iMyanmarHouse.com - Best Property Website for Myanmar
×

ပိုတက္ဆီယမ္ဓာတ္လို႔ ၾကားလိုက္ရင္ အ၀ါေရာင္ ငွက္ေပ်ာသီးေတြကို သြားျမင္မိပါလိမ့္မယ္။ ဒါေပမယ့္ ဒီ ဓာတ္က ခႏၶာကိုယ္ရဲ႕ ဘယ္ေနရာေတြမွာ အေရးပါလဲဆိုတာ ေသေသခ်ာခ်ာ မသိၾကပါဘူး။

ပိုတက္ဆီယမ္ဓာတ္ဆိုတာ Electrolyte သတၱဳဓာတ္ေတြထဲက တစ္ခုျဖစ္ပါတယ္။ Electrolyte ဓာတ္က ခႏၶာကိုယ္တစ္ခုလံုး လ်ွပ္စစ္ဓာတ္ေတြ စီးဆင္းဖို႔ လုပ္ေဆာင္ေပးပါတယ္။

ဒါေၾကာင့္ ပိုတက္ဆီယမ္ဓာတ္က ႏွလံုးခုန္ႏႈန္း၊ ၾကြက္သား လုပ္ေဆာင္ခ်က္ေတြကို ထိန္းညွိေပးၿပီး ခႏၶာကိုယ္ထဲက ဆဲလ္အားလံုးမွာလည္း အဲ့ဒီဓာတ္ပါ၀င္ပါတယ္။

ဒါေၾကာင့္ ပိုတက္ဆီယမ္ဓာတ္ေတြ ခ်ိဳ႕တဲ့ရင္ တျခား က်န္းမာေရး ျပႆနာေတြ အမ်ားႀကီးရွိပါတယ္။

ပိုတက္ဆီယမ္ဓာတ္က

    ပရိုတင္းနဲ႔ၾကြက္သားေတြကို တည္ေဆာက္ေပး
    ကာဗိုဟိုက္ဒရုိတ္ကို ၿဖိဳခြဲၿပီး စုပ္ယူဖို႔ လုပ္ေဆာင္ေပး
    ခႏၶာကိုယ္ရဲ႕ ႀကီးထြားမႈကို ကူညီေပး
    ႏွလံုးခုန္ႏႈန္းကို ထိန္းညွိေပး
    ph Level ကို ထိန္းညွိေပး
    အစာေျခစနစ္ကို ျမွင့္တင္ေပး

ပိုတက္ဆီယမ္ဓာတ္ခ်ိဳ႕တဲ့တာဟာ မွန္ကန္တဲ့ အစားအစာေတြမစားတာေတြနဲ႔ ဆားဓာတ္မ်ားတဲ့ အစားအစာေတြ အမ်ားႀကီးစားသံုးတာေၾကာင့္လည္းျဖစ္ပါတယ္။

ခႏၶာကိုယ္ထဲမွာ ပိုတက္ဆီယမ္ဓာတ္ နည္းရင္

    ေက်ာက္ကပ္ေရာဂါ
    ဆီးသြားတာ မ်ားတာ
    ေမာပန္း၊ ေအာ့အန္၊ ၀မ္းေလ်ာ ျဖစ္တတ္ပါတယ္။

 နာတာရွည္ ေမာပန္း
တစ္ေန႔ကို ၇ နာရီကေန ၈ နာရီ ဆက္တိုက္အိပ္ေပမယ့္ ေမာပန္းႏြမ္းနယ္ေနတာဆိုတာ ပိုတက္ဆီယမ္ ဓာတ္ခ်ိဳ႕တဲ့တာေၾကာင့္ျဖစ္ပါတယ္။ ပိုတက္ဆီယမ္က ဆဲလ္ေတြနဲ႔ တျခား ခႏၶာကို္ယ္အစိတ္အပိုင္းေတြလိုအပ္တဲ့ စြမ္းအင္ကို လွ်ပ္စီးေၾကာင္းကေန တစ္ဆင့္ေပးပို႔ေပးတာေၾကာင့္ပါ။ ဒါေၾကာင့္ ပိုတက္ဆီယမ္ဓာတ္ ခ်ိဳ႕တဲ့ရင္ ေမာပန္းႏြမ္းနယ္တာျဖစ္ပါတယ္။

