iMyanmarHouse.com - Best Property Website for Myanmar
×

ဝါရင့္သရုပ္ေဆာင္ အကယ္ဒမီ မင္းဦးတစ္ေယာက္ကေတာ့ မ်က္ႏွာခဲြစိပ္ျပဳျပင္မႈ အခ်ိဳ႕ ျပဳလုပ္ခဲ့တယ္လို႔သိရပါတယ္။ ျပည္ပထြက္ၿပီး လုပ္တာမဟုတ္ပဲ ရန္ကုန္မွာပဲ လုပ္ခဲ့တာျဖစ္ပါတယ္။


ရန္ကုန္ ”My Princess Clinic”  မွာ လံႈ႕ေဆာ္ႀကိဳးထည့္ၿပီး ျပဳျပင္ခဲ့တာလို႔ သိရပါတယ္။


 
‘‘ေကာ္လာဂ်င္ လႈံေဆာ္ႀကိဳးကေလးမ်ား ထည့္အၿပီး ရက္သတၱပတ္ေက်ာ္ အၾကာတြင္ ကိုမင္းဦးရဲ႕ မ်က္ႏွာအသားေရကို ျပန္ၾကည့္ေပးျဖစ္တယ္…. ႀကိဳးမထည့္ခင္ႏွင့္ ထည့္ၿပီး တပတ္အၾကာ ပံုအားယွဥ္ၾကည့္တဲ့အခါမွာ မ်က္ႏွာ အသားေရစတင္ေျပာင္းလည္းႏုပ်ိဳလာၿပီျဖစ္တယ္… တလေလာက္အၾကာမွာဒီထက္ပိုၿပီး အသားေရ တင္းရင္း ႏုပ်ိဳလာမွာပဲျဖစ္ပါတယ္” ဟု ေဒါက္တာ ေအာင္သီဟက ေရးသားသည္။

 
မင္းဦးရဲ့ရုပ္က သိသိသာသာ ေျပာင္းလဲသြားတာျဖစ္ပါတယ္။ သရုပ္ေဆာင္အလုပ္ေတြ ဆက္တိုက္လုပ္ေနရတဲ့ မင္းဦးတစ္ေယာက္ ေျပာင္းလဲဖို႔ လိုၿပီလို႔ စိတ္ကူးခဲ့ပံုရပါတယ္။


ၿပီးခဲ့သည့္ ၂ လ ၃ လခန္႔ကလည္း စိုးျမတ္သူဇာ၊ ရန္ေအာင္ စတဲ့ ဝါရင့္ အႏုပညာရွင္မ်ားလည္း ျပည္ပသို႔ထြက္ကာ မ်က္ႏွာ အဆီထုတ္ ျပဳျပင္မႈမ်ား လုပ္ခဲ့ၾကပါေသးသည္။

 
 
သရုပ္ေဆာင္သက္တမ္း ၾကာၿပီျဖစ္တဲ့ မင္းဦးက ထက္ထက္မိုးဦးႏွင့္ ျပတ္စဲၿပီး ႏွစ္မ်ားစြာ တစ္ေယာက္တည္း ေနလာခဲ့ရာမွ ယခုႏွစ္ေတာ့ အခ်စ္သစ္ကေလးနဲ႔ အိမ္ေထာင္က်ေနၿပီး ေပ်ာ္ရႊင္တဲ့ဘဝကို ရရွိေနပါၿပီ။

 
 
မင္းဦးက ခုေနာက္ပိုင္း၊ ေနပံုထိုင္ပံု၊ အိုက္တင္၊ ဆံပင္ပံုစံ စသည္ျဖင့္ ေျပာင္းလဲမႈ မ်ားစြာ လုပ္လာတာကို ေတြ႕ရပါတယ္။ ဘဝအသစ္တစ္ခု ေျပာင္းလဲလိုက္သလိုျဖစ္ကာ အရင္နဲ႔စာလွ်င္ ပိုလန္းလာတယ္လို႔ ျမင္ေတြ႔ရမွာျဖစ္ပါတယ္။


