iMyanmarHouse.com - Best Property Website for Myanmar
×

ဖိုက္စတားလူရႊင္ေတာ္ အဖြဲ႕မွ လူရႊင္ေတာ္ၾကာစိ၏မဂၤ လာဧည့္ခံပြဲကို ဇနီးေလာင္းဇာတိ ျဖစ္ေသာ ေအးသာယာၿမိဳ႕၌ ေအာက္တုိဘာ ၁၄ ရက္တြင္ ျပဳ လုပ္မည္ျဖစ္သည္။

‘‘႐ိုး႐ိုးရွင္းရွင္း မဂၤလာပြဲ ေလးပါပဲ။ လုပ္မယ့္ ေနရာက ေတာ့ ေအးသာယာေဂါက္ကြင္း မွာပါ။ ေဖ်ာ္ေျဖေရးအစီအစဥ္က ကြၽန္ေတာ္တို႔ဖိုက္စတားအဖြဲ႕က လာတဲ့ ပရိသတ္ေတြကို ဟာသ ေလးေတြေျပာမယ္။ သီခ်င္းဆိုမယ္။ ေနာက္ၿပီး ဒီကိုေရာက္ေနတဲ့ အႏုပညာေမာင္ႏွမေတြလည္း လာၾကမယ္’’ဟု ၎၏မဂၤလာပြဲ အစီအစဥ္ကို ၾကာစိက ေျပာ သည္။

ေပ်ာ္ရႊင္သည့္ အိမ္ေထာင္ ေရးျဖစ္ရန္ တစ္ဦးႏွင့္တစ္ဦး နား လည္မႈေပးၿပီး ယံုၾကည္မႈျဖင့္ လက္တြဲမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။

ၾကာစိႏွင့္ ခ်စ္သူ ဆုဟန္နီၿဖိဳး သည္ လြန္ခဲ့သည့္ သံုးႏွစ္ခန္႔က ေတာင္ႀကီးၿမိဳ႕ရွိ အလွဴတစ္ခုတြင္ ဆံုေတြ႕ခဲ့ၿပီး ခ်စ္သူသက္တမ္း ၂ ႏွစ္ရွိၿပီျဖစ္ကာ ခ်စ္သူႏွစ္ဦး၏ မဂၤလာအႀကိဳဓာတ္ပံုမ်ား လူမႈကြန္ရက္၌ ပ်ံ႕ႏွံ႔ခဲ့ရာ ပရိသတ္မ်ား က ၎တို႔အတြက္ ဆုေတာင္း ေပးခဲ့သည္။

ထို႔ျပင္ မဂၤလာပြဲျပဳလုပ္ သည့္ေန႔၌ ဒါ႐ိုက္တာ ေက်ာ္ေဇာ လင္းႏွင့္ ေအာင္ပန္းတြင္ ႐ုပ္ရွင္ ႐ိုက္ကူးေရး လက္ခံထားေသာ ေၾကာင့္ မဂၤလာပြဲၿပီးသည္ႏွင့္ ႐ိုက္ကြင္းသို႔ သြားရမည္ဟု ၾကာစိက ဆိုသည္။

‘‘မဂၤလာေဆာင္တဲ့ ေန႔ လည္း ႐ိုက္ရမွာဆိုေတာ့ မဂၤလာ ေဆာင္ၿပီး ခ်က္ခ်င္း မဂၤလာဦးည မတုိင္ခင္ ေအာင္ပန္းကို ဆင္းၿပီး ႐ိုက္ရမွာ’’ဟု   ၾကာစိက   ေျပာ သည္။

ခ်စ္သူ ဆုဟန္နီၿဖိဳးကို ႐ုပ္ ရွင္ဇာတ္ကား႐ိုက္ကူးရန္ ကမ္း လွမ္းမႈမ်ားရွိေသာ္လည္း လုပ္ျဖစ္ မည္မဟုတ္ေၾကာင္း ၎က ဆို သည္။

