iMyanmarHouse.com - Best Property Website for Myanmar
×

အိပ္ေရးမ၀တာေၾကာင့္ ႏွလံုးေရာဂါ၊ ေလျဖတ္တာနဲ႔ ဆီးခ်ဳိအပါအ၀င္ က်န္းမာေရးျပႆနာအမ်ားစုကုိ ျဖစ္ေစႏုိင္တယ္ဆုိတာ သိၾကၿပီးသားပါ။ ေန႔စဥ္ အိပ္ခ်ိန္ ၆-၈ နာရီအတြင္းရွိတာက က်န္းမာေရးအတြက္ အေကာင္းဆံုးပါ။

ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ဖုိ႔အတြက္ စိတ္ဖိစီးမႈေလွ်ာ့ခ်တာ၊ ဟန္းဖုန္းနဲ႔ ကြန္ပ်ဴတာေတြကို အိပ္ရာေဘးမွာ မထားတာ၊ အလင္းေရာင္မွိန္မွိန္သာ မီးထြန္းထားရမယ့္အျပင္ ေအာက္ပါအစားအစာေတြကုိလည္း စားဖုိ႔ လုိအပ္တယ္လုိ႔ အာဟာရပညာရွင္ေတြက အႀကံေပးထားပါတယ္။

စြမ္းအင္ျဖည္းျဖည္းခ်င္းသာ ထုတ္ေပးသည့္ ကာဗုိဟုိက္ဒရိတ္
ဆန္လံုးညိဳနဲ႔ အုတ္စပါးလုိမ်ဳိး ခႏၶာကုိယ္အတြင္း စြမ္းအင္ေတြကုိ တျဖည္းျဖည္းသာ ထုတ္လႊတ္ေပးတဲ့ ကာဗုိဟုိက္ဒရိတ္အစားအစာေတြက အိပ္စက္မႈကုိ ေကာင္းမြန္ေစႏုိင္ပါတယ္။ ေကာက္ႏွံတစ္ခုလံုး ပါ၀င္စာေတြက ေသြးတြင္းသၾကားဓာတ္ကုိ တည္ၿငိမ္ေစၿပီး စြမ္းအင္ရရွိေစႏုိင္ပါတယ္။

အိပ္ေနစဥ္မွာ စြမ္းအင္မလုိအပ္ဘူးလို႔ထင္ၾကေပမယ့္ ဦးေႏွာက္နဲ႔ ခႏၶာကုိယ္က အလုပ္လုပ္ေနေသးတဲ့အတြက္ ဂလူးကုိ႔စ္အနည္းငယ္ လုိအပ္ပါတယ္။ ခႏၶာကုိယ္အတြင္း ဂလူးကုိ႔စ္အဆင့္က်ဆင္းသြားတဲ့အခါမွာ အဒရီနယ္လင္နဲ႔ ေကာ္တီေစာေတြ ထြက္ရွိလာၿပီး အိပ္ရာမွ တစ္ေရးႏုိးေနတတ္ပါတယ္။ ညစာ ထမင္းေစာေစာစားတတ္သူေတြအေနနဲ႔ အိပ္ရာ၀င္ခါနီး ဆန္ျပဳတ္အနည္းငယ္ ေသာက္အိပ္တာ ဒါမွမဟုတ္ ငွက္ေပ်ာသီးစားတာေတြ ျပဳလုပ္ပါ။

ပ႐ုိတင္း
အသား၊ ငါး၊ ပဲအမ်ဳိးမ်ဳိး၊ အေစ့နဲ႔ အဆန္ေတြမွာ ပါ၀င္တဲ့ မ်ားစြာေသာ ပ႐ိုတင္းေတြက အိပ္စက္မႈကုိ ေကာင္းမြန္ေစႏုိင္ပါတယ္။ ပ႐ိုတင္းအစားအစာေတြမွ အမုိင္ႏုိအက္စစ္ထရစ္ပ္တုိဖန္ေတြ ရရွိႏုိင္ၿပီး အဲဒီထရစ္ပ္တုိဖန္ေတြက ေဟာ္မုန္း၊ ဆီ႐ုိတုိနင္နဲ႔ မယ္လ္တုိနင္အျဖစ္ ေျပာင္းလဲသြားကာ အိပ္စက္မႈကုိ ေကာင္းေစတာျဖစ္ပါတယ္။ အိပ္ရာ၀င္ခါနီးမွာေတာ့ ပ႐ုိတင္းပါ၀င္မႈမ်ားလြန္းတဲ့အစားအစာ မစားသင့္ပါဘူး။ အစာေျခဖုိ႔ ခက္ခဲႏုိင္တာေၾကာင့္ပါ။

