iMyanmarHouse.com - Best Property Website for Myanmar
×

နန္းျမတ္ၿဖိဳးသင္း က Pre Wedding ပုံအသစ္ေလးေတြကို ထပ္ၿပီး တင္လိုက္ျပန္ၿပီ။ သူမရုပ္ရွင္ေတြ ၾကည့္တိုင္း ရူးခဲ့ရတဲ့ ေနရာေလးမွာ Pre Wedding ေလး ရိုက္ခြင့္ရတဲ့အတြက္လည္း အရမ္းကို ေပ်ာ္ရႊင္ေနပါတယ္။သူမ ရုပ္ရွင္ ေတြ ၾကည့္တိုင္း ရူးခဲ့ရတဲ့ ေနရာေလး ကေတာ့ အီတလီမွာရွိတဲ့ Trevi Fountain ဆိုတဲ့ ေနရာေလးပါတဲ့။

အဲ့ဒါနဲ႕ ပတ္သက္ၿပီး သူ႕ရဲ႕ ခံစားခ်က္ ကို ေရးသားၿပီး Trevi Fountain ရဲ႕ ေရွ႕မွာ ရိုက္ကူး ထားတဲ့ Pre Wedding ပံုအသစ္ေလးေတြကို တင္လိုက္တာ ျဖစ္ပါတယ္။”Trevi Fountain ႐ုပ္ရွင္ေတြၾကည့္တိုင္းအဲ့ေနရာေလးကို႐ူးရတာ

တစ္ေန႔ေတာ့ငါလဲအဲ့ေနရာေရာက္ေအာင္သြားမယ္ေပါ့Let’s Go ႐ိုက္ကူးေရးနဲ႔ေရာက္ျပန္ေတာ့လဲ ငါဓာတ္ပံုလာ႐ိုက္ခ်င္တယ္ေပါ့(ဆႏၵေတြကမၿပီးတာ ခုလဲထပ္ဆုေတာင္းခဲ့ေသးတယ္ )

ခုေတာ့လဲ ဓာတ္ပံု လွလွေလးေတြနဲ႔စိတ္ကိုခ်မ္းသာေနေရာပဲ
ထပ္ေျပာပါရေစျဖည့္ဆည္းေပးၾကသူမ်ားကိုအထူးေက်းဇူးတင္ပါတယ္ဆႏၵေတြျဖည့္ေပးတဲ့ ကိုသူခ်စ္ႀကီး Pollux Potae
ခ်စ္ ညီမေလး တြက္အၿမဲအားကိုးရသူႀကီး မမ NannYi YiMon
ဓာတ္ဆရာ ငယ္ သူငယ္ခ်င္းႀကီး Naing Lin၂ရက္တြင္းအပီး အက်ႌလွလွေလးတြက္ မMayThinzartheintMediaမ်ားနဲ႔ လက္ခံအားေပးၾကသူတိုင္းတစ္ေယာက္ခ်င္းစီကိုလဲေက်းဇူးမ်ားႀကီးတင္ပါတယ္ရွင္” ဆိုၿပီး ေရးသားထားတာ ေတြ႕ရပါတယ္။ သူမရဲ႕ ပရိသတ္ေတြကလည္း သူမစိတ္ခ်မ္းသာေနတာ ေတြ႕ရလို႕ ေပ်ာ္ရႊင္ေနၾကပါတယ္

နန္းျမတ္ၿဖိဳးသင္း ရဲ႕ မဂၤလာပြဲ ကေတာ့ ႏိုဝင္ဘာလထဲမွာ က်င္းပေတာ့မွာ ျဖစ္ပါတယ္။ အခ်စ္ေရးနဲ႕ ပတ္သက္ၿပီး သိုသိုသိပ္သိပ္ေန ခဲ့တဲ့ နန္းျမတ္ၿဖိဳးသင္းဟာ ၿပီးခဲ့တဲ့ လပိုင္းေလာက္က သူမရဲ႕ အခ်စ္ေရးနဲ႕ ပတ္သက္ၿပီး ေျပာျပခဲ့တာျဖစ္သလို မဂၤလာ ေဆာင္မယ့္ သတင္း ကိုပါ တစ္ခါတည္း ေၾကညာခဲ့တာလည္း ျဖစ္ပါတယ္။ နန္းျမတ္ၿဖိဳးသင္း ကေတာ့ မဂၤလာပြဲ ကို  ထူးထူးျခားျခားေလးနဲ႕ အားလံုးေပ်ာ္စရာေကာင္းေအာင္ စီစဥ္ထားတယ္လို႕လည္း သိရပါတယ္။

