iMyanmarHouse.com - Best Property Website for Myanmar
×

Miss Myanmar International 2017 Grand Final ၿပိဳင္ပြဲႀကီးကိုေတာ့ ဒီေန႕ည(ၾသဂုတ္၁)က ႏိုဗိုတယ္ဟိုတယ္မွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။ ညေန(၆)နာရီကေန စတင္က်င္းပခဲ့တဲ့ Miss Myanmar International ၿပိဳင္ပြဲႀကီးကေတာ့ ည(၁၁)နာရီခြဲေလာက္မွ ၿပီးသြားခဲ့တာ ျဖစ္ၿပီး  ၿပိဳင္ပြဲႀကီးကိုလည္း ည(၇)နာရီက စၿပီး MNTV ရုပ္သံလိုင္းကေန တိုက္ရိုက္ ထုတ္လႊင့္ျပခဲ့ပါတယ္။


ၿပိဳင္ပြဲဝင္ အလွမယ္ အေယာက္(၃၀)ပါကေန အလွမယ္ (၁၀)ကို ေရြးခ်ယ္ခဲ့ၿပီး ေနာက္ဆံုး အလွမယ္ (၅)ဦးထဲကေန ခါးနံပါတ္ (၂၀)အလွမယ္ စဝ္ယြန္းဝတီဦး ကေတာ့ Miss Myanmar International 2017 ရဲ႕ Winner ဆုရွင္ ျဖစ္လို႕သြားခဲ့ပါၿပီ။

Winner ဆုကို ရရွိခဲ့တဲ့ အလွမယ္ စဝ္ယြန္းဝတီဦး ကေတာ့ ဂ်ပန္ႏိုင္ငံ တိုက်ိဴၿမိဳ႕မွာ က်င္းပမယ့္ Miss International 2017 ၿပိဳင္ပြဲကို ျမန္မာႏိုင္ငံ ကိုယ္စားျပဳအျဖစ္ သြားေရာက္ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။
Image may contain: 1 person, smiling, standing and outdoor
Miss Myanmar International 2017 ဆုကို ဆြတ္ခူးရရွိသူ အလွမယ္ စဝ္ယြန္းဝတီဦး ဝတ္ဆင္ျမန္းတဲ့ သရဖူကို Thumbula Jewellery မွ Jewellery Designer ကိုဘုန္းေသာ္ခမွ ေရွးေခတ္ ျမန္မာဘုရင္မ တို႔ရဲ့ သရဖူေတြကို အခ်ိန္ယူေလ့လာျပီး ခမ္းနားထည္ဝါစြာ ေခတ္မီဆန္းျပားလွပေအာင္ တီထြင္ဖန္တီးဒီဇိုင္းေရးဆြဲျပဳလုပ္ေပးထားျခင္းျဖစ္ပါတယ္။

Miss Myanmar International ၿပိဳင္ပြဲကို ၂၀၁၂ခုႏွစ္ကတည္းက စတင္ျပဳလုပ္ခဲ့တာ ျဖစ္ၿပီး ၂၀၁၂ခုႏွစ္မွာပဲ အလွမယ္ နန္းခင္ေဇယ်ာ၊ ၂၀၁၃ခုႏွစ္မွာ ဂုဏ္ရည္ေအးေက်ာ္၊ ၂၀၁၄ခုႏွစ္မွာ ေမဘရဏီေသာ္၊  ၂၀၁၅ခုႏွစ္မွာ အမရာၿငိမ္း၊ ၂၀၁၆ ခုႏွစ္မွာ အင္ၾကင္းထူး တို႕က ျမန္မာႏိုင္ငံကိုယ္စားျပဳအျဖစ္ သြားေရာက္ယွဥ္ၿပိဳင္ခဲ့ၾကတာ ျဖစ္ပါတယ။္


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit: Duwun

#Unicode Version#
Miss Myanmar International 2017 Grand Final ပြိုင်ပွဲကြီးကိုတော့ ဒီနေ့ည(သြဂုတ်၁)က နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ညနေ(၆)နာရီကနေ စတင်ကျင်းပခဲ့တဲ့ Miss Myanmar International ပြိုင်ပွဲကြီးကတော့ ည(၁၁)နာရီခွဲလောက်မှ ပြီးသွားခဲ့တာ ဖြစ်ပြီး  ပြိုင်ပွဲကြီးကိုလည်း ည(၇)နာရီက စပြီး MNTV ရုပ်သံလိုင်းကနေ တိုက်ရိုက် ထုတ်လွှင့်ပြခဲ့ပါတယ်။

ပြိုင်ပွဲဝင် အလှမယ် အယောက်(၃၀)ပါကနေ အလှမယ် (၁၀)ကို ရွေးချယ်ခဲ့ပြီး နောက်ဆုံး အလှမယ် (၅)ဦးထဲကနေ ခါးနံပါတ် (၂၀)အလှမယ် စဝ်ယွန်းဝတီဦး ကတော့ Miss Myanmar International 2017 ရဲ့ Winner ဆုရှင် ဖြစ်လို့သွားခဲ့ပါပြီ။

Winner ဆုကို ရရှိခဲ့တဲ့ အလှမယ် စဝ်ယွန်းဝတီဦး ကတော့ ဂျပန်နိုင်ငံ တိုကျိူမြို့မှာ ကျင်းပမယ့် Miss International 2017 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Miss Myanmar International 2017 ဆုကို ဆွတ်ခူးရရှိသူ အလှမယ် စဝ်ယွန်းဝတီဦး ဝတ်ဆင်မြန်းတဲ့ သရဖူကို Thumbula Jewellery မှ Jewellery Designer ကိုဘုန်းသော်ခမှ ရှေးခေတ် မြန်မာဘုရင်မ တို့ရဲ့ သရဖူတွေကို အချိန်ယူလေ့လာပြီး ခမ်းနားထည်ဝါစွာ ခေတ်မီဆန်းပြားလှပအောင် တီထွင်ဖန်တီးဒီဇိုင်းရေးဆွဲပြုလုပ်ပေးထားခြင်းဖြစ်ပါတယ်။

Miss Myanmar International ပြိုင်ပွဲကို ၂၀၁၂ခုနှစ်ကတည်းက စတင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး ၂၀၁၂ခုနှစ်မှာပဲ အလှမယ် နန်းခင်ဇေယျာ၊ ၂၀၁၃ခုနှစ်မှာ ဂုဏ်ရည်အေးကျော်၊ ၂၀၁၄ခုနှစ်မှာ မေဘရဏီသော်၊  ၂၀၁၅ခုနှစ်မှာ အမရာငြိမ်း၊ ၂၀၁၆ ခုနှစ်မှာ အင်ကြင်းထူး တို့က မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ။်


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit: Duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top