iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္အိမ္မွာ ညစာစားျပီးေနာက္ ထမင္းေတြမကုန္ဘဲ ပုိျပီးက်န္ေနမယ္ဆုိရင္ လႊင့္မပစ္ပါနဲ႔။ ဒီလို ထမင္းက်န္မွာ က်န္းမာေရးကို အေထာက္အကူျပဳမယ့္ အက်ဳိးေက်းဇူးေတြ အမ်ားၾကီးရွိပါတယ္။ လုပ္ရမွာကေတာ့ အဲ့ဒီ က်န္ေနတဲ့ထမင္းကုိ ေျမအုိးသန္႔သန္႔ တစ္လုံးထဲမွာ တစ္ညလုံး ေရစိမ္ထားလုိက္ဖုိ႔ပါပဲ။ ေနာက္တစ္ေန႔ မနက္မွာ ဒီထမင္းေရစိမ္က အခ်ဥ္ေဖာက္ထားသလုိ ျဖစ္ေနပါလိမ့္မယ္။

အဲ့ဒီထမင္းေရစိမ္ကုိ မနက္စာအျဖစ္ ၾကက္သြန္နီအစိမ္းေလးနဲ႔ တြဲျပီးစားရင္ အေကာင္းဆုံးျဖစ္ပါတယ္။ ထမင္းေရစိမ္က ရႏုိင္တဲ့အက်ဳိးေက်းဇူးေတြကေတာ့ အမွ်င္ဓာတ္အမ်ားအျပားပါဝင္တာေၾကာင့္ ဝမ္းခ်ဳပ္ျခင္းကို သက္သာေစပါတယ္။ ထမင္းေရစိမ္က သဘာဝ အေအးရည္ ျဖစ္ပါတယ္။ ထမင္းေရစိမ္ကုိ ပုံမွန္စားသုံးေပးရင္ ခႏၶာကုိ္ယ္တြင္း အပူကို က်ေစျပီး အသားအေရ ေအးျမေစပါတယ္။

ျပီးေတာ့ ထမင္းေရစိမ္စားျခင္းက လန္းဆန္းေစျပီး တစ္ေန႔တာအတြက္ အားျဖစ္ေစပါတယ္။ အူတြင္းနာျဖစ္ေနတဲ့သူေတြျမန္ျမန္ျပန္ေကာင္းလာေစဖုိ႔ တစ္ပတ္ကုိ ၃ ၾကိမ္ေလာက္ ထမင္းေရစိမ္ကုိ စားေပးသင့္ပါတယ္။
သင္က လက္ဖက္ရည္ ၊ေကာ္ဖီကုိ ျဖတ္လို႔မရေအာင္ စြဲေနတဲ့သူဆိုရင္ မနက္ေစာေစာမွာ ထမင္းေရစိမ္ကို စားေပးျခင္းက ေကာ္ဖီ၊လက္ဖက္ရည္ ေသာက္လုိစိတ္ကုိ ေလ်ာ့နည္းေစပါတယ္။

ေလ့လာမႈအရ ထမင္းက်န္ ေရစိမ္ထဲမွာ အဟာရျဖစ္ေစတဲ့ သတၱဳဓာတ္ မ်ဳိးစုံျဖစ္တဲ့ သံဓာတ္၊ ပိုတက္ဆီယမ္နဲ႔ ကယ္ဆီယမ္ဓာတ္ေတြ ပါဝင္တဲ့အတြက္ ေန႔စဥ္ ပုံမွန္ စားသုံးသင့္တဲ့ နံနက္စာတစ္ခုျဖစ္တယ္လို႔ ေတြ႔ရွိရပါတယ္။
Credit: Bagohealth
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကိုယ့်အိမ်မှာ ညစာစားပြီးနောက် ထမင်းတွေမကုန်ဘဲ ပိုပြီးကျန်နေမယ်ဆိုရင် လွှင့်မပစ်ပါနဲ့။ ဒီလို ထမင်းကျန်မှာ ကျန်းမာရေးကို အထောက်အကူပြုမယ့် အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ လုပ်ရမှာကတော့ အဲ့ဒီ ကျန်နေတဲ့ထမင်းကို မြေအိုးသန့်သန့် တစ်လုံးထဲမှာ တစ်ညလုံး ရေစိမ်ထားလိုက်ဖို့ပါပဲ။ နောက်တစ်နေ့ မနက်မှာ ဒီထမင်းရေစိမ်က အချဉ်ဖောက်ထားသလို ဖြစ်နေပါလိမ့်မယ်။

အဲ့ဒီထမင်းရေစိမ်ကို မနက်စာအဖြစ် ကြက်သွန်နီအစိမ်းလေးနဲ့ တွဲပြီးစားရင် အကောင်းဆုံးဖြစ်ပါတယ်။ ထမင်းရေစိမ်က ရနိုင်တဲ့အကျိုးကျေးဇူးတွေကတော့ အမျှင်ဓာတ်အများအပြားပါဝင်တာကြောင့် ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ ထမင်းရေစိမ်က သဘာဝ အအေးရည် ဖြစ်ပါတယ်။ ထမင်းရေစိမ်ကို ပုံမှန်စားသုံးပေးရင် ခန္ဓာကိုယ်တွင်း အပူကို ကျစေပြီး အသားအရေ အေးမြစေပါတယ်။

ပြီးတော့ ထမင်းရေစိမ်စားခြင်းက လန်းဆန်းစေပြီး တစ်နေ့တာအတွက် အားဖြစ်စေပါတယ်။ အူတွင်းနာဖြစ်နေတဲ့သူတွေမြန်မြန်ပြန်ကောင်းလာစေဖို့ တစ်ပတ်ကို ၃ ကြိမ်လောက် ထမင်းရေစိမ်ကို စားပေးသင့်ပါတယ်။
သင်က လက်ဖက်ရည် ၊ကော်ဖီကို ဖြတ်လို့မရအောင် စွဲနေတဲ့သူဆိုရင် မနက်စောစောမှာ ထမင်းရေစိမ်ကို စားပေးခြင်းက ကော်ဖီ၊လက်ဖက်ရည် သောက်လိုစိတ်ကို လျော့နည်းစေပါတယ်။

လေ့လာမှုအရ ထမင်းကျန် ရေစိမ်ထဲမှာ အဟာရဖြစ်စေတဲ့ သတ္တုဓာတ် မျိုးစုံဖြစ်တဲ့ သံဓာတ်၊ ပိုတက်ဆီယမ်နဲ့ ကယ်ဆီယမ်ဓာတ်တွေ ပါဝင်တဲ့အတွက် နေ့စဉ် ပုံမှန် စားသုံးသင့်တဲ့ နံနက်စာတစ်ခုဖြစ်တယ်လို့ တွေ့ရှိရပါတယ်။

Credit: Bagohealth

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top