မဂၤလာပြဲကို သံုးပြဲလုပ္ဖို႕ စီစဥ္ ထားတဲ့ နန္းျမတ္ ကေတာ့ မဂၤလာပြဲ အစီအစဥ္ ေတြကိုလည္း ယခုလို ေျပာျပခဲ့ပါတယ္။
“မဂၤလာပဲြက သုံးပဲြလုပ္ပါ မယ္။ တစ္ပဲြကလက္မွတ္ထုိးပဲြ ေပါ့။ အဲဒါေလးကို ထူးထူးျခား ျခားေလးနဲ႔ အားလုံးေပ်ာ္စရာ ေကာင္းေအာင္ နန္းျမတ္ကစီစဥ္ ထားတယ္။ အဲဒါကေတာ့ ႏုိ၀င္ ဘာလအစေလာက္လုပ္မယ္။ ေန ရာကေတာ့ မေသခ်ာေသးဘူး။ ႏုိ၀င္ဘာ ၂၆ ရက္က ဆီဒုိးနား မွာ စုလ်ားရစ္ပတ္မဂၤလာလုပ္ပါ မယ္။ ၂၇ ရက္ေန႔ညက်ရင္ အင္း လ်ားလိတ္ဟိုတယ္မွာ ဒင္နာလုပ္ ပါမယ္’’လို႕ သူမက 7day Daily မွာ ေျဖဆိုထားပါတယ္။

ခ်စ္သူ သက္တမ္း သံုးႏွစ္ခြဲေလာက္ ရွိၿပီျဖစ္ပါတယ္။ ခ်စ္သူ ေကာင္ေလး က နန္းျမတ္ ထက္ ေလးႏွစ္ႀကီးတယ္လို႕လည္း သိရပါတယ္။ လက္ရွိမွာေတာ့ အႏုပညာ အလုပ္မ်ားကို အဆက္မျပတ္ေအာင္ လုပ္ကိုင္ေနသလို မဂၤလာပြဲအတြက္လည္း စီစဥ္ေတာ့မွာ ျဖစ္တယ္လို႕ သိရပါတယ္။

နန္းျမတ္ၿဖိဳးသင္း အေနနဲ႕ အိမ္ေထာင္ျပဳ ျပီးေနာက္ပိုင္းမွာလည္း အႏုပညာ အလုပ္မ်ားကို ဆက္လက္လုပ္ကိုင္သြားမယ္လို႕ သိရပါတယ္။
Credit : Lwinpyin
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

နန်းမြတ်ဖြိုးသင်း က Pre Wedding ပုံအသစ်လေးတွေကို ထပ်ပြီး တင်လိုက်ပြန်ပြီ။ သူမရုပ်ရှင်တွေ ကြည့်တိုင်း ရူးခဲ့ရတဲ့ နေရာလေးမှာ Pre Wedding လေး ရိုက်ခွင့်ရတဲ့အတွက်လည်း အရမ်းကို ပျော်ရွှင်နေပါတယ်။သူမ ရုပ်ရှင် တွေ ကြည့်တိုင်း ရူးခဲ့ရတဲ့ နေရာလေး ကတော့ အီတလီမှာရှိတဲ့ Trevi Fountain ဆိုတဲ့ နေရာလေးပါတဲ့။

အဲ့ဒါနဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံစားချက် ကို ရေးသားပြီး Trevi Fountain ရဲ့ ရှေ့မှာ ရိုက်ကူး ထားတဲ့ Pre Wedding ပုံအသစ်လေးတွေကို တင်လိုက်တာ ဖြစ်ပါတယ်။”Trevi Fountain ရုပ်ရှင်တွေကြည့်တိုင်းအဲ့နေရာလေးကိုရူးရတာ

