iMyanmarHouse.com - Best Property Website for Myanmar
×

ဝက္ ျခံ ေပါက္တယ္ဆိုတာ ႀကီးထြားဖြံ႕ၿဖိဳးတဲ့ျဖစ္စဥ္မွာ ပုံမွန္ ဇီဝကမၼေဗဒ ကိစၥတခုျဖစ္ပါတယ္။ ကေလးဘဝကေန ႀကီးေကာင္ဝင္လာၿပီ၊ လူပ်ိဳေဖာ္အပ်ိဳေဖာ္စဝင္လာျပီဆိုရင္ ဝက္ၿခံေတြ စထြက္လာပါၿပီ။ သားတို႔သမီးတို႔ ငယ္ငယ္တုန္းက ပထမဆုံး ဝက္ျခံေပါက္တုန္းကဆိုရင္ အေဖအေမဆီ၊ အကိုေတြအမေတြဆီ ဒါမွမဟုတ္ သူငယ္ခ်င္းေတြဆီ ေျပးၿပီး ဘာလုပ္ရမလဲလို႔ အလန္႔တၾကား ေမးေကာင္း   ေမးခဲ့ဖူးပါလိမ့္မယ္။ ဒါေပမယ့္ အဲ့သလိုမ်ိဳးတျခားသူေတြကို မေမးခင္၊ ဒါမွမဟုတ္ ဝက္ျခံကို အားပါးတရညွစ္မထုတ္ခင္ဝက္ျခံနဲ႔ ပတ္သက္ျပီးသားတို႔ သမီးတို႔ သိထားတယ္လို႔ထင္ေပမယ့္ မွားယြင္းေနတဲ့ အခ်က္ကေလးေတြကို ဖတ္ၾကည့္လိုက္ပါဦး။

အမွား။ ။ ဝက္ျခံေပါက္ရင္ ညွစ္ထုတ္လိုက္တာ အေကာင္းဆုံးပဲ။

အမွန္။ ။ မွန္ေရွ႕ကေန အခုခြာလိုက္ပါ။ တခ်ိဳ႕လူေတြက မင္းကို ေျပာပါလိမ့္မယ္၊ ဝက္ျခံေပါက္ရင္ ညွစ္ထုတ္လိုက္တာပိုေကာင္းတယ္၊ ဒါမွမသိသာေတာ့မွာ ၊ျမန္ျမန္သက္သာသြားမွာ စသျဖင့္ေပါ့။ ဒါေတြ အကုန္လုံးက အမွားေတြခ်ည္းပါပဲ။ ဝက္ျခံကိုညွစ္တာ၊ ကလိေနတာ၊ ဆိတ္ဆြေနတာဟာ ေရာဂါပိုးမႊားေတြကို မင္းရဲ့အေရျပားဟိုးေအာက္ထဲကို အားပါးတရ ထိုးထည့္ေနသလို ျဖစ္ေစတာေၾကာင့္ မသက္သာေစတဲ့အျပင္ ပိုျပီးနီလာ၊ နာလာေစမွာျဖစ္ၿပီး အခန္႔မသင့္ရင္ အနာဆိုးဆိုးရြားရြားေတာင္ ျဖစ္သြားႏိုင္ပါတယ္။ ၿပီးေတာ့ ဝက္ျခံညွစ္ျခင္းဟာ ဘယ္ေတာ့မွ မေပ်ာက္ေတာ့မယ့္ အမာရြတ္ေတြကိုလည္း ျဖစ္ေစမွာပါ။

တကယ္လို႔ ဝက္ျခံေပါက္တာဟာ သားတို႔သမီးတို႔ အလွျပရမယ့္ အခမ္းအနားတခုနဲ႔ တိုက္တိုက္ဆိုင္ဆိုင္ႀကီး ျဖစ္ေနတယ္ဆိုရင္ ေဖေဖေမေမတို႔နဲ႔ တိုင္ပင္ၿပီး ျပေနက် မိသားစုဆရာဝန္ ဒါမွမဟုတ္ အေရျပားနဲ႔ အလွအပေရးရာဆရာဝန္နဲ႔  ျပႏိုင္ပါတယ္။ ဆရာဝန္က ကူညီေပးမွာပါ။

