iMyanmarHouse.com - Best Property Website for Myanmar
×

ဓာတ္ပုံ−ဇြဲဉာဏ္
လူမႈကြန္ရက္စာမ်က္ႏွာကို အသံုး ျပဳမႈမ်ား တိုးလာသည္ႏွင့္အမွ် အြန္လိုင္းမွ တိုက္ခိုက္ခံရမႈအမ်ား ဆံုးႀကံဳရသည္မွာ အႏုပညာရွင္ မ်ားျဖစ္သည္။ အဆိုပါအႏုပညာ ရွင္မ်ားအနက္ လက္ရွိအခ်ိန္တြင္ မအိမ္ကံဇာတ္႐ုပ္ကို ႐ိုက္ကူးမည့္ ကိစၥအပါအဝင္ ဓာတ္ပံုမ်ားျဖန္႔ ေဝ၍ ေဝဖန္ေျပာဆိုမႈမ်ားႀကံဳေန ရသည့္ အိေခ်ာပိုကို လက္ရွိ အႏုပညာလႈပ္ရွားမႈမ်ားအေၾကာင္း အပါအဝင္ အြန္လိုင္းတြင္ ပ်ံ႕ႏွံ႔ခဲ့ သည့္အေၾကာင္းမ်ားႏွင့္ပတ္ သက္၍   ေတြ႕ဆံုေမးျမန္းခဲ့ပါ သည္။

အခုေနာက္ပိုင္းမွာ ႐ုပ္ရွင္ေတြ ဆက္တိုက္႐ိုက္လာရတာဆို ေတာ့ ဇာတ္႐ုပ္ေရြးခ်ယ္မႈပိုင္းမွာ ဘယ္လိုေရြးခ်ယ္ျဖစ္လဲ။


ဇာတ္ေရြးခ်ယ္တာကေတာ့ လာအပ္တဲ့ဇာတ္ေတြက အိေခ်ာ နဲ႔လိုက္ဖက္တဲ့ ဇာတ္မ်ိဳးေလးေတြ ျဖစ္တာ မ်ားပါတယ္။ တခ်ိဳ႕ဇာတ္ ေတြက်ေတာ့လည္း အိေခ်ာမ႐ိုက္ ျဖစ္ဘဲ ျငင္းလိုက္ရတာေလးေတြ လည္း ရွိပါတယ္။

‘ပြဲခံမယ္’ မွာ သ႐ုပ္ေဆာင္ထား တာကို ပရိသတ္ေတာ္ေတာ္မ်ား မ်ားက အားေပးခဲ့တယ္။ အဲဒီကာ ႐ိုက္တာက Negative နည္းနည္း ဆန္ေတာ့ ႐ံုမတင္ခင္ စိုးရိမ္စိတ္ ရွိခဲ့လား။

အေကာင္းဆံုးျဖစ္ေအာင္ ႀကိဳးစားထားတယ္။ ကာ႐ိုက္တာ က အရင္႐ိုက္ေနက် ကာ႐ိုက္တာ မ်ိဳး မဟုတ္ဘူး။ နည္းနည္းအ ၾကမ္းေလးေတြ လုပ္ရတာဆို ေတာ့ ပရိသတ္ဆီက ဘယ္လိုအ သံထြက္လာမလဲဆိုတာကို စိုုးရိမ္ စိတ္ျဖစ္ခဲ့တယ္။ ဒါေပမဲ့ ႐ံုတင္တဲ့ အခ်ိန္မွာ ပရိသတ္ေတြအရမ္း ႀကိဳက္ၾကတယ္၊  အရမ္းလည္း အားေပးၾကတယ္ဆိုေတာ့ ေက်း ဇူးတင္ပါတယ္။