ေသြးတိုး
ပိုတက္ဆီယမ္ဓာတ္နဲ႔ ဆိုဒီယမ္ဓာတ္ေတြက တစ္ခုကနည္းရင္ တစ္ခုကမ်ားပါတယ္။ ဆဲလ္ေတြထဲမွာ ပိုတက္ဆီယမ္ဓာတ္ မလံုေလာက္ရင္ ဆိုဒီယမ္ဓာတ္က ျမင့္တက္လာၿပီး ေသြးတိုးျဖစ္ေစပါတယ္။ ဆဲလ္ေတြကို ေရာင္ရမ္းေစပါတယ္။ ေသြးတိုးျဖစ္ရင္ ေလျဖတ္ႏိုင္ေခ် မ်ားၿပီး ေက်ာက္ကပ္နဲ႔ တျခား ေရာဂါေတြကိုလည္း ျဖစ္ေစပါတယ္။

ၾကြက္သားေတြ အားနည္း
ၾကြက္သားေတြ လႈပ္ရွားဖို႔ ပိုတက္ဆီယမ္ဓာတ္ေတြလိုအပ္ပါတယ္။ ၾကြက္သားေတြ လႈပ္ရွားတာ မ်ားေလေလ ၾကြက္သားထဲက ပိုတက္ဆီယမ္ဓာတ္ေတြက ပိုဆံုရႈံးေလပါဘဲ။

ႏွလံုးက်န္းမာေရး
ႏွလံုးက က်န္းမာေရးအတြက္ စြမ္းအားအရွိဆံုး ၾကြက္သားပါ။ လူေတြ အိပ္ေနရင္ေတာင္ ႏွလံုးၾကြက္သားက အလုပ္လုပ္ေနရပါတယ္။ ဒါေၾကာင့္ ပိုတက္ဆီယမ္ဓာတ္နည္းရင္ ႏွလံုးခုန္ႏႈန္း ကို ထိခိုက္ေစပါတယ္။

မူးေ၀ျခင္း

 ပိုတက္ဆီယမ္ဓာတ္က ႏွလံုး ခုန္ႏႈန္းကို ထိခိုက္တာေၾကာင့္ ေသြးထဲမွာ ပိုတက္ဆီယမ္ဓာတ္နည္းရင္ မူးေ၀တတ္ပါတယ္။

၀မ္းခ်ဳပ္ျခင္း
အစာေျခစနစ္မွာ ၾကြက္သားေတြ လႈပ္ရွားဖို႔လည္း လိုအပ္တာေၾကာင့္ ပိုတက္ဆီယမ္ဓာတ္ခ်ိဳ႕တဲ့ရင္ ၾကြက္သား မလႈပ္ရွားႏိုင္ေတာ့ဘဲ ၀မ္းခ်ဳပ္ႏိုင္ပါတယ္။
Credit : MyFood
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ပိုတက်ဆီယမ်ဓာတ်လို့ ကြားလိုက်ရင် အဝါရောင် ငှက်ပျောသီးတွေကို သွားမြင်မိပါလိမ့်မယ်။ ဒါပေမယ့် ဒီ ဓာတ်က ခန္ဓာကိုယ်ရဲ့ ဘယ်နေရာတွေမှာ အရေးပါလဲဆိုတာ သေသေချာချာ မသိကြပါဘူး။

ပိုတက်ဆီယမ်ဓာတ်ဆိုတာ Electrolyte သတ္တုဓာတ်တွေထဲက တစ်ခုဖြစ်ပါတယ်။ Electrolyte ဓာတ်က ခန္ဓာကိုယ်တစ်ခုလုံး လျှပ်စစ်ဓာတ်တွေ စီးဆင်းဖို့ လုပ်ဆောင်ပေးပါတယ်။

ဒါကြောင့် ပိုတက်ဆီယမ်ဓာတ်က နှလုံးခုန်နှုန်း၊ ကြွက်သား လုပ်ဆောင်ချက်တွေကို ထိန်းညှိပေးပြီး ခန္ဓာကိုယ်ထဲက ဆဲလ်အားလုံးမှာလည်း အဲ့ဒီဓာတ်ပါဝင်ပါတယ်။

ဒါကြောင့် ပိုတက်ဆီယမ်ဓာတ်တွေ ချို့တဲ့ရင် တခြား ကျန်းမာရေး ပြဿနာတွေ အများကြီးရှိပါတယ်။