‘‘သူက ဝါသနာမပါဘူး။ မလုပ္ရဲဘူး။ ကြၽန္ေတာ္ကိုယ္တုိင္ ကလည္း မလုပ္ေစခ်င္ဘူး။ ပင္ ပန္းမွာစိုးလို႔ရယ္၊ အႏုပညာေလာ ကထဲကို မေရာက္ေစခ်င္ဘူး’’ ဟု ၾကာစိက ၎၏ဇနီးေလာင္းႏွင့္ ပတ္သက္၍ ခံစားမႈကို ေျပာသည္။
Credit:7daydaily
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ဖိုက်စတားလူရွှင်တော် အဖွဲ့မှ လူရွှင်တော်ကြာစိ၏မင်္ဂ လာဧည့်ခံပွဲကို ဇနီးလောင်းဇာတိ ဖြစ်သော အေးသာယာမြို့၌ အောက်တိုဘာ ၁၄ ရက်တွင် ပြု လုပ်မည်ဖြစ်သည်။

‘‘ရိုးရိုးရှင်းရှင်း မင်္ဂလာပွဲ လေးပါပဲ။ လုပ်မယ့် နေရာက တော့ အေးသာယာဂေါက်ကွင်း မှာပါ။ ဖျော်ဖြေရေးအစီအစဉ်က ကျွန်တော်တို့ဖိုက်စတားအဖွဲ့က လာတဲ့ ပရိသတ်တွေကို ဟာသ လေးတွေပြောမယ်။ သီချင်းဆိုမယ်။ နောက်ပြီး ဒီကိုရောက်နေတဲ့ အနုပညာမောင်နှမတွေလည်း လာကြမယ်’’ဟု ၎င်း၏မင်္ဂလာပွဲ အစီအစဉ်ကို ကြာစိက ပြော သည်။

ပျော်ရွှင်သည့် အိမ်ထောင် ရေးဖြစ်ရန် တစ်ဦးနှင့်တစ်ဦး နား လည်မှုပေးပြီး ယုံကြည်မှုဖြင့် လက်တွဲမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကြာစိနှင့် ချစ်သူ ဆုဟန်နီဖြိုး သည် လွန်ခဲ့သည့် သုံးနှစ်ခန့်က တောင်ကြီးမြို့ရှိ အလှူတစ်ခုတွင် ဆုံတွေ့ခဲ့ပြီး ချစ်သူသက်တမ်း ၂ နှစ်ရှိပြီဖြစ်ကာ ချစ်သူနှစ်ဦး၏ မင်္ဂလာအကြိုဓာတ်ပုံများ လူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့ရာ ပရိသတ်များ က ၎င်းတို့အတွက် ဆုတောင်း ပေးခဲ့သည်။

ထို့ပြင် မင်္ဂလာပွဲပြုလုပ် သည့်နေ့၌ ဒါရိုက်တာ ကျော်ဇော လင်းနှင့် အောင်ပန်းတွင် ရုပ်ရှင် ရိုက်ကူးရေး လက်ခံထားသော ကြောင့် မင်္ဂလာပွဲပြီးသည်နှင့် ရိုက်ကွင်းသို့ သွားရမည်ဟု ကြာစိက ဆိုသည်။

‘‘မင်္ဂလာဆောင်တဲ့ နေ့ လည်း ရိုက်ရမှာဆိုတော့ မင်္ဂလာ ဆောင်ပြီး ချက်ချင်း မင်္ဂလာဦးည မတိုင်ခင် အောင်ပန်းကို ဆင်းပြီး ရိုက်ရမှာ’’ဟု   ကြာစိက   ပြော သည်။

ချစ်သူ ဆုဟန်နီဖြိုးကို ရုပ် ရှင်ဇာတ်ကားရိုက်ကူးရန် ကမ်း လှမ်းမှုများရှိသော်လည်း လုပ်ဖြစ် မည်မဟုတ်ကြောင်း ၎င်းက ဆို သည်။

‘‘သူက ဝါသနာမပါဘူး။ မလုပ်ရဲဘူး။ ကျွန်တော်ကိုယ်တိုင် ကလည်း မလုပ်စေချင်ဘူး။ ပင် ပန်းမှာစိုးလို့ရယ်၊ အနုပညာလော ကထဲကို မရောက်စေချင်ဘူး’’ ဟု ကြာစိက ၎င်း၏ဇနီးလောင်းနှင့် ပတ်သက်၍ ခံစားမှုကို ပြောသည်။
Credit:7daydaily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top