ဆရာေမာင္သာရရဲ႕ ဝတၳဳကို ႐ိုက္ ထားတဲ့ ‘ထဘီကြၽတ္၍ လႊတ္ လိုက္သည္’ ႐ုပ္ရွင္လည္း ႐ံုတင္ ေတာ့မွာဆိုေတာ့ အဲဒီဇာတ္ကား အေၾကာင္းေလးလည္း ေျပာျပ ေပးပါဦး။
ဒီကားက ဆရာႀကီး ေမာင္ သာရရဲ႕ အရမ္းနာမည္ႀကီးတဲ့ ဝတၳဳ၊ အဲဒီလိုဇာတ္ကားေကာင္း တစ္ခုမွာ သ႐ုပ္ေဆာင္ဖို႔က အ ရမ္းတာဝန္ႀကီးပါတယ္။ ဒီကား ေလးကို ႐ိုက္တာက ၂ ႏွစ္ေက်ာ္ သံုးႏွစ္နီးပါးေလာက္ရွိၿပီ။ မႏၲ ေလးနဲ႔ ျပင္ဦးလြင္မွာ ႐ိုက္ထား တယ္။ ႐ိုက္တာကလည္း ကိုယ့္ အႏုပညာသမားေတြ အမ်ားႀကီး ဆိုေတာ့ ေပ်ာ္ဖို႔လည္း ေကာင္း တယ္။ ႐ိုက္ကြင္းေပၚဆိုရင္ ဦးညီ (ညီညီထြန္းလြင္)သင္ေပးတဲ့အ တိုင္း ေသခ်ာလိုက္ၿပီး ႀကိဳးစား ထားတယ္။ ဒီကားေလးကလည္း ပရိသတ္ေတြ ပံုစံတစ္မ်ိဳး၊ ရသ တစ္မ်ိဳး ခံစားရမယ္လို႔ ယံုၾကည္ပါတယ္။ ပရိသတ္ေတြ အားေပးၾက ပါဦး။ လိုအပ္တာရွိရင္လည္း နား လည္ေပးၾကပါလို႔။

အိေခ်ာပိုရဲ႕ အမာခံပရိသတ္ေတြ နဲ႔ ေဖ့စ္ဘြတ္ခ္မွာဆိုရင္ အရမ္း ရင္းႏွီးတာ ေတြ႕ရတယ္။ ေနာက္ ၿပီး အိေခ်ာပိုကို ေခၚတဲ့ စူစူဆိုတဲ့ နာမည္က ဘယ္သူေတြ ေပးထားတာလဲ။

ပရိသတ္ေတြက အိေခ်ာကို ေပးထားတဲ့နာမည္ေလးေပါ့။ အိ ေခ်ာကလည္း တန္ဖိုးထားပါ တယ္။ အျပင္မွာ ေတြ႕ရင္ပဲျဖစ္ ျဖစ္၊ နယ္ေတြသြားရင္လည္း စူစူ လို႔ေခၚၾကတယ္။ ဘာေၾကာင့္ေပး လဲဆိုတာကေတာ့ အိေခ်ာရဲ႕ပရိ သတ္ေတြပဲ သိမွာေပါ့။ သူတို႔ေပး ထားတာ။ တခ်ိဳ႕က ေျပာေတာ့ လည္း ႏႈတ္ခမ္းစူၿပီး အၿမဲပို႔စ္လုပ္ လို႔လို႔ ေျပာတယ္။ ဘာေၾကာင့္လဲ ေတာ့ မသိဘူး။

အခုေခတ္မွာ အြန္လိုင္းကေန ပရိသတ္ေတြနဲ႔ ထိေတြ႕ႏုိင္တာဆို ေတာ့ ကိုယ္တိုင္ဘယ္လိုအခ်ိန္ ေပးၿပီး သံုးျဖစ္လဲ။

အိေခ်ာအလုပ္အကိုင္ေတြ၊ ဘာလုပ္ေနတယ္၊ ဘာကားေတြ ႐ိုက္ေနတယ္။ အဲဒါေတြကို ပရိ သတ္ေတြကို သိေစခ်င္တာဆို ေတာ့ ပံုေလးေတြ တင္ေပးျဖစ္ တယ္။ အဲဒီေလာက္ပါပဲ။