ပိုတက်ဆီယမ်ဓာတ်က

    ပရိုတင်းနဲ့ကြွက်သားတွေကို တည်ဆောက်ပေး
    ကာဗိုဟိုက်ဒရိုတ်ကို ဖြိုခွဲပြီး စုပ်ယူဖို့ လုပ်ဆောင်ပေး
    ခန္ဓာကိုယ်ရဲ့ ကြီးထွားမှုကို ကူညီပေး
    နှလုံးခုန်နှုန်းကို ထိန်းညှိပေး
    ph Level ကို ထိန်းညှိပေး
    အစာခြေစနစ်ကို မြှင့်တင်ပေး

ပိုတက်ဆီယမ်ဓာတ်ချို့တဲ့တာဟာ မှန်ကန်တဲ့ အစားအစာတွေမစားတာတွေနဲ့ ဆားဓာတ်များတဲ့ အစားအစာတွေ အများကြီးစားသုံးတာကြောင့်လည်းဖြစ်ပါတယ်။

ခန္ဓာကိုယ်ထဲမှာ ပိုတက်ဆီယမ်ဓာတ် နည်းရင်

    ကျောက်ကပ်ရောဂါ
    ဆီးသွားတာ များတာ
    မောပန်း၊ အော့အန်၊ ဝမ်းလျော ဖြစ်တတ်ပါတယ်။

 နာတာရှည် မောပန်း
တစ်နေ့ကို ၇ နာရီကနေ ၈ နာရီ ဆက်တိုက်အိပ်ပေမယ့် မောပန်းနွမ်းနယ်နေတာဆိုတာ ပိုတက်ဆီယမ် ဓာတ်ချို့တဲ့တာကြောင့်ဖြစ်ပါတယ်။ ပိုတက်ဆီယမ်က ဆဲလ်တွေနဲ့ တခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေလိုအပ်တဲ့ စွမ်းအင်ကို လျှပ်စီးကြောင်းကနေ တစ်ဆင့်ပေးပို့ပေးတာကြောင့်ပါ။ ဒါကြောင့် ပိုတက်ဆီယမ်ဓာတ် ချို့တဲ့ရင် မောပန်းနွမ်းနယ်တာဖြစ်ပါတယ်။

သွေးတိုး
ပိုတက်ဆီယမ်ဓာတ်နဲ့ ဆိုဒီယမ်ဓာတ်တွေက တစ်ခုကနည်းရင် တစ်ခုကများပါတယ်။ ဆဲလ်တွေထဲမှာ ပိုတက်ဆီယမ်ဓာတ် မလုံလောက်ရင် ဆိုဒီယမ်ဓာတ်က မြင့်တက်လာပြီး သွေးတိုးဖြစ်စေပါတယ်။ ဆဲလ်တွေကို ရောင်ရမ်းစေပါတယ်။ သွေးတိုးဖြစ်ရင် လေဖြတ်နိုင်ချေ များပြီး ကျောက်ကပ်နဲ့ တခြား ရောဂါတွေကိုလည်း ဖြစ်စေပါတယ်။

ကြွက်သားတွေ အားနည်း
ကြွက်သားတွေ လှုပ်ရှားဖို့ ပိုတက်ဆီယမ်ဓာတ်တွေလိုအပ်ပါတယ်။ ကြွက်သားတွေ လှုပ်ရှားတာ များလေလေ ကြွက်သားထဲက ပိုတက်ဆီယမ်ဓာတ်တွေက ပိုဆုံရှုံးလေပါဘဲ။

နှလုံးကျန်းမာရေး
နှလုံးက ကျန်းမာရေးအတွက် စွမ်းအားအရှိဆုံး ကြွက်သားပါ။ လူတွေ အိပ်နေရင်တောင် နှလုံးကြွက်သားက အလုပ်လုပ်နေရပါတယ်။ ဒါကြောင့် ပိုတက်ဆီယမ်ဓာတ်နည်းရင် နှလုံးခုန်နှုန်း ကို ထိခိုက်စေပါတယ်။

မူးဝေခြင်း

 ပိုတက်ဆီယမ်ဓာတ်က နှလုံး ခုန်နှုန်းကို ထိခိုက်တာကြောင့် သွေးထဲမှာ ပိုတက်ဆီယမ်ဓာတ်နည်းရင် မူးဝေတတ်ပါတယ်။

ဝမ်းချုပ်ခြင်း
အစာခြေစနစ်မှာ ကြွက်သားတွေ လှုပ်ရှားဖို့လည်း လိုအပ်တာကြောင့် ပိုတက်ဆီယမ်ဓာတ်ချို့တဲ့ရင် ကြွက်သား မလှုပ်ရှားနိုင်တော့ဘဲ ဝမ်းချုပ်နိုင်ပါတယ်။
Credit : MyFood

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top