အမွား။ ။ စိတ္ဖိစီးမႈမ်ားရင္ ဝက္ျခံေပါက္တယ္။

အမွန္။ ။ မနက္ျဖန္ ေျဖရမယ့္ စာေမးပြဲ ဒါမွဟုတ္ ေနာက္အပတ္မွာ ကစားရမယ့္ အားကစားပြဲႀကီးဟာ သားတို႔သမီးတို႔ အသားအေရကို ဒုကၡေပးမယ္လို႔ စိုးရိမ္ပူပန္ေနပါသလား။ မပူပါနဲ႔။ ကေလးဘဝရဲ႕ စိတ္ဖိစီးမႈေလာက္နဲ႔ေတာ့ ဝက္ျခံမေပါက္ပါဘူး။ အကယ္၍ သားတို႔ သမီးတို႔ အေနနဲ႔ တကယ့္ အႀကီးစား စိတ္ဖိစီးမႈေတြ ၾကံဳရတဲ့အခါက်ရင္ (ဥပမာ။။ အိမ္ေျပာင္းရတာ၊ မိဘေတြ အိမ္ေထာင္ေရး အဆင္မေျပတာ) သားတို႔ သမီးတို႔ ခႏၶာကိုယ္ကေန ဆီဘမ္(sebum)လို႔ ေခၚတဲ့ အဆီတမ်ိဳးကို ပိုၿပီး ထုတ္ေပးပါလိမ့္မယ္။ ဒါေပမဲ့ ဒီလိုအေျခအေနမ်ိဳးမွာ ေတာင္ဝက္ျခံက်ိန္းေသေပါက္ ထြက္ၿပီလို႔ ေျပာလို႔ မရေသးဖူးေနာ္။

အမွား ။ ။ ေနပူဆာလႈံရင္ ဝက္ျခံေပ်ာက္တယ္။

အမွန္။ ။ ေနပူဆာလႈံတာနဲ႔ ဝက္ျခံနဲ႔ ဘာမွမဆိုင္ပါဘူး။ ေနေလာင္ၿပီး ခဏေလာက္ အသားညိဳသြားရင္ ဝက္ျခံက သိပ္မသိသာေတာ့တာမ်ိဳးေတာ့ ရွိတာေပါ့။ ဒါေပမယ့္ ေနေလာင္တာေပ်ာက္သြားၿပီး အသားျပန္ျဖဴလာရင္ သားတို႔သမီးတို႔ရဲ႔ ဝက္ျခံက ရွိေနဦးမွာပဲ။ ဒါ့အျပင္ လုံေလာက္တဲ့ အကာအကြယ္မပါဘဲ ေနေရာင္ထဲမွာ အၾကာႀကီး ေနမယ္ဆိုရင္ အသားအေရကို ေျခာက္ေသြ႔ ထိခိုက္ေစပါတယ္။ ေနာက္ဆက္တြဲအေနနဲ႔ အသက္ႀကီးလာတဲ့အခါ အေရးအေၾကာင္းေတြ ေပၚလာတာ၊ အေရျပားကင္ဆာစတာေတြကိုပါ ျဖစ္ဖို႔ အခြင့္အလမ္းက ပိုမ်ားလာမွာ အေသအခ်ာပါပဲ။
သားတို႔ သမီးတို႔ အျပင္မထြက္ခင္တိုင္း SPF(Sun protection factor) အနည္းဆုံး ၃၀ ပါတဲ့ ေနေလာင္ခံ ခရင္မ္ကိုလည္း လိမ္းဖို႔ မေမ့ၾကပါနဲ႔။ ေနေလာင္ခံ ခရင္မ္လိမ္းတဲ့အခါ ၀က္ျခံမျဖစ္ေစပါ (nonacnegenic)လို႔ ဗူးမွာ အမွတ္အသားပါတဲ့ ခရင္မ္ကို ေရြးလိမ္းၾကပါ။ အဓိပၸာယ္က ေခြၽးေပါက္ေတြကို မပိတ္ေစတဲ့အတြက္ ဝက္ျခံကို ပိုမဆိုးေစဖူးဆိုတဲ့ အဓိပၸာယ္ျဖစ္္ပါတယ္။