အြန္လိုင္းအသံုးျပဳတာက အ ေကာင္း၊ အဆိုး ဒြန္တြဲေနတာဆို ေတာ့ အဲဒီအေပၚ အျမင္ေလးေျပာျပေပးပါဦး။


သံုးတာကေတာ့ သံုးသင့္ပါ တယ္။ ဗဟုသုတလည္း ရတယ္။  ဘာပဲျဖစ္ျဖစ္ အျမင္လည္းက်ယ္ သြားၾကတယ္။ ဒါေပမဲ့ ေကာင္း တာေျပာတာထက္ ဆိုးတာေျပာ တာေတာ့ မ်ားတယ္။ လူတိုင္း ေတာ့ မဟုတ္ပါဘူး။ တခ်ိဳ႕က် ေတာ့လည္း တကယ္ကို ေကာင္း ေကာင္းမြန္မြန္နဲ႔ အားေပးတာရွိ တယ္။ တခ်ိဳ႕က်ေတာ့လည္း အ ရမ္းကို ထိခိုက္နစ္နာေအာင္ ေျပာ ၾကတာေတြလည္း ရွိတယ္။

အခု ေနာက္ပိုင္းအြန္လိုင္းမွာ Body Shaming ပံုစံနဲ႔ တိုက္ခိုက္ ၾကတာေတြရွိတယ္။ အိေခ်ာပို ကိုယ္တိုင္လည္း အဲဒီလိုႀကံဳရတာ ဆိုေတာ့ အဲဒီအေပၚမွာ ဘာေျပာ ခ်င္လဲ။

ဒါကေတာ့ ေထြေထြထူးထူး ေတာ့ မေျပာခ်င္ပါဘူး။ တခ်ိဳ႕လူ ေတြကေတာ့ ေျပာၾကမွာပဲ။ ေျပာ တဲ့လူတိုင္းကို လိုက္ၿပီး ျပန္မေခ်ပႏိုင္ဘူး။ ဒီအတုိင္းပဲ ထားလိုက္ပါ တယ္။ ဘယ္လိုမွလဲ ပရိသတ္ကို အိေခ်ာ ျပန္ေျပာထားတာမရွိဘူး။

အခုေနာက္ပိုင္းမွာ အိေခ်ာပိုရဲ႕ ခႏၶာကိုယ္ပိုင္းနဲ႔ ပတ္သက္ၿပီး သတိျပဳမိလာၾကတာက ဖက္ရွင္ အေျပာင္းအလဲ လုပ္လိုက္လို႔ လား။

ဖက္ရွင္ေၾကာင့္ေတာ့ မဟုတ္ပါဘူး။ ျမန္္မာဝတ္စံုက ထံုးစံပဲ။ အိေခ်ာဝတ္ေနက်ပဲေလ။ အရင္ကတည္းကလည္း ဒီအတိုင္းပါပဲ။ အရင္ကတည္းက အိေခ်ာပံုေတြ ၾကည့္ၾကည့္ရင္လည္း ဒီအတိုင္းပါပဲ။ အခုမွ ဘာေၾကာင့္ သတိထားမိသြားလဲဆိုတာေတာ့ အိေခ်ာနားမလည္ဘူး။

အိမ္ကံကိစၥက ေဖ့စ္ဘြတ္ခ္မွာ ေတာ္ေတာ္ေလး ကယက္႐ိုက္သြားတယ္။ အဲဒီကိစၥကို ေဖ့စ္ ဘြတ္ခ္မွာ ျပန္ေျဖရွင္းျဖစ္တာက ပရိသတ္ေတြ အထင္လြဲမွာစိုးလို႔ လား။
အိေခ်ာလည္း ဘာမွမသိတဲ့ ကိစၥတစ္ခုပါ။ ေျဖရွင္းတယ္ဆို တာကလည္း အိေခ်ာလည္း မသိ တဲ့အရာတစ္ခု ကိုယ့္ကိုယ္လည္း လာအပ္ထားတဲ့ ဇာတ္မဟုတ္ ဘူး။ အဲဒီေတာ့ ဘာမွမသိဘူး။ ဒီေလာက္ပဲ ေျပာခ်င္တယ္ေပါ့။ ဘာေၾကာင့္ အိေခ်ာပိုပါဆုိၿပီး ေျပာေနတာကို ကိုယ့္ဟာကိုယ္ ေတာင္နားမလည္ဘူး။