ဖ႐ံုေစ့
သူ႔မွာ မဂၢနီဆီယမ္ေတြ မ်ားစြာ ပါ၀င္တဲ့အတြက္ အိပ္စက္မႈကုိ ေကာင္းမြန္ေစႏုိင္ပါတယ္။ မဂၢနီဆီယမ္က ခႏၶာကုိယ္မွ ႂကြက္သားေတြကုိ relax ရရွိေစႏုိင္ပါတယ္။ ဒါ့အျပင္ အိပ္စက္မႈကုိ ေကာင္းမြန္ေစႏုိင္တဲ့ မယ္လတုိနင္ ေဟာ္မုန္း ထုတ္လုပ္မႈကုိလည္း ကူညီႏုိင္ပါတယ္။

အုန္းရည္
အုန္းရည္မွာ ပုိတက္စီယမ္၊ ကယ္လ္စီယမ္၊ မဂၢနီဆီယမ္၊ ေဖာ့စ္ဖရပ္စ္နဲ႔ ဆုိဒီယမ္လုိမ်ဳိး သတၱဳဓာတ္ေတြ မ်ားစြာ ပါ၀င္ပါတယ္။ ဒီသတၱဳဓာတ္ေတြက ႂကြက္သားလုပ္ငန္း၊ အာ႐ံုေၾကာလုပ္ငန္းပံုမွန္ျဖစ္ေအာင္ ကူညီႏုိင္တဲ့အျပင္ ခႏၶာကုိယ္အတြင္းလည္း ေရဓာတ္ျပည့္၀ေစႏုိင္ပါတယ္။ ဒီသတၱဳဓာတ္ေတြ ခ်ဳိ႕တဲ့တာေၾကာင့္ ႂကြက္တက္တာနဲ႔ ညဘက္ ေျခေထာက္ အၿငိမ္မေနႏုိင္တဲ့ ေ၀ဒနာေတြ ရရွိကာ အိပ္စက္မႈကုိ အေႏွာင့္အယွက္ေပးႏုိင္ပါတယ္။

ခ်ယ္ရီသီး
ခ်ယ္ရီသီးမွာ အိပ္စက္မႈကုိ ထိန္းခ်ဳပ္ေပးတဲ့ မယ္လတုိနင္ ပါ၀င္ပါတယ္။

သြပ္ဓာတ္
ပင္လယ္စာနဲ႔ ကႏုကမာ၊ ေကာက္ႏွံတစ္ခုလံုးပါ၀င္စာနဲ႔ အခြံမာသီးလုိမ်ဳိး သြပ္ဓာတ္ ပါ၀င္မႈျမင့္မားတဲ့အစားအစာေတြက ခႏၶာကုိယ္အတြင္း ထရစ္ပ္တုိဖင္ကုိ ဆီ႐ုိတုိနင္နဲ႔ မယ္လတုိနင္အျဖစ္ ေျပာင္းလဲေအာင္ ကူညီႏုိင္ပါတယ္။

ၾကက္ဆင္သား
ၾကက္ဆင္မွာ အမုိင္ႏုိအက္စစ္ထရစ္ပ္တုိဖင္ေတြ မ်ားစြာ ပါ၀င္တဲ့အျပင္ သြပ္ဓာတ္နဲ႔ ဗီတာမင္ ဘီ ၆ လည္း ပါ၀င္တဲ့အတြက္ မယ္လတုိနင္ထုတ္လုပ္မႈ ျမင့္မားေစႏုိင္ပါတယ္။

