iMyanmarHouse.com - Best Property Website for Myanmar
×

အရင္ဆံုး ေဆာင္းပါးေလးမစခင္ ရင္ေသြးေလးရွိေနတဲ့မိခင္ေလာင္းေတြအတြက္ ဂုဏ္ယူပါတယ္လို႔ ေျပာပါရေစနာ္။

ဒီအခ်ိန္မွာ သင့္ခႏၶာကိုယ္ကို အထူးဂရုစိုက္ဖို႔လိုသလို၊ အစားအေသာက္နဲ႔ ေန႔စဥ္ေနထုိင္မႈမွာ ကေလးအတြက္ ကိုယ့္ရဲ႕ တစ္ေန႔တာလံုး ေနထိုင္မႈ ပံုစံကိုလည္း ဂရုစိုက္ဖို႔လိုပါတယ္ေနာ္။

ကိုယ္၀န္ရွိၿပီဆိုရင္ ကိုယ္၀န္ေဆာင္ေတြ အဓိကရင္ဆိုင္ရတာကေတာ့ အေၾကာျပတ္တဲ့ ျပႆနာတစ္ခုပါပဲ။ ရင္သား၊ ဗိုက္သား၊ တင္သား၊ ေပါင္သားေတြမွာ အေၾကာျပတ္တာမ်ိဳးျဖစ္တတ္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ္၀န္ေဆာင္ေနစဥ္အတြင္ ဗိုက္ေၾကာျပတ္တာကို သက္သာေစဖို႔ အတြက္နည္းလမ္းေကာင္းေတြကို မွ်ေ၀ေပးပါမယ္။

၁။ အုန္းဆီ ၊ ဗာဒံဆီ ၊ သံလြင္ဆီ တစ္မ်ိဳးမ်ိဳးကို ေန႔စဥ္ မနက္တစ္ႀကိမ္၊ ေရခ်ိဳးၿပီး နဲ႔ ညအိပ္ယာ၀င္ခါနီးတစ္ႀကိမ္ လိမ္းေပးပါ။

၂။ ကိုယ္အေလးခ်ိန္ကို ဂရုစို္က္ရပါမယ္။ ကိုယ္အေလးခ်ိန္ ရုတ္တရက္ တက္လာတာ၊ က်သြားတာကလည္း အခုလို အေၾကာျပန္ေစပါတယ္။ ဒ့ါေၾကာင့္ ကိုယ္၀န္ရွိေနစဥ္မွာ အာဟာရဓာတ္ သင့္တင့္မွ်တေအာင္စားေပးပါေနာ္။

၃။ ေလ့က်င့္ခန္းလုပ္ေပးရပါမယ္။ ကိုယ္၀န္ေဆာင္ေတြလုပ္ေပးသင့္တဲ့ ေလ့က်င့္ခန္းကို လုပ္ေပးပါ။ ေလ့က်င့္ခန္းလုပ္တာဟာ ကေလးကိုလည္း က်န္းမာေစသလို၊ သင့္ကိုယ္လည္း က်န္းမာေစၿပီး၊ လြယ္လြယ္ကူကူလည္း မီးဖြားႏိုင္ပါတယ္။

၄။ ေရဓာတ္ျဖည့္တင္းပါ။ တစ္ေန႔ကို ေရမ်ားမ်ားေသာက္ေပးပါ။ အနည္းဆံုး ၈ ခြက္ကေန ၁၀ ခြက္ထိ ေသာက္ေပးသင့္ပါတယ္။ ခႏၶာကိုယ္မွာ ေရဓာတ္ျဖည့္တင္းေနဖို႔အတြက္ သခြားသီးလို အရည္ရႊမ္းတဲ့ အသီးမ်ားမ်ားစားေပးပါ။ ေရဓာတ္ျဖည့္တင္းတာဟာ ၀မ္းအတြက္လည္းေကာင္းသလို၊ ခႏၶာကိုယ္အေလးခ်ိန္ကိုလည္း တင့္သင့္မွ်တေစပါတယ္။

၅။ ကဖိန္းဓာတ္ေရွာင္သင့္ပါတယ္။ ကဖိန္းဓာတ္ဟာ ေရဓာတ္ခမ္းေျခာက္ေစသလို၊ အေၾကာျပတ္ေစၿပီး ကေလးရဲ႕ က်န္းမာေရးအတြ္လည္း ကိုယ္၀န္ေဆာင္ေနစဥ္ ကဖိန္းဓာတ္ကို ေလွ်ာ့ခ်ေပးပါ။

၆။ အသားအေရကို စိုေျပေစတဲ့ အစားအစာေတြကို စားေပးသင့္ပါတယ္။ အသီးအရြက္ေတြကို မ်ားမ်ားစားပါ။