တခ်ိဳ႕ေဖ့စ္ဘြတ္ခ္ေပ့ခ်္ေတြက အႏုပညာရွင္ေတြရဲ႕ ပံုရိပ္ေတြကို အသံုးျပဳတာေတြရွိေတာ့ အဲဒီလူ ေတြကိုေကာ ဘာေျပာခ်င္လဲ။

မေျပာခ်င္ပါဘူး။ တခ်ိဳ႕က် ေတာ့လည္း ကိုယ္ဝတ္တာ၊ စား တာေလးကို သေဘာက်လို႔ အြန္ လိုင္းေရွာ့ပင္းေတြမွာ တင္ထား တယ္။ ဒါက ဘာမွ ေျပာပိုင္ခြင့္ မရွိဘူး။ ကိုယ့္ကို အားေပးလို႔ ကိုယ့္ကို ႀကိဳက္ႏွစ္သက္လို႔ တင္ ထားတာဆိုေတာ့ ဘာမွမျဖစ္ပါ ဘူး။ သံုးပါ။ အေထြအထူးလည္း အရမ္းထိခိုက္နစ္နာေအာင္ ေျပာ ေနတာ မဟုတ္ဘူးဆိုေတာ့ေလ။ မေကာင္းတာေတြ ေျပာေနတာကို လည္း ဘာမွလည္း မလုပ္ျဖစ္ပါ ဘူး။ အခ်ိန္တန္ရင္ အမွန္တရား က ေပၚလာမွာပဲေလ။

ပရိသတ္ေတြက အိေခ်ာပိုရဲ႕ အခ်စ္ေရးနဲ႔ပတ္သက္ၿပီးေတာ့ လည္း စိတ္ဝင္စားၾကတယ္။ ခ်စ္ သူက အႏုပညာနယ္ပယ္ထဲကပဲ လို႔ ေျပာၾကတာေတြရွိေတာ့ အခ်စ္ ေရးေလးေျပာျပေပးပါဦး။
အဲဒီလိုမဟုတ္ပါဘူး။ ကိုယ့္ ဟာကိုယ္အႏုပညာအလုပ္ကိုပဲ ႀကိဳးစားေနတာပါ။ အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး တိက်တဲ့ အေျဖမရွိ ေသးပါဘူး။ ရွိမယ္ဆိုရင္ေတာ့ ပရိသတ္ကို ေျပာျပမွာပါ။

ေက်းဇူးတင္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Credit : 7Day Daily


#Unicode Version#
ဓာတ်ပုံ−ဇွဲဉာဏ်

လူမှုကွန်ရက်စာမျက်နှာကို အသုံး ပြုမှုများ တိုးလာသည်နှင့်အမျှ အွန်လိုင်းမှ တိုက်ခိုက်ခံရမှုအများ ဆုံးကြုံရသည်မှာ အနုပညာရှင် များဖြစ်သည်။ အဆိုပါအနုပညာ ရှင်များအနက် လက်ရှိအချိန်တွင် မအိမ်ကံဇာတ်ရုပ်ကို ရိုက်ကူးမည့် ကိစ္စအပါအဝင် ဓာတ်ပုံများဖြန့် ဝေ၍ ဝေဖန်ပြောဆိုမှုများကြုံနေ ရသည့် အိချောပိုကို လက်ရှိ အနု ပညာလှုပ်ရှားမှုများအကြောင်း အပါအဝင် အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ သည့်အကြောင်းများနှင့်ပတ် သက်၍   တွေ့ဆုံမေးမြန်းခဲ့ပါ သည်။

