iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာႏိုင္ငံမွ ထိပ္တန္းပုဂၢိဳလ္မ်ားသာမက ျပည္ပႏိုင္ငံမ်ားကပါ ေလးစားယံုၾကည္ၾကတဲ့ အၾကားအျမင္ဆရာမ အီးတီ(ေခၚ) ေဒၚေဆြေဆြဝင္း အသက္(၅၈)ႏွစ္ သည္ ယေန႔ (စက္တင္ဘာလ ၁ဝ ရက္) နံနက္(၄:၂၀)နာရီအခ်ိန္တြင္ ကြယ္လြန္သြားေၾကာင္း သိရွိရသည္။ ဆရာမအီးတီက သရုပ္ေဆာင္ စည္ျဖိဳးရ့ဲ အေဒၚတစ္ေယာက္လည္းျဖစ္သည္။

 
 
ဆရာမသည္ ထူးျခားေသာ အၾကားအျမင္ရ ပုဂၢဳလ္တစ္ဦးျဖစ္ကာ ပရဟိတလုပ္ငန္းႏွင္ အလွဴအတန္းမ်ားစြာကိုလည္း အဆက္မျပတ္ အင္တိုက္ အားတုိက္ျပဳလုပ္ခဲ့သူ ျဖစ္သည္။

ျမန္မာ့ႏိုင္ငံေရးေလာကမွာ ထင္ရွားခဲ့ေသာ”ေဖ ပု ရွိန္”အဖြဲ႕မွ ဦးထြန္းရွိန္၏ေျမးျဖစ္သူ၊ ကာတြန္းဆရာႀကီးဦးေဖသိန္း၏ တူမျဖစ္သူ အၾကားအျမင္ပါရမီရွင္သာသနာျပဳလူသားတို႔အား ကယ္တင္ေပးေနသူ ဟုလည္း သိရသည္။

 
ဒီအေၾကာင္းကို နာေရးကူညီမႈအသင္း၏ ဥကၠဌ ဦးေက်ာ္သူက
‘’ ဆရာမETအတြက္ ထြက္ေပါက္ကား ေျပာဖြယ္ရာမလိုေတာ့ေပ။ လူသားေပါင္းမ်ားစြာကို ကယ္တင္ခဲ့ကာ အလႉအတန္းမ်ားစြာ ျပဳလုပ္၍ သာသနာကို ႀကီးက်ယ္ျမင့္ျမတ္စြာ ထမ္းရြက္လႉဒါန္းမႈကား မ်ားျပားသည္ႏွင့္အညီ အေကာင္းဆုံး အျမင့္ျမတ္ဆုံးထြက္ေပါက္သို ႔ေလွ်ာက္လွမ္းေတာ့မည္ ျဖစ္ေပေတာ့သည္။’’ ဟု မွတ္ခ်က္ျပဳ ထားသည္ကိုလည္း ေတြ႔ရသည္။

 
ဆရာမ အီးတီက တစ္ခ်ိန္က ေက်ာ္သူရဲ့ ဇာတာကို တြက္ခ်က္ေပးခဲ့ဖူးသည္ဟု သိရသည္။ ေက်ာ္သူက သူ႔ဘဝတစ္ေလွ်ာက္လံုး ေနရာတိုင္း ျဖစ္ရပ္တိုင္းမွာ သတိတရာား ရွိရွိျဖင့္ ေနထိုင္လွ်က္ရွိပါေၾကာင္းလည္း တမလြန္ျမင့္ျမတ္ေသာ ဘံုေရာက္ ဆရာမ အီးတီကို ကတိေပးပါသည္ဟု ေရးသားထားသည္။

 
ဆရာမအီးတီက အရင္တည္း အၾကားအျမင္ေလာကမွာ ႏွစ္ေပါင္းမ်ားစြာ နာမည္ႀကီးေနခဲ့တာျဖစ္ပါတယ္။ ထိုင္းႏွင့္ အျခားႏိုင္ငံမွ သူေဌးႀကီးမ်ားကလည္း လာေရာက္ ေမးျမန္းၾကသည္ဟု သိရသည္။

 
လြန္ခဲ့သည့္ ေမလ ၃ ရက္ေန႔က ရန္ကုန္ရွိ ထိုင္းသံရံုးေရွ႕မွာ တူျဖစ္သူ မင္းသား စည္ျဖိဳးႏွင့္အတူ လိပ္ကၽြန္းလူသတ္မႈအတြက္ မတရားဖမ္းဆီးခံေနရေသာ ျမန္မာလူငယ္ႏွစ္ဦးတြက္ ဆႏၵျပခဲ့ရာတြင္ အြန္လိုင္းေပၚရွိ လူငယ္မ်ားအၾကား အသိမ်ားလာခဲ့သည္။