၇။ Brush နဲ႔ တိုက္ေပးပါ။ သင့္အသားအေရေပၚက ဆဲလ္ေသေတြကို ဖယ္ရွားႏိုင္ဖို႔အတြက္ ေရမခ်ိဳးခင္မွာ Brush နဲ႔ တိုက္ေပးတာမ်ိဳးလုပ္သင့္ပါတယ္။ အဲဒီလိုလုပ္ေပးတာဟာသင့္အသားအေရအတြက္လည္း ေကာင္းမြန္ပါတယ္။
Credit:Mystylemyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
အရင်ဆုံး ဆောင်းပါးလေးမစခင် ရင်သွေးလေးရှိနေတဲ့မိခင်လောင်းတွေအတွက် ဂုဏ်ယူပါတယ်လို့ ပြောပါရစေနာ်။

ဒီအချိန်မှာ သင့်ခန္ဓာကိုယ်ကို အထူးဂရုစိုက်ဖို့လိုသလို၊ အစားအသောက်နဲ့ နေ့စဉ်နေထိုင်မှုမှာ ကလေးအတွက် ကိုယ့်ရဲ့ တစ်နေ့တာလုံး နေထိုင်မှု ပုံစံကိုလည်း ဂရုစိုက်ဖို့လိုပါတယ်နော်။

ကိုယ်ဝန်ရှိပြီဆိုရင် ကိုယ်ဝန်ဆောင်တွေ အဓိကရင်ဆိုင်ရတာကတော့ အကြောပြတ်တဲ့ ပြဿနာတစ်ခုပါပဲ။ ရင်သား၊ ဗိုက်သား၊ တင်သား၊ ပေါင်သားတွေမှာ အကြောပြတ်တာမျိုးဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်နေစဉ်အတွင် ဗိုက်ကြောပြတ်တာကို သက်သာစေဖို့ အတွက်နည်းလမ်းကောင်းတွေကို မျှဝေပေးပါမယ်။

၁။ အုန်းဆီ ၊ ဗာဒံဆီ ၊ သံလွင်ဆီ တစ်မျိုးမျိုးကို နေ့စဉ် မနက်တစ်ကြိမ်၊ ရေချိုးပြီး နဲ့ ညအိပ်ယာဝင်ခါနီးတစ်ကြိမ် လိမ်းပေးပါ။

၂။ ကိုယ်အလေးချိန်ကို ဂရုစိုက်ရပါမယ်။ ကိုယ်အလေးချိန် ရုတ်တရက် တက်လာတာ၊ ကျသွားတာကလည်း အခုလို အကြောပြန်စေပါတယ်။ ဒ့ါကြောင့် ကိုယ်ဝန်ရှိနေစဉ်မှာ အာဟာရဓာတ် သင့်တင့်မျှတအောင်စားပေးပါနော်။

၃။ လေ့ကျင့်ခန်းလုပ်ပေးရပါမယ်။ ကိုယ်ဝန်ဆောင်တွေလုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းကို လုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်တာဟာ ကလေးကိုလည်း ကျန်းမာစေသလို၊ သင့်ကိုယ်လည်း ကျန်းမာစေပြီး၊ လွယ်လွယ်ကူကူလည်း မီးဖွားနိုင်ပါတယ်။

၄။ ရေဓာတ်ဖြည့်တင်းပါ။ တစ်နေ့ကို ရေများများသောက်ပေးပါ။ အနည်းဆုံး ၈ ခွက်ကနေ ၁၀ ခွက်ထိ သောက်ပေးသင့်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်ဖြည့်တင်းနေဖို့အတွက် သခွားသီးလို အရည်ရွှမ်းတဲ့ အသီးများများစားပေးပါ။ ရေဓာတ်ဖြည့်တင်းတာဟာ ဝမ်းအတွက်လည်းကောင်းသလို၊ ခန္ဓာကိုယ်အလေးချိန်ကိုလည်း တင့်သင့်မျှတစေပါတယ်။

၅။ ကဖိန်းဓာတ်ရှောင်သင့်ပါတယ်။ ကဖိန်းဓာတ်ဟာ ရေဓာတ်ခမ်းခြောက်စေသလို၊ အကြောပြတ်စေပြီး ကလေးရဲ့ ကျန်းမာရေးအတွ်လည်း ကိုယ်ဝန်ဆောင်နေစဉ် ကဖိန်းဓာတ်ကို လျှော့ချပေးပါ။

၆။ အသားအရေကို စိုပြေစေတဲ့ အစားအစာတွေကို စားပေးသင့်ပါတယ်။ အသီးအရွက်တွေကို များများစားပါ။

၇။ Brush နဲ့ တိုက်ပေးပါ။ သင့်အသားအရေပေါ်က ဆဲလ်သေတွေကို ဖယ်ရှားနိုင်ဖို့အတွက် ရေမချိုးခင်မှာ Brush နဲ့ တိုက်ပေးတာမျိုးလုပ်သင့်ပါတယ်။ အဲဒီလိုလုပ်ပေးတာဟာသင့်အသားအရေအတွက်လည်း ကောင်းမွန်ပါတယ်။

Credit:Mystylemyanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top