မဂၢနီဆီယမ္
ေနၾကာေစ့၊ ဖ႐ံုေစ့၊ ငါး၊ ပင္လယ္စာ၊ အစိမ္းေရာင္ဟင္းသီးဟင္းရြက္နဲ႔ သစ္သီးေျခာက္ေတြမွာ မ်ားစြာပါ၀င္တဲ့ မဂၢနီဆီယမ္ဟာ သဘာ၀စိတ္ၿငိမ္ေဆးအျဖစ္ ႂကြက္သားေတြ ေျပေလ်ာ့ရရွိေအာင္ ကူညီႏုိင္ပါတယ္။
Credit: ေဒါက္တာခင္မုိးမုိး
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အိပ်ရေးမဝတာကြောင့် နှလုံးရောဂါ၊ လေဖြတ်တာနဲ့ ဆီးချိုအပါအဝင် ကျန်းမာရေးပြဿနာအများစုကို ဖြစ်စေနိုင်တယ်ဆိုတာ သိကြပြီးသားပါ။ နေ့စဉ် အိပ်ချိန် ၆-၈ နာရီအတွင်းရှိတာက ကျန်းမာရေးအတွက် အကောင်းဆုံးပါ။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့အတွက် စိတ်ဖိစီးမှုလျှော့ချတာ၊ ဟန်းဖုန်းနဲ့ ကွန်ပျူတာတွေကို အိပ်ရာဘေးမှာ မထားတာ၊ အလင်းရောင်မှိန်မှိန်သာ မီးထွန်းထားရမယ့်အပြင် အောက်ပါအစားအစာတွေကိုလည်း စားဖို့ လိုအပ်တယ်လို့ အာဟာရပညာရှင်တွေက အကြံပေးထားပါတယ်။

စွမ်းအင်ဖြည်းဖြည်းချင်းသာ ထုတ်ပေးသည့် ကာဗိုဟိုက်ဒရိတ်
ဆန်လုံးညိုနဲ့ အုတ်စပါးလိုမျိုး ခန္ဓာကိုယ်အတွင်း စွမ်းအင်တွေကို တဖြည်းဖြည်းသာ ထုတ်လွှတ်ပေးတဲ့ ကာဗိုဟိုက်ဒရိတ်အစားအစာတွေက အိပ်စက်မှုကို ကောင်းမွန်စေနိုင်ပါတယ်။ ကောက်နှံတစ်ခုလုံး ပါဝင်စာတွေက သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေပြီး စွမ်းအင်ရရှိစေနိုင်ပါတယ်။

အိပ်နေစဉ်မှာ စွမ်းအင်မလိုအပ်ဘူးလို့ထင်ကြပေမယ့် ဦးနှောက်နဲ့ ခန္ဓာကိုယ်က အလုပ်လုပ်နေသေးတဲ့အတွက် ဂလူးကို့စ်အနည်းငယ် လိုအပ်ပါတယ်။ ခန္ဓာကိုယ်အတွင်း ဂလူးကို့စ်အဆင့်ကျဆင်းသွားတဲ့အခါမှာ အဒရီနယ်လင်နဲ့ ကော်တီစောတွေ ထွက်ရှိလာပြီး အိပ်ရာမှ တစ်ရေးနိုးနေတတ်ပါတယ်။ ညစာ ထမင်းစောစောစားတတ်သူတွေအနေနဲ့ အိပ်ရာဝင်ခါနီး ဆန်ပြုတ်အနည်းငယ် သောက်အိပ်တာ ဒါမှမဟုတ် ငှက်ပျောသီးစားတာတွေ ပြုလုပ်ပါ။

ပရိုတင်း
အသား၊ ငါး၊ ပဲအမျိုးမျိုး၊ အစေ့နဲ့ အဆန်တွေမှာ ပါဝင်တဲ့ များစွာသော ပရိုတင်းတွေက အိပ်စက်မှုကို ကောင်းမွန်စေနိုင်ပါတယ်။ ပရိုတင်းအစားအစာတွေမှ အမိုင်နိုအက်စစ်ထရစ်ပ်တိုဖန်တွေ ရရှိနိုင်ပြီး အဲဒီထရစ်ပ်တိုဖန်တွေက ဟော်မုန်း၊ ဆီရိုတိုနင်နဲ့ မယ်လ်တိုနင်အဖြစ် ပြောင်းလဲသွားကာ အိပ်စက်မှုကို ကောင်းစေတာဖြစ်ပါတယ်။ အိပ်ရာဝင်ခါနီးမှာတော့ ပရိုတင်းပါဝင်မှုများလွန်းတဲ့အစားအစာ မစားသင့်ပါဘူး။ အစာခြေဖို့ ခက်ခဲနိုင်တာကြောင့်ပါ။

