ကိုယ့္တကိုယ္ေရစာ အလွျပင္ပစၥည္းေတြကို ပညာသားပါပါ သံုးလိုက္ရေအာင္ပါ။
လက္သည္းနီေတြ ေဘးမွေပမသြားေအာင္ ေကာ္လိမ္းေပးမယ္

ေကာ္က စာရြက္ေတြ ကပ္တဲ့ေကာ္ကိုအသံုးျပဳရမွာပါ။ အရင္ဆံုး လက္သည္းရဲ့ ေဘးမွာ ၀ိုက္ၿပီး လိမ္းေပးလိုက္ပါ။ ၿပီးရင္ လက္သည္းနီဆိုးေပးလိုက္ပါေနာ္။
လက္သည္းအေျခာက္ျမန္ေအာင္

ဆိုုးထားတ့ဲ လက္သည္းနီအေျခာက္ျမန္ေအာင္ ေရခဲေရနဲ စိမ္ထားေပးလို႔ရပါတယ္။
ေျခာက္ေနတဲ့ Mascara ကို ေရေႏြးနဲ႔ ၅ မိနစ္ေလာက္စိမ္မယ္

Mascara ေျခာက္ကပ္္ျဖစ္ေနတဲ့အခါ Mascara ဘူးကို ေရေႏြးနဲ႔ ၅ မိနစ္ေလာက္စိမ္ေပးလိုက္ပါ။
လက္သည္းနီကို အေရာင္ေဖ်ာ႔ၿပီး Matte ပံုစံမ်ိဳးျဖစ္ခ်င္ရင္

အခုလို Matte ပံုစံမ်ိဳးျဖစ္ခ်င္ရင္ ေရေႏြး ပြက္ပြက္ဆူေနတဲ့အေပၚက ေရေႏြးေငြ႕ေပၚမွာ လက္သည္းကို အေငြ႕ရိုက္ေအာင္ထားပါ။ အပူမေလာင္ေအာင္ သတိထားပါေနာ္။
Eyeliner ကုန္သြားရင္

Eyeliner ကုန္သြားတဲ့အခါ Mascara ကို သံုးေပးႏိုင္ပါတယ္။ Mascara ေပၚမွာ Liner ရဲ့ ထိတ္ပိုင္းေလးနဲ႔ တို႔ၿပီး ဆြဲေပးရမွာပါ။
Mascara အထူႀကီးျဖစ္ေနရင္ သြားတိုက္တံနဲ႔ ျခစ္ခ်လိုက္ပါ

သြားတိုက္တံနဲ႔ ျခစ္ခ်လိုက္ရင္ Mascara ေဆးရည္ အမ်ားႀကီးကပ္ေနတာကို ဖယ္ရွားေပးႏိုင္မွာျဖစ္ပါတယ္။ ခပ္ဖြဖြေလး ျခစ္ေပးရမွာပါေနာ္။
ပါးနီမရွိရင္ ႏႈတ္ခမ္းနီသံုးမယ္
အလွျပင္ပစၥည္းေတြကို ပညာသားပါပါသံုးရေအာင္
ပါးနီမရွိတဲ့အခါ ႏႈတ္ခမ္းနီကို ပါးေပၚမွာ ခပ္ပါးပါးေလး တို႔လိုက္ၿပီး လက္ေလးနဲ႔ လိမ္းေပးႏိုင္ပါတယ္။
မ်က္ကြင္းညိဳတာကို ဖယ္ရွားဖို႔ Concealer မရွိတဲ့အခါ

ႏႈတ္ခမ္းနီအနီေရာင္ကို မ်က္လံုးေအာက္မွာ ခပ္ပါးပါးေလး တို႔ေပးၿပီး လိမ္းေပးလိုက္ပါ။ ၿပီးမွ ေပါင္ဒါပုတ္ေပးလိုက္ပါေနာ္။
Liner မဆိုးတတ္ရင္