 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Credit : PannPwint

#Unicode Version#
မြန်မာနိုင်ငံမှ ထိပ်တန်းပုဂ္ဂိုလ်များသာမက ပြည်ပနိုင်ငံများကပါ လေးစားယုံကြည်ကြတဲ့ အကြားအမြင်ဆရာမ အီးတီ(ခေါ်) ဒေါ်ဆွေဆွေဝင်း အသက်(၅၈)နှစ် သည် ယနေ့ (စက်တင်ဘာလ ၁ဝ ရက်) နံနက်(၄:၂၀)နာရီအချိန်တွင် ကွယ်လွန်သွားကြောင်း သိရှိရသည်။ ဆရာမအီးတီက သရုပ်ဆောင် စည်ဖြိုးရဲ့ အဒေါ်တစ်ယောက်လည်းဖြစ်သည်။

ဆရာမသည် ထူးခြားသော အကြားအမြင်ရ ပုဂ္ဂုလ်တစ်ဦးဖြစ်ကာ ပရဟိတလုပ်ငန်းနှင် အလှူအတန်းများစွာကိုလည်း အဆက်မပြတ် အင်တိုက် အားတိုက်ပြုလုပ်ခဲ့သူ ဖြစ်သည်။

မြန်မာ့နိုင်ငံရေးလောကမှာ ထင်ရှားခဲ့သော”ဖေ ပု ရှိန်”အဖွဲ့မှ ဦးထွန်းရှိန်၏မြေးဖြစ်သူ၊ ကာတွန်းဆရာကြီးဦးဖေသိန်း၏ တူမဖြစ်သူ အကြားအမြင်ပါရမီရှင်သာသနာပြုလူသားတို့အား ကယ်တင်ပေးနေသူ ဟုလည်း သိရသည်။

ဒီအကြောင်းကို နာရေးကူညီမှုအသင်း၏ ဥက္ကဌ ဦးကျော်သူက

‘’ ဆရာမETအတွက် ထွက်ပေါက်ကား ပြောဖွယ်ရာမလိုတော့ပေ။ လူသားပေါင်းများစွာကို ကယ်တင်ခဲ့ကာ အလှူအတန်းများစွာ ပြုလုပ်၍ သာသနာကို ကြီးကျယ်မြင့်မြတ်စွာ ထမ်းရွက်လှူဒါန်းမှုကား များပြားသည်နှင့်အညီ အကောင်းဆုံး အမြင့်မြတ်ဆုံးထွက်ပေါက်သို့လျှောက်လှမ်းတော့မည် ဖြစ်ပေတော့သည်။’’ ဟု မှတ်ချက်ပြု ထားသည်ကိုလည်း တွေ့ရသည်။

ဆရာမ အီးတီက တစ်ချိန်က ကျော်သူရဲ့ ဇာတာကို တွက်ချက်ပေးခဲ့ဖူးသည်ဟု သိရသည်။ ကျော်သူက သူ့ဘဝတစ်လျှောက်လုံး နေရာတိုင်း ဖြစ်ရပ်တိုင်းမှာ သတိတရာား ရှိရှိဖြင့် နေထိုင်လျှက်ရှိပါကြောင်းလည်း တမလွန်မြင့်မြတ်သော ဘုံရောက် ဆရာမ အီးတီကို ကတိပေးပါသည်ဟု ရေးသားထားသည်။

ဆရာမအီးတီက အရင်တည်း အကြားအမြင်လောကမှာ နှစ်ပေါင်းများစွာ နာမည်ကြီးနေခဲ့တာဖြစ်ပါတယ်။ ထိုင်းနှင့် အခြားနိုင်ငံမှ သူဌေးကြီးများကလည်း လာရောက် မေးမြန်းကြသည်ဟု သိရသည်။

လွန်ခဲ့သည့် မေလ ၃ ရက်နေ့က ရန်ကုန်ရှိ ထိုင်းသံရုံးရှေ့မှာ တူဖြစ်သူ မင်းသား စည်ဖြိုးနှင့်အတူ လိပ်ကျွန်းလူသတ်မှုအတွက် မတရားဖမ်းဆီးခံနေရသော မြန်မာလူငယ်နှစ်ဦးတွက် ဆန္ဒပြခဲ့ရာတွင် အွန်လိုင်းပေါ်ရှိ လူငယ်များအကြား အသိများလာခဲ့သည်။



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...





Credit : PannPwint






 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top