ဖရုံစေ့
သူ့မှာ မဂ္ဂနီဆီယမ်တွေ များစွာ ပါဝင်တဲ့အတွက် အိပ်စက်မှုကို ကောင်းမွန်စေနိုင်ပါတယ်။ မဂ္ဂနီဆီယမ်က ခန္ဓာကိုယ်မှ ကြွက်သားတွေကို relax ရရှိစေနိုင်ပါတယ်။ ဒါ့အပြင် အိပ်စက်မှုကို ကောင်းမွန်စေနိုင်တဲ့ မယ်လတိုနင် ဟော်မုန်း ထုတ်လုပ်မှုကိုလည်း ကူညီနိုင်ပါတယ်။

အုန်းရည်
အုန်းရည်မှာ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်နဲ့ ဆိုဒီယမ်လိုမျိုး သတ္တုဓာတ်တွေ များစွာ ပါဝင်ပါတယ်။ ဒီသတ္တုဓာတ်တွေက ကြွက်သားလုပ်ငန်း၊ အာရုံကြောလုပ်ငန်းပုံမှန်ဖြစ်အောင် ကူညီနိုင်တဲ့အပြင် ခန္ဓာကိုယ်အတွင်းလည်း ရေဓာတ်ပြည့်ဝစေနိုင်ပါတယ်။ ဒီသတ္တုဓာတ်တွေ ချို့တဲ့တာကြောင့် ကြွက်တက်တာနဲ့ ညဘက် ခြေထောက် အငြိမ်မနေနိုင်တဲ့ ဝေဒနာတွေ ရရှိကာ အိပ်စက်မှုကို အနှောင့်အယှက်ပေးနိုင်ပါတယ်။

ချယ်ရီသီး
ချယ်ရီသီးမှာ အိပ်စက်မှုကို ထိန်းချုပ်ပေးတဲ့ မယ်လတိုနင် ပါဝင်ပါတယ်။

သွပ်ဓာတ်
ပင်လယ်စာနဲ့ ကနုကမာ၊ ကောက်နှံတစ်ခုလုံးပါဝင်စာနဲ့ အခွံမာသီးလိုမျိုး သွပ်ဓာတ် ပါဝင်မှုမြင့်မားတဲ့အစားအစာတွေက ခန္ဓာကိုယ်အတွင်း ထရစ်ပ်တိုဖင်ကို ဆီရိုတိုနင်နဲ့ မယ်လတိုနင်အဖြစ် ပြောင်းလဲအောင် ကူညီနိုင်ပါတယ်။

ကြက်ဆင်သား
ကြက်ဆင်မှာ အမိုင်နိုအက်စစ်ထရစ်ပ်တိုဖင်တွေ များစွာ ပါဝင်တဲ့အပြင် သွပ်ဓာတ်နဲ့ ဗီတာမင် ဘီ ၆ လည်း ပါဝင်တဲ့အတွက် မယ်လတိုနင်ထုတ်လုပ်မှု မြင့်မားစေနိုင်ပါတယ်။

မဂ္ဂနီဆီယမ်
နေကြာစေ့၊ ဖရုံစေ့၊ ငါး၊ ပင်လယ်စာ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်နဲ့ သစ်သီးခြောက်တွေမှာ များစွာပါဝင်တဲ့ မဂ္ဂနီဆီယမ်ဟာ သဘာဝစိတ်ငြိမ်ဆေးအဖြစ် ကြွက်သားတွေ ပြေလျော့ရရှိအောင် ကူညီနိုင်ပါတယ်။

Credit: ဒေါက်တာခင်မိုးမိုး

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top