အခုနောက်ပိုင်းမှာ ရုပ်ရှင်တွေ ဆက်တိုက်ရိုက်လာရတာဆို တော့ ဇာတ်ရုပ်ရွေးချယ်မှုပိုင်းမှာ ဘယ်လိုရွေးချယ်ဖြစ်လဲ။

ဇာတ်ရွေးချယ်တာကတော့ လာအပ်တဲ့ဇာတ်တွေက အိချော နဲ့လိုက်ဖက်တဲ့ ဇာတ်မျိုးလေးတွေ ဖြစ်တာ များပါတယ်။ တချို့ဇာတ် တွေကျတော့လည်း အိချောမရိုက် ဖြစ်ဘဲ ငြင်းလိုက်ရတာလေးတွေ လည်း ရှိပါတယ်။

‘ပွဲခံမယ်’ မှာ သရုပ်ဆောင်ထား တာကို ပရိသတ်တော်တော်များ များက အားပေးခဲ့တယ်။ အဲဒီကာ ရိုက်တာက Negative နည်းနည်း ဆန်တော့ ရုံမတင်ခင် စိုးရိမ်စိတ် ရှိခဲ့လား။

အကောင်းဆုံးဖြစ်အောင် ကြိုးစားထားတယ်။ ကာရိုက်တာ က အရင်ရိုက်နေကျ ကာရိုက်တာ မျိုး မဟုတ်ဘူး။ နည်းနည်းအ ကြမ်းလေးတွေ လုပ်ရတာဆို တော့ ပရိသတ်ဆီက ဘယ်လိုအ သံထွက်လာမလဲဆိုတာကို စိုုးရိမ် စိတ်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ရုံတင်တဲ့ အချိန်မှာ ပရိသတ်တွေအရမ်း ကြိုက်ကြတယ်၊  အရမ်းလည်း အားပေးကြတယ်ဆိုတော့ ကျေး ဇူးတင်ပါတယ်။

ဆရာမောင်သာရရဲ့ ဝတ္ထုကို ရိုက် ထားတဲ့ ‘ထဘီကျွတ်၍ လွှတ် လိုက်သည်’ ရုပ်ရှင်လည်း ရုံတင် တော့မှာဆိုတော့ အဲဒီဇာတ်ကား အကြောင်းလေးလည်း ပြောပြ ပေးပါဦး။

ဒီကားက ဆရာကြီး မောင် သာရရဲ့ အရမ်းနာမည်ကြီးတဲ့ ဝတ္ထု၊ အဲဒီလိုဇာတ်ကားကောင်း တစ်ခုမှာ သရုပ်ဆောင်ဖို့က အ ရမ်းတာဝန်ကြီးပါတယ်။ ဒီကား လေးကို ရိုက်တာက ၂ နှစ်ကျော် သုံးနှစ်နီးပါးလောက်ရှိပြီ။ မန္တ လေးနဲ့ ပြင်ဦးလွင်မှာ ရိုက်ထား တယ်။ ရိုက်တာကလည်း ကိုယ့် အနုပညာသမားတွေ အများကြီး ဆိုတော့ ပျော်ဖို့လည်း ကောင်း တယ်။ ရိုက်ကွင်းပေါ်ဆိုရင် ဦးညီ (ညီညီထွန်းလွင်)သင်ပေးတဲ့အ တိုင်း သေချာလိုက်ပြီး ကြိုးစား ထားတယ်။ ဒီကားလေးကလည်း ပရိသတ်တွေ ပုံစံတစ်မျိုး၊ ရသ တစ်မျိုး ခံစားရမယ်လို့ ယုံကြည်ပါတယ်။ ပရိသတ်တွေ အားပေးကြ ပါဦး။ လိုအပ်တာရှိရင်လည်း နား လည်ပေးကြပါလို့။