ဒါ့အျပင္ လွပၿပီး ျမင္သူတိုင္းေငးရမယ့္ အသားအေရမ်ိဳးကို ပိုင္ဆိုင္ေစဖို႔အတြက္ အျပင္ထြက္တိုင္း ထြက္တိုင္းမွာ ဦးထုပ္ေဆာင္းဖို႔ ဒါမွမဟုတ္ ေနကာမ်က္မွန္တပ္ဖို႔ မေမ့ၾကပါနဲ႔။ ၿပီးေတာ့ ကမ္းေျခမွာ ဒါမွမဟုတ္ ေရကူးကန္ေဘးမွာ ခုံေလးခ်ၿပီး႐ုပ္ရွင္ထဲကလို ေနပူဆာလႈံခ်င္တယ္ဆိုရင္ သားတို႔ သမီးတို႔ သိထားရမွာက အဲ့ဒီလိုလုပ္တာက ပိုက္ဆံကုန္တယ္၊ ပ်င္းဖို႔ လည္းေကာင္းတယ္၊ ၿပီးေတာ့ အဓိကအခ်က္က ဒီလိုေနဆာလႈံတာဟာ အေရျပားကင္ဆာျဖစ္ဖို႔ အခြင့္အလမ္းလည္း ပိုမ်ားတယ္ဆိုတာပါပဲ။

အမွား။ ။ မ်က္ႏွာခဏခဏသစ္ရင္ ဝက္ျခံမျဖစ္ဘူး။

အမွန္။ ။ မ်က္ႏွာကို ပုံမွန္သစ္ေပးျခင္းဟာ မ်က္ႏွာမွာရွိတဲ့ အညစ္အေၾကးေတြ၊ ပိုလွ်ံေနတဲ့ အဆီေတြနဲ႔ အေရျပားဆဲလ္အေဟာင္းေတြကို ဖယ္ရွားေပးတဲ့အတြက္ ေယဘုယ်အားျဖင့္ ေကာင္းတယ္လို႔ ေျပာလို႔ရပါတယ္။ ဒါေပမဲ့ လိုတာထက္ပိုၿပီး မ်က္ႏွာ ခဏခဏသစ္တာ၊ မ်က္ႏွာအေရျပားကို ၾကမ္းၾကမ္းတမ္းတမ္း ပြတ္တိုက္တာေတြဟာ မ်က္ႏွာအေရျပားကို ေျခာက္ေသြ႕ေစၿပီး ပ်က္စီးေစတဲ့အတြက္ ဝက္ျခံကို ပိုဆိုးေစဖို႔ ပဲရွိပါတယ္။

ဒါဆိုရင္ အသားအေရ ထိန္းသိမ္းဖို႔ အေကာင္းဆုံးနည္းလမ္းက ဘာေတြလဲ။ ေယဘုယ်အားျဖင့္ မ်က္ႏွာကိုတစ္ေန႔ ႏွစ္ခါထက္ ပိုမမ်ားေစဘဲ ဆပ္ျပာအေပ်ာ့စား ဒါမွာမဟုတ္ မ်က္ႏွာသစ္ေဆးနဲ႔ ညင္သာစြာ သစ္ေပးသင့္ပါတယ္။ မ်က္ႏွာသစ္ၿပီးတဲ့အခါမွာ မ်က္ႏွာကို ႏူးညံ့တဲ့ မ်က္ႏွာသုတ္ပုဝါေလးနဲ႔ မ်က္ႏွာကို အသာအယာ တို႔ေပးရပါမယ္။ ဂ်ီးခြၽတ္ပြတ္တိုက္တာ သားတို႔ သမီးတို႔ရဲ႔ ဝက္ျခံကို ပိုဆိုးေစတဲ့အတြက္ ေရွာင္ၾကဥ္ရပါမယ္။ အရက္ျပန္ပါဝင္တဲ့ အလွကုန္ပစၥည္းေတြဟာလည္း အသားအေရကို ေျခာက္ေသြ႔ထိခိုက္ေစတဲ့အတြက္ အသုံးမျပဳသင့္ပါဘူး။