တစ်နေ့တော့ငါလဲအဲ့နေရာရောက်အောင်သွားမယ်ပေါ့Let’s Go ရိုက်ကူးရေးနဲ့ရောက်ပြန်တော့လဲ ငါဓာတ်ပုံလာရိုက်ချင်တယ်ပေါ့(ဆန္ဒတွေကမပြီးတာ ခုလဲထပ်ဆုတောင်းခဲ့သေးတယ် )
ခုတော့လဲ ဓာတ်ပုံ လှလှလေးတွေနဲ့စိတ်ကိုချမ်းသာနေရောပဲ
ထပ်ပြောပါရစေဖြည့်ဆည်းပေးကြသူများကိုအထူးကျေးဇူးတင်ပါတယ်ဆန္ဒတွေဖြည့်ပေးတဲ့ ကိုသူချစ်ကြီး Pollux Potae
ချစ် ညီမလေး တွက်အမြဲအားကိုးရသူကြီး မမ NannYi YiMon
ဓာတ်ဆရာ ငယ် သူငယ်ချင်းကြီး Naing Lin၂ရက်တွင်းအပီး အကျႌလှလှလေးတွက် မMayThinzartheintMediaများနဲ့ လက်ခံအားပေးကြသူတိုင်းတစ်ယောက်ချင်းစီကိုလဲကျေးဇူးများကြီးတင်ပါတယ်ရှင်” ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။ သူမရဲ့ ပရိသတ်တွေကလည်း သူမစိတ်ချမ်းသာနေတာ တွေ့ရလို့ ပျော်ရွှင်နေကြပါတယ်။


နန်းမြတ်ဖြိုးသင်း ရဲ့ မင်္ဂလာပွဲ ကတော့ နိုဝင်ဘာလထဲမှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီး သိုသိုသိပ်သိပ်နေ ခဲ့တဲ့ နန်းမြတ်ဖြိုးသင်းဟာ ပြီးခဲ့တဲ့ လပိုင်းလောက်က သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပြောပြခဲ့တာဖြစ်သလို မင်္ဂလာ ဆောင်မယ့် သတင်း ကိုပါ တစ်ခါတည်း ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်း ကတော့ မင်္ဂလာပွဲ ကို  ထူးထူးခြားခြားလေးနဲ့ အားလုံးပျော်စရာကောင်းအောင် စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

မင်္ဂလာပွဲကို သုံးပွဲလုပ်ဖို့ စီစဉ် ထားတဲ့ နန်းမြတ် ကတော့ မင်္ဂလာပွဲ အစီအစဉ် တွေကိုလည်း ယခုလို ပြောပြခဲ့ပါတယ်။
“မင်္ဂလာပွဲက သုံးပွဲလုပ်ပါ မယ်။ တစ်ပွဲကလက်မှတ်ထိုးပွဲ ပေါ့။ အဲဒါလေးကို ထူးထူးခြား ခြားလေးနဲ့ အားလုံးပျော်စရာ ကောင်းအောင် နန်းမြတ်ကစီစဉ် ထားတယ်။ အဲဒါကတော့ နိုဝင် ဘာလအစလောက်လုပ်မယ်။ နေ ရာကတော့ မသေချာသေးဘူး။ နိုဝင်ဘာ ၂၆ ရက်က ဆီဒိုးနား မှာ စုလျားရစ်ပတ်မင်္ဂလာလုပ်ပါ မယ်။ ၂၇ ရက်နေ့ညကျရင် အင်း လျားလိတ်ဟိုတယ်မှာ ဒင်နာလုပ် ပါမယ်’’လို့ သူမက 7day Daily မှာ ဖြေဆိုထားပါတယ်။

ချစ်သူ သက်တမ်း သုံးနှစ်ခွဲလောက် ရှိပြီဖြစ်ပါတယ်။ ချစ်သူ ကောင်လေး က နန်းမြတ် ထက် လေးနှစ်ကြီးတယ်လို့လည်း သိရပါတယ်။ လက်ရှိမှာတော့ အနုပညာ အလုပ်များကို အဆက်မပြတ်အောင် လုပ်ကိုင်နေသလို မင်္ဂလာပွဲအတွက်လည်း စီစဉ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

နန်းမြတ်ဖြိုးသင်း အနေနဲ့ အိမ်ထောင်ပြု ပြီးနောက်ပိုင်းမှာလည်း အနုပညာ အလုပ်များကို ဆက်လက်လုပ်ကိုင်သွားမယ်လို့ သိရပါတယ်။
Credit : Lwinpyin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top