iMyanmarHouse.com - Best Property Website for Myanmar
×
Credit: Bahuthuta
အိမ်ထောင်မှုတစ်ခုမှာ ကာမသုခဆိုတဲ့ အရာဟာ အလွန်အရေးကြီးပါတယ်။ ဘယ်လောက်ထိ အရေးကြီးသလဲဆိုရင် အိမ်ထောင်တစ်ခုကို ချမ်းချမ်းမြေ့မြေ့နဲ့ လက်တွဲတွေ ညီစေနိုင်သလို၊ ပူညံပူညံနဲ့ အဆုံးသတ်မလှတဲ့ အိမ်ထောင်ရေးကိုလည်း ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် လင်ယောက်ျားနဲ့ မယားလုပ်သူတို့မှာ အိမ်ထောင်ရေးသုခကို ရှာကြံတဲ့အခါ တစ်ကိုယ်ကောင်းဆန်လို့ မရဘဲ အပေးအယူ ညီညီမျှမျှ ရှိလေ … အိမ်ထောင်ရေးသာယာမှုက ရှိလေပါဘဲ။ တစ်ချို့သော အိမ်ထောင်သည် အမျိုးသားတွေက အလုပ်ကပင်ပန်း၊ ကားစီးရတာက တစ်ဒုက္ခ၊ အဆာလွန်တာကို တစ်မျိုး၊ လုပ်ငန်းခွင်အဆင်မပြေခဲ့တာက တစ်
ကြောင်း ဒီသုခတရားကြီးကို မေ့ထားတာမျိုး ရှိတတ်ပါတယ်။
တစ်ချို့သော အမျိုးသမီးတွေကလည်း စိတ်ဖိအားတွေများ၊ အိမ်ထောင်ရေး အသုံးစရိတ်တွေက မြင့်တက်၊ သားတွေ သမီးတွေအတွက် ဘာတွေစီစဉ်ပေးရရင် ကောင်းမလဲ … စတဲ့ စိတ်ဖိအားတွေနဲ့ တစ်ချိန်လုံး ရုန်းမထွက်နိုင်ဘဲ လင်ယောက်ျားက ဆန္ဒရှိရင်လည်း ဝတ္တရားပဲလို့ သဘောထားကာ စိတ်မပါ လက်မပါ ဆက်ဆံပေးတာမျိူးလည်း ရှိနိုင်ပါတယ်။အိမ်ထောင်ရေး ကာမသုခကို စိတ်ပါတစ်ချက်၊ စိတ်မပါတစ်ချက် ဖြစ်တဲ့ အိမ်ထောင်သည် အမျိုးသမီးတွေအတွက် အစားသင့်ဆုံး အရာကို the sun က ညွှန်းဆိုထားပါတယ်။ ဘာလဲဆိုတော့ … ပန်းသီးပါ။ ပန်းသီးကိုသာ အနည်းဆုံး တစ်နေ့
အိမ်ထောင်ရေး ကာမသုခကို စိတ်ပါတစ်ချက်၊ စိတ်မပါတစ်ချက် ဖြစ်တဲ့ အိမ်ထောင်သည် အမျိုးသမီးတွေအတွက် အစားသင့်ဆုံး အရာကို the sun က ညွှန်းဆိုထားပါတယ်။ ဘာလဲဆိုတော့ … ပန်းသီးပါ။ ပန်းသီးကိုသာ အနည်းဆုံး တစ်နေ့
တစ်လုံး ပုံမှန်စားပေးရုံနဲ့ အမျိုးသမီးတို့ရဲ့ ကာမစိတ်ကို နှိုးကြွစေပါတယ်။ လတ်ဆတ်စေပါတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
သုတေသနပြုချက်အရ ပန်းသီးတစ်နေ့တစ်လုံး ပုံမှန်စားပေးတဲ့ အသက် (၁၈)နှစ်က (၄၃)နှစ်အတွင်း အိမ်ထောင်သည် အမျိုးသမီးတွေဟာ လိင်ကိစ္စနဲ့ပတ်သက်လို့ ဆရာဝန်ဆီ သွားဖို့မလို၊ ဆက်ဆံစဉ်နာကျင်ခြင်း၊ ညောင်းညာကိုက်
ခဲခြင်း၊ Lub နည်းသွားခြင်း၊ စိတ်ဆန္ဒမပြည့်ဝခြင်း စတာတွေ လုံး၀ မဖြစ်ဘူးလို့ ဆိုပါတယ်။
Archives of Gynecology နဲ့ Obstetrics Journal မှာ သုတေသနပညာရှင်တွေဟာ ပန်းသီးထက်ကောင်းတဲ့ အမျိူးသမီး ကာမအားကို မြှင့်တင်နိုင်တဲ့ဆေး မပေါ်သေးဘူးလို့တောင် ဖော်ပြထားပါတယ်။ အမျိုးသမီးတွေရဲ့ libido-boosting power လို့ ခေါ်တဲ့ ကာမဆန္ဒကို လိုလားတောင့်တမှုကို သဘာဝအကျဆုံးနည်းလမ်းနဲ့ ဖြည့်ဆည်းပေးနိုင်တဲ့ အရာတွေထဲမှာ ပန်းသီးထက် ကောင်းတာ ဘာမှမရှိဘူးလို့ သုတေသနပညာရှင်တွေက ကြေငြာခဲ့ပါတယ်
ပန်းသီးမှာ အမျိုးသမီးတွေအတွက် ရောဂါတိုက်ဖျတ်မှု ကိုယ်ခံစွမ်းအားကို တိုးပွားစေနိုင်သလို၊ ယောနိကို စီးဆင်းတဲ့ သွေးလည်ပတ်မှု စနစ်ကို သန့်ရှင်းစင်ကြယ်စေလို့ လိင်ပိုင်းဆိုင်ရာ ရောဂါတွေကိုပါ ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေရဲ့ Sex ဟိုမုန်းထုတ်လွှတ်မှုကို အဆပေါင်းများစွာ တိုးပွားစေနိုင်ပါတယ်။ သို့အတွက်ကြောင့် အိမ်ထောင်ရှင် အမျိုးသမီးများအနေနဲ့ အိမ်ထောင်ရေးသုခကို အပြည့်အ၀ ခံစားနိုင်ဖို့၊ ကျန်းမာရွှင်လန်းတဲ့ ဘဝကို ပိုင်ဆိုင်နိုင်စေဖို့အတွက် အစားသင့်ဆုံး အစားအစာကတော့ ပန်းသီးပဲ ဖြစ်ပါကြောင်း။
Credit: Bahuthuta
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top