အမွား။ ။ ဝက္ျခံမထြက္ခ်င္ရင္ မိတ္ကပ္မလိမ္းနဲ႔။

အမွန္။ ။ ငယ္ရြယ္ႏုပ်ိဳသူေတြအဖို႔ မိတ္ကပ္မလိမ္းဘဲနဲ႔လည္း ၾကည့္လို႔ေကာင္းပါတယ္။ ဒါေပမဲ့ မိတ္ကပ္ေတြ၊ အလွကုန္ေတြ သုံးရတာႀကိဳက္တယ္ဆိုရင္ “အဆီဓာတ္မပါဝင္ပါ”၊ “ေခြၽးေပါက္မပိတ္ေစပါ”၊ ”ဝက္ျခံကိုပိုမဆိုးေစပါ” စတဲ့ အာမခံခ်က္ပါတဲ့ ပစၥည္းေတြကိုသာ ေရြးခ်ယ္ပါ။ တခ်ိဳ႕ အလွကုန္ပစၥည္းေတြမွာဆိုရင္ ဝက္ျခံေတြကို ေပ်ာက္ကင္းသက္သာေစတဲ့ salicylic acid နဲ႔ benzoyl peroxideတို႔ေတာင္ ပါဝင္ပါေသးတယ္။ ဘယ္လိုအလွကုန္မ်ိဳး ေရြးခ်ယ္ရမလဲ မေသခ်ာရင္ ဆရာဝန္နဲ႔တိုင္ပင္ပါ။

အမွား။ ။ ဝက္ျခံေတြ ပိုပိုထြက္လာရင္ သက္သာသြားဖို႔ သုံးေနတဲ့ ဝက္ျခံေပ်ာက္ေဆးေတြကို မ်ားမ်ားပိုသုံးမယ္။

အမွန္။ ။ ”တန္ေဆးလြန္ေဘး”ဆိုတဲ့ စကားပုံကို ၾကားဖူးပါသလား။ ဒီစကားပုံနဲ႔ ဝက္ျခံေပ်ာက္ေဆးနဲ႔က ကြက္တိပါပဲ။ ဝက္ျခံေတြေပ်ာက္ခ်င္ေဇာနဲ႔ ေဆးေတြကို ပမာဏအမ်ားႀကီး ပိုသုံးရင္ အသားအေရဟာ ေျခာက္ေသြ႔ ထိခိုက္လာပါလိမ့္မယ္။ ဝက္ျခံေပ်ာက္ေဆးကို ေဆးဆိုင္က ဝယ္သုံးတာပဲျဖစ္ျဖစ္ ဆရာဝန္ညႊန္ၾကားတာပဲျဖစ္ျဖစ္ ေဆးညႊန္းကို တေသြမတိမ္းလိုက္နာပါ။ ေဆးဆိုင္မွာ ပုံမွန္ဝယ္သုံးလို႔ရတဲ့ ေဆးေတြနဲ႔ မသက္သာဖူးဆိုရင္ ေဖေဖေမေမတို႔နဲ႔ တိုင္ပင္ၿပီး မိသားစုဆရာဝန္ ဒါမွမဟုတ္ အေရျပားနဲ႔ အလွအပေရးရာဆရာဝန္နဲ႔ ျပပါ။ သူက လိုအပ္တာေတြကို ဆက္ၿပီးညႊန္ၾကားပါလိမ့္မယ္။ ဝက္ျခံေပ်ာက္ေဆးသုံးတဲ့အခါ သိသာထင္ရွားတဲ့ ေပ်ာက္ကင္းမႈရလဒ္ရဖို႔ ႏွစ္လေလာက္ထိၾ ကာတတ္ပါတယ္။ လိုအပ္တာထက္ ပိုၿပီး အသုံးျပဳရင္ ေကာင္းက်ိဳးမျဖစ္တဲ့အျပင္ ဆိုးက်ိဳးေတြေတာင္မွ ျဖစ္ေစႏိုင္တဲ့အတြက္ ဆရာဝန္နဲ႔ မတိုင္ပင္ပဲ ေဆးပမာဏ တိုးတာ ကိုယ့္သေဘာနဲ႔ကိုယ္ မလုပ္ရပါဘူး။