ဇြန္းကိုအသံုးျပဳၿပီး Liner ဆိုးလို႔ရပါတယ္။
 Credit:Mystylemyanmar
photo credit: Mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
ကျွန်မတို့တွေဟာ နေ့တိုင်း အပြင်သွားဖို့ ပြင်ရဆင်ရနဲ့ မရိုးနိုင်တဲ့ တစ်နေ့တာလုံးကို ဖြတ်သန်းနေကြတာပါ။ ဒါ့ကြောင့် ကိုယ့်တကိုယ်ရေစာ အလှပြင်ပစ္စည်းတွေကို ပညာသားပါပါ သုံးလိုက်ရအောင်ပါ။

လက်သည်းနီတွေ ဘေးမှပေမသွားအောင် ကော်လိမ်းပေးမယ်

ကော်က စာရွက်တွေ ကပ်တဲ့ကော်ကိုအသုံးပြုရမှာပါ။ အရင်ဆုံး လက်သည်းရဲ့ ဘေးမှာ ဝိုက်ပြီး လိမ်းပေးလိုက်ပါ။ ပြီးရင် လက်သည်းနီဆိုးပေးလိုက်ပါနော်။

လက်သည်းအခြောက်မြန်အောင်

ဆိုုးထားတဲ့ လက်သည်းနီအခြောက်မြန်အောင် ရေခဲရေနဲ စိမ်ထားပေးလို့ရပါတယ်။

ခြောက်နေတဲ့ Mascara ကို ရေနွေးနဲ့ ၅ မိနစ်လောက်စိမ်မယ်

Mascara ခြောက်ကပ်ဖြစ်နေတဲ့အခါ Mascara ဘူးကို ရေနွေးနဲ့ ၅ မိနစ်လောက်စိမ်ပေးလိုက်ပါ။

လက်သည်းနီကို အရောင်ဖျော့ပြီး Matte ပုံစံမျိုးဖြစ်ချင်ရင်

အခုလို Matte ပုံစံမျိုးဖြစ်ချင်ရင် ရေနွေး ပွက်ပွက်ဆူနေတဲ့အပေါ်က ရေနွေးငွေ့ပေါ်မှာ လက်သည်းကို အငွေ့ရိုက်အောင်ထားပါ။ အပူမလောင်အောင် သတိထားပါနော်။

Eyeliner ကုန်သွားရင်

Eyeliner ကုန်သွားတဲ့အခါ Mascara ကို သုံးပေးနိုင်ပါတယ်။ Mascara ပေါ်မှာ Liner ရဲ့ ထိတ်ပိုင်းလေးနဲ့ တို့ပြီး ဆွဲပေးရမှာပါ။

Mascara အထူကြီးဖြစ်နေရင် သွားတိုက်တံနဲ့ ခြစ်ချလိုက်ပါ

သွားတိုက်တံနဲ့ ခြစ်ချလိုက်ရင် Mascara ဆေးရည် အများကြီးကပ်နေတာကို ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။ ခပ်ဖွဖွလေး ခြစ်ပေးရမှာပါနော်။

ပါးနီမရှိရင် နှုတ်ခမ်းနီသုံးမယ်

အလှပြင်ပစ္စည်းတွေကို ပညာသားပါပါသုံးရအောင်

ပါးနီမရှိတဲ့အခါ နှုတ်ခမ်းနီကို ပါးပေါ်မှာ ခပ်ပါးပါးလေး တို့လိုက်ပြီး လက်လေးနဲ့ လိမ်းပေးနိုင်ပါတယ်။

မျက်ကွင်းညိုတာကို ဖယ်ရှားဖို့ Concealer မရှိတဲ့အခါ

နှုတ်ခမ်းနီအနီရောင်ကို မျက်လုံးအောက်မှာ ခပ်ပါးပါးလေး တို့ပေးပြီး လိမ်းပေးလိုက်ပါ။ ပြီးမှ ပေါင်ဒါပုတ်ပေးလိုက်ပါနော်။

Liner မဆိုးတတ်ရင်

ဇွန်းကိုအသုံးပြုပြီး Liner ဆိုးလို့ရပါတယ်။

 Credit:Mystylemyanmar

photo credit: Mystylemyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top