အိချောပိုရဲ့ အမာခံပရိသတ်တွေ နဲ့ ဖေ့စ်ဘွတ်ခ်မှာဆိုရင် အရမ်း ရင်းနှီးတာ တွေ့ရတယ်။ နောက် ပြီး အိချောပိုကို ခေါ်တဲ့ စူစူဆိုတဲ့ နာမည်က ဘယ်သူတွေ ပေးထား တာလဲ။

ပရိသတ်တွေက အိချောကို ပေးထားတဲ့နာမည်လေးပေါ့။ အိ ချောကလည်း တန်ဖိုးထားပါ တယ်။ အပြင်မှာ တွေ့ရင်ပဲဖြစ် ဖြစ်၊ နယ်တွေသွားရင်လည်း စူစူ လို့ခေါ်ကြတယ်။ ဘာကြောင့်ပေး လဲဆိုတာကတော့ အိချောရဲ့ပရိ သတ်တွေပဲ သိမှာပေါ့။ သူတို့ပေး ထားတာ။ တချို့က ပြောတော့ လည်း နှုတ်ခမ်းစူပြီး အမြဲပို့စ်လုပ် လို့လို့ ပြောတယ်။ ဘာကြောင့်လဲ တော့ မသိဘူး။

အခုခေတ်မှာ အွန်လိုင်းကနေ ပရိ သတ်တွေနဲ့ ထိတွေ့နိုင်တာဆို တော့ ကိုယ်တိုင်ဘယ်လိုအချိန် ပေးပြီး သုံးဖြစ်လဲ။

အိချောအလုပ်အကိုင်တွေ၊ ဘာလုပ်နေတယ်၊ ဘာကားတွေ ရိုက်နေတယ်။ အဲဒါတွေကို ပရိ သတ်တွေကို သိစေချင်တာဆို တော့ ပုံလေးတွေ တင်ပေးဖြစ် တယ်။ အဲဒီလောက်ပါပဲ။

အွန်လိုင်းအသုံးပြုတာက အ ကောင်း၊ အဆိုး ဒွန်တွဲနေတာဆို တော့ အဲဒီအပေါ် အမြင်လေးပြောပြပေးပါဦး။

သုံးတာကတော့ သုံးသင့်ပါ တယ်။ ဗဟုသုတလည်း ရတယ်။  ဘာပဲဖြစ်ဖြစ် အမြင်လည်းကျယ် သွားကြတယ်။ ဒါပေမဲ့ ကောင်း တာပြောတာထက် ဆိုးတာပြော တာတော့ များတယ်။ လူတိုင်း တော့ မဟုတ်ပါဘူး။ တချို့ကျ တော့လည်း တကယ်ကို ကောင်း ကောင်းမွန်မွန်နဲ့ အားပေးတာရှိ တယ်။ တချို့ကျတော့လည်း အ ရမ်းကို ထိခိုက်နစ်နာအောင် ပြော ကြတာတွေလည်း ရှိတယ်။

အခု နောက်ပိုင်းအွန်လိုင်းမှာ Body Shaming ပုံစံနဲ့ တိုက်ခိုက် ကြတာတွေရှိတယ်။ အိချောပို ကိုယ်တိုင်လည်း အဲဒီလိုကြုံရတာ ဆိုတော့ အဲဒီအပေါ်မှာ ဘာပြော ချင်လဲ။

ဒါကတော့ ထွေထွေထူးထူး တော့ မပြောချင်ပါဘူး။ တချို့လူ တွေကတော့ ပြောကြမှာပဲ။ ပြော တဲ့လူတိုင်းကို လိုက်ပြီး ပြန်မချေပနိုင်ဘူး။ ဒီအတိုင်းပဲ ထားလိုက်ပါ တယ်။ ဘယ်လိုမှလဲ ပရိသတ်ကို အိချော ပြန်ပြောထားတာမရှိဘူး။

အခုနောက်ပိုင်းမှာ အိချောပိုရဲ့ ခန္ဓာကိုယ်ပိုင်းနဲ့ ပတ်သက်ပြီး သတိပြုမိလာကြတာက ဖက်ရှင် အပြောင်းအလဲ လုပ်လိုက်လို့ လား။