လူငယ္ေတြ ဆယ္ေက်ာ္သက္ေတြအားလုံးဟာ ဝက္ျခံျပႆနာနဲ႔ တစ္ေန႔မဟုတ္တစ္ေန႔ ရင္ဆိုင္ရမွာပါ။ ဒါေပမဲ့ စိတ္မပူပါနဲ႔။ မွန္ကန္ေကာင္းမြန္တဲ့ ကုသမႈကို စနစ္တက်ခံယူလိုက္ရင္ ဝက္ျခံေတြေပ်ာက္ကင္းသြားၿပီး သင့္ရဲ႕ အလွပဆုံးမ်က္ႏွာေလးကို လူေတြေရွ႕မွာ ဝင့္ႂကြားဂုဏ္ယူစြာ ျပသႏိုင္မွာပါ။

Credit:sayarwon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
ဝက်ခြံပေါက်တယ်ဆိုတာ ကြီးထွားဖွံ့ဖြိုးတဲ့ဖြစ်စဉ်မှာ ပုံမှန် ဇီဝကမ္မဗေဒ ကိစ္စတခုဖြစ်ပါတယ်။ ကလေးဘဝကနေ ကြီးကောင်ဝင်လာပြီ၊ လူပျိုဖော်အပျိုဖော်စဝင်လာပြီဆိုရင် ဝက်ခြံတွေ စထွက်လာပါပြီ။ သားတို့သမီးတို့ ငယ်ငယ်တုန်းက ပထမဆုံး ဝက်ခြံပေါက်တုန်းကဆိုရင် အဖေအမေဆီ၊ အကိုတွေအမတွေဆီ ဒါမှမဟုတ် သူငယ်ချင်းတွေဆီ ပြေးပြီး ဘာလုပ်ရမလဲလို့ အလန့်တကြား မေးကောင်း   မေးခဲ့ဖူးပါလိမ့်မယ်။ ဒါပေမယ့် အဲ့သလိုမျိုးတခြားသူတွေကို မမေးခင်၊ ဒါမှမဟုတ် ဝက်ခြံကို အားပါးတရညှစ်မထုတ်ခင်ဝက်ခြံနဲ့ ပတ်သက်ပြီးသားတို့ သမီးတို့ သိထားတယ်လို့ထင်ပေမယ့် မှားယွင်းနေတဲ့ အချက်ကလေးတွေကို ဖတ်ကြည့်လိုက်ပါဦး။

အမှား။ ။ ဝက်ခြံပေါက်ရင် ညှစ်ထုတ်လိုက်တာ အကောင်းဆုံးပဲ။

အမှန်။ ။ မှန်ရှေ့ကနေ အခုခွာလိုက်ပါ။ တချို့လူတွေက မင်းကို ပြောပါလိမ့်မယ်၊ ဝက်ခြံပေါက်ရင် ညှစ်ထုတ်လိုက်တာပိုကောင်းတယ်၊ ဒါမှမသိသာတော့မှာ ၊မြန်မြန်သက်သာသွားမှာ စသဖြင့်ပေါ့။ ဒါတွေ အကုန်လုံးက အမှားတွေချည်းပါပဲ။ ဝက်ခြံကိုညှစ်တာ၊ ကလိနေတာ၊ ဆိတ်ဆွနေတာဟာ ရောဂါပိုးမွှားတွေကို မင်းရဲ့အရေပြားဟိုးအောက်ထဲကို အားပါးတရ ထိုးထည့်နေသလို ဖြစ်စေတာကြောင့် မသက်သာစေတဲ့အပြင် ပိုပြီးနီလာ၊ နာလာစေမှာဖြစ်ပြီး အခန့်မသင့်ရင် အနာဆိုးဆိုးရွားရွားတောင် ဖြစ်သွားနိုင်ပါတယ်။ ပြီးတော့ ဝက်ခြံညှစ်ခြင်းဟာ ဘယ်တော့မှ မပျောက်တော့မယ့် အမာရွတ်တွေကိုလည်း ဖြစ်စေမှာပါ။