အနုပညာကိုခ်စ္တဲ့ မင္းဦးကေတာ့ ဘဝမွာ ဘာေတြပဲ ေျပာင္းလဲေျပာင္းလဲ အနုပညာကိုခ်စ္တာေတာ့ မေျပာင္းလဲပဲ ဘဝဆံုးတိုင္ အနုပညာလမ္းေၾကာင္းေပၚမွာပဲ ရွိသြားမယ့္ လူတစ္ေယာက္ျဖစ္ပါတယ္။

 
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Credit : PannPwint

#Unicode Version#
ဝါရင့်သရုပ်ဆောင် အကယ်ဒမီ မင်းဦးတစ်ယောက်ကတော့ မျက်နှာခွဲစိပ်ပြုပြင်မှု အချို့ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ပြည်ပထွက်ပြီး လုပ်တာမဟုတ်ပဲ ရန်ကုန်မှာပဲ လုပ်ခဲ့တာဖြစ်ပါတယ်။

ရန်ကုန် ”My Princess Clinic”  မှာ လှုံ့ဆော်ကြိုးထည့်ပြီး ပြုပြင်ခဲ့တာလို့ သိရပါတယ်။

‘‘ကော်လာဂျင် လှုံဆော်ကြိုးကလေးများ ထည့်အပြီး ရက်သတ္တပတ်ကျော် အကြာတွင် ကိုမင်းဦးရဲ့ မျက်နှာအသားရေကို ပြန်ကြည့်ပေးဖြစ်တယ်…. ကြိုးမထည့်ခင်နှင့် ထည့်ပြီး တပတ်အကြာ ပုံအားယှဉ်ကြည့်တဲ့အခါမှာ မျက်နှာ အသားရေစတင်ပြောင်းလည်းနုပျိုလာပြီဖြစ်တယ်… တလလောက်အကြာမှာဒီထက်ပိုပြီး အသားရေ တင်းရင်း နုပျိုလာမှာပဲဖြစ်ပါတယ်” ဟု ဒေါက်တာ အောင်သီဟက ရေးသားသည်။

မင်းဦးရဲ့ရုပ်က သိသိသာသာ ပြောင်းလဲသွားတာဖြစ်ပါတယ်။ သရုပ်ဆောင်အလုပ်တွေ ဆက်တိုက်လုပ်နေရတဲ့ မင်းဦးတစ်ယောက် ပြောင်းလဲဖို့ လိုပြီလို့ စိတ်ကူးခဲ့ပုံရပါတယ်။

ပြီးခဲ့သည့် ၂ လ ၃ လခန့်ကလည်း စိုးမြတ်သူဇာ၊ ရန်အောင် စတဲ့ ဝါရင့် အနုပညာရှင်များလည်း ပြည်ပသို့ထွက်ကာ မျက်နှာ အဆီထုတ် ပြုပြင်မှုများ လုပ်ခဲ့ကြပါသေးသည်။

သရုပ်ဆောင်သက်တမ်း ကြာပြီဖြစ်တဲ့ မင်းဦးက ထက်ထက်မိုးဦးနှင့် ပြတ်စဲပြီး နှစ်များစွာ တစ်ယောက်တည်း နေလာခဲ့ရာမှ ယခုနှစ်တော့ အချစ်သစ်ကလေးနဲ့ အိမ်ထောင်ကျနေပြီး ပျော်ရွှင်တဲ့ဘဝကို ရရှိနေပါပြီ။

မင်းဦးက ခုနောက်ပိုင်း၊ နေပုံထိုင်ပုံ၊ အိုက်တင်၊ စံပင်ပုံစံ စသည်ဖြင့် ပြောင်းလဲမှု များစွာ လုပ်လာတာကို တွေ့ရပါတယ်။ ဘဝအသစ်တစ်ခု ပြောင်းလဲလိုက်သလိုဖြစ်ကာ အရင်နဲ့စာလျှင် ပိုလန်းလာတယ်လို့ မြင်တွေ့ရမှာဖြစ်ပါတယ်။

အနုပညာကိုချစ်တဲ့ မင်းဦးကတော့ ဘဝမှာ ဘာတွေပဲ ပြောင်းလဲပြောင်းလဲ အနုပညာကိုချစ်တာတော့ မပြောင်းလဲပဲ ဘဝဆုံးတိုင် အနုပညာလမ်းကြောင်းပေါ်မှာပဲ ရှိသွားမယ့် လူတစ်ယောက်ဖြစ်ပါတယ်။


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit : PannPwint  
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top