ဖက်ရှင်ကြောင့်တော့ မ ဟုတ်ပါဘူး။ မြန်မာဝတ်စုံက ထုံးစံပဲ။ အိချောဝတ်နေကျပဲလေ။ အ ရင်ကတည်းကလည်း ဒီအတိုင်း ပါပဲ။ အရင်ကတည်းက အိချော ပုံတွေ ကြည့်ကြည့်ရင်လည်း ဒီ အတိုင်းပါပဲ။ အခုမှ ဘာကြောင့် သတိထားမိသွားလဲဆိုတာတော့ အိချောနားမလည်ဘူး။

မအိမ်ကံကိစ္စက ဖေ့စ်ဘွတ်ခ်မှာ တော်တော်လေး ကယက်ရိုက် သွားတယ်။ အဲဒီကိစ္စကို ဖေ့စ် ဘွတ်ခ်မှာ ပြန်ဖြေရှင်းဖြစ်တာက ပရိသတ်တွေ အထင်လွဲမှာစိုးလို့ လား။

အိချောလည်း ဘာမှမသိတဲ့ ကိစ္စတစ်ခုပါ။ ဖြေရှင်းတယ်ဆို တာကလည်း အိချောလည်း မသိ တဲ့အရာတစ်ခု ကိုယ့်ကိုယ်လည်း လာအပ်ထားတဲ့ ဇာတ်မဟုတ် ဘူး။ အဲဒီတော့ ဘာမှမသိဘူး။ ဒီလောက်ပဲ ပြောချင်တယ်ပေါ့။ ဘာကြောင့် အိချောပိုပါဆိုပြီး ပြောနေတာကို ကိုယ့်ဟာကိုယ် တောင်နားမလည်ဘူး။

တချို့ဖေ့စ်ဘွတ်ခ်ပေ့ချ်တွေက အနုပညာရှင်တွေရဲ့ ပုံရိပ်တွေကို အသုံးပြုတာတွေရှိတော့ အဲဒီလူ တွေကိုကော ဘာပြောချင်လဲ။

မပြောချင်ပါဘူး။ တချို့ကျ တော့လည်း ကိုယ်ဝတ်တာ၊ စား တာလေးကို သဘောကျလို့ အွန် လိုင်းရှော့ပင်းတွေမှာ တင်ထား တယ်။ ဒါက ဘာမှ ပြောပိုင်ခွင့် မရှိဘူး။ ကိုယ့်ကို အားပေးလို့ ကိုယ့်ကို ကြိုက်နှစ်သက်လို့ တင် ထားတာဆိုတော့ ဘာမှမဖြစ်ပါ ဘူး။ သုံးပါ။ အထွေအထူးလည်း အရမ်းထိခိုက်နစ်နာအောင် ပြော နေတာ မဟုတ်ဘူးဆိုတော့လေ။ မကောင်းတာတွေ ပြောနေတာကို လည်း ဘာမှလည်း မလုပ်ဖြစ်ပါ ဘူး။ အချိန်တန်ရင် အမှန်တရား က ပေါ်လာမှာပဲလေ။

ပရိသတ်တွေက အိချောပိုရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီးတော့ လည်း စိတ်ဝင်စားကြတယ်။ ချစ် သူက အနုပညာနယ်ပယ်ထဲကပဲ လို့ ပြောကြတာတွေရှိတော့ အချစ် ရေးလေးပြောပြပေးပါဦး။

အဲဒီလိုမဟုတ်ပါဘူး။ ကိုယ့် ဟာကိုယ်အနုပညာအလုပ်ကိုပဲ ကြိုးစားနေတာပါ။ အချစ်ရေးနဲ့ ပတ်သက်ပြီး တိကျတဲ့ အဖြေမရှိ သေးပါဘူး။ ရှိမယ်ဆိုရင်တော့ ပရိသတ်ကို ပြောပြမှာပါ။

ကျေးဇူးတင်ပါတယ်။


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit : 7Day Daily
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top