တကယ်လို့ ဝက်ခြံပေါက်တာဟာ သားတို့သမီးတို့ အလှပြရမယ့် အခမ်းအနားတခုနဲ့ တိုက်တိုက်ဆိုင်ဆိုင်ကြီး ဖြစ်နေတယ်ဆိုရင် ဖေဖေမေမေတို့နဲ့ တိုင်ပင်ပြီး ပြနေကျ မိသားစုဆရာဝန် ဒါမှမဟုတ် အရေပြားနဲ့ အလှအပရေးရာဆရာဝန်နဲ့  ပြနိုင်ပါတယ်။ ဆရာဝန်က ကူညီပေးမှာပါ။

အမှား။ ။ စိတ်ဖိစီးမှုများရင် ဝက်ခြံပေါက်တယ်။

အမှန်။ ။ မနက်ဖြန် ဖြေရမယ့် စာမေးပွဲ ဒါမှဟုတ် နောက်အပတ်မှာ ကစားရမယ့် အားကစားပွဲကြီးဟာ သားတို့သမီးတို့ အသားအရေကို ဒုက္ခပေးမယ်လို့ စိုးရိမ်ပူပန်နေပါသလား။ မပူပါနဲ့။ ကလေးဘဝရဲ့ စိတ်ဖိစီးမှုလောက်နဲ့တော့ ဝက်ခြံမပေါက်ပါဘူး။ အကယ်၍ သားတို့ သမီးတို့ အနေနဲ့ တကယ့် အကြီးစား စိတ်ဖိစီးမှုတွေ ကြုံရတဲ့အခါကျရင် (ဥပမာ။။ အိမ်ပြောင်းရတာ၊ မိဘတွေ အိမ်ထောင်ရေး အဆင်မပြေတာ) သားတို့ သမီးတို့ ခန္ဓာကိုယ်ကနေ ဆီဘမ်(sebum)လို့ ခေါ်တဲ့ အဆီတမျိုးကို ပိုပြီး ထုတ်ပေးပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာ တောင်ဝက်ခြံကျိန်းသေပေါက် ထွက်ပြီလို့ ပြောလို့ မရသေးဖူးနော်။

အမှား ။ ။ နေပူဆာလှုံရင် ဝက်ခြံပျောက်တယ်။

အမှန်။ ။ နေပူဆာလှုံတာနဲ့ ဝက်ခြံနဲ့ ဘာမှမဆိုင်ပါဘူး။ နေလောင်ပြီး ခဏလောက် အသားညိုသွားရင် ဝက်ခြံက သိပ်မသိသာတော့တာမျိုးတော့ ရှိတာပေါ့။ ဒါပေမယ့် နေလောင်တာပျောက်သွားပြီး အသားပြန်ဖြူလာရင် သားတို့သမီးတို့ရဲ့ ဝက်ခြံက ရှိနေဦးမှာပဲ။ ဒါ့အပြင် လုံလောက်တဲ့ အကာအကွယ်မပါဘဲ နေရောင်ထဲမှာ အကြာကြီး နေမယ်ဆိုရင် အသားအရေကို ခြောက်သွေ့ ထိခိုက်စေပါတယ်။ နောက်ဆက်တွဲအနေနဲ့ အသက်ကြီးလာတဲ့အခါ အရေးအကြောင်းတွေ ပေါ်လာတာ၊ အရေပြားကင်ဆာစတာတွေကိုပါ ဖြစ်ဖို့ အခွင့်အလမ်းက ပိုများလာမှာ အသေအချာပါပဲ။
သားတို့ သမီးတို့ အပြင်မထွက်ခင်တိုင်း SPF(Sun protection factor) အနည်းဆုံး ၃၀ ပါတဲ့ နေလောင်ခံ ခရင်မ်ကိုလည်း လိမ်းဖို့ မမေ့ကြပါနဲ့။ နေလောင်ခံ ခရင်မ်လိမ်းတဲ့အခါ ဝက်ခြံမဖြစ်စေပါ (nonacnegenic)လို့ ဗူးမှာ အမှတ်အသားပါတဲ့ ခရင်မ်ကို ရွေးလိမ်းကြပါ။ အဓိပ္ပာယ်က ချွေးပေါက်တွေကို မပိတ်စေတဲ့အတွက် ဝက်ခြံကို ပိုမဆိုးစေဖူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

ဒါ့အပြင် လှပပြီး မြင်သူတိုင်းငေးရမယ့် အသားအရေမျိုးကို ပိုင်ဆိုင်စေဖို့အတွက် အပြင်ထွက်တိုင်း ထွက်တိုင်းမှာ ဦးထုပ်ဆောင်းဖို့ ဒါမှမဟုတ် နေကာမျက်မှန်တပ်ဖို့ မမေ့ကြပါနဲ့။ ပြီးတော့ ကမ်းခြေမှာ ဒါမှမဟုတ် ရေကူးကန်ဘေးမှာ ခုံလေးချပြီးရုပ်ရှင်ထဲကလို နေပူဆာလှုံချင်တယ်ဆိုရင် သားတို့ သမီးတို့ သိထားရမှာက အဲ့ဒီလိုလုပ်တာက ပိုက်ဆံကုန်တယ်၊ ပျင်းဖို့ လည်းကောင်းတယ်၊ ပြီးတော့ အဓိကအချက်က ဒီလိုနေဆာလှုံတာဟာ အရေပြားကင်ဆာဖြစ်ဖို့ အခွင့်အလမ်းလည်း ပိုများတယ်ဆိုတာပါပဲ။

အမှား။ ။ မျက်နှာခဏခဏသစ်ရင် ဝက်ခြံမဖြစ်ဘူး။

အမှန်။ ။ မျက်နှာကို ပုံမှန်သစ်ပေးခြင်းဟာ မျက်နှာမှာရှိတဲ့ အညစ်အကြေးတွေ၊ ပိုလျှံနေတဲ့ အဆီတွေနဲ့ အရေပြားဆဲလ်အဟောင်းတွေကို ဖယ်ရှားပေးတဲ့အတွက် ယေဘုယျအားဖြင့် ကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ လိုတာထက်ပိုပြီး မျက်နှာ ခဏခဏသစ်တာ၊ မျက်နှာအရေပြားကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာတွေဟာ မျက်နှာအရေပြားကို ခြောက်သွေ့စေပြီး ပျက်စီးစေတဲ့အတွက် ဝက်ခြံကို ပိုဆိုးစေဖို့ ပဲရှိပါတယ်။

ဒါဆိုရင် အသားအရေ ထိန်းသိမ်းဖို့ အကောင်းဆုံးနည်းလမ်းက ဘာတွေလဲ။ ယေဘုယျအားဖြင့် မျက်နှာကိုတစ်နေ့ နှစ်ခါထက် ပိုမများစေဘဲ ဆပ်ပြာအပျော့စား ဒါမှာမဟုတ် မျက်နှာသစ်ဆေးနဲ့ ညင်သာစွာ သစ်ပေးသင့်ပါတယ်။ မျက်နှာသစ်ပြီးတဲ့အခါမှာ မျက်နှာကို နူးညံ့တဲ့ မျက်နှာသုတ်ပုဝါလေးနဲ့ မျက်နှာကို အသာအယာ တို့ပေးရပါမယ်။ ဂျီးချွတ်ပွတ်တိုက်တာ သားတို့ သမီးတို့ရဲ့ ဝက်ခြံကို ပိုဆိုးစေတဲ့အတွက် ရှောင်ကြဉ်ရပါမယ်။ အရက်ပြန်ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေဟာလည်း အသားအရေကို ခြောက်သွေ့ထိခိုက်စေတဲ့အတွက် အသုံးမပြုသင့်ပါဘူး။

အမှား။ ။ ဝက်ခြံမထွက်ချင်ရင် မိတ်ကပ်မလိမ်းနဲ့။

အမှန်။ ။ ငယ်ရွယ်နုပျိုသူတွေအဖို့ မိတ်ကပ်မလိမ်းဘဲနဲ့လည်း ကြည့်လို့ကောင်းပါတယ်။ ဒါပေမဲ့ မိတ်ကပ်တွေ၊ အလှကုန်တွေ သုံးရတာကြိုက်တယ်ဆိုရင် “အဆီဓာတ်မပါဝင်ပါ”၊ “ချွေးပေါက်မပိတ်စေပါ”၊ ”ဝက်ခြံကိုပိုမဆိုးစေပါ” စတဲ့ အာမခံချက်ပါတဲ့ ပစ္စည်းတွေကိုသာ ရွေးချယ်ပါ။ တချို့ အလှကုန်ပစ္စည်းတွေမှာဆိုရင် ဝက်ခြံတွေကို ပျောက်ကင်းသက်သာစေတဲ့ salicylic acid နဲ့ benzoyl peroxideတို့တောင် ပါဝင်ပါသေးတယ်။ ဘယ်လိုအလှကုန်မျိုး ရွေးချယ်ရမလဲ မသေချာရင် ဆရာဝန်နဲ့တိုင်ပင်ပါ။

အမှား။ ။ ဝက်ခြံတွေ ပိုပိုထွက်လာရင် သက်သာသွားဖို့ သုံးနေတဲ့ ဝက်ခြံပျောက်ဆေးတွေကို များများပိုသုံးမယ်။

အမှန်။ ။ ”တန်ဆေးလွန်ဘေး”ဆိုတဲ့ စကားပုံကို ကြားဖူးပါသလား။ ဒီစကားပုံနဲ့ ဝက်ခြံပျောက်ဆေးနဲ့က ကွက်တိပါပဲ။ ဝက်ခြံတွေပျောက်ချင်ဇောနဲ့ ဆေးတွေကို ပမာဏအများကြီး ပိုသုံးရင် အသားအရေဟာ ခြောက်သွေ့ ထိခိုက်လာပါလိမ့်မယ်။ ဝက်ခြံပျောက်ဆေးကို ဆေးဆိုင်က ဝယ်သုံးတာပဲဖြစ်ဖြစ် ဆရာဝန်ညွှန်ကြားတာပဲဖြစ်ဖြစ် ဆေးညွှန်းကို တသွေမတိမ်းလိုက်နာပါ။ ဆေးဆိုင်မှာ ပုံမှန်ဝယ်သုံးလို့ရတဲ့ ဆေးတွေနဲ့ မသက်သာဖူးဆိုရင် ဖေဖေမေမေတို့နဲ့ တိုင်ပင်ပြီး မိသားစုဆရာဝန် ဒါမှမဟုတ် အရေပြားနဲ့ အလှအပရေးရာဆရာဝန်နဲ့ ပြပါ။ သူက လိုအပ်တာတွေကို ဆက်ပြီးညွှန်ကြားပါလိမ့်မယ်။ ဝက်ခြံပျောက်ဆေးသုံးတဲ့အခါ သိသာထင်ရှားတဲ့ ပျောက်ကင်းမှုရလဒ်ရဖို့ နှစ်လလောက်ထိြ ကာတတ်ပါတယ်။ လိုအပ်တာထက် ပိုပြီး အသုံးပြုရင် ကောင်းကျိုးမဖြစ်တဲ့အပြင် ဆိုးကျိုးတွေတောင်မှ ဖြစ်စေနိုင်တဲ့အတွက် ဆရာဝန်နဲ့ မတိုင်ပင်ပဲ ဆေးပမာဏ တိုးတာ ကိုယ့်သဘောနဲ့ကိုယ် မလုပ်ရပါဘူး။

လူငယ်တွေ ဆယ်ကျော်သက်တွေအားလုံးဟာ ဝက်ခြံပြဿနာနဲ့ တစ်နေ့မဟုတ်တစ်နေ့ ရင်ဆိုင်ရမှာပါ။ ဒါပေမဲ့ စိတ်မပူပါနဲ့။ မှန်ကန်ကောင်းမွန်တဲ့ ကုသမှုကို စနစ်တကျခံယူလိုက်ရင် ဝက်ခြံတွေပျောက်ကင်းသွားပြီး သင့်ရဲ့ အလှပဆုံးမျက်နှာလေးကို လူတွေရှေ့မှာ ဝင့်ကြွားဂုဏ်ယူစွာ ပြသနိုင်မှာပါ။